×
ဤစာအုပ်သည် အစ္စလာမ့်အကြာင်းအကျဉ်းချုံး၍ မိတ်ဆက်ထားသည့်အလွန်အရေးပါသော စာအုပ်တစ်အုပ်ဖြစ်သည်။အစ္စလာမ်သာသနာတော်၏မူလအရင်းမြစ်များဖြစ်သည့်ကျမ်းမြတ်ကုရ်အာန်နှင့်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏စွန္နသ်လမ်းစဉ်တို့မှအစ္စလာမ်၏အခြေအမြစ်များ၊သင်ကြားပို့ချမှုများနှင့်အလှတရားများကိုရှင်းလင်းစွာတင်ပြထားပေသည်။ထို့ပြင်ဤစာအုပ်သည်အမိန့်နာခံရန်တာဝန်ရှိသော မွတ်စ်လင်မ်များနှင့်မွတ်စ်လင်မ်မဟုတ်သူများအတွက်အချိန်တိုင်းနေရာတိုင်းတွင် အခြေအနေအရပ်ရပ်နှင့်အညီဘာသာစကားအသီးသီးတို့ဖြင့်ညွှန်ကြားပြသပေးထားသောစာအုပ်ဖြစ်သည်။

အစ္စလာမ်သာသနာတော်

အစ္စလာမ်သာသနာတော်နှင့် ပတ်သက်၍ ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်၏သြဝါဒတော်၌ လာရှိသည့်အတိုင်းအကျဥ်းချုပ်ဖော်ပြခြင်း။

الإسلام - نبذة موجزة عن الإسلام كما جاء في القرآن الكريم والسنة النبوية - (نسخة مشتملة على الأدلة من القرآن الكريم والسنة النبوية)

ဤစာအုပ်သည် အစ္စလာမ့်အကြာင်းအကျဉ်းချုံး၍ မိတ်ဆက်ထားသည့်အလွန်အရေးပါသော စာအုပ်တစ်အုပ်ဖြစ်သည်။အစ္စလာမ်သာသနာတော်၏မူလအရင်းမြစ်များဖြစ်သည့်ကျမ်းမြတ်ကုရ်အာန်နှင့်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏စွန္နသ်လမ်းစဉ်တို့မှအစ္စလာမ်၏အခြေအမြစ်များ၊သင်ကြားပို့ချမှုများနှင့်အလှတရားများကိုရှင်းလင်းစွာတင်ပြထားပေသည်။ထို့ပြင်ဤစာအုပ်သည်အမိန့်နာခံရန်တာဝန်ရှိသော မွတ်စ်လင်မ်များနှင့်မွတ်စ်လင်မ်မဟုတ်သူများအတွက်အချိန်တိုင်းနေရာတိုင်းတွင် အခြေအနေအရပ်ရပ်နှင့်အညီဘာသာစကားအသီးသီးတို့ဖြင့်ညွှန်ကြားပြသပေးထားသောစာအုပ်ဖြစ်သည်။

ကျမ်းမြတ်ကုရ်အာန်နှင့်တမန်တော်မြတ်၏စွန္နဟ်အထောက်အထားများပါဝင်သည့်စာအုပ်

အစ္စလာမ်သာသနာတော်သည် လူသားအားလုံးထံပို့ဆောင်သည့် အလ္လာဟ်အရှင်မြတ်၏ သတင်းစကားဖြစ်ပြီး ယင်းသတင်းစကားသည် အမြဲတန်းအတွက်ရှိနေမည့်အရှင်မြတ်၏သတင်းစကားဖြစ်ပြီး နောက်ဆုံးသတင်းစကားလည်းဖြစ်သည်။

အစ္စလာမ်သာသနာတော်သည် လူသားအားလုံးထံပို့ဆောင်သည့် အလ္လာဟ်အရှင်မြတ်၏ သတင်းစကားဖြစ်သည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ(အို-နဗီတမန်တော်) အမှန်သော်ကား ငါအရှင်မြတ်သည် အသင့်အား ခပ်သိမ်းကုန်သောလူတို့အဖို့ ဝမ်းမြောက်ဖွယ်ရာသတင်း ပြောကြားသူအဖြစ် လည်း ကောင်း၊သတိပေးနှိုးဆော်သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။သို့ရာ တွင် များစွာသောသူတို့မှာ မသိနားမလည်ကြပေ။စူရဟ် ဆဗအ်-(၃၄:၂၈)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်) အသင်သည် (လူခပ်သိမ်းတို့အားဤသို့)ပြောကြားပါလေ။ အို-လူသား အပေါင်းတို့၊ ငါသည် ဧကန်စင်စစ် အသင်တို့အားလုံးထံ အကြင်အလ္လာဟ်အရှင်မြတ်အထံတော်မှ စေလွှတ်ခြင်းခံရသော ရစူလ်တမန်တော်ပင်ဖြစ်ပေသည်။စူရဟ် အအ်ရာဖ်-(၇:၁၅၈)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို- လူအပေါင်းတို့၊ ဧကန်စင်စစ် (ဤ) ရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့ထံသို့ အသင်တို့အားမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ (မှန်ကန်သောတရားဓမ္မ) ကို ယူဆောင်၍လာခဲ့ချေပြီ။ သို့ဖြစ်ပေရာ အသင်တို့သည်'အီမာန်' သဒ္ဒါတရားထားရှိကြလေကုန်။ (ဤကဲ့သို 'အီမာန်'သဒ္ဒါတရားထားရှိခြင်းကား) အသင်တို့အဖို့ အကောင်းဆုံးပင်ဖြစ်မည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် မယုံမကြည် သွေဖည်ငြင်းပယ်ကြပါမူ၊ (အသင်တို့သည်ပင်လျှင် နစ်နာဆုံးရှုံးကြလတ္တံ့။ အကြောင်းမူကား မိုးကောင်းကင်များနှင့် ပထဝီမြေ၌ ရှိရှိသမျှသော (သက်ရှိသက်မဲ့) အရာဝတ္ထုအလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာဝတ္ထုချည်းသာ ဖြစ်သောကြောင့်ပင်တည်း။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ခပ်သိမ်းဥဿုံ အလုံးစုံတို့ကို အကြွင်းမဲ့သိရှိတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။စူရဟ် အန်နိစာအ်-(၄:၁၇၀)အစ္စလာမ်သာသနာတော်သည် အမြဲတန်းအတွက်ရှိနေမည့်အရှင်မြတ်၏သတင်းစကားဖြစ်ပြီး ၎င်းသည်နောက်ဆုံးသတင်းစကားလည်းဖြစ်သည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-မုဟမ္မဒ်သည် အသင်တို့ ယောက်ျားများအနက် မည်သူတစ်ဦးတစ်ယောက်၏ဖခင်မျှမဟုတ်ပေ။ စင်စစ်မှာမူကား (မုဟမ္မဒ်သည်) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်သည်လည်းကောင်း၊ နဗီတမန်တော် အပေါင်းတို့(၏နုဗုဝသ်)ကို အဆုံးသတ်သူသည်လည်းကောင်း၊ ဖြစ်ပေသည်။အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုအကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။စူရဟ် အဟ်ဇ်ဇာဗ်-(၃၃:၄၀)

အစ္စလာမ်သာသနာတော်သည် လူမျိုးတစ်မျိုး၊မျိုးနွယ်စုတစ်စု နှင့်သာသက်ဆိုင် သည့် သာသနာမဟုတ်ပဲ လူသားထုတရပ်လုံးနှင့်သက်ဆိုင်သည့် အလ္လာဟ်အရှင်မြတ်၏သာသနာတော်ဖြစ်သည်။

အစ္စလာမ်သာသနာတော်သည် လူမျိုးတစ်မျိုး၊မျိုးနွယ်စုတစ်စုနှင့်သာသက်ဆိုင်သည့် သာသနာမဟုတ်ပဲ လူသားထုတရပ်လုံးနှင့်သက်ဆိုင်သည့်အလ္လာဟ်အရှင်မြတ်၏သာသနာတော်ဖြစ်ပြီး ကျမ်းတော်မြတ်ကုရ်အာန်၌ ပါရှိသောအမိန့်တော်များအနက်ပထမဦးဆုံးအမိန့်တော်လည်းဖြစ်သည်။

အို-လူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား မွေးမြူတော်မူထသော (အလ္လာဟ်အရှင်မြတ်)ကို ခဝပ်ကိုးကွယ်ကြကုန်။ ထိုအရှင်သည် အသင်တို့ကိုလည်းကောင်း၊ အသင်တို့အလျင် အထက်ထက် အဆက်ဆက်က ရှိခဲ့ဘူးသော ရှေးပဝေသဏီ လူဟောင်းများကို လည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ ထိုသို့ ခဝပ်ကိုးကွယ်ကြမှသာလျှင် အသင်တို့သည် (ဒုစရိုက်မှုများကို) ကြဉ်ရှောင်သော သူတော်သူစင်များ ဖြစ်တန်ကြရာသတည်း။

စူရဟ် ဘကရဟ်-( ၂:၂၁)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အို- မနုဿလူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ကြောက်ရွံ့ (ရိုသေ) ကြကုန်လော့။ ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုအသက်တစ်ချောင်းတည်းမှပင် ၎င်း၏ကြင်ရာကြင်ဖက်ကိုလည်း ဖန်ဆင်းတော်မူခဲ့လေ၏။ ၎င်းနောက် ထို (လူသား) နှစ်ဦးတို့မှ များပြားလှစွာသော ယောက်ျား၊ မိန်းမတို့ကို ပြန့်ပွားစေတော်မူခဲ့လေသည်။

စူရဟ် နိစာအ်-( ၄:၁)

အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)ကဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မက္ကဟ်ကိုအောင်နိုင်သည့်နေ့တွင် လူတို့အား မိန့်ခွန်းပြောတော်မူသည်။

အို-လူသားအပေါင်းတို့ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် အမိုက်ခေတ်၏မာန်မာနထောင်လွှားမှုနှင့် ၎င်းခေတ်၏ဘိုးဘေးတို့ဖြင့်ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်းတို့အား အသင်တို့ထံမှဖယ်ရှားတော်မူလိုက်လေပြီ။သို့ဖြစ်ပေရာလူသည်နှစ်မျိုးသာရှိသည်။ကောင်းမြတ်သောအကျင့်သီလရှိပြီး အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ရိုသေအမိန့်နာခံသူနှင့် အလ္လာဟ်အရှင်မြတ်၏အမိန့်ကိုဖီဆန်သောနဖူးစာဆိုးသည့်သေးသိမ်သူတို့ဖြစ်သည်။လူသားအားလုံးသည် အာဒမ်(အလိုင်ဟိစ္စလာမ်)၏သားမြေးများပင်ဖြစ်ကြသည်။အလ္လာဟ်အရှင်မြတ်သည်အာဒမ်(အလိုင်ဟိစ္စလာမ်)အားမြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့သည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာအို-လူခပ်သိမ်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမ တစ်ယောက်မှ (စတင်)ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ၊ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား) အကြောက်ရွံ့ဆုံး၊ အပြစ်များမှ အများဆုံး ကြဉ်ရှောင်သောသူသည်သာလျှင် အလ္လာဟ်အရှင်မြတ် အထံတော်၌အမြင့်မြတ်ဆုံးသောသူဖြစ်၏။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသိတော်မူဆုံး၊ အကြားတော်မူဆုံးအရှင် ဖြစ်တော်မူပေသတည်း။စူရဟ် အလ်ဟုဂျုရာသ်-(၄၉:၁၃)

(သိရ်မိဇီကျမ်း - ၃၂၇၀)

ထို့ပြင် အသင်သည် ကျမ်းတော်မြတ်ကုရ်အာန်နှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အမိန့်တော်များတွင်လူမျိုးတစ်မျိုး(သို့)လူအုပ်စုတစ်စုအား၎င်းတို့၏ မျိုးရိုး၊နိုင်ငံသား (သို့)လိင်ပေါ်မူတည်၍ သီးသန့်အမိန့်ထုတ်ပြန်ထားခြင်းမျိုးကို တွေ့ရမည်မဟုတ်ပေ။

၃။အစ္စလာမ်သာသနာတော်သည် အလ္လာဟ်အရှင်မြတ်၏သတင်းစ ကားများဖြစ်ပြီးလွန်လေပြီးသောမျိုးနွယ်စုများထံ စေလွှတ်ခြင်းခံရသော နဗီ၊ရစူလ် တမန်တော်(အလိုင်ဟိစ္စလာမ်)များအပေါ်အလ္လာဟ်အရှင်မြတ်မှာကြားတော်မူခဲ့သည့် အမိန့်တော်များကို ပြည့်ဝစုံလင်စေတော်မူရန်အလို့ငှာ ကျရောက်လာခဲ့ခြင်းဖြစ်သည်။

အစ္စလာမ်သာသနာတော်သည် အလ္လာဟ်အရှင်မြတ် မှာကြားတော်မူသာအမိန့် တော်များဖြစ်ပြီး လွန်လေပြီးသောမျိုးနွယ်စုများထံ စေလွှတ်ခြင်းခံရသော နဗီ၊ရစူလ်တမန်တော်(အလိုင်ဟိစ္စလာမ်)များအား အရှင်မြတ်မှာကြားတော်မူသည့် အမိန့်တော်များကို ပြည့်ဝစုံလင်စေတော်မူရန်အလို့ငှာ ကျရောက်လာခဲ့ခြင်းဖြစ်သည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ဧကန်စင်စစ် ငါအရှင်မြတ်သည် (နဗီတမန်တော်) နူဟ်နှင့် ယင်း (နဗီတမန်တော် နူဟ်) ၏နောက်၌ ပွင့်ခဲ့ကြလေသော နဗီတမန်တော်တို့ထံသို့ (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များ ပို့တော်မူဘိသကဲ့သို့လည်းကောင်း၊ (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၊ (နဗီတမန်တော်) အစ္စမာအီလ်၊ (နဗီတမန်တော်) အစ္စဟာက် (နဗီတမန်တော်) ယအ်ကူဗ်၊ (ထို နဗီတမန်တော်ယအ်ကူဗ်၏) သား-မြေး-မြစ် (တို့တွင် ပွင့်လေသော နဗီတမန်တော်များ)(နဗီတမန်တော်) အီစာ၊ (နဗီတမန်တော်) အိုက်ယူဗ်၊ (နဗီတမန်တော်) ယူနွတ်စ်၊ (နဗီတမန်တော်) ဟာရူန်နှင့် (နဗီတမန်တော်) ဆူလိုင်မာန်တို့ထံသို့ (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များ ပို့တော်မူဘိသကဲ့သို့လည်းကောင်း၊ (နဗီတမန်တော်) ဒါဝူဒ်အား ဇဗူရ်ကျမ်းတော်ကို ချီးမြှင့်ပေးသနားတော်မူဘိသကဲ့သို့လည်းကောင်း၊ အသင့်ထံသို့လည်း (ဝဟ်ယ်) အမိန့်ဗျာဒိတ်တော်များကို ပို့တော်မူခဲ့လေသတည်း။

စူရဟ် နိစာအ်-(၄:၁၆၃)

အလ္လာဟ် အရှင်မြတ်ဘက်တော်မှတမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ ထုတ်ပြန်ပို့ချတော်မူခဲ့သည့် ဤသာသ နာတော်သည်လွန်လေပြီးသော နဗီတမန်တော်များအားနာယူကျင့်မူရန်သတ်မှတ်ပြဋ္ဌာန်းပေးခဲ့သော သာသနာတော်ပင်ဖြစ်သည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ထိုအရှင်မြတ်သည် အသင်တို့အဖို့ အကြင်သာသနာတော်ကိုပင် သတ်မှတ်ပြဋ္ဌာန်း၍ ပေးတော်မူခဲ့၏။ ထိုအရှင်မြတ်သည် (နဗီတမန်တော်) နူဟ်အား ယင်းသာသနာတော်ကိုပင် နာယူကျင့်မူရန် အမိန့်ပေးတော်မူခဲ့၏။ ၎င်းပြင်ငါအရှင်မြတ်သည် ယင်းသာသနာတော်ကိုပင် အသင့်ထံသို့ထုတ်ပြန်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းသာသနာတော်ကိုပင် နာယူကျင့်မူရန် (နဗီတမန်တော်) အစ်ဗ်ရာဟီမ် အားလည်းကောင်း၊ (နဗီတမန်တော်) မူစာ အားလည်းကောင်း၊ (နဗီတမန်တော်) အီစာ အားလည်းကောင်း၊အမိန့်ပေးတော်မူခဲ့၏။ အသင်တို့သည် ဒီန်သာသနာတော်ကို ခိုင်မြဲတည်ရှိစေကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်ယင်းသာသနာ တော်နှင့်စပ်လျဉ်း၍ ကွဲပြားခြင်း၊ အုပ်စုကွဲခြင်း၊မရှိကြကုန်လင့်ဟူ၍ အမိန့်ပေးတော်မူခဲ့၏။ (အို-နဗီတမန်တော်) မုရှ်ရစ်က် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ကြကုန်သော သူတို့၌ အသင် ၎င်းတို့အား ဖိတ်ခေါ်လျက်ရှိသော (တောင်ဟီဒ်)တရားတော်မှာ လွန်စွာခက်ခဲကြီးလေးလှ၏။ (စင်စစ်မှာကား)အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား မိမိအထံတော်သို့ ရွေးချယ်တော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိဘက်တော်သို့ ပြန်လှည့်သောသူအား လမ်းညွှန်တော်မူ၏။

စူရဟ် ရှုရာ-(၄၂:၁၃)

အလ္လာဟ်အရှင်မြတ်က တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ထုတ်ပြန်ပို့ချတော်မူခဲ့သည့်ဤကျမ်းဂန်သည်၎င်းမတိုင်မီကရှိခဲ့သောအရှင်မြတ်၏ကျမ်းများဖြစ်သည့်ပြုပြင်ပြောင်းလဲခြင်းမခံရမည်အလျင်က ရှိခဲ့သော သောင်ရာသ်နှင့်အင်ဂျီလ် ကျမ်းတို့ကိုထောက်ခံထားသည့်ကျမ်းဂန်ဖြစ်လေသည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

စင်စစ်သော်ကား အသင့်ထံ ငါအရှင်မြတ် ထုတ်ပြန်တော်မူသော (ဤ)ကျမ်းဂန်သည် လုံးဝအမှန်ဖြစ်၏။ (ထိုကျမ်းဂန်သည်) မိမိအလျင်(ကျရောက်ခဲ့ဖူးသော) ကျမ်းဂန်များကိုလည်း မှန်ကန်သည်ဟု ထောက်ခံလျက်ရှိ၏။ မုချအမှန်အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်တို့နှင့် ပတ်သက်၍အလွန်တရာ ကြားသိတော်မူသော၊ အလွန်တရာ သိမြင်တော်မူသော၊ အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

စူရဟ် ဖာတွိရ်-(၃၅:၃၁)

၄။နဗီတမန်တော်(အလိုင်ဟိစ္စလာမ်)များ၏ သာသနာသည် တစ်ခုတည်းသာဖြစ်ပြီး ၎င်းတို့ကျင့်သုံးသည့် ဥပဒေများသာကွဲပြားကြသည်။

နဗီတမန်တော်(အလိုင်ဟိစ္စလာမ်)များ၏ သာသနာသည် တစ်ခုတည်းသာဖြစ်ပြီး ၎င်းတို့ကျင့်သုံးသည့် ဥပဒေများသာကွဲပြားကြသည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းပြင် (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်ထံသို့ မှန်ကန်သောကျမ်းမြတ် (ကုရ်အာန်) ကို ထုတ်ပြန်ချမှတ်တော်မူခဲ့လေသည်။ (ယင်း ကုရ်အာန်ကျမ်းတော်မြတ်သည်) ၎င်း၏အလျင်ရှိခဲ့သောကျမ်းများကို ထောက်ခံလျက်ရှိ၏။ ၎င်းပြင် ယင်းကျမ်းများကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ၏။ သို့ဖြစ်ပေရာ (အို- နဗီတမန်တော်) အသင်သည် ထိုသူတို့၏စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (တရားတော်) နှင့်အညီ စီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် မိမိထံရောက်ရှိလာသော မှန်ကန်သောကျမ်းတို့ကိုစွန့်၍ ၎င်းတို့၏ အလိုဆန္ဒများကို မလိုက်လေနှင့်။ ငါအရှင်မြတ်သည် အသင်တို့အနက် အသီးသီးတို့အဖို့ တရားဓမ္မသတ် (နည်းဥပဒေ) တစ်မျိုးနှင့် ထင်ရှားလှစွာသော လမ်းစဉ်တစ်မျိုးကို သတ်မှတ်ပြဋ္ဌာန်းပေးတော်မူခဲ့သည်။ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါမူ အသင်တို့ (အားလုံး) ကို သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မူခဲ့မည်မှာ ဧကန်မလွဲပင်။ သို့ရာတွင် ထိုအရှင်မြတ်သည် မိမိပြဋ္ဌာန်းပေးသနားတော်မူသည့် (တရားလမ်းစဉ်) နှင့်စပ်လျဉ်း၍ အသင်တို့အား စမ်းသပ်တော်မူခြင်းငှာ (ထိုကဲ့သို့ သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မမူခဲ့ချေ) ။ သို့ဖြစ်ပေရာ အသင်တို့သည် ကောင်းမှုများကို သူ့ထက်ငါသာအောင် လျင်မြန်စွာပြုလုပ်ကြလေကုန်။ အသင်တို့ အားလုံးသည် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြမည်ဖြစ်ကုန်၏။ ထိုရောအခါဝယ် ထိုအရှင်မြတ်သည် အသင်တို့ကွဲလွဲခဲ့ကြကုန်သော အကြောင်းအချက်တို့နှင့်စပ်လျဉ်း၍ အသင်တို့အား အသိပေးတော်မူမည်ဖြစ်၏။စူရဟ် မာအိဒဟ်-(၅:၄၈)တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ လောကီ၊လောကုတ္တရာနှစ်ဌာနစလုံးတွင် လူသားအားလုံးအနက် ငါကိုယ်တော်သည်မရ်ယမ်၏သားတော် အီစာ(အလိုင်ဟိစ္စလာမ်)နဲ့ အနီး စပ်ဆုံးသူဖြစ်သည်။နဗီတမန်တော်များသည်ဖအေတူ မအေကွဲ ညီအစ်ကိုတွေ လို ဖြစ်ကြပြီး၎င်းတို့၏မိခင်များသည်အသီးသီးဖြစ်ကြသော်လည်း ၎င်းတို့၏သာသနာသည် တစ်ခုတည်းပင်ဖြစ်သည်။(ဗုခါရီကျမ်း - ၃၄၄၃)

၅။မွေးမြူဖန်ဆင်း၊ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင်သခင်မှာ အလ္လာဟ်အရှင်မြတ်သာဖြစ်ပြီး ထိုအရှင်မြတ်သည် ဖန်ဆင်းတော်မူသော်အရှင်၊ ရိုဇီရိက္ခာပေးသနားတော်မူသောအရှင်၊ ရှင်စေသေစေတော်မူသော်အရှင်၊ အုပ်ချုပ်မှုအာဏာအမျိုးမျိုးကို စိုးပိုင်တော်မူသောအရှင်၊ အမှုကိစ္စအားလုံးကိုစီမံခန့်ခွဲတော်မူသောအရှင်၊ အလွန်ကြင်နာသနားတော်မူသောအရှင် ဖြစ်ကြောင်းကိုသက်ဝင်ယုံကြည်ရန် နူဟ်၊ အိဗ်ရာဟီးမ်၊ မူစာ၊စုလိုင်မာန်နှင့်ဒါဝူဒ်(အလိုင်းဟိမုစ်စလာမ်)စသည့်နဗီတမန်တော်တိုင်းကဖိတ်ခေါ်ခဲ့သည့်အတိုင်းအစ္စလာမ်သာသနာတော်သည်လည်းထိုဘက်သို့ပင်ဖိတ်ခေါ်လျက်ရှိနေပေသည်။

မွေးမြူဖန်ဆင်း၊ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင်သခင်မှာ အလ္လာဟ်အရှင်မြတ်သာဖြစ်ပြီး ထိုအရှင်မြတ်သည် ဖန်ဆင်းတော်မူသော်အရှင်၊ ရိုဇီရိက္ခာပေးသနားတော်မူသောအရှင်၊ ရှင်စေသေစေတော်မူသော်အရှင်၊ အုပ်ချုပ်မှုအာဏာအမျိုးမျိုးကို စိုးပိုင်တော်မူသောအရှင်၊ အမှုကိစ္စအားလုံးကိုစီမံခန့်ခွဲတော်မူသောအရှင်၊ အလွန်ကြင်နာသနားတော်မူသောအရှင် ဖြစ်ကြောင်းကိုသက်ဝင်ယုံကြည်ရန် နူဟ်၊ အိဗ်ရာဟီးမ်၊ မူစာ၊စုလိုင်မာန်နှင့်ဒါဝူဒ်(အလိုင်းဟိမုစ်စလာမ်)စသည့်နဗီတမန်တော်တိုင်းကဖိတ်ခေါ်ခဲ့သည့်အတိုင်းအစ္စလာမ်သာသနာတော်သည်လည်းထိုဘက်သို့ပင်ဖိတ်ခေါ်လျက်ရှိနေပေသည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို-လူခပ်သိမ်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်က ပြုတော်မူခဲ့သော ကျေးဇူးတော်များကို ပြန်လည်အောက်မေ့သတိရ ကြလေကုန်။အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့အား မိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ စားနပ်ရိက္ခာပေးသည့် ဖန်ဆင်းသူဟူ၍ တစ်ဦးတစ်ယောက်မျှပင် ရှိပါသေးသလော၊ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျဉ်းမရှိပြီ။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ပြန်လှည့်သွားကြလေသနည်း။စူရဟ် ဖာတွိရ်-(၃၅:၃)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား)ဤသို့ ပြောဆိုမေးမြန်းကြပါလေ၊ အချင်းတို့ အသင်တို့အားအာကာသမိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေကြီးမှလည်းကောင်း၊ မည်သူမည်ဝါ စားနပ်ရိက္ခာ ထောက်ပံ့လေသနည်း။ သို့တည်းမဟုတ် မည်သူသည် နားများနှင့် မျက်စိများကိုစိုးပိုင်ပါသနည်း။ ထိုနည်းတူစွာ မည်သူသည် သက်ရှိကိုသက်မဲ့မှထွက်စေ၍ သက်မဲ့ကိုသက်ရှိမှ ထွက်စေသနည်း။ ထိုမှတစ်ပါးမည်သူသည် အမှုကိစ္စ အဝဝကို စီမံခန့်ခွဲလေသနည်း ဟုမေးမြန်းပါလေ။ ထိုအခါ ၎င်း တို့က အလ္လာဟ်အရှင်မြတ်ဟူ၍ပင် မုချပြောဆိုဖြေ ကြားကြပေမည်။ သို့ဖြစ်ပေရာ အသင်သည် (၎င်း တို့အား)အချင်းတို့ သို့ပါလျက် အသင်တို့သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမှ) မရှောင်ကြဉ်ကြလေသလောဟု မေးမြန်းပါလေ။စူရဟ် ယူနွတ်စ်-(၁၀:၃၁)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(ဤရုပ်တုများမြင့်မြတ်သလော၊) သို့တည်းမဟုတ် အကြင်အရှင်မြတ်ပင်(မြင့်မြတ်တော်မူပါသလော၊) ထိုအရှင်မြတ်သည် အဖန်ဆင်းခံတို့ကို (ပထမအကြိမ်)စတင်ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ထိုအဖန်ဆင်းခံတို့ကို တစ်ဖန်ထပ်မံ၍ ဖန်ဆင်းတော်မူပေသည်။ ထို့ပြင် အကြင်အရှင်မြတ်သည် အသင်တို့အား မိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ စားနပ်ရိက္ခာ ချီးမြှင့်ပေးသနားတော်မူ၏။ အလ္လာဟ်အရှင်မြတ် နှင့်အတူ (အခြား)ဆည်း ကပ်ကိုးကွယ်ရာဟူ၍ ရှိပါသေးသလော။ (အို-နဗီတမန်တော်၊) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊)အကယ်၍ အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် (ဤသည်နှင့်စပ်လျဉ်း၍) မိမိတို့၏ သက်သေသာဓကကို ယူဆောင်လာခဲ့ကြလေကုန်။စူရဟ် နမ်လ်-(၂၇:၆၄)နဗီတိုင်း၊ရစူလ်(အလိုင်ဟိစ္စလာမ်)တိုင်းသည်အလ္လာဟ်အရှင်မြတ် တစ်ဆူတည်း ကိုသာခဝပ်ကိုးကွယ်ခြင်းဘက်သို့ ဖိတ်ခေါ်ရန်အတွက်စေလွှတ်ခြင်းခံရသည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး အသင်တို့သည် အခြားကိုးကွယ်ရာ များကို စွန့်လွှတ်ပယ်ရှား၍(တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟု (ဟောကြားစေတော်မူခဲ့လေသည်)။ သို့ရာတွင် ၎င်းတို့တွင် အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်ကို ပြတော်မူသောသူများလည်းရှိခဲ့ကြ၏။ ထိုနည်းတူစွာ ၎င်းတို့တွင် အကြင်သူများလည်းရှိခဲ့ကြ၏။ ထိုသူတို့အပေါ်၌ လမ်းမှားခြင်းသည် အတည်ဖြစ်ခဲ့၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကမ္ဘာမြေဝယ်လှည့်လည်၍ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်သူတို့၏ နောက်ဆုံးအခြေသည် မည်သို့ ဖြစ်ခဲ့သည်ကိုကြည့်ရှုလေ့လာကြလေကုန်။စူရဟ် နဟ်လ်-(၁၆:၃၆)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင်စေလွှတ်တော်မူခဲ့သော မည်သည့်ရစူလ်တမန်တော်၏ ထံသို့မဆို ဧကန်အမှန် ငါအရှင်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ဖြစ်ပေရာ အသင်တို့သည် ငါအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟူ၍ အမိန့်တော် ထုတ်ပြန်ချမှတ်တော်မူခဲ့သည်သာ ဖြစ်သည်။စူရဟ် အန်ဗိယာအ်(၂၁:၂၅)နူဟ်(အလိုင်ဟိစ္စလာမ်)နုင့်စပ်လျဉ်း၍အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားသည်မှာ-နူဟ်က(မိမိအမျိုးသားတို့အား)အို-ငါ၏အမျိုးသားအပေါင်းတို့၊အသင်တို့သည်အလ္လာဟ်အရှင်မြတ်ကိုသာလျှင်ခဝပ်ကိုးကွယ်ကြလေကုန်။အသင်တို့၌အလ္လာဟ်အရှင်မြတ်မှတစ်ပါးအခြားခဝပ်ကိုးကွယ်ရာအလျဉ်းမရှိပြီ။ငါသည်အသင်တို့အပေါ်၌အလွန်ကြီးကျယ်သောနေ့၏ပြစ်ဒဏ်(သက်ရောက်မည်)ကိုမလွဲဧကန်စိုးရိမ်မိသည်ဟုပြောကြားခဲ့လေသည်။စူရဟ် အအ်ရာဖ်-(၇:၅၉)(ကျမ်းမြတ်ကုရ်အာန်တွင်)အလ္လာဟ်အရှင်မြတ်မိန့်ကြားထားသည့် အတိုင်း အိဗ်ရာဟီးမ် ခလီလွလ္လာဟ်(အလိုင်ဟိစ္စလာမ်)က ပြောကြားခဲ့သည်မှာထိုမှတစ်ပါး အိဗ်ရာဟီမ်အား(လည်းငါအရှင်မြတ်သည် ရစူလ်တမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။)အကြင်အခါဝယ် ထိုအီဗ်ရာဟီမ်သည် မိမိ အမျိုးသားတို့အား(ဤသို့) ပြောကြားခဲ့လေ၏။ (အချင်းတို့၊) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုအရှင်မြတ်အား ခန့်ညားကြောက်ရွံ့ကြလေကုန်။ အကယ်၍ အသင်တို့သည် သိရှိကြလေသော် ဤသည် အသင်တို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသည်။စူရဟ် အန်ကဗူးသ်(၂၉:၁၆)(ကျမ်းမြတ်ကုရ်အာန်တွင်)အလ္လာဟ်အရှင်မြတ်မိန့်ကြားထားသည့်အတိုင်း ဆွာလေဟ်(အလိုင်ဟိစ္စလာမ်)က ပြောကြားခဲ့သည်မှာ-(နဗီတမန်တော်ဆွာလိဟ်က(မိမိ၏အမျိုးသားတို့အား)အို-ငါ၏အမျိုးသားတို့အသင်တို့သည်အလ္လာဟ်အရှင်မြတ်(တစ်ဆူတည်းကိုသာလျှင်)ခဝပ်ကိုးကွယ်ကြလေကုန်။(စင်စစ်တမူကား)အသင်တို့၌ထိုအရှင်မြတ်မှတစ်ပါးအခြားခဝပ်ကိုးကွယ်ရာဟူ၍အလျင်းမရှိပြီ။ဧကန်စင်စစ်အသင်တို့ထံအသင်တို့၏အရှင်မြတ်အထံတော်မှထင်ရှားလှစွာသောသက်သေသာဓကသည်ရောက်ရှိခဲ့ချေပြီ။ဤသည်အလ္လာဟ်အရှင်မြတ်၏ကုလားအုတ်မပင်ဖြစ်သည်။အသင်တို့အဖို့လက္ခဏာတစ်ရပ်အဖြစ်(စေလွှတ်တော်မူ၏။)သို့ဖြစ်ရာအသင်တို့သည်ထိုကုလားအုတ်မကိုအလ္လာဟ်အရှင်မြတ်၏ပထဝီမြေပြင်ဝယ်စားသောက်(သွားလာ)ရန်လွှတ်ထားကြလေကုန်။၎င်းပြင်အသင်တို့သည်ထိုကုလားအုတ်မကိုမကောင်းသောစေတနာနှင့်မထိကြကုန်လင့်။သို့မဟုတ်လျှင်ပြင်းပြနာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်သည်အသင်တို့အားဖမ်းဆီးကွပ်မျက်လိမ့်မည်ဟုပြောကြားတော်မူခဲ့လေသတည်း။စူရဟ် အအ်ရာဖ်-(၇:၇၃)(ကျမ်းမြတ်ကုရ်အာန်တွင်)အလ္လာဟ်အရှင်မြတ်မိန့်ကြားထားသည့်အတိုင်း ရှုအိုက်ဗ်(အလိုင်ဟိစ္စလာမ်)က ပြောကြားခဲ့သည်မှာ-(နဗီတမန်တော်)ရှုအိုက်ဗ်သည်(မိမိတို့အမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေ၏။အို-ငါ၏အမျိုးသားတို့၊အသင်တို့သည်အလ္လာဟ်အရှင်မြတ်ကိုသာလျှင်ခဝပ်ကိုးကွယ်ကြလေကုန်။အသင်တို့၌အလ္လာဟ်အရှင်မြတ်အပြင်အခြားခဝပ်ကိုးကွယ်ရာဟူ၍အလျင်းမရှိပြီ။အသင်တို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှထင်ရှားလှစွာသောသက်သေသာဓကသည်အသင်တို့ထံရောက်ရှိလာခဲ့ချေပြီ။သို့ဖြစ်ပေရာအသင်တို့သည်(ခွက်၊စလယ်၊တောင်းစသော)ပမာဏအခြင်အတွယ်(များ)ကိုလည်းကောင်း၊အလေးချိန်(များ)ကိုလည်ကောင်း၊ချိန်တွယ်ရာတွင်တရားမျှတစွာဖြင့်အပြည့်(ချိန်တွယ်၍)ပေးကြလေကုန်။၎င်းပြင်အသင်တို့သည်လူတို့အား၎င်းတို့၏ဥစ္စာပစ္စည်းများကိုမတရားသဖြင့်လျှော့၍ပေးခြင်းကိုလည်းမပြုကြကုန်လင့်။ထို့ပြင်အသင်တို့သည်ကမ္ဘာမြေပြင်တင့်တယ်ကောင်းမွန်လာပြီးနောက်ထိုကမ္ဘာမြေပြင်ဝယ်ပျက်စီးရာပျက်စီးကြောင်းများကိုအသင်မပြုလုပ်ကြကုန်လင့်။ဤသည်ကားအကယ်၍သာအသင်တို့သည်မုအ်မင်န်သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင်အသင်တို့အဖို့အကောင်းဆုံးပင်ဖြစ်ချေသတည်း။စူရဟ် အအ်ရာဖ်-(၇:၈၅)အလ္လာဟ်အရှင်မြတ်သည် မူစာ(အလိုင်ဟိစ္စလာမ်) အားပထမဦးဆုံးမိန့်ကြားတော်မူခဲ့သည်မှာ-စင်စစ် ငါအရှင်မြတ်သည် အသင့်အား (နဗီတမန်တော်အဖြစ်) ရွေးချယ်တော်မူပြီးဖြစ်ရာ အသင်သည်(မိမိထံသို့ ငါအရှင်မြတ်အထံတော်မှ) ထုတ်ပြန် ခြင်းခံရသောအမိန့်တော်များကို နားထောင်ပါလေ။(၁၃)ဧကန်အမှန် ငါအရှင်မြတ်သည် ပင်လျှင်အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူပေသည်။ ငါအရှင်မြတ် မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ဖြစ် ပေရာအသင်သည် ငါအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ပါလေ။ထို့ပြင် အသင်သည် ငါအရှင်မြတ်အား သတိရခြင်းငှာ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။(၁၄)စူရဟ် တွာဟာ-(၂၀:၁၃-၁၄)တမန်တော်မူစာ (အလိုင်ဟိစ္စလာမ်) သည်အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် ခိုလှုံခွင့်တောင်းခံခဲ့ကြောင်းကို အသိပေးသည့်အနေဖြင့် အရှင်မြတ်က မိန့်ကြားထားတော်မူသည်မှာ-ဧကန်စင်စစ် ငါသည် စောကြောမေးမြန်းမည့်နေ့ကို သက်ဝင်ယုံကြည်ခြင်းမရှိသော ဘဝင်မြင့် မာန်မာန ထောင်လွှားသူတိုင်း(၏ဘေးရန်ခပ်သိမ်းတို့)မှ (ကင်းလွတ်အံ့သောငှာ) ငါ့အားလည်းကောင်း၊ အသင်တို့အားလည်းကောင်း၊ (အားလုံးတို့အား)ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ အကာအကွယ်ယူထားပြီး ဖြစ်သည်။စူရဟ် ဂါဖိရ်-(၄၀:၂၇)အလ္လာဟ်အရှင်မြတ်သည် တမန်တော် (မစီဟ်) အီစာ (အလိုင်ဟိစ္စလာမ်) နှင့်ပတ်သက်၍ အသိပေး မိန့်ကြားတော်မူသည်မှာ -ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည်အကျွန်ုပ်ကိုမွေးမြူတော်မူသောအရှင်လည်းဖြစ်တော်မူ၏။အသင်တို့ကိုမွေးမြူတော်မူသောအရှင်မြတ်လည်းဖြစ်တော်မူ၏။သို့ဖြစ်ပေရာအသင်တို့သည်ထိုအရှင်မြတ်ကိုသာလျှင်ခဝပ်ကိုးကွယ်ကြကုန်။ဤကားဖြောင့်မတ်မှန်ကန်သောတရားလမ်းပင်ဖြစ်ချေသတည်း။စူရဟ် အာလိအိမ်ရာန်-(၃:၅၁)အလ္လာဟ်အရှင်မြတ်သည် တမန်တော် (မစီဟ်) အီစာ (အလိုင်ဟိစ္စလာမ်) နှင့်ပတ်သက်၍ ထပ်မံအသိပေး မိန့်ကြားခဲ့သည် ၎င်းကပြောကြားခဲ့သည်မှာ -အမှန်သော်ကား မစီဟ် (ကိုယ်တိုင်) ကပင် “အို - အစ္စရာအီလီမျိုးနွယ်အပေါင်းတို့ အသင်တို့သည် ငါ၏အရှင်နှင့် အသင်တို့၏အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ကိုပင် ခဝပ်ကိုးကွယ်ကြလေကုန်" ဟု ပြောဆိုခဲ့လေသည်။ စင်စစ်ဧကန် မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် (ကိုးကွယ်) ပါလျှင် အလ္လာဟ်အရှင်မြတ်သည် ထို (ကဲ့သို့သော) သူ၏အဖို့ 'ဂျန္နတ်' အမတသုခဘုံကို မုချဧကန် ပိတ်ပင် ထားတော်မူအံ့။ ၎င်းပြင် ထိုသူ၏လားရာဌာနသည် ငရဲမီးပင်ဖြစ်လတ္တံ့။ ထိုမှတစ်ပါး (ယင်းကဲ့သို့) မတရားကျူးလွန်သောသူတို့အား ရိုင်းပင်းကူညီ စောင်မမည့်သူဟူ၍ကား တစ်စုံတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။စူရဟ် မာအိဒဟ်-(၅:၇၂)ထို့အပြင် သောင်ရာသ် (တိုရာ) နှင့် အင်ဂျီးလ် (သမ္မာကျမ်း) နှစ်စောင်စလုံးတွင်လည်း အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ကြရန် အလေးအနက် လာရှိထားသည်။ တရားဟောရာကျမ်းတွင် တမန်တော် (မောရှေ) မူစာ (အလိုင်ဟိစ္စလာမ်)၏ ပြောကြားချက်ကို ဖော်ပြထားသည်မှာ-အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင်ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။ရှင်မကုခရစ်ဝင်ကျမ်း၌လည်း တစ်ပါးတည်းသော အရှင်ကိုသာ ခဝပ်ကိုးကွယ်ရန် အလေးအနက်ထားဖော်ပြထားသည်။တမန်တော် (ယေရှု) အီစာ(အလိုင်ဟိစ္စလာမ်)ကပြောကြားခဲ့သည်မှာ-ယေရှုက၊ ပညတ်တကာတို့တွင် အမြတ်ဆုံးသော ပညတ်ဟူမူကား၊ အိုဣသရေလလူမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရ ဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်အားလုံးတို့အား ထိုကြီးကျယ်လှသည့် တာဝန်ဖြစ်သည့် (သောင်ဟီးဒ်) တစ်ပါးတည်းသောအရှင်ကိုသာလျှင် ခဝပ်ကိုးကွယ်ခြင်းဘက်သို့ ဖိတ်ခေါ်ရန်အတွက် စေလွှတ်ခဲ့ကြောင်းကို ရှင်းလင်းမိန့်ကြားထားတော်မူသည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး အသင်တို့သည် အခြားကိုးကွယ်ရာ များကို စွန့်လွှတ်ပယ်ရှား၍(တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟု (ဟောကြားစေတော်မူခဲ့လေသည်)။ သို့ရာတွင် ၎င်းတို့တွင် အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်ကို ပြတော်မူသောသူများလည်းရှိခဲ့ကြ၏။ ထိုနည်းတူစွာ ၎င်းတို့တွင် အကြင်သူများလည်းရှိခဲ့ကြ၏။ ထိုသူတို့အပေါ်၌ လမ်းမှားခြင်းသည် အတည်ဖြစ်ခဲ့၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကမ္ဘာမြေဝယ်လှည့်လည်၍ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်သူတို့၏ နောက်ဆုံးအခြေသည် မည်သို့ ဖြစ်ခဲ့သည်ကိုကြည့်ရှုလေ့လာကြလေကုန်။စူရဟ် နဟ်လ်-(၁၆:၃၆)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့ အား(ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ပြောပြကြလေကုန်။ အလ္လာဟ်အရှင်မြတ် မှတစ်ပါး အသင်တို့ ဟစ်ခေါ်တသကြသောအရာများသည် မည်သည့်မြေကို ဖန်ဆင်းခဲ့ကြသည်ကို၊ သို့တည်းမဟုတ် ၎င်းတို့အဖို့ မိုးကောင်းကင်များ၌ ဖက်စပ်ပါဝင်ခြင်းရှိသည်ကို ငါ့အား အသင်တို့ပြကြလေကုန်။အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် ဤကျမ်းဂန်၏အလျင် ကျရောက်ခဲ့သောကျမ်းဂန် တစ်စုံတစ်ရာကို သော်လည်းကောင်း၊ (ရှေးအဆက်ဆက်မှ လာရှိသော) အသိပညာမှ အရပ်အမြွက်ပြသော အကြောင်းအချက် တစ်စုံတစ်ရာကိုသော်လည်းကောင်း၊ ငါ့ထံ ယူခဲ့ကြလေကုန်။စူရဟ် အဟ်ကာဖ်-(၄၆:၄)ရှိုခ်စအ်ဒီ (ရဟိမဟွလ္လာဟ်) ကပြောကြားခဲ့သည်မှာ-(မုရှ်ရိစ်က်) ဖက်စပ်ယှဉ်တွဲကိုးကွယ်သူများသည် ၎င်းတို့၏ ယှဉ်တွဲကိုးကွယ်မှုနှင့် ပတ်သက်၍ ငြင်းခုံမှုများသည်မည်သည့်သက်သေအထောက်အထားပေါ်တွင်မျှ အခြေခံထားခြင်းမဟုတ်ဘဲ ၎င်းတို့၏ မှားယွင်းသော အတွေးအခေါ်များ၊ အကျိုးမရှိသည့် ထင်မြင်ယူဆချက်များနှင့် ချွတ်ယွင်းနေသည့်အသိဉာဏ်အပေါ်တွင်သာအခြေခံထားကြခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မှအပခဝပ်ကိုးကွယ်ခြင်းခံနေရသောအရာများသည် ၎င်းတို့အား လောကီနှင့်လောကုတ္တရာ တို့တွင်တစ်စုံတစ်ရာအကျိုးပြုနိုင်မည်လော။၎င်းတို့၏ အခြေအနေများ၊အသိပညာများ၊ လုပ်ရပ်များနှင့် ရှိရ်က်ပြုလုပ်ခြင်း၌ပင် မိမိတို့၏ သက်တမ်းကို ကုန်ဆုံးနေခြင်းတို့ကို သုံးသပ်ကြည့်ခြင်းအားဖြင့် ထိုအရာများသည် မှားယွင်းနေကြောင်း သင်သိရှိနိုင်မည်။(သိုင်စီးရွလ် ကရီးမ်မစ်လ်မန်နာန်ကျမ်း စာမျက်နှာ - ၇၇၉)

၆။ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းတော်မူသောအရှင်၊ခဝပ်ကိုးကွယ်ခြင်းခံထိုက်သည့် တစ်ပါးတည်းသောအရှင်ဖြစ်ပြီး၊အရှင်မြတ်နှင့်အတူ ယှဉ်တွဲ၍ခဝပ်ကိုးကွယ်ခြင်းခံထိုက်သူဟူ၍ အလျင်းမရှိပေ။

အလ္လာဟ်အရှင်မြတ်သည် ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သည့် တစ်ပါးတည်းသောအရှင်ဖြစ်ပြီး အရှင်မြတ်နှင့်အတူ ယှဉ်တွဲ၍ခဝပ်ကိုးကွယ်ခြင်းခံထိုက်သူဟူ၍ လုံးဝမရှိချေ။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို-လူသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အား မွေးမြူတော်မူထသော (အလ္လာဟ်အရှင်မြတ်)ကို ခဝပ်ကိုးကွယ်ကြကုန်။ ထိုအရှင်သည် အသင်တို့ကိုလည်းကောင်း၊ အသင်တို့အလျင် အထက်ထက် အဆက်ဆက်က ရှိခဲ့ဘူးသော ရှေးပဝေသဏီ လူဟောင်းများကို လည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ ထိုသို့ ခဝပ်ကိုးကွယ်ကြမှသာလျှင် အသင်တို့သည် (ဒုစရိုက်မှုများကို) ကြဉ်ရှောင်သော သူတော်သူစင်များ ဖြစ်တန်ကြရာသတည်း။(၂၁)အလ္လာဟ်အရှင်မြတ်သည် အသင်တို့ (နေထိုင် သွားလာနိုင်ရန် အလို့ငှာ) ဤပထဝီမြေပြင်ကို အခင်းအဖြစ်လည်းကောင်း၊ မိုးကောင်းကင်ကို အမိုးအဖြစ်လည်းကောင်း၊ ပြုလုပ်ပေးသနားတော်မူ၍ ယင်းမိုးကောင်းကင်မှပင် မိုးရွာသွန်းစေပြီး ထိုမိုးရေဖြင့် ကောက်ပဲသီးနှံ အမျိုးမျိုးတို့ကို အသင်တို့အဘို့ ရိက္ခာအဖြစ် ပေါက်ရောက်စေတော်မူ၏၊ သို့ဖြစ်ရာ အသင်တို့သည် (အနန္တကျေးဇူးတော်ရှင် ဖြစ်တော်မူထသော) အလ္လာဟ်အရှင်မြတ်နှင့် မည်သည့်အရာကိုမျှ တွဲဖက်၍ ခဝပ်ကိုးကွယ်ခြင်းကို အလျှင်း မပြုကြလင့်၊ (သို့ အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်၍ ခဝပ်ကိုးကွယ်ခြင်း မပြုအပ်သည့်အကြောင်းကို) အသင်တို့ကိုယ်တိုင်လည်း အသိ ပင် ဖြစ်ကြသည်။(၂၂)စူရဟ် ဗကရဟ်-(၂:၂၁-၂၂)အကြင်အရှင်မြတ်သည် ကျွန်တော်တို့နှင့် ကျွန်တော်တို့မတိုင်ခင်က ရှိခဲ့ကြသည့် မျိုးဆက်များကို ဖန်ဆင်းတော်မူခဲ့သည်။ထို့ပြင် ကျွန်တော်တို့အတွက် ကမ္ဘာမြေကြီးအား အခင်းအဖြစ်ပြုလုပ်ပေးတော်မူသည်။ ထို့ပြင်ကျွန်တော်တို့ အပေါ်မိုးကောင်းကင်မှ မိုးရွာသွန်းစေပြီး ကျွန်တော်တို့ အတွက် ရိက္ခာအဖြစ် ကောက်ပဲသီးနှံများကို ပေါက်ရောက်စေတော်မူသည်။ ထို့ကြောင့်ပင် ၎င်းအရှင်မြတ် သည်ပင်လျင် ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သောတစ်ပါးတည်းသောအရှင်ဖြစ်တော်မူသည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို-လူခပ်သိမ်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌ အလ္လာဟ်အရှင်မြတ်က ပြုတော်မူခဲ့သော ကျေးဇူးတော်များကို ပြန်လည်အောက်မေ့သတိရ ကြလေကုန်။အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့အား မိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေမှလည်းကောင်း၊ စားနပ်ရိက္ခာပေးသည့် ဖန်ဆင်းသူဟူ၍တစ်ဦးတစ်ယောက်မျှပင်ရှိပါသေးသလော၊ထိုအရှင်မြတ်မှတစ်ပါးဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျဉ်းမရှိပြီ။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ပြန်လှည့်သွားကြလေသနည်း။စူရဟ် ဖာတွိရ်-(၃၅:၃)ထိုအရှင်မြတ်သည် ဖန်ဆင်းတော်မူပြီး စားနပ်ရိက္ခာချီးမြှင့်တော်မူသည်။ထို့ကြောင့် ထိုအရှင်မြတ်သည်သာ ခဝပ်ကိုးကွယ်ခြင်းကိုခံထိုက်သော တစ်ပါးတည်းသောအရှင်ဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(ဤသည်) ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား မွေးမြူဖန်ဆင်းတော်မူသောအလ္လာဟ် အရှင်မြတ်ပင်တည်း။ ထိုအရှင်မြတ်မှတပါး ခဝပ်ကိုးကွယ်ရာအရှင်မရှိပြီ။(ထိုအရှင်မြတ်သည်) အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထိုအရှင်မြတ်ကိုသာခဝပ်ကိုးကွယ်ကြလေကုန်။ စင်စစ်သော် ကားထိုအရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကို စီမံခန့်ခွဲပြီးငြိမ်းစေတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။စူရဟ် အန်အာမ်(၆:၁၀၂)အလ္လာဟ်အရှင်မြတ်မှအပ ကိုးကွယ်ခြင်းခံနေရသော အရာတိုင်းသည် ခဝပ်ကိုးကွယ်ခြင်း မခံထိုက်ပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မိုးကောင်းကင်များနှင် မြေပထဝီတွင် အနုမြူမှုန် ပမာဏမျှပင် စိုးပိုင်ခြင်းမရှိပေ။၎င်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့် တစ်စုံတစ်ရာ၌ ဖက်စပ်ပါဝင်ခဲ့ကြသူများမဟုတ်ကြသလို ကူညီရိုင်းပင်းခဲ့ကြခြင်းလဲ မရှိပေ။ ထို့ကြောင့်ပင်၎င်းတို့သည် အဘယ်ကဲ့သို့ အလ္လာဟ်အရှင်မြတ်နှင့်အတူ ဟစ်ခေါ်တောင်းဆိုခံရသူ၊ သို့မဟုတ် အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ခံရသူ ဖြစ်နိုင်ပါမည်နည်း။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်)အသင်သည် ပြောကြား ပါလေ။ (အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပြင်(ကိုးကွယ်ရာဘုရားများဖြစ်ကြသည်ဟု) မိမိတို့ထင်မှတ် ကိုးကွယ်ခဲ့ကြသောသူတို့အားဟစ်ခေါ်ကြလေကုန်။ ထိုသူတို့သည်မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌ လည်းကောင်း၊နှမ်းစေ့ခန့်မျှပင် ပိုင်ဆိုင်ကြသည် မဟုတ်ပေ။ ထိုမှတစ်ပါးယင်းမိုးကောင်းကင်များနှင့် ပထဝီမြေနှစ်ခု၌ ၎င်းတို့၏ ဖက်စပ်မှုဟူ၍လည်း လုံးဝမရှိပေ။ ထိုနည်းတူစွာ ၎င်းတို့အနက်ထိုအရှင်မြတ်အား ယိုင်းပင်းကူညီသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင်မရှိချေ။စူရဟ် စဗအ်-(၃၄:၂၂)ချွတ်ယွင်းချက်အပေါင်းမှ ကင်းစင်၍ ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်သည် ဤအဖန်ဆင်းခံများ အားလုံးအား ဖန်ဆင်းတော်မူခဲ့ပြီး ၎င်းတို့အား မရှိရာမှ ရှိလာအောင်ပြုလုပ်တော်မူခဲ့သည်။ ထို့ကြောင့် ၎င်းတို့တည်ရှိနေခြင်းသည်ပင်လျှင် အရှင်မြတ်တည်ရှိတော်မူခြင်း၊ ဖန်ဆင်းတော်မူခြင်းနှင့် ခဝပ်ကိုးကွယ်မှုခံထိုက်ခြင်းတို့အား ညွန်ပြလျှက်ရှိသည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ် (ဤသည်) ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များတွင် အပါအဝင်ဖြစ်သည်။ ထိုအရှင်မြတ်သည် အသင်တို့အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် အသင်တို့သည် ရုတ်တရက် လူသားများဖြစ်လာပြီး(ကမ္ဘာမြေဝယ်) ပျံ့နှံ့လျက် ရှိကြကုန်၏။(၂၀)(၂၁)ထိုနည်းတူစွာ (ဤသည်လည်း) ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များတွင် အပါအဝင်ဖြစ်ပေသည်။ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ အမျိုးအစားအနက်မှပင် ကြင်ရာကြင်ဖက်များကို ၎င်းတို့ထံတွင် အသင်တို့ အနားယူစိတ်ချမ်းသာမှု ရရှိကြအံ့သောငှာ ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့စပ်ကြား၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ အကြင်နာတရားကိုလည်းကောင်း၊ စီမံပြုလုပ်၍ ပေးသနားတော်မူခဲ့၏။ ဧကန်မလွဲ ဤသည်၌ ဆင်ခြင်သုံးသပ် စဉ်းစားကြကုန်သော သူတို့အဖို့ အမှန်ပင် သက်သေလက္ခဏာများသည် ရှိပေသတည်း။(၂၁)ထိုမှတစ်ပါး ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များအနက်မှပင် မိုးကောင်းကင်များနှင့် ပထဝီမြေကို ဖန်ဆင်းတော်မူခြင်းသည်လည်းကောင်း၊အသင်တို့၏ ဘာသာစကားနှင့်အသွေးအရောင်တို့ ကွဲပြားခြားနားခြင်းသည်လည်းကောင်း၊စင်စစ် ဤသည် ပညာရှိ သုခမိန်တို့အဖို့ အမှန်ပင် သက်သေလက္ခဏာများသည် ရှိချေသည်။(၂၂)၎င်းပြင် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များအနက်မှပင် ညနှင့်နေ့၌ အသင်တို့အိပ်စက်ခြင်းသည်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကျေးဇူးတည်းဟူသော စားနပ်ရိက္ခာကို အသင်တို့ ဆည်းပူး ရှာဖွေခြင်းသည်လည်းကောင်း၊ ဧကန်မုချ ဤသည်၌ ကြားနာသူတို့အဖို့ အမှန်ပင် သက် သေလက္ခဏာများသည် ရှိကုန်သတည်း။(၂၃)ထို့ပြင် (ဤသည်လည်း) ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များ အနက်မှပင်ဖြစ်၏။ ထိုအရှင်မြတ်သည် အသင်တို့အား လျှပ်စစ်ပြက်ခြင်းကို ကြောက်ရွံ့စေသောအားဖြင့်လည်းကောင်း၊ မျှော်လင့်စေသောအားဖြင့်လည်းကောင်း၊ ပြသတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိုးကောင်းကင်မှ မိုးရေကိုရွာသွန်းစေတော်မူ၏။ တဖန် ထိုအရှင်မြတ်သည် ထိုမိုးရေဖြင့် ပထဝီမြေကို ယင်းပထဝီမြေ သေပြီးနောက် (သွေ့ခြောက်စေပြီးနောက်)ရှင်ပြန် (စိမ်းလန်းစိုပြည်)စေတော်မူ၏။ ဧကန်စင်စစ် ဤသည်၌ သိနားလည်ကြသောသူတို့အဖို့ အမှန်ပင် သက်သေလက္ခဏာများ ရှိပေသည်။(၂၄)ထိုမှတစ်ပါး ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်များအနက်မှပင်၊ မိုးကောင်းကင်နှင့် ပထဝီမြေ၏ရပ်တည်နေခြင်းသည်လည်း ဖြစ်ပေသည်။ ထို့နောက် ထိုအရှင်မြတ်သည် အသင်တို့အား ပထဝီမြေမှ (ထွက်လာကြအံ့သောငှာ) တစ်ကြိမ်မျှ ဟစ်ခေါ်တော်မူသောအခါ ရုတ်တရက်အသင်တို့သည် ထွက်လာကြကုန်အံ့သတည်း။(၂၅)ထိုမှတစ်ပါး မိုးကောင်းကင်များ၌ ရှိကြသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိကြသူတို့သည် လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော သူများချည်းသာ ဖြစ်ကြကုန်၏။ (၎င်းတို့)အသီးသီးတို့မှာ ထိုအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာကြကုန်၏။(၂၆)အမှန်သော်ကား ထိုအရှင်မြတ်သည်ပင် အဖန်ဆင်းခံတို့အား စတင်ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ယင်းအဖန်ဆင်းခံတို့ကို ထပ်မံ၍ ဖန်ဆင်းတော်မူမည်။ စင်စစ်သော်ကား ဤသည် ထိုအရှင်မြတ်အဖို့သာ၍ပင် လွယ်ကူလှပေသည်။စူရဟ် ရူးမ်-(၃၀:၂၀-၂၇)နမရူးဒ်သည် သူ့အားဖန်းဆင်းတော်မူသော အရှင်မြတ်တည်ရှိခြင်းအား ငြင်းပယ်ခဲ့သည်။ထိုအခါ တမန်တော် အိဗ်ရာဟီမ်(အလိုင်ဟိစ္စလာမ်) ကသူ့အား (ကျမ်းမြတ်ကုရ်အာန်၌)အလ္လာဟ်အရှင်မြတ် အသိပေးထားသည့်အတိုင်းပင် ဖြေကြားခဲ့သည်။နဗီတမန်တော် အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်)က (ထိုဘုရင်၏အသိဉာဏ် ခေါင်းပါးမှုကို ထောက်ရှုကာ) ဧကန်စင်စစ် (ငါ၏ကိုးကွယ် ရာအရှင်ဖြစ်တော်မူသော)အလ္လာဟ်အရှင်မြတ်သည် သူရိယနေကို အရှေ့ဖက်မှထွက်စေတော်မူလေသည်။ အသင်သည် (အလ္လာဟ်အရှင်မြတ်ကဲ့သို့တန်ခိုးအာနုဘောနှင့်ပြည့်စုံပါလျှင်) ထိုသူရိယနေကို အနောက်ဖက်မှ ထွက်စေပါလေ' ဟု(တနည်းပြောင်း၍) ပြောကြားပြန်လေသည်။ ထိုအခါ (အလ္လာဟ်အရှင်မြတ်ကို) မယုံမကြည်သွေဖည်ငြင်းပယ်သော (ဘုရင်)သည် (တစ်စုံတစ်ရာမျှ တုံ့ပြန်ဖြေကြားနိုင်သည်မရှိဘဲ) မိန်းမောတွေဝေ အံ့အားသင့်၍သွားလေတော့သည်။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည်(ယင်းကဲ့သို့)မတော်မတရား ကျူးလွန်သောသူများအား တရားလမ်းမှန်ကိုညွှန်ကြား ပြသတော်မမူချေ။စူရဟ် ဗကရဟ်-(၂:၂၅၈)ထို့အတူ တမန်တော်အိဗရာဟီမ် (အလိုင်ဟိစ္စလာမ်) သည်မိမိ၏အမျိုးသားတို့အား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍သက်သေအထောက်အထားအဖြစ် တင်ပြခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်သည် မိမိအား လမ်းမှန်တရားချီးမြှင့်တော်မူသောအရှင်၊ မိမိအားကျွေးမွေးတော်မူသောအရှင်နှင့်တိုက်ကျွေးတော်မူသောအရှင်ဖြစ်သည်။မိမိနာမကျန်းဖြစ်သည့်အခါတွင်လည်းထိုအရှင်မြတ်ကပင်ပျောက်ကင်းစေတော်မူသည်။ထိုအရှင်မြတ်ကပင်မိမိအားသေစေတော်မူပြီးတဖန်ပြန်လည်ရှင်စေတော်မူသည်။(ကျမ်းတော်မြတ်ကုရ်အာန်တွင်) အလ္လာဟ်အရှင်မြတ် မိန့်ကြားထားသည့်အတိုင်း တမန်တော် အိဗရာဟီမ် (အလိုင်ဟိစ္စလာမ်) ကပြောကြားခဲ့သည်မှာ-အကြင်အရှင်မြတ်သည် ငါ့အား ဖန်ဆင်းတော်မူခဲ့၏။ တစ်ဖန် ထိုအရှင်မြတ်သည်ပင်လျှင် ငါ့အားလမ်းညွှန်ပြတော်မူ၏။(၇၈)၎င်ပြင် ထိုအရှင်မြတ်သည်ပင် ငါ့အား ကျွေးမွေးတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည်ပင် ငါ့အား တိုက်ကျွေးတော်မူ၏။(၇၉)ထိုမှတစ်ပါး ငါသည် နာဖျားသောအခါ ထိုအရှင်မြတ်သည်ပင်လျှင် ငါ့အား(ဝေဒနာ)ပျောက်ကင်းစေတော်မူ၏။(၈၀)ထို့ပြင် ထိုအရှင်မြတ်သည်ပင် ငါ့အား(သေချိန်တွင်) သေစေတော်မူမည်။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ငါ့အား (ကိယာမတ်နေ့တွင်) ရှင်စေတော်မူမည်။(၈၁)စူရဟ် ရှုအရာအ်-(၂၆:၇၈-၈၁)အလ္လာဟ်အရှင်မြတ်သည် (ကျမ်းမြတ်ကုရ်အာန်တွင်) မူစာ (အလိုင်ဟိစ္စလာမ်)နှင့်ပတ်သတ် ၍မိန့်ကြားထားသည်မှာ ၎င်းသည် ဖိရ်အောင်န် နှင့် အငြင်းအခုံဖြစ်သည့်အခါမိမိ ၏အရှင်မြတ်နှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်မှာ-(ဖန်ဆင်းမွေးမြူတော်မူသော)အရှင်သည်အသီးသီးသောအရာ ကိုယင်းအရာနှင့်ထိုက်သည့်အားလျော်စွာ ရုပ်ဆင်းသဏ္ဌာန်ကိုချီးမြှင့်တော်မူပြီးလျှင် (ဆောင်ရွက်အံ့သော) နည်းလမ်းကို ညွှန်ပြတော်မူသော အရှင်မြတ်သည် ပင်ဖြစ်တော်မူသည်စူရဟ် တွာဟာ-(၂၀:၅၀)၎င်းအပြင်အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေပထဝီအတွင်းရှိအရာအားလုံးကို လူသား၏လက်အောက်ခံအဖြစ်ပြုလုပ်ပေးတော်မူပြီး၊ အရှင်မြတ်သည်လူသားအား စည်းစိမ်များဖြင့်လွမ်းခြုံတော်မူထားသည်။ ဤသို့ပြုလုပ်ထားခြင်းမှာလူသားသည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာခဝပ်ကိုးကွယ်ရန်နှင့်အရှင်မြတ်အားသွေဖည်မူမပြုရန်အတွက်ဖြစ်သည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အသင်တို့သည် မမြင်ခဲ့ကြလေသလော၊ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကျိုးငှာ မိုးကောင်းကင်၌ရှိသည်တို့ကိုလည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့ကိုလည်းကောင်း၊အသုံးချနိုင်စေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိ၏ထင်ရှားသော ကျေးဇူးတော်များကိုလည်းကောင်း၊ မထင်ရှားသော ကျေးဇူးတော်များကိုလည်းကောင်း၊ အသင်တို့အပေါ်ဝယ် အပြည့်အစုံ ချပေးသနားတော်မူ၏။ သို့ရာတွင် လူတို့အနက် အချို့မှာမူကား မည်သည့်ပညာ သက်သေအထောက်အထားမျှလည်း ကောင်း၊ မည်သည့်တရားလမ်းညွှန်မှုမျှလည်းကောင်း၊ မည်သည့် ထွန်းလင်းသောကျမ်းဂန်မျှလည်းကောင်း၊ မရှိပါဘဲလျှက် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အငြင်းအခုံ ပြုလုပ်လေ့ရှိကြကုန်၏။စူရဟ် လွတ်က်မာန်-(၃၁:၂၀)အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေပထဝီအတွင်းရှိအရာအားလုံးကိုလူသား၏လက်အောက်ခံအဖြစ်ပြုလုပ်ထားသကဲ့သို့ ထိုလူသားလိုအပ်သည့်အမြင်အာရုံ၊အကြားအာရုံနှင့်စိတ်နှလုံးသားစသည်တို့ကို စီမံဖန်ဆင်းပေးတော်မူခဲ့သည်။အကြောင်းမှာလူသားသည် မိမိအားအကျိုးဖြစ်ထွန်းစေမည့်ပညာကိုသင်ယူနိုင်ရန်နှင့်မိမိ၏ဖန်ဆင်းရှင်အားလည်းကောင်း၊ ကိစ္စအဝဝကိုဆောင်ရွက်ပေးတော်မူသောအရှင်အားလည်းကောင်းသိရှိရန်အတွက်ဖြစ်သည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထို့ပြင် အလ္လာဟ်အရှင်မြတ်သည်ပင် အသင်တို့အား အသင်တို့၏မိခင်များ၏ဝမ်းတွင်းမှ ထွက်စေတော်မူခဲ့လေသည်။ ထိုအချိန်တွင် အသင်တို့ တစ်စုံတစ်ရာကိုမျှ မသိကြပေ။ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ကျေးဇူးတော်ကို သိတတ်ကြအံ့သောငှာ အသင်တို့အဖို့ ကြားနိုင်စွမ်းကို လည်းကောင်း၊ မြင်နိုင်စွမ်းကိုလည်းကောင်း၊ စိတ်နှလုံးကိုလည်းကောင်း၊ ထည့်သွင်းပေးတော်မူခဲ့လေသည်။စူရဟ် နဟ်လ်-(၁၆:၇၈)

ကြီးကျယ်မြင့်မားတော်မူသောချွတ်ယွင်းမူအပေါင်းမှကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအားလုံးကို ဖန်ဆင်းတော်မူခဲ့သည်။၎င်းပြင်လူသားကိုဖန်ဆင်းပြီး၊ လိုအပ်သည့်ခန္ဓာကိုယ်အစိတ်ပိုင်းများနှင့်အားအင်ကိုလည်းစီမံပေးခဲ့သည်။ထို့ပြင်လူသားကိုအလ္လာဟ်အရှင်မြတ်အားခဝပ်ကိုးကွယ်မူပြုခြင်းနှင့်ပထဝီမြေအားစည်ပင်သာယာအောင်ပြုလုပ်ခြင်းတို့တွင်အကူအညီဖြစ်စေမည့်အရာအားလုံးကိုလည်းစောင်မတော်မူခဲ့သည်။ထို့ပြင် မိုးကောင်းကင်များနှင့်မြေပထဝီအတွင်းရှိအရာအားလုံးကို လူသား၏လက်အောက်ခံအဖြစ်ပြုလုပ်ပေးတော်မူခဲ့သည်။

အလ္လာဟ်အရှင်မြတ်သည်မိမိကိုသာလျှင်ခဝပ်ကိုးကွယ်ရမည်ဖြစ်ကြောင်းကို ကြီးကျယ်လှသည့် အဖန်ဆင်းခံများအားဖန်ဆင်းထားသည့် မိမိ၏ဖန်ဆင်းမှုဖြင့်သက်သေပြခဲ့သည်။ချို့ယွင်းမှုအပေါင်းမှကင်းစင်ပြီးမြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်ကမိန့်တော်မူသည်မှာ။(အို-နဗီတမန်တော်) အသင်သည်(၎င်း တို့အား)ဤသို့ ပြောဆိုမေးမြန်းကြပါလေ၊ အချင်းတို့ အသင်တို့အားအာကာသမိုးကောင်းကင်မှလည်းကောင်း၊ ပထဝီမြေကြီးမှလည်းကောင်း၊ မည်သူမည်ဝါ စားနပ်ရိက္ခာ ထောက်ပံ့လေသနည်း။ သို့တည်းမဟုတ် မည်သူသည် နားများနှင့် မျက်စိများကိုစိုးပိုင်ပါသနည်း။ ထိုနည်းတူစွာ မည်သူသည် သက်ရှိကိုသက်မဲ့မှထွက်စေ၍ သက်မဲ့ကိုသက်ရှိမှ ထွက်စေသနည်း။ ထိုမှတစ်ပါးမည်သူသည် အမှုကိစ္စ အဝဝကို စီမံခန့်ခွဲလေသနည်း ဟုမေးမြန်းပါလေ။ ထိုအခါ ၎င်း တို့က အလ္လာဟ်အရှင်မြတ်ဟူ၍ပင် မုချပြောဆိုဖြေ ကြားကြပေမည်။ သို့ဖြစ်ပေရာ အသင်သည် (၎င်း တို့အား)အချင်းတို့ သို့ပါလျက် အသင်တို့သည် (တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခြင်းမှ) မရှောင်ကြဉ်ကြလေသလောဟု မေးမြန်းပါလေ။စူရဟ် ယူနွတ်စ်-(၁၀:၃၁)ချွတ်ယွင်းမူအပေါင်းမှကင်းစင်တော်မူသောအလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့ အား(ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ပြောပြကြလေကုန်။ အလ္လာဟ်အရှင်မြတ် မှတစ်ပါး အသင်တို့ ဟစ်ခေါ်တသကြသောအရာများသည် မည်သည့်မြေကို ဖန်ဆင်းခဲ့ကြသည်ကို၊ သို့တည်းမဟုတ် ၎င်းတို့အဖို့ မိုးကောင်းကင်များ၌ ဖက်စပ်ပါဝင်ခြင်းရှိသည်ကို ငါ့အား အသင်တို့ပြကြလေကုန်။အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် ဤကျမ်းဂန်၏အလျင် ကျရောက်ခဲ့သောကျမ်းဂန် တစ်စုံတစ်ရာကို သော်လည်းကောင်း၊ (ရှေးအဆက်ဆက်မှ လာရှိသော) အသိပညာမှ အရပ်အမြွက်ပြသော အကြောင်းအချက် တစ်စုံတစ်ရာကိုသော်လည်းကောင်း၊ ငါ့ထံ ယူခဲ့ကြလေကုန်။စူရဟ် အဟ်ကာဖ်-(၄၆:၄)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုအရှင်မြတ်သည် မိုးကောင်းကင်များကို(အသင်တို့ မမြင်နိုင်ကြသောတိုင်များနှင့်) ဖန်ဆင်း တော်မူခဲ့၏။ (တစ်နည်း) အသင်တို့ မြင်နေကြသည့် အတိုင်း တိုင်များမပါဘဲ ဖန်ဆင်းတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပထဝီမြေ၌ ယင်းပထဝီမြေသည် အသင်တို့နှင့်တကွ ယိမ်းယိုင်မသွားစေရန် လေးလံသောတောင်များကို (ကျောက်ဆူးများသဖွယ်) ချထားတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်းပထဝီမြေဝယ် သတ္တဝါအမျိုးမျိုးတို့ကို ပြန့်ပွားစေတော်မူ၏။ထိုမှတစ်ပါး ငါအရှင်မြတ်သည် မိုးကောင်းကင်မှ (မိုး)ရေကိုချပေးသနားတော်မူပြီးနောက် ယင်းပထဝီမြေ၌ ကောင်းမြတ်သော(သစ်ပင်၊ ဝါးပင်)အမျိုးမျိုး အစားစားတို့ကို ပေါက်ရောက်စေတော်မူပေသည်။(၁၀)ဤသည်(တို့)ကား အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများဖန်ဆင်းမှုများပင်။ သို့ဖြစ်ပေရာ အသင်တို့သည်ထိုအရှင်မြတ်အပြင် ရှိကြသောသူတို့က မည်သည့်အရာများဖန် ဆင်းခဲ့ကြသည်ကို ငါ့အားပြသကုန်လော့။ ထိုသို့အလျှင်းမဟုတ်၊ စင်စစ်မှာမူကား မတရားသောသူတို့သည် ထင်ရှားစွာသောလမ်းမှား၌ပင် ရှိကြကုန်သတည်း။(၁၁)စူရဟ် လွတ်က်မာန်-(၃၁:၁၀-၁၁)ချွတ်ယွင်းမူအပေါင်းမှကင်းစင်တော်မူသောအလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-သို့တည်းမဟုတ် ၎င်းတို့သည် (ဖန်ဆင်းသူ) တစ်စုံတစ်ယောက်မျှ မရှိဘဲ ဖန်ဆင်းခြင်း ခံခဲ့ကြရလေသလော။သို့တည်းမဟုတ် ၎င်းတို့ကိုယ်တိုင် (မိမိ တို့ကိုယ်ကို) ဖန်ဆင်းသူများ ဖြစ်လေသလော။(၃၅)သို့တည်းမဟုတ် ထိုသူတို့သည် မိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းခဲ့ကြလေသလော။ စင်စစ်မှာကား ၎င်းတို့သည် ယုံကြည်ကြသည် မဟုတ်ပေ။(၃၆)သို့တည်းမဟုတ် ၎င်းတို့ထံ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ဘဏ္ဍာတော်များ ရှိလေသလော။ သို့တည်းမဟုတ် ၎င်းတို့သည် ကွပ်ကဲ အုပ်ချုပ်သူများပင် ဖြစ်ကြလေသလော။(၃၇)စူရဟ် သွူရ်-(၅၂:၃၅-၃၇)ရှိက်ခ်စအ်ဒီက ပြောကြားခဲ့သည်မှာဤသည်၎င်းတို့အပေါ်သက်သေအထောက်ထားပြလိုက်ခြင်းဖြစ်ပြီး ၎င်းတို့သည်ဤကိစ္စတွင်အမှန်တရားကိုမဖြစ်မနေလက်ခံရမည်။သို့မဟုတ်ပါက ကျိုးကြောင်းဆင်ခြင်နိုင်သော အသိတရားနှင့်သာသနာမှ စွန့်ခွါသွားခြင်းသာဖြစ်မည်။(သဖ်စီရ် အိဗ်နုစအ်ဒီ စာ၊၈၁၆)

၇။အလ္လာဟ်အရှင်မြတ်သည် စကြာဝဠာအတွင်းရှိကျွန်တော်တို့မြင်တွေ့ရသည့်အရာများ နှင့် မမြင်တွေ့ရသည့်အရာအားလုံးကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်သည်။ထိုအရှင်မြတ်မှလွဲ၍အခြားအရာအားလုံးသည် အရှင်မြတ်၏အဖန်ဆင်းခံများအနက်မှအဖန်ဆင်းခံတစ်မျိုးမျိုးသာဖြစ်သည်။အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေပထဝီတို့ကိုခြောက်ရက်အတွင်းဖန်ဆင်းတော်မူခဲ့သည်။

အလ္လာဟ်အရှင်မြတ်သည် စကြာဝဠာအတွင်းရှိကျွန်တော်တို့မြင်တွေ့ရသည့် အရာများ နှင့်မမြင်တွေ့ရသည့် အရာအားလုံးကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်သည်။ထိုအရှင်မြတ်မှလွဲ၍အခြားအရာအားလုံးသည် အရှင်မြတ်၏အဖန်ဆင်းခံများအနက်မှအဖန်ဆင်းခံတစ်မျိုးမျိုးသာဖြစ်သည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောဆို(မေးမြန်း)ပါလေ။ (ဟယ်-အချင်းတို့) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ဖန်ဆင်းတော်မူသောအရှင်မြတ်သည် အဘယ်အရှင်နည်း။အသင်သည်ပင်လျှင်(ဤသို့)ပြောဆိုဖြေကြားပါလေ။အလ္လာဟ်အရှင်မြတ်ပင်အသင်သည်(၎င်းတို့အားဤသည်ကိုလည်း)ပြောဆိုမေးမြန်းပါဦးလေ။(ဟယ်အချင်းတို့)၊သို့ပါလျက်အသင်တို့သည်ထိုအရှင်မြတ်အားစွန့်၍မိမိတို့ကိုယ်နှင့်ပတ်သက်၍ပင်အကျိုးကျေးဇူးဖြစ်ထွန်းစေခြင်းကိုလည်းကောင်း၊အကျိုးယုတ်စေခြင်းကိုလည်းကောင်း၊အစိုးမရသောအရာများကိုပင်အရာရာကိုစီမံခန့်ခွဲ၍ပေးသူများပြုလုပ်ခဲ့ကြလေပြီလော။အသင်သည်(၎င်းတို့အားဤသည်တို့ကိုလည်း)ပြောဆိုမေးမြန်းပါဦးလေ။(ဟယ်အချင်းတို့)စက္ခုအလင်းမရသောသူနှင့်စက္ခုအလင်းရသူသည်တူနိုင်ပါမည်လော။သို့တည်းမဟုတ်အမှောင်နှင့်အလင်းရောင်သည်တူနိုင်ပါမည်လော။သို့တည်းမဟုတ်၎င်းတို့သည်အလ္လာဟ်အရှင်မြတ်၌ အကြင်တွဲဖက်များကိုပြုလုပ်၍ထားခဲ့ကြသလော။ထိုတွဲဖက်တို့သည်ထိုအရှင်မြတ်ဖန်ဆင်းတော်မူဘိသကဲ့သို့ပင် ဖန်ဆင်းခဲ့ကြသည်ဖြစ်သလော။ သို့ဖြစ်ပေရာ ဖန်ဆင်းသောအရာသည် ၎င်းတို့အပေါ်၌ ဆင်တူယိုးမှားဖြစ်ခဲ့သည်ဖြစ်သလော။(အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အားဤသို့)ပြောဆိုဖြေကြားပါလေ။ (ဟယ်-အချင်းတို့)အလ္လာဟ်အရှင်မြတ်သည်သာလျှင်အရာခပ်သိမ်းကိုဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူ၏။၎င်းပြင်ထိုအရှင်မြတ်သည်လျှင်တစ်ဆူတည်းသောအရှင်၊နှိမ်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။စူရဟ် ရအ်ဒ်-(၁၃:၁၆)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုနည်းတူစွာထိုအရှင်မြတ်သည် အသင်တို့မသိကြသော (မြောက်များစွာသော)အရာများကိုလည်း ဖန်ဆင်းတော်မူလေသည်။စူရဟ် နဟ်လ်-(၁၆:၈)အလ္လာဟ်အရှင်မြတ်သည်မိုးကောင်းကင်များနှင့်မြေပထဝီတို့ကိုခြောက်ရက် အတွင်း ဖန်ဆင်းတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ခြောက်ရက်အတွင်း ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်ဖြစ်တော်မူ၏။ထို့နောက် ထိုအရှင်မြတ်သည် 'အရ်ရှ်' ပလ္လင်တော်ထက်ဝယ် စံမြန်းတော်မူခဲ့၏။ ထိုအရှင်မြတ်သည် ပထဝီမြေ၌ ဝင်သောအရာ ကိုလည်းကောင်း၊ ယင်းပထဝီမြေမှ ထွက်သောအရာကို လည်းကောင်း၊ မိုးကောင်းကင်မှ ဆင်းသက်လာသောအရာကိုလည်းကောင်း၊ ယင်းမိုးကောင်းကင်သို့ တက်သောအရာကိုလည်းကောင်း၊ သိရှိတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့ရှိကြသော မည်သည့်နေရာ၌မဆို အသင်တို့နှင့်အတူ ရှိနေတော်မူ၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။စူရဟ် ဟဒီးဒ်-(၅၇:၄)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် မိုးကောင်းကင်များကို လည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ ထိုမိုးများနှင့်မြေကြားရှိ အရာများကို လည်းကောင်း၊ခြောက်ရက်အတွင်း ဖန်ဆင်းတော်မူခဲ့၏။ သို့တစေလည်း ငါအရှင်မြတ်၌ ပင်ပန်းနွမ်းနယ်မှုဟူ၍ အလျှင်း သက်ရောက်ခဲ့သည်မရှိချေ။စူရဟ် ကာဖ်-(၅၀:၃၈)

၈။ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်ပြီး မြင့်မားတော်မူသောအလ္လာဟ်အရှင်မြတ်၏စိုးပိုင်ခြင်း၌လည်းကောင်း၊ ဖန်ဆင်းခြင်း၌လည်းကောင်း၊ အမှုကိစ္စအရပ်ရပ်တို့ကိုစီမံခန့်ခွဲခြင်း၌လည်းကောင်း၊ ခဝပ်ကိုးကွယ်မူခံထိုက်ခြင်း၌လည်းကောင်း ဖက်စပ်ပါဝင်သူဟူ၍ အလျှင်းမရှိပေ။

ချွတ်ယွင်းမှုအပေါင်းမှကင်းစင်၍ ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်သည်အုပ်ချုပ်မူ အာဏာအလုံးစုံကို စိုးပိုင်တော်မူသောအရှင်ဖြစ်ပြီး ထိုအရှင်မြတ်၏ စိုးပိုင်ခြင်း၌လည်းကောင်း၊ ဖန်ဆင်းခြင်း၌လည်းကောင်း၊ အမှုကိစ္စအရပ်ရပ်တို့ကိုစီမံခန့်ခွဲခြင်း၌လည်းကောင်း၊ ဖက်စပ်ပါဝင်သူဟူ၍ အလျှင်းမရှိပေ။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်၊) အသင်သည် ၎င်းတို့ အား(ဤသို့)ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် ပြောပြကြလေကုန်။ အလ္လာဟ်အရှင်မြတ် မှတစ်ပါး အသင်တို့ ဟစ်ခေါ်တသကြသောအရာများသည် မည်သည့်မြေကို ဖန်ဆင်းခဲ့ကြသည်ကို၊ သို့တည်းမဟုတ် ၎င်းတို့အဖို့ မိုးကောင်းကင်များ၌ ဖက်စပ်ပါဝင်ခြင်းရှိသည်ကို ငါ့အား အသင်တို့ပြကြလေကုန်။အသင်တို့သည် သစ္စာဝါဒီများဖြစ်ကြလျှင် ဤကျမ်းဂန်၏အလျင် ကျရောက်ခဲ့သောကျမ်းဂန် တစ်စုံတစ်ရာကို သော်လည်းကောင်း၊ (ရှေးအဆက်ဆက်မှ လာရှိသော) အသိပညာမှ အရပ်အမြွက်ပြသော အကြောင်းအချက် တစ်စုံတစ်ရာကိုသော်လည်းကောင်း၊ ငါ့ထံ ယူခဲ့ကြလေကုန်။စူရဟ် အဟ်ကာဖ်-(၄၆:၄)ရှိုခ်စအ်ဒီး (ရဟိမဟွလ္လာဟ်) ကအာယသ်၏ဆိုလိုရင်းကိုရှင်းလင်းတင်ပြသည်မှာ (အို-နဗီတမန်တော်ပြောကြားပါလေ)ဟူသည် အကြင်သူတို့အားဆိုလိုသည်။၎င်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူရုပ်တုများအားဖက်စပ်ယှဥ်တွဲကိုးကွယ်ကြသည်။၎င်းရုပ်တုများသည်မည်သည့်ကောင်းကျိုး၊ ဆိုးကျိုး၊ ရှင်ခြင်း၊ သေခြင်းနှင့်ပြန်လည်ရှင်ပြန်ထခြင်းတို့ကိုမပိုင်ဆိုင်ကြပေ။၎င်းတို့အားသူတို့ရုပ်တုများ၏ချည့်နဲ့မှုနှင့် ထိုရုပ်တုများသည်မည်သည့်ခဝပ်ကိုးကွယ်ခြင်းကိုမျှအလျှင်းမထိုက်တန်ကြောင်းကို ရှင်းလင်းစွာပြောကြားလိုက်ပါ။၎င်းတို့သည် (မည်သည့်မြေကိုဖန်ဆင်းခဲ့ကြသည်ကို၊ သို့တည်းမဟုတ်၎င်းတို့အဖို့မိုးကောင်းကင်များ၌ဖက်စပ်ပါဝင်ခြင်းရှိသည်ကိုငါ့အားအသင်တို့ပြကြလေကုန်။)ဟူသည် ထိုကိုးကွယ်ရာများသည် မိုးကောင်းကင်များနှင့် မြေပထဝီ၏ အစိတ်ပိုင်းများကိုဖန်ဆင်းခဲ့လေသလော။၎င်းတို့သည်တောင်တန်းများအား ဖန်ဆင်းခဲ့သလော။၎င်းတို့သည်မြစ်ချောင်းများအား စီးဆင်းစေခဲ့လေသလော။ ၎င်းတို့သည်တိရစ္ဆာန်များအား ပြန်နှံ့စေခဲ့ပါသလော။၎င်းတို့သည် သစ်ပင်များအား ပေါက်ရောက်စေခဲ့ပါသလော။၎င်းကိုးကွယ်ရာများက ထိုအရာများကိုဖန်ဆင်းခြင်း၌ တစ်စုံတစ်ရာကူညီခြင်းရှိခဲ့ပါသလော။ထိုအရာများကိုပြုလုပ်နိုင်ခြင်းအလျှင်းမရှိကြောင်းကိုအခြားသူများကိုမဆိုထားနှင့် ၎င်းတို့ကိုယ်တိုင်ကပင်ဝန်ခံနေကြခြင်းဖြစ်သည်။ဤသည်ပင်လျှင်အလ္လာဟ်အရှင်မြတ်မှအပအခြားတစ်စုံတစ်ရာကိုကိုးကွယ်ခြင်းသည်မှားယွင်းသောကိုကွယ်ခြင်းဖြစ်ကြောင်းညွှန်ပြနေသည့်ယုတ္တိကျပြီးပြတ်သားသောအထောက်အထားဖြစ်သည်။ပြီးနောက် ကျမ်းဂန်လာအထောက်ထားများတွင်လည်း မရှိကြောင်းဆက်လက်တင်ပြထားသည်။သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ (ဤကျမ်းဂန်၏အလျင်ကျရောက်ခဲ့သောကျမ်းဂန်တစ်စုံတစ်ရာကို ငါ့ထံယူခဲ့ကြလေကုန်)တနည်း ဖက်ဆပ်ယှဉ်တွဲကိုးကွယ်ခြင်း ဘက်သို့ဖိတ်ခေါ်ထားသည့် ကျမ်းကိုယူလာပါဟုဆိုလိုသည်။(ရှေးအဆက်ဆက်မှလာရှိသော)အသိပညာမှအရပ်အမြွက်ပြသောအကြောင်းအရာတစ်စုံတစ်ရာကိုသော်လည်းကောင်း၊ ငါ့ထံယူခဲ့ကြလေကုန်။)တနည်းရှိရ်က်ပြုရန်တိုက်တွန်းထားသည့်ရစူလ်တမန်တော်များထံမှအမွေဆက်ခံရရှိသောအသိပညာကိုဆိုလိုပေသည်။ သိရှိထားသည့်အတိုင်းပင် ဧကန်မုချထိုသူတို့သည်ရစူလ်တမန်တော်တစ်ပါးပါးထံမှရှိရ်က်ပြုပိုင်ကြောင်းအထောက်ထားတစ်စုံတစ်ရာပြသရန်လုံးဝတတ်စွမ်းနိုင်မည်မဟုတ်ပေ။အမှန်တကယ်ပင်ကျွန်တော်တို့ခိုင်မာစွာယုံကြည်ကြသည်မှာ ဧကန်မုချရစူလ်တမန်တော်တိုင်းသည် မိမိတို့၏အရှင်မြတ်ကို တုဖက်နိုင်းယှဉ်ခြင်းမှတားမြစ်ပြီး အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်း ဘက်သို့ဖိတ်ခေါ် ခဲ့ကြသည်။ဤသည်ပင် ၎င်းတို့ထံမှတဆင့်ရရှိသောအကြီးမြတ်ဆုံးသောအသိပညာဖြစ်သည်။(သဖ်စီးရ် အိဗ်နုစအ်ဒီ-၇၇၉)ချွတ်ယွင်းမှုအပေါင်းမှကင်းစင်၍ကြီးကျယ်မြင့်မားတော်မူသောအလ္လာဟ်အရှင်မြတ်သည် အုပ်ချုပ်မူအာဏာအလုံးစုံကိုစိုးပိုင်တော်မူသောအရှင်ဖြစ်ပြီး ထိုအရှင်မြတ်၏စိုးပိုင်မူတွင်ဖက်စပ်ယှဥ်တွဲပါဝင်သူဟူ၍အလျှင်းမရှိ။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီ)အသင်သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌ဤသို့)လျှောက်ထားပန်ကြားပါလေ။အာဏာတန်ခိုးအမျိုးမျိုးကိုစိုးပိုင်တော်မူသောအို-အလ္လာဟ်အရှင်မြတ်၊အရှင်မြတ်သည်မိမိနှစ်လိုတော်မူသောသူအားတန်ခိုးအာဏာကိုပေးသနားတော်မူ၏။ထိုနည်းတူစွာအရှင်မြတ်သည်မိမိအလိုရှိတော်မူသောသူ၏ထံမှဩဇာအာဏာကိုပြန်လည်ရုပ်သိမ်းတော်မူ၏။ထိုနည်းပမာအရှင်မြတ်သည်မိမိနှစ်လိုတော်မူသောသူကိုဂုဏ်အင်ဒြပ်ချီးမြှင့်တော်မူ၏။ထိုနည်းအတိုင်းပင်အရှင်မြတ်သည်မိမိအလိုရှိတော်မူသောသူကိုဂုဏ်အင်ဒြပ်နှိမ့်ချယုတ်လျော့စေတော်မူ၏။ကောင်းမြတ်ခြင်းအဖြာဖြာတို့သည်အရှင်မြတ်၏လက်တော်၌သာလျှင်ရှိ၏။မုချဧကန်ကိုယ်တော်အရှင်မြတ်သည်အရာခပ်သိမ်းတို့ကိုစွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင်တည်း။စူရဟ် အားလိအင်မ်ရာန်-(၃:၂၆)(ကကိယာမသ်)ကမ္ဘာပျက်မည့်နေ့တွင်ပြီးပြည့်စုံသောစိုးပိုင်မှုသည် အလ္လာဟ်အရှင်မြတ်အတွက်သာဖြစ်ကြောင်းရှင်းလင်းစွာ မိန့်ကြားထားတော်မူသည်မှာ-အကြင်နေ့တွင် ၎င်းတို့သည် (မိမိတို့၏သင်္ချိုင်းများအတွင်းမှ ထိုအရှင်မြတ်၏)ရှေ့တော်မှောက်သို့ ထွက်လာကြရပေမည်။ (ထိုနေ့တွင်) ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်တစ်စုံတစ်ရာမျှပင် အလ္လာဟ်အရှင်မြတ်၌ ဖုံးကွယ်၍ နေမည်မဟုတ်ပေ။ (ထိုနေ့တွင် ထိုအရှင်မြတ်က) "စိုးမိုးအုပ်ချုပ်သည့် အာဏာသည် ယနေ့ မည်သူ၌ ရှိချေသနည်း"(ဟုမိန့်ကြားတော်မူပေမည်။ တစ်ဖန် မိမိကိုယ်တော်တိုင်)တစ်ဆူတည်းဖြစ်တော်မူသော၊ အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော အလ္လာဟ်အရှင်မြတ်၌သာရှိသည် (ဟု မိန့်ကြားတော်မူပေမည်)။စူရဟ် ဂါဖိရ်-(၄၀:၁၆)၈။ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်၍ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ် ၏စိုးပိုင်ခြင်း၌လည်းကောင်း၊ ဖန်ဆင်းခြင်း၌လည်းကောင်း၊ စီမံခန့်ခွဲခြင်း၌ လည်းကောင်း၊ ခဝပ်ကိုးကွယ်ခြင်းကိုခံထိုက်ခြင်း၌လည်းကောင်း ဖက်စပ်ပါဝင် သူဟူ၍ အလျှင်းမရှိပေ။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(ဤသို့) ပြောဆို (ထောပနာပြု) ပါလေ။ ချီးမွမ်းထောပနာအပေါင်း တို့သည် အကြင် အလ္လာဟ်အရှင်မြတ် နှင့်သာထိုက်၏။ထိုအရှင်မြတ်သည် သားသမီးတစ်ဦးတစ်ယောက်မျှလည်းပြုလုပ်တော်မမူခဲ့ချေ။ ထိုအရှင်မြတ်၌ စိုးမိုးအုပ်ချုပ်မှုတွင်ဖက်စပ်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှမရှိပေ။ ထို့ပြင်ဂုဏ်သရေ သိမ်ငယ် မှုကြောင့် ထိုအရှင်မြတ်အား ရိုင်းပင်းကူညီကာကွယ် စောင့်ရှောက်သော အဆွေခင်ပွန်းဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင်မရှိချေ။ ၎င်းပြင် အသင်သည် ထိုအရှင်မြတ်၏ ကြီးကဲမြင့်မြတ်တော်မူကြောင်းကိုလည်း ချီးကျူးကြေညာပါလေ။စူရဟ် အစ္စရာအ်-(၁၇:၁၁၁)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ မိုးကောင်းကင်ကို စိုးမိုးအုပ်ချုပ်မှုအာဏာ သည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် လည်းကောင်း၊ ထိုအလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ စင်စစ် ထိုအရှင်မြတ်သည် တစ်ဦးတစ်ယောက်ကိုမျှလည်း (မိမိ၏)သားအဖြစ် ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင် ထိုအရှင်မြတ်၌ စိုးမိုးအုပ်ချုပ်မှုတွင် တွဲဖက်ဟူ၍လည်း တစ်ဦးတစ်ယောက်မျှမရှိချေ။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့သည့်ပြင် ထိုအရာများကို နှိုင်းချိန်တိုင်းဆ ထားတော်မူခဲ့လေသည်။စူရဟ် ဖွရ်ကာန်-(၂၅:၂)ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူသောအလ္လာဟ်အရှင်မြတ်သည် စိုးပိုင်တော်မူသောအရှင်ဖြစ်ပြီး ထိုအရှင်မြတ်မှလွဲ၍ခပ်သိမ်းကုန်တို့သည်အရှင်မြတ်၏စိုးပိုင်ခြင်းခံရသည်။အရှင်မြတ်သည် ဖန်ဆင်းရှင်ဖြစ်ပြီးထိုအရှင်မြတ်မှလွဲ၍ခပ်သိမ်းကုန်တို့သည် အရှင်မြတ်၏အဖန်ဆင်းခံများဖြစ်ကြသည်။ အရှင်မြတ်သာလျှင် အမူကိစ္စအရပ်ရပ်တို့ကိုစီမံခန့်ခွဲတော်မူသည်။ အကြင်အရှင်မြတ်၏ဂုဏ်အရှိန်အဝါသည် ဤသို့ဆိုလျှင်ထိုအရှင်ကိုသာလျှင်မလွဲမသွေခဝပ်ကိုးကွယ်မှုပြုရမည်ဖြစ်ပြီး ထိုအရှင်မြတ်မှလွဲ၍အခြားတစ်စုံတစ်ဦးကိုခဝပ်ကိုးကွယ်မှုပြုခြင်းသည်အသိဥာဏ်နည်းပါးခြင်းဖြစ်ပြီး လောကီ၊လောကုတ္တရာ နှစ်ဌာနလုံးပျက်စီးစေမည့် ရှိရ်က် တုဖက်နှိင်းယှဉ်ကိုးကွယ်ခြင်းပင်ဖြစ်သည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထို့ပြင်တဝ ယဟူဒီနှင့် ခရစ်ယာန်ဘာသာဝင်တို့က မုစ်လင်မ်တို့အား ပြောဆိုကြသည်မှာ အသင်တို့သည်ယဟူဒီ ဘာသာဝင်များသော် လည်းကောင်း၊ ခရစ်ယာန် ဘာသာဝင်များ သော်လည်းကောင်း၊ ဖြစ်ကြကုန်လော့။ သို့မှသာလျှင် အသင်တို့သည် မှန်ကန်သော တရားလမ်းကို ရရှိကြလတ္တံ့ဟု ပြောဆိုကြသည်။ အို-နဗီတမန်တော် အသင်သည် သူတို့သူတို့အား ဤသို့ ပြန်လည် ဖြေကြားပါလေ။ (ဟယ်-အချင်းတို့) အသင်တို့ ပြောစကားမှားစွ၊ ငါတို့သည် နဗီတမန်တော် ဣဗ်လရာဟီမ်(အ)၏ သာသနာကို ယုံကြည် မြတ်နိုးသူများသာ ဖြစ်ကြ ကုန်၏။ ထိုနဗီ တမန်တော်သည် ဖြောင့်မတ်သော ပုဂ္ဂိုလ်မြတ်ဖြစ်၏၊ ထိုနဗီတမန်တော်သည် အလ္လာဟ် နှင့် တွဲဘက် ကိုးကွယ်သူများတွင် အပါအဝင်လည်း မဟုတ်ချေ။စူရဟ် ဗကရဟ်-(၂:၁၃၅)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အမှန်သော်ကား အကြင်သူထက် 'ဒီန်' သာသနာအားဖြင့် ပိုမို၍မြင့်မြတ်သောသူသည် မည်သူရှိသနည်း။ ထိုသူသည် မိမိမျက်နှာ (မိမိကိုယ်) ကို အလ္လာဟ်အရှင်မြတ်အထံတော်သို့ အပ်နှင်းခဲ့သည့်ပြင် (အပြောအဆို အကျင့်အမူအားဖြင့်) မြင့်မြတ်သောသူလည်းဖြစ်၏။ ထိုမှတစ်ပါး ထိုသူသည် ဖြောင့်မတ်တည်ကြည်သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏ 'ဒီန်' သာသနာကိုလည်း လိုက်နာ၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) အစ်ဗ်ရာဟီမ်အား (မိမိ) မိတ်ဆွေအဖြစ် ပြုလုပ်ချီးမြှင့်တော်မူခဲ့လေသတည်း။စူရဟ် နိစာအ်-(၄:၁၂၅)ချွတ်ယွင်းမှုအပေါင်းမှကင်းစင်ပြီးမှန်ကန်တော်မူသောအရှင်မြတ်က ရှင်းလင်းတင်ပြထားသည်မှာ ဧကန်မုချအကြင်သူသည် အိဗ်ရာဟီမ် (အလိုင်ဟိစ္စလာမ်)၏လမ်းစဥ်(သာသနာ)မှလွဲ၍ အခြားလမ်းစဥ်ကိုလိုက်နာခဲ့ပါက ထိုသူသည် မိမိကိုယ်မိမိ လူ့ဗာလဖြစ်စေလိုက်ခြင်းသာဖြစ်သည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-မိမိကိုယ်ကို မိမိပင် လူမိုက်လူ့ဗာလဖြစ်စေသောသူမှအပ အဘယ်သူသည် နဗီတမန်တော် အစ်ဗ်ရာဟီမ်၏ သာသနာမှ မျက်နှာလွှဲဖယ် တိမ်းရှောင် သွားနိုင်ပါမည်နည်း။ စင်စစ်တမူကား ငါအရှင်မြတ်သည် ထိုနဗီတမန်တော် အစ်ဗ်ရာဟီမ်အား ချစ်မြတ်နိုး၍ ဤလောက၌ နဗီတမန်တော်အဖြစ်ဖြင့် ရွေးချယ် ခြီးမြှင့်တော်မူခဲ့လေပြီ။ တဖန် နောင်တမလွန်ဘဝ၌လည်း ထိုနဗီတမန်တော်သည် ပါရမီရှင် သူမွန် သူမြတ်များအနက်မှ မလွဲဧကန် ဖြစ်လတ္တံ့။စူရဟ် ဗကရဟ်-(၂:၁၃၀)

၉။ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည်မဟုတ်ပေ။ မည်သူတစ်ဦးတစ်ယောက်၏မွေးဖွားခြင်းကိုလည်းခံခဲ့ရသည်မဟုတ်ပေ။ ထိုအရှင်မြတ်၌ဂုဏ် ရည်တူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပေ။ ထိုအရှင်မြတ်နှင့်တူသောအရာဟူ၍ကား မည်သည့်တစ်စုံတစ်ရာမျှပင် မရှိပေ။

ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည်မဟုတ်ပေ။ မည်သူတစ်ဦးတစ်ယောက်၏မွေးဖွားခြင်းကိုလည်းခံခဲ့ရသည်မဟုတ်ပေ။ ထိုအရှင်မြတ်၌ဂုဏ်ရည်တူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပေ။ ထိုအရှင်မြတ်နှင့်တူသောအရာဟူ၍ကား မည်သည့်တစ်စုံတစ်ရာမျှပင် မရှိပေ။ကြီးကျယ်မြင့်မြတ်တော်မူသောအလ္လာဟ်အရှင်မြတ်ကမိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ ထိုအလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်း ဖြစ်တော်မူ၏။ (တစ်နည်း) (အို-နဗီတမန်တော်) အသင်သည် ဤသို့ပြောကြားပါလေ။ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်း ဖြစ်တော်မူ၏။(၁)အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း လုံးဝ ကင်းရှင်းတော်မူသောအရှင်၊ သူတစ်ပါးတို့၏ မှီခိုအားထားရာအရှင်၊ နိစ္စထာဝရအရှင် ဖြစ်တော်မူ၏။(၂)ထိုအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည် မဟုတ်ပေ။ မည်သူတစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းကိုလည်း ခံခဲ့ရတော်မူသည်မဟုတ်ပေ။(၃)ထိုမှတစ်ပါး ထိုအရှင်မြတ်၌ ဂုဏ်ရည်တူသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပေ။(၄)စူရဟ် အိခ်လားစွ်-(၁၁၂:၁-၄)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(ထိုအရှင်မြတ်သည်) မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ယင်း မိုးကောင်းကင်နှင့်ပထဝီမြေနှစ်ခုစလုံး၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။ သို့ဖြစ်ပေရာ အသင်သည် ထိုအရှင်မြတ်အားခဝပ်ကိုးကွယ်ပါလေ။ ၎င်းပြင် ထိုအရှင်မြတ်အား ခဝပ်ကိုးကွယ်ရာ၌ တည်ကြည်စွဲမြဲစွာ ရှိပါလေ။စူရဟ် မရ်ယမ်-(၁၉:၆၅)ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(ထိုအရှင်မြတ်သည်ပင်) မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် အသင်တို့အဖို့ အသင် တို့၏အမျိုးအစားထဲမှပင် ကြင်ရာကြင်ဖက်များကိုဖန်ဆင်းတော်မူခဲ့၏။ ထိုနည်းတူစွာ ခြေလေးချောင်း တိရစ္ဆာန်တို့၏ စုံတွဲများကိုလည်း ဖန်ဆင်းတော်မူခဲ့၏။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့် ထိုအရှင်မြတ်သည် အသင်တို့အား ပြန့်ပွားစေတော်မူ၏။ ထိုအရှင်မြတ်နှင့် တူသောအရာဟူ၍ကား မည်သည့် တစ်စုံတစ်ရာမျှပင်မရှိပြီ။ ထိုအရှင်မြတ်သည်ပင် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ မြင်တော်မူသောအရှင်ဖြစ်တော်မူ၏။စူရဟ် ရှုရာ-(၄၂:၁၁)

၁၀။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏မည်သည့်အဖန်ဆင်းခံတွင်းသို့ဝင်စားသည်ဟူ၍မရှိ၊ ၎င်းပြင်အရှင်မြတ်သည် မိမိ၏မည်သည့်အဖန်ဆင်းခံတစ်စုံတစ်ရာ၏ ပုံသဏ္ဌန်ကိုမျှ အသွင်ရယူသည်ဟူ၍လည်းမရှိပေ။

အလ္လာဟ်အရှင်မြတ်သည် မိမိ၏မည်သည့်အဖန်ဆင်းခံတွင်းသို့ဝင်စားသည်ဟူ၍မရှိ၊ ၎င်းပြင်အရှင်မြတ်သည် မိမိ၏မည်သည့်အဖန်ဆင်းခံတစ်စုံတစ်ရာ၏ ပုံသဏ္ဌန်ကိုမျှ အသွင်ရယူသည်ဟူ၍လည်းမရှိပေ။၎င်းပြင်မည်သည့်အရာနှင့်မျှပေါင်းစပ်ပြီး တစ်သားတည်းဖြစ်သွားသည်ဟူ၍လည်းမရှိ။အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည်သာလျှင် ဖန်ဆင်းရှင်ဖြစ်ပြီး ထိုအရှင်မြတ်မှလွဲ၍ခပ်သိမ်းကုန်တို့သည် အဖန်ဆင်းခံများဖြစ်ကြသည်။ ထိုအရှင်သည်သာလျှင်ထာဝရတည်ရှိနေမည်ဖြစ်ပြီး ထိုအရှင်မြတ်မှလွဲ၍ခပ်သိမ်းကုန်တို့သည် ပျက်စီးခြင်းသို့လှည့်သွားရမည်သာဖြစ်သည်။ အရာတိုင်းကိုအလ္လာဟ်အရှင်မြတ်သာပိုင်ဆိုင်ပြီး ထိုအရှင်မြတ်သည်စိုးပိုင်တော်မူသောအရှင်ဖြစ်သည်။ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်သည်မိမိ၏မည်သည့်အဖန်ဆင်းခံတွင်းသို့မျှဝင်စားသည်ဟူ၍မရှိသလို ချွတ်ယွင်းမူအပေါင်းမှကင်းစင်တော်မူသည့်အရှင်မြတ်၏(ဇာသ်)ဇာတိတော်၌လည်း မည်သည့်အဖန်ဆင်းခံကမျှဝင်စားသည်ဟူ၍မရှိပေ။ ချွတ်ယွင်းမှုအပေါင်းမှကင်းစင်၍ကြိးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းထက်ကြီးမားတော်မူသော၊ ကြီးကဲထွတ်မြတ်တော်မူသောအရှင်ဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် မစီးဟ်(ယေရှု)၌ဝင်စားသည်ဟုထင်ကြသူတို့အား (၎င်းတို့၏ထင်မြင်ခြင်းမှာ မှားယွင်းကြောင်း)ငြင်းပယ်သည့်အနေဖြင့် မိန့်တော်မူသည်မှာ။အလ္လာဟ်အရှင်မြတ်သည် ဧကန်မလွဲ မရ်ယမ်၏ သားတော် မစီဟ် (အီစာ) ပင်ဖြစ်သည်ဟူ၍ ပြောဆိုကြကုန်သောသူတို့ကား ဧကန်စင်စစ် သွေဖည်ငြင်းပယ်သူများ ဖြစ်ခဲ့ကြချေပြီ။ (အို- နဗီတမန်တော်) အသင်သည် (ထိုသူတို့အား ဤသို့ချေပ) ပြောဆိုပါလေ။ “(ဟယ်-အချင်းတို့) သို့ဖြစ်လျှင် အကယ်၍သာ ထိုအလ္လာဟ်အရှင်မြတ်သည် 'မရ်ယမ်' ၏သားတော် 'မစီဟ်'ကိုလည်းကောင်း၊ ထို'မစီဟ်'၏ မယ်တော်ကိုလည်းကောင်း၊ ကမ္ဘာမြေပြင်ဝယ် ရှိရှိသမျှအားလုံးတို့ကို ဖျက်ဆီးလိုတော်မူပါလျှင် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်၌ တစ်စုံတစ်ရာ ဝင်ရောက်စွက်ဖက် ကန့်ကွက်နိုင်သူကား မည်သူရှိသနည်း။ အမှန်စင်စစ်သော်ကား မိုးကောင်းကင်များကိုလည်းကောင်း၊ ကမ္ဘာမြေကြီးကိုလည်းကောင်း၊ မိုးနှင့်မြေကြားရှိ အရာဝတ္ထုအားလုံးတို့ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သာလျှင် စိုးပိုင်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိအလိုတော်ရှိရာကို ဖန်ဆင်းတော်မူ၏။ စင်စစ်သော် ကားအလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။စူရဟ် မာအိဒဟ်-(၅:၁၇)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ်ဆိုသော် အရှေ့နှင့်အနောက် (အစရှိသော အရပ် ၈ မျက်နှာမျှမက ရှိရှိသမျှသော စကြာဝဠာများကိုပင်) အလ္လာဟ် အရှင်မြတ်က (ဖန်ဆင်းတော်မူလေသည်ဖြစ်ရာ) ထိုအရှင်သည် သာလျှင် စိုးပိုင်တော်မူသော အရှင်တည်း။သို့ဖြစ်လေရာ အသင်တို့သည် (ထိုအရှင်မြတ်ကို ခဝပ်ကိုးကွယ်ရာ၌) မည်သည့်ဘက်သို့မဆို မျက်နှာ ပြုကြပါမူထို(မျက်နှာပြုရာ) ဘက်၌ပင် အလ္လာဟ် အရှင်မြတ်၏ မျက်နှာတော်သည် (အသင်တို့ရှေ့တွင်) ရှိနေတော်မူသည်(ဟု မှတ်ပါလေ၊) (အကြောင်းဟူမူ) ဧကန်မုချ အလ္လာဟ် အရှင်မြတ် သည်(အနန္တတန်ခိုးတော်ရှင် ဖြစ်တော်မူသည့်အတိုင်း) ခပ်သိမ်းကုန်(သော အရပ်ဒိသာ) တို့ကို လွှမ်းခြုံ တော်မူသောအသျှင်၊ အလုံးစုံကို အကြွင်းမဲ့ သိတော် မူသောအရှင် ဖြစ်တော်မူသောကြောင့်တည်း။(၁၁၅)ထို(ခရစ်ယာန်) တို့သည် အလ္လာဟ် အရှင်မြတ်၌ သားတော်ရှိသည်ဟူ၍ (မဟုတ်မလျား စွပ်စွဲ) ပြောဆိုကြကုန်၏။ (ဤစကားသည် မှားလေစွ၊ အကြောင်းမှာ) အလ္လာဟ် အရှင်မြတ်သည် (ဃရာဝါသ အိမ်ထောင်မှုကိစ္စတို့မှ) လုံးလုံးကင်းစင်တော်မူသော အရှင်တည်း။ စင်စစ်တမူကား မိုးကောင်းကင်နှင့် ပထဝီမြေပြင်၌ ရှိရှိသမျှသော အရာခပ်သိမ်းတို့ကို အလ္လာဟ် အရှင်မြတ်သာလျှင် ပိုင်ဆိုင်တော်မူ၏။ ထိုထိုသော အရာခပ်သိမ်းတို့ သည်လည်း ထိုအရှင်မြတ်၏ အမိန့်တော်ကို နာခံလျက် ရှိကြကုန်၏။(၁၁၆)(ထိုအလ္လာဟ် အရှင်မြတ်သည်) မိုဃ်းကောင်းကင်များနှင့်တကွ ပထဝီမြေပြင်ကို စတင်ပြုပြင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်တော်မူသည်၊ (ထိုမျှမကသေး) မည်သည့်အခါမဆို ထိုအရှင်မြတ် သည် တစ်စုံတစ်ခုသော အမှုကိစ္စကို ဆုံးဖြတ်စီရင် ပြဋ္ဌာန်းတော်မူလိုပါလျှင် (နတ္ထိတ မရှိရာဘဝမှအတ္ထိတ ရှိရာဘဝသို့) ဖြစ်စေ(ဟူသောအမိန့်တော်) ပေးရုံမျှဖြင့် ထိုအမှုကိစ္စအဝဝတို့သည် (ပြတတေ့ အလိုရှိတော်သူသည့်အတိုင်း တခဏချင်းတွင်ပင်) ဖြစ်ပေါ်လာလေသတည်း။(၁၁၇)စူရဟ် ဗကရဟ်-(၂:၁၁၅-၁၁၇)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထို့ပြင် ၎င်းတို့က ရဟ်မာန် အနန္တကရုဏာတော်ရှင်သည် သားသမီးပြုလုပ်တော်မူခဲ့သည်ဟု(စွပ်စွဲ) ပြောဆိုခဲ့ကြကုန်၏။(၈၈)ဧကန်မလွဲ အသင်တို့သည် အလွန်ဆိုးရွား သောအရာကို ကျူးလွန် (ပြောဆို)ခဲ့ကြကုန်သည်။(၈၉)ယင်းပြောဆိုမှုကြောင့် မိုးကောင်းကင်များသည်ပြိုလုအံ့ဆဲဆဲ၊ ပထဝီမြေသည်အက်ကွဲအံ့ဆဲဆဲ၊ တောင်များသည်တုန်လှုပ်၍ ပြိုလဲကျအံ့ဆဲဆဲ၊ ဖြစ်ကုန်ကြပေသည်။(၉၀)၎င်းတို့သည် ရဟ်မာန် အနန္တကရုဏာတော်ရှင်၌ သားသမီး(ရှိသည်ဟု) ယိုးစွပ်ခဲ့ကြသောကြောင့်ပင်။(၉၁)စင်စစ်မူကား သားသမီး တစ်စုံတစ်ယောက် ပြုလုပ်ခြင်းသည် ရဟ်မာန် အနန္တကရုဏာတော်ရှင်နှင့် လုံးဝအပ်စပ်သည်မဟုတ်ပေ။(၉၂)မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ရှိကုန်သောသူ ဟူဟူသမျှတို့သည် ရဟ်မာန်အနန္တကရုဏာတော်ရှင်၏ ရှေ့တော်မှောက်တွင် ကျွန်အဖြစ်နှင့် လာရောက်ရမည့်သူချည်းသာ ဖြစ်ကုန်သတည်း။(၉၃)ဧကန်မလွဲ ထိုအရှင်မြတ်သည် ၎င်းတို့အားဝန်းခြုံ၍ထားတော်မူသည့်ပြင် ၎င်းတို့အား ရေတွက်၍လည်းထားတော်မူလေသည်။(၉၄)စင်စစ် ၎င်းတို့အနက် အသီးသီးတို့သည် ထိုအရှင်မြတ်အထံတော်သို့ ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင်တစ်ဦးချင်း လာရောက်ရမည့်သူများသာလျှင် ဖြစ်ကြကုန်တည်း။(၉၅)စူရဟ် မရ်ယမ်-(၁၉:၈၈-၉၅)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အလ္လာဟ်အရှင်မြတ်သည် (သာလျှင် ခဝပ် ကိုးကွယ်ရာအရှင် ဖြစ်တော်မူ၏)။ ထိုအရှင်မြတ်မှတစ်ပါး ကိုးကွယ်ခြင်း ခံထိုက်သူဟူ၍ အလျင်းမရှိပြီ။ (ထိုအရှင်မြတ်သည်) အမြဲ ရှင်နေတော်မူသော အရှင်၊ (မိမိကိုယ်တော်တိုင် ထာဝရတည် နေတော်မူ၍ သတ္တဝါအပေါင်းတို့ကိုလည်း) ထိန်းသိမ်း စောင့်ရှောက်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်အား ငိုက်မျဉ်းခြင်းသည်လည်းကောင်း ၊ အိပ်စက်ခြင်းသည်လည်းကောင်း မဖိစီးနိုင်ပေ။ ထိုအရှင်မြတ်သည်သာလျှင် အာကာသ ကောင်းကင်များနှင့် မြေ၌ရှိရှိသမျှသော (သက်ရှိ သက်မဲ့) အရာ ဝတ္ထုဟူသမျှတို့ကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၏ အထံတော်၌ ထိုအရှင်မြတ်၏ ခွင့် ပြုချက်မရှိဘဲ သူတစ်ပါးအတွက် အသနားခံ တောင်းပန်ပေး နိုင်သူကား အဘယ်သူနည်း။ ထိုအရှင်မြတ်သည် ထိုသူတို့၏ ရှေ့နောက် အဖြစ်အပျက် အကြောင်းကိစ္စ အလုံးစုံတို့ကို အကြွင်းမဲ့ သိရှိတော်မူလေသည်။ သို့ရာတွင် ယင်းသူတို့သည် ထိုအရှင်မြတ် သိရှိတော်မူသော အကြောင်းကိစ္စ အဖြစ်အပျက်တို့အနက်မှ ထိုအရှင်မြတ်အလိုရှိတော်မူသော အကြောင်းကိစ္စမှအပ တစ်စုံတစ်ရာကိုမျှ ဝန်းခြုံ၍ မသိနိုင်ကြပေ။ ထိုအရှင် မြတ်၏ ဉာဏ်တော်သည် အာကာသ ကောင်းကင်များနှင့်တကွ ကမ္ဘာမြေပြင် တခွင်လုံးကို ဝန်းခြုံလျက် ရှိချေ၏။ သို့ရာတွင် ယင်းမိုးကောင်းကင်နှင့်တကွ ကမ္ဘာမြေပြင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ထိုအရှင်မြတ်အား ပင်ပန်းနွမ်းရိ စေသည် မဟုတ်ပေ။ စင်စစ်တမူကား ထိုအရှင်မြတ်သည် (မကြံစည်နိုင်အောင်) မြင့်မြတ်တော်မူသော အရှင်၊ ကြီးကဲထွတ်မြတ်တော်မူသော အရှင်တည်း။စူရဟ် ဗကရဟ်-(၂:၂၅၅)အကြင်အရှင်မြတ်၏ ဂုဏ်အရှိန်အဝါသည် ဤသို့ရှိပြီး ထိုအရှင်၏ အဖန်ဆင်းခံတို့ရဲ့အခြေနေမှာ ဤသို့ဆိုလျှင်ထိုအရှင်မြတ်သည် အဖန်ဆင်းခံတမျိုးမျိုးအတွင်းသို့ဝင်စားခြင်း(သို့)မိမိအတွက်သားသမီးတစ်ဦးဦးသတ်မှတ်ခြင်း(သို့)အရှင်မြတ်နှင့်အတူအခြားခဝပ်ကိုးကွယ်ရာအရှင် တစ်ပါးပါးကိုသတ်မှတ်ခြင်းတို့သည်အဘယ်သို့ဖြစ်နိုင်မည်နည်း။

ချွတ်ယွင်းမှုအပေါင်းမှကင်းစင်၍ ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်များအပေါ်အလွန်တရာနူးညံ့သိမ်မွေ့တော်မူသော၊အလွန်တရာကရုဏာထားတော်မူသောအရှင်ဖြစ်သည်။ထိုကြောင့်ရစူလ်တမန်တော်များကိုစေလွှတ်ခဲ့ပြီးကျမ်းဂန်များကိုလည်း ချပေးတော်မူခဲ့သည်။

ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်၍မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်သည်မိမိ၏ကျွန်များအပေါ် အလွန်တရာနူးညံ့သိမ်မွေ့တော်မူသော၊ အလွန်တရာကရုဏာထားတော်မူသော အရှင်ဖြစ်သည်။ကျေးကျွန်များ အပေါ် အရှင်မြတ်၏ ကရုဏာတော်တရပ်မှာ ၎င်းတို့ထံသို့ ရစူလ်တမန်တော်များစေလွှတ်ခြင်းနှင့် ကျမ်းဂန်များ ချပေးတော်မူခြင်းဖြစ်သည်။ဤသို့ပြုရခြင်းမှာ အရှင်မြတ်သည် ၎င်းတို့အား(ရှိရ်က်)တုဖက်နှိုင်းယှဉ်ကိုးကွယ်မှုနှင့်(ကုဖ်ရ်)သွေဖည်ငြင်းပယ်မှု၏အမှောင်ထုမှ လမ်းမှန်တရားနှင့် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်း၏ လင်းရောင်ခြည်ဘက်သို့ထွက်စေရန်အတွက်ဖြစ်သည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် အသင်တို့အား အမှောင်ထုမှအလင်းသို့ ထွက်စေအံ့သောငှာ မိမိကျွန်တော်(တမန်တော်မြတ်မုဟမ္မဒ်)၏အပေါ်၌ ထင်ရှားစွာသော အာယတ်တော်များကို ချပေးတော်မူ၏။ စင်စစ်မှာကား ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်ဝယ် အလွန်တရာ နူးညံ့သိမ်မွေ့တော်မူသော၊ အလွန်တရာ ကြင်နာသနားတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။စူရဟ် ဟဒီးဒ်-(၅၇:၉)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ်သော်ကား (အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ကမ္ဘာခပ်သိမ်းတို့အဖို့ ကရုဏာ တော်အဖြစ်နှင့်သာလျှင် စေလွှတ်တော်မူခဲ့ပေသည်။စူရဟ် အန်ဗိယာအ်-(၂၁:၁၀၇)အလ္လာဟ်အရှင်မြတ်သည် မိမိတမန်တော်အားမိမိသည်အလွန်တရာခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ အလွန်တရာကရုဏာထားတော်မူသော အရှင်ဖြစ်ကြောင်းကို ကျေးကျွန်တို့အားသတင်းပေးရန် မိန့်ကြားတော်မူခဲ့သည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်) အသင်သည် ငါအရှင်မြတ်၏ကျွန်များအား ဧကန်မလွဲ ငါအရှင်မြတ်သည်သာလျှင်အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနား ကြင်နာညှာတာတော်မူသောအရှင်၊ဖြစ်တော်မူကြောင်း ပြောကြားပါလေ။စူရဟ် ဟိဂျ်ရ်-(၁၅:၄၉)ထိုအရှင်မြတ်၏ကရုဏာတော်နှင့်သနားကြင်နာမှုတစ်ရပ်မှာ ထိုအရှင်မြတ်သည်မိမိ၏ကျေးကျွန်များကိုအန္တရာယ်မှဖယ်ရှားပေးပြီး ကောင်းခြင်းများကိုချပေးတော်မူသည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်၌ အန္တရာယ်တစ်စုံတစ်ရာကို သက်ရောက်စေတော်မူပါလျှင်၊ ထိုအရှင်မြတ်မှတစ်ပါး ထိုအန္တရာယ်ကို ကင်းဝေးစေအံ့သောသူဟူ၍ တစ်ဦးတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ ထိုနည်းတူစွာ အကယ်၍ ထိုအရှင်မြတ်သည်အသင့်၌ တစ်စုံတစ်ရာသော အကျိုးကျေးဇူးတော်ကို (ဖြစ်ထွန်းစေ ရန်) ရည်စူးတော်မူပါလျှင် ထိုအရှင်မြတ်၏ ကျေးဇူး တော်ကို တွန်းလှန်ပယ်ရှားနိုင်သူလည်း တစ်ဦး တစ်ယောက်မျှပင်မရှိချေ။ ထိုအရှင်မြတ်သည် မိမိကျွန်များအနက်မှ မိမိအလိုရှိတော်မူသောသူ၌ ထိုကျေးဇူးတော်ကို သက်ရောက်စေတော်မူသည်။ စင်စစ်တစ်မူကား ထိုအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊အလွန်တရာ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။စူရဟ် ယူနွတ်စ်-(၁၀:၁၀၇)

အလ္လာဟ်အရှင်မြတ်သည်မွေးမြူဖန်ဆင်းတော်မူသောအရှင်၊အလွန်တရာကရုဏာထားတော်မူသောအရှင်ဖြစ်ပြီး ထိုအရှင်တစ်ပါးတည်းကသာအဖန်ဆင်းခံအပေါင်းအား(ကဗရ်)သင်ချိုင်းများမှပြန်လည်ရှင်ပြန်ထစေမည့်အချိန်(ကိယာမသ်)နေ့တွင်စစ်ဆေးတော်မူမည်ဖြစ်သည်။ သို့ဖြင့်လူတိုင်းသည်မိမိတို့ပြုခဲ့သောကောင်းမှု(သို့)မကောင်းမှုတို့အားအစားပေးခြင်းခံရမည်ဖြစ်သည်။ အကြင်သူသည် မုအ်မင်န်အလ္လာဟ်အရှင်မြတ်အားသက်ဝင်ယုံကြည်သူဖြစ်ပြီး ကောင်းမှုများကိုပြုလုပ်ခဲ့သော် ထိုသူ့အဖို့ထာဝရစည်းစိမ်များရှိသည်။ အကြင်သူသည်အရှင်မြတ်အားသွေဖည်ငြင်းပယ်ကာ မကောင်းမှုများကိုပြုလုပ်ခဲ့သော် ထိုသူ့အဖို့နောင်တမလွန်ဘဝတွင်ကြီးလေးသောပြစ်ဒဏ်များရှိ၏။

အလ္လာဟ်အရှင်မြတ်သည် မွေးမြူဖန်ဆင်းတော်မူသောအရှင်၊အလွန်တရာကရုဏာထားတော်မူသောအရှင်ဖြစ်ပြီး ထိုအရှင်တစ်ပါးတည်းကသာအဖန်ဆင်းခံအပေါင်းအား(ကဗရ်)သင်ချိုင်းများမှပြန်လည်ရှင်ပြန်ထစေမည့်အချိန်(ကိယာမသ်)နေ့တွင်စစ်ဆေးတော်မူမည်ဖြစ်သည်။ သို့ဖြင့်လူတိုင်းသည်မိမိတို့ပြုခဲ့သောကောင်းမှု(သို့)မကောင်းမှုတို့အားအစားပေးခြင်းခံရမည်ဖြစ်သည်။ အကြင်သူသည်မုအ်မင်န်အလ္လာဟ်အရှင်မြတ်အားသက်ဝင်ယုံကြည်သူဖြစ်ပြီး ကောင်းမူများကိုပြုလုပ်ခဲ့သော် ထိုသူ့အဖို့ထာဝရစည်းစိမ်များရှိသည်။အကြင်သူသည်အရှင်မြတ်အားသွေဖည်ငြင်းပယ်ကာ မကောင်းမှုများကိုပြုလုပ်ခဲ့သော် ထိုသူ့အဖို့ကိယာမသ်နေ့တွင် ကြီးလေးသောပြစ်ဒဏ်များရှိသည်။ ချွတ်ယွင်းမှုအပေါင်းမှကင်းစင်၍ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်၏ပြည့်စုံလှသည့်တရားမျှတမှု(ဟိက်မသ်)အမျှော်အမြင်နှင့်ကရုဏာတရားတို့အနက် အရှင်မြတ်သည်မိမိ၏အဖန်ဆင်းခံများအတွက် ဤလောကီဘဝကို ကျင့်ကြံအားထုတ်ရသောဌာနအဖြစ်လည်းကောင်း၊ ဒုတိယဌာနဖြစ်သောလောကုတ္တရာကိုအစားပေးခြင်း၊စစ်ဆေးခြင်းနှင့်ကုသိုလ်ချီးမြှင့်ခြင်းတို့ကိုပြုလုပ်ရန်သတ်မှတ်ထားခြင်းပင်ဖြစ်သည်။ ဤသို့ခွဲထားရခြင်းမှာကောင်းမှုပြုသူသည် မိမိကောင်းမူ၏အကျိုးကုသိုလ်ကိုရရှိစေရန်နှင့်မကောင်းမူပြုသူ၊ မတရားမှုပြုသူ၊ ညှင်းပန်းနှိပ်စက်သူတို့သည်မိမိတို့ကျုးလွန်မူ၏ပြစ်ဒဏ်ကိုရရှိနိုင်ရန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော အချို့ကဤကိစ္စကိုမဖြစ်နိုင်ပါဟုထင်မှတ်နေသောကြောင့် ပြန်လည်ရှင်ပြန်ထခြင်းသည် ယုံမှားသံသယကင်းသောအမှန်တရားပင်ဖြစ်ကြောင်းကို အလ္လာဟ်အရှင်မြတ်သည် အထောက်ထားများစွာဖြင့်တင်ပြထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုမှတစ်ပါး (ဤသည်လည်း) ထိုအရှင်မြတ်၏သက်သေလက္ခဏာတော်တို့ အနက်မှပင်ဖြစ်၏။ အသင်သည်ပထဝီမြေကို အခြေအနေညံ့ဖျင်းစွာ တွေ့မြင်ရ၏။ ထို့နောက်ငါအရှင်မြတ်သည် ပထဝီမြေ၏အပေါ်၌ ရေကို ရွာသွန်းစေတော်မူသောအခါ၊ ယင်းပထဝီမြေမှာ တိုးတက်ထွန်းကား စိမ်းစို၍လည်းကောင်း၊ (သစ်ပင်အစရှိသည်တို့)ပေါက်ရောက် ဖွံ့ဖြိုး၍လည်းကောင်း၊ လာလေသည်။ (သို့ဖြစ်ပေရာ) ဧကန်မလွဲယင်းပထဝီမြေကို ရှင်စေတော်မူသော အရှင်မြတ်သည်ပင်လျှင်ဧကန်အမှန် သူသေတို့အား ရှင်စေတော်မူမည့်အရှင် ဖြစ်တော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုစွမ်းနိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။စူရဟ် ဖွတ်စ်စွိလသ်-(၄၁:၃၉)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို-လူခပ်သိမ်းတို့၊ အကယ်၍ အသင်တို့သည်ရှင်ပြန်ထခြင်းနှင့်စပ်လျဉ်း၍ ဒွိဟသံသယ ဖြစ်နေကြပါလျှင်(အသင်တို့သည် မိမိတို့နှင့် မိမိတို့၏ ပတ်ဝန်းကျင်ကို လေးနက်စွာ စဉ်းစား၍ ကြည့်ကြလေကုန်)။ ဧကန်အမှန် ငါအရှင်မြတ်သည် အသင်တို့ရှေ့ဝယ် (မိမိတန်ခိုးတော်ကို) ထင်ရှားစေခြင်းငှာ အသင်တို့အား (ပထမသော်)မြေကြီးဖြင့်လည်းကောင်း၊ ထို့နောက် သုတ်ရည်ဖြင့်လည်းကောင်း၊ ထို့နောက် သွေးခဲဖြင့်လည်းကောင်း၊ ထို့နောက် အင်္ဂါစုံလင်ပုံကျသော အသားတုံးဖြင့်လည်းကောင်း၊ အင်္ဂါမစုံ ပုံမကျသော အသားတုံးဖြင့်လည်းကောင်း၊(အဆင့်ဆင့်) ဖန်ဆင်းတော်မူခဲ့၏။၎င်းပြင် ငါအရှင်မြတ်သည်သားအိမ်များတွင် မိမိအလိုရှိတော်မူသည်ကို (သုတ်ရည်ကို)သတ်မှတ် ပိုင်းခြားအပ်သော အချိန်ကာလတိုင်အောင် တည်စေတော်မူပြီးနောက် အသင်တို့အား (အမိဝမ်းတွင်းမှ အပြင်သို့နို့စို့အရွယ်)ကလေးသူငယ်အဖြစ် ထွက်စေ တော်မူ၏။ ထို့နောက် အသင်တို့သည် မိမိတို့၏ လူလားမြောက်သောအရွယ်သို့ ရောက်ရှိနိုင်ကြရန်(ငါအရှင်မြတ်သည် မွေးမြူတော်မူပြန်၏။) ၎င်းပြင် အသင်တို့အနက် (အရွယ်မရောက် လူလားမမြောက်မီပင်) အသက်သေဆုံးရသူလည်းရှိ၏။ ထိုနည်းတူစွာအသင်တို့တွင် အယုတ်ညံ့ဆုံးသော အသက်အရွယ်သို့ပြန်ရောက်ရသော သူများလည်းရှိ၏။ ထို့ကြောင့် ၄င်းသည် (အရာရာကို) သိရှိပြီးနောက်သော်မှပင် မည်သည့်တစ်စုံတစ်ရာကိုမျှ မသိနိုင်တော့ချေ။ ထိုမှတစ်ပါး အသင်သည် ပထဝီမြေကို သွေ့ခြောက်လျက် တွေ့မြင်လေသည်။တစ်ဖန် ငါအရှင်မြတ်သည် ယင်းပထဝီမြေပေါ်ဝယ် (မိုး)ရေကို(ရွာသွန်း၍) ကျစေတော်မူသောအခါ ယင်းမြေ(မှ သစ်ပင်ဝါးပင်များ) ပေါက်ရောက် လှုပ်ရှားလာလေသည်။ ထို့ပြင် တိုးတက်မြင့်မားလာလေသည်။ ထို့ပြင် အထူးနှစ်မြို့ဖွယ်ဖြစ်သော(သစ်သီးသစ်ဥ ကောက်ပဲ သီးနှံ) အမျိုးအစား အသီးသီးတို့ကိုပေါက်ရောက်စေလေသည်။စူရဟ် ဟဂျ်-(၂၂:၅)အလ္လာဟ်အရှင်မြတ်သည် ဤအာယသ်တော်တွင် ပြန်လည်ရှင်ပြန်ထရမည့်ကိစ္စနှင့်ပတ်သက်၍ ယုတ္တိကျသောအထောက်ထား(၃)ခုကို တင်ပြထားသည်။၎င်းတို့မှာ-

(၁)အလ္လာဟ်အရှင်မြတ်သည် လူသားကိုဦးစွာပထမမြေကြီးဖြင့်ဖန်ဆင်းခဲ့သည်။ လူသားအားမြေကြီးဖြင့်ဖန်ဆင်းသောအရှင်သည် ထိုလူသားမြေကြီးဖြစ်သွားသည့်အချိန်တွင်လည်း ပြန်လည်ရှင်သန်လာအောင်စွမ်းဆောင်နိုင်တော်မူသည်။

(၂)သုတ်ရည်မှတဆင့်လူသားကိုဖန်ဆင်းသောအရှင်သည် ထိုလူသားသေပြီးနောက်ပြန်လည်ရှင်သန်လာအောင် စွမ်းဆောင်နိုင်တော်မူသည်။

(၃)ခြောက်သွေ့သောမြေကြီးကို မိုးရွာသွန်းခြင်းဖြင့်ပြန်လည်စိုပြည်စိမ်းလန်းစေတော်မူသောအရှင်မြတ်က လူသားအားလုံးကိုလည်းသေပြီးနောက်ပြန်လည်ရှင်သန်လာအောင် စွမ်းဆောင်နိုင်တော်မူသည်။ ဤအာယသ်တော်တွင် ကျမ်းမြတ်ကုရ်အာန်၏အံ့ဖွယ်ရာနှင့်ပတ်သက်၍ ကြီးကျယ်လှသည့်အထောက်ထားတစ်ရပ်မှာ ဤတိုတောင်းလှသည့်အာယသ်တော်အတွင်း၌ ကြီးကျယ်လှသည့်ကိစ္စရပ်တခုအပေါ် ယုတ္တိကြ၍လှပသောအထောက်ထား(၃)ခုအား အဘယ်သို့စုစည်းတင်ပြထားပါသနည်း။ ဤသည်အံ့ဩဖွယ်ရာပင်။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်)အကြင်(နေ့၏အကြောင်းကိုလည်းပြောကြားပါလေ။)ထိုနေ့တွင် ငါအရှင်မြတ်သည် မိုးကောင်းကင်ကို ရေးသားထားသော မှတ်တမ်းစာရွက်လိပ်ကဲ့သို့ပင် ခေါက်လိပ်တော်မူမည်။ ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပထမအကြိမ်စတင် ဖန်ဆင်းတော်မူသကဲ့သို့ ထိုအရာကိုပင် ထပ်မံ၍ပြုလုပ်(ဖန်ဆင်း)တော်မူပေမည်။ (ဤသည် ငါအရှင်မြတ်) မိမိအပေါ်၌ကတိပြု(တာဝန်ယူ)တော်မူခြင်းပင် ဖြစ်ပေရာ ဧကန်အမှန် ငါအရှင်မြတ်သည် (မိမိကတိတော်အတိုင်း)ပြုလုပ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။စူရဟ် အန်ဗိယာအ်-(၂၁:၁၀၄)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုမှတစ်ပါး ထို "မနုဿ" လူသားသည် ငါအရှင်မြတ်နှင့်ပတ်သက်၍(လွန်စွာရိုင်းပြသော) ဥပမာတစ်ခုကို ခိုင်းနှိုင်း ပြောဆိုခဲ့လေ၏။ ထို့ပြင် ၎င်းသည် မိမိဖန်ဆင်းခြင်းခံခဲ့ရသောအဖြစ်ကို မေ့သွားခဲ့၏။ ၎င်းက (ခိုင်းနှိုင်း ပြောဆိုခဲ့သည်မှာ) အရိုးများ ဆွေးမြည့်သွားခဲ့သောအခါ မည်သူသည် ယင်းအရိုးများကို ရှင်စေအံ့နည်းဟု ပြောဆိုခဲ့လေ၏။(၇၈)(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ပထမအကြိမ် ယင်းအရိုးများကို ဖန်ဆင်းတော်မူခဲ့သော အရှင်မြတ်သည်ပင်လျှင် ယင်းအရိုးများကို ရှင်(ပြန်)စေတော်မူမည်။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် အလုံးစုံသောဖန်ဆင်းပုံ ဖန်ဆင်းနည်းတို့ကို ကောင်းစွာ သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။(၇၉)စူရဟ် ယာစီးန်-(၃၆:၇၈-၇၉)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အသို့ပါနည်း၊ အသင်တို့အား ဖန်ဆင်းတော်မူခြင်းသည် ပို၍ခဲယဉ်းလေသလော၊ သို့တည်းမဟုတ် မိုးကောင်းကင်ကို ဖန်ဆင်းတော်မူခြင်းသည် ပို၍ ခဲယဉ်းလေသလော။ ထိုအရှင်မြတ်သည် ယင်း မိုးကောင်းကင်ကိုပြုလုပ်(ဖန်ဆင်း)တော်မူခဲ့၏။(၂၇)ထိုအရှင်မြတ်သည် ယင်းမိုးကောင်းကင်၏ မျက်နှာကျက်ကို မြင့်စွင့်စွာပြုလုပ်တော်မူခဲ့၏။ တစ်ဖန် ယင်းမိုးကောင်းကင်ကို အပြစ်အနာ ကင်းရှင်းစွာ ပြုလုပ်တော်မူခဲ့၏။(၂၈)၎င်းပြင် ထိုအရှင်မြတ်သည် ယင်း မိုးကောင်းကင်၏ ညဉ့်ကို မှောင်မိုက်စေတော်မူခဲ့၏။ ထို့ပြင် ယင်းမိုးကောင်းကင်၏ နေ့ကိုမူကား (လင်းဝင်း) ထင်ရှားစေတော်မူခဲ့၏။(၂၉)၎င်းပြင် ထိုအရှင်မြတ်သည် ယင်း(မိုးကောင်းကင်ကို စနစ်တကျ ပြုပြင်တော်မူပြီးသည့်) နောက်တွင် ပထဝီမြေကို ဖြန့်ခင်းတော်မူခဲ့၏။(၃၀)ထိုအရှင်မြတ်သည် ထိုပထဝီမြေမှ ယင်းပထဝီမြေ၏ရေကိုလည်းကောင်း၊ ယင်းပထဝီမြေ၏မြက်၊ သစ်ပင်၊ ကောက်ပဲသီးနှံ၊ အစရှိသည်များကိုလည်းကောင်း၊ ထွက်စေတော်မူခဲ့၏။(၃၁)၎င်းပြင် ထိုအရှင်မြတ်သည် တောင်များကို(ယင်းပထဝီမြေ၌) ကျောက်ဆူး(အဖြစ်) ချထားတော်မူခဲ့၏။(၃၂)စူရဟ် နာဇိအာသ်-(၇၉:၂၇-၃၂)အလ္လာဟ်အရှင်မြတ်ကရှင်းလင်းတင်ပြထားသည်မှာ အမှန်တကယ်ပင်လူသားကိုဖန်ဆင်းခြင်းသည် မိုးကောင်းကင်၊ ပထဝီမြေနှင့် ၎င်းတို့နှစ်ခုလုံး၌ရှိသောအရာများကို ဖန်ဆင်းခြင်းထက်ပို၍မခဲယဉ်းပေ။ သို့ဖြစ်ရာ မိုးကောင်းကင်များနှင့် ပထဝီမြေကို ဖန်ဆင်းတော်မူသောအရှင်သည် လူသားအားဒုတိယအကြိမ်ပြန်လည်ဖန်ဆင်းခြင်းကို မစွမ်း နိုင်သောအရှင်မဟုတ်ပေ။

၁၃။ချွတ်ယွင်းမူအပေါင်းမှကင်းစင်၍ ကြီးကျယ်မြင့်မားတော်မူသောအလ္လာဟ်အရှင်မြတ်သည် အာဒမ်(အလိုင်ဟိစ္စလာမ်)အား မြေကြီးဖြင့်ဖန်ဆင်းခဲ့ပြီး ၎င်း၏နောက်တွင်သူ၏သားစဉ်မြေးဆက်များအား များပြားအောင်ပြုလုပ်တော်မူခဲ့သည်။ ထို့ကြောင့်လူသားတိုင်း၏မူလသည်တန်းတူပင်ဖြစ်ရာ လိင်တစ်မျိုးသည်အခြားလိင်တစ်မျိုးထက်၊ လူမျိုးတစ်မျိုးသည်အခြားလူမျိုးတစ်မျိုးထက် မွန်မြတ်သည်ဟူ၍မရှိပေ။ သို့သော်သက္ကဝါဟူ သောအလ္လာဟ်အရှင်မြတ်၏အမိန့်ကိုနာခံပြီး အပြစ်အကုသိုလ်မှရှောင်ကြဥ်ခြင်းဖြင့်သာ မွန်မြတ်နိုင်မည်။

ချွတ်ယွင်းမူအပေါင်းမှကင်းစင်၍ ကြီးကျယ်မြင့်မားတော်မူသောအလ္လာဟ်အရှင်မြတ်သည် အာဒမ်(အလိုင်ဟိစ္စလာမ်)အား မြေကြီးဖြင့်ဖန်ဆင်းခဲ့ပြီး ၎င်း၏နောက်တွင် သူ၏သားစဉ်မြေးဆက်များအား များပြားအောင်ပြုလုပ်တော်မူခဲ့သည်။ ထို့ကြောင့်လူသားတိုင်း၏မူလသည် တန်းတူပင်ဖြစ်ရာလိင်တစ်မျိုး သည်အခြားလိင်တစ်မျိုးထက်၊ လူမျိုးတစ်မျိုးသည်အခြားလူမျိုးတစ်မျိုးထက်မွန်မြတ်သည်ဟူ၍မရှိပေ။ သို့သော်သက္ကဝါဟူ သောအလ္လာဟ်အရှင်မြတ်၏အမိန့်ကိုနာခံပြီး အပြစ်အကုသိုလ်မှရှောင်ကြဥ်ခြင်းဖြင့်သာ မွန်မြတ်နိုင်မည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို-လူခပ်သိမ်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ယောက်ျားတစ်ယောက်၊ မိန်းမ တစ်ယောက်မှ (စတင်)ဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင်မှတ်မိကြအံ့သောငှာ၊ လူမျိုးစုအသီးသီး မျိုးနွယ်အသွယ်သွယ် ပြုလုပ်တော်မူခဲ့၏။ ဧကန်စင်စစ် အသင်တို့အနက် (အလ္လာဟ်အရှင်မြတ်အား) အကြောက်ရွံ့ဆုံး၊ အပြစ်များမှ အများဆုံး ကြဉ်ရှောင်သောသူသည်သာလျှင် အလ္လာဟ်အရှင်မြတ် အထံတော်၌အမြင့်မြတ်ဆုံးသောသူဖြစ်၏။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အသိတော်မူဆုံး၊ အကြားတော်မူဆုံးအရှင် ဖြစ်တော်မူပေသတည်း။စူရဟ် ဟုဂျုရာသ်-(၄၉:၁၃)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်အသင်တို့အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ထိုနောက်ကလလရေကြည်ဖြင့်(ဖန်ဆင်းတော်မူခဲ့၏)။ ထိုနောက် ထိုအရှင်မြတ်သည် အသင်တို့အား စုံတွဲများ ပြုလုပ်တော်မူခဲ့၏။စင်စစ် မည်သည့်မိန်းမတစ်ဦးတစ်ယောက်မျှပင် ထိုအရှင်မြတ်မသိတော်မူပဲ ကိုယ်ဝန်ဆောင်ခြင်းလည်းမရှိ၊ သားဖွားခြင်းလည်းမရှိပေ။ ထိုနည်းတူစွာ မည်သည့်အသက်ရှည်သောသူတစ်ဦးတစ်ယောက်၏ အသက်ကိုမျှ ပို၍သတ်မှတ်သည်လည်းမရှိ။ မည်သူတစ်ဦးတစ်ယောက်၏ အသက်ကိုမျှလျော့၍ သတ်မှတ်သည်လည်းမရှိ။ သို့ရာတွင် ဤသည်တို့သည် မှတ်တမ်းတော်၌ ရေးမှတ်ပြီးဖြစ်သည်။ ဧကန်မလွဲ ဤသည်ကားအလ္လာဟ်အရှင်မြတ်၌ လွန်စွာ လွယ်ကူလှပေသတည်း။စူရဟ် ဖာတွိရ်-(၃၅:၁၁)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် အသင်တို့အား မြေကြီးဖြင့် ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ကလလရေကြည်ဖြင့် ထို့နောက် သွေးခဲဖြင့်၊ ထို့နောက် ထိုအရှင်မြတ်သည် အသင်တို့အား ကလေးသူငယ်များအဖြစ် ထွက်စေတော်မူ၏။ ထို့နောက် အသင်တို့သည် မိမိတို့၏လူလားမြောက်အရွယ်ရောက်သော အချိန်ကာလတိုင်အောင် ရောက်ရှိကြအံ့သောငှာ(အသက်ရှင်စေတော်မူ၏)။ ထို့နောက်တစ်ဖန် အသင်တို့သည် ဇရာအိုများအရွယ်သို့ ရောက်ရှိကြအံ့သောငှာ (အသက်ရှင်စေတော်မူ၏)။ ၎င်းပြင် အသင်တို့အနက်(လူလားမြောက်ခြင်း အရွယ်သို့လည်းကောင်း၊ ဇရာအိုအရွယ်သို့လည်းကောင်း၊ မရောက်မီ) ရှေးဦးမဆွ၌ပင် သေဆုံးကြရသူများလည်း ရှိကြပေသည်။ ထို့ပြင် အသင်တို့သည် သတ်မှတ်ပြဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ရောက်ရှိအံ့သောငှာလည်းကောင်း၊ အသင်တို့သည် သိနားလည်ကြအံ့သောငှာလည်းကောင်း၊(ထိုအရှင်မြတ်သည် အသင်တို့အား ရွှေ့ဆိုင်းထားတော်မူ၏။)စူရဟ် ဂါဖိရ်-(၄၀:၆၇)အလ္လာဟ်အရှင်မြတ်က ရှင်းလင်းမိန့်ကြားထားသည်မှာ အရှင်မြတ်သည်အာဒမ် (အလိုင်ဟိစ္စလာမ်)အားမြေကြီးမှဖြစ်စေဟူသောအမိန့်ဖြင့် ဖန်ဆင်းခဲ့သည့်အတိုင်း (ယေရှု)မစီးဟ်(အလိုင်ဟိစ္စလာမ်)ကိုလည်း ဖြစ်စေဟူသော အမိန့်ဖြင့်သာဖန်ဆင်းခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အမှန်စင်စစ်အလ္လာဟ်အရှင်မြတ်၏အထံတော်၌(နဗီတမန်တော်)အီစာ၏ (ထူးဆန်းသော)အဖြစ်ကား(နဗီတမန်တော်)အာဒမ်၏(ထူးဆန်းသော)အဖြစ်ကဲ့သို့ပင်တည်း။ ထိုအရှင်မြတ်သည် (ဦးစွာပဌမ)ထို(နဗီတမန်တော်အာဒမ်)အားမြေကြီးဖြင့်ဖန်ဆင်းတော်မူခဲ့လေသည်၊ ပြီးနောက်ထိုအရှင်မြတ်သည်ထိုတမန်တော်အာဒမ်(၏ပုံသဏ္ဌာန်)ကိုဖြစ်စေဟုမိန့်ကြားတော်မူခဲ့ရာ ထိုတမန်တော်အာဒမ်(၏ပုံသဏ္ဌာန်)သည်(အသက်ထင်ရှားရှိသောလူသတ္တဝါ)ဖြစ်လာခဲ့ရလေသတည်း။စူရဟ် အားလိအင်မ်ရာန်-(၃:၅၉)တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ရှင်းပြထားသည့် လူသားအားလုံးသည်တန်းတူပင်ဖြစ်ကြပြီး တစ်ဦးထက်တစ်ဦးသာပိုမွန်မြတ်သည်ဟူ၍မရှိကြဘဲ သက္ကဝါဟူသောအလ္လာဟ်အရှင်မြတ်၏ အမိန့်ကိုနာခံပြီးအပြစ်အကုသိုလ်မှရှောင်ကြဉ်ခြင်းဖြင့်သာ မွန်မြတ်နိုင်ကြောင်း ကိုစာပိုဒ်(၂)တွင်ကျွန်တော်တင်ပြခဲ့ပြီးဖြစ်သည်။

၁၄။ မွေးဖွားလာသည့် ကလေးတိုင်းသည်သဘာဝဓမ္မ(အစ္စလာမ်သာသနာ)ပေါ်တွင်သာမွေးဖွားလာကြခြင်းဖြစ်သည်။

မွေးဖွားလာသည့်ကလေးတိုင်းသည် သဘာဝဓမ္မ(အစ္စလာမ်သာသနာ)ပေါ်တွင်သာမွေးဖွားလာကြခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-သို့ဖြစ်ပေရာ အသင်(လူသား)သည် လူသားတို့အား အလ္လာဟ်အရှင်မြတ် ဖန်ဆင်းတော်မူခဲ့သော သဘာဝဓမ္မနှင့်အညီ မိမိ၏မျက်နှာကို (မှန်ကန်သော) ဒီန်သာသနာအပေါ်၌ အာရုံစူးစိုက်လျက် ခိုင်ခံ့တည်တံ့စွာထားရှိလေ။ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းမှုတွင် မည်သည့်ပြောင်းလွဲမှုမျှ အလျှင်းမရှိပြီ။ ဤသည်ပင်လျှင် ဖြောင့်မတ်မှန်ကန်သော "ဒီန်" သာသနာဖြစ်၏။ သို့တစေလည်း အများဆုံးသော သူတို့မှာမူကား မသိနားမလည်ကြပေ။ စူရဟ် ရူးမ်-(၃၀:၃၀) (ဟနီဖီယဟ်)ရှိရ်က်ဖက်စပ်ကိုးကွယ်မှုကိုစွန့်၍ တစ်ပါးတည်းသောအရှင်မြတ်ကိုသာလျှင်ခဝပ်ကိုးကွယ်ခြင်းသည် တမန်တော်အိဗ်ရာဟီမ်(အလိုင်ဟိစ္စလာမ်) ၏လမ်းစဉ်ပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထို့နောက် ငါအရှင်မြတ်သည် အသင်တို့၏ထံသို့ (နဗီတမန်တော်)အိဗ်ရာဟီမ်၏ လမ်းစဉ်ကို လိုက်နာပါလေဟု အမိန့်တော် ချမှတ်တော်မူခဲ့လေသည်။ (အမှန်စင်စစ်ယင်းနဗီတမန်တော် အီဗ်ရာဟီမ်သည်) ဖြောင့်မတ်တည်ကြည်သူဖြစ်ခဲ့၏။ ၎င်းပြင် မုရှ်ရစ်က် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သူတို့ အနက်မှလည်းမဖြစ်ခဲ့ချေ။စူရဟ် နဟ်လ်-(၁၆:၁၂၃)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -ကလေးတိုင်းသည် သဘာဝဓမ္မ(အစ္စလာမ်သာသနာ) ပေါ်တွင်သာမွေးဖွားလာကြသည်။ထို့နောက် ၎င်း၏မိဘနှစ်ပါးကသူ့ကို(ယဟူဒီ)ဂျူး သို့မဟုတ် (နတ်ဆ်ွရာနီ)ခရစ်ယာန် သို့မဟုတ် (မဂျူစီ)မီးကိုးကွယ်သူဖြစ်အောင်ပြုလုပ်လိုက်ကြသည်။ ခြေလေးချောင်းတိရစ္ဆာန်သည် အပြစ်အနာစာကင်းစင်သည့်ကလေးအားသားပေါက်သကဲ့သို့ပင်ဖြစ်သည်။ သင်တို့သည် ထိုသားပေါက်လေးတွင်နား၊နှာခေါင်းပြတ်နေသည်ကို တွေ့မြင်ဖူးကြပါသလော။ထို့နောက် အဘူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) ကအောက်ပါ အာယသ်တော်အား ရွတ်ဖတ်သည်။လူသားတို့အား အလ္လာဟ်အရှင်မြတ် ဖန်ဆင်းတော်မူခဲ့သော သဘာဝဓမ္မအတိုင်း အလ္လာဟ်အရှင်မြတ်၏ဖန်ဆင်းမှုတွင်မည်သည့်ပြောင်းလွဲမှုမျှအလျှင်းမရှိပြီ။စူရဟ် ရူးမ်-(၃၀:၃၀)(ဆွဟီးဟ် ဗုခါရီကျမ်း - ၄၇၇၅)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -သတိပြုကြလေကုန်၊ ဧကန်အမှန်ပင် ငါကိုယ်တော်၏ အရှင်မြတ်က ငါကိုယ်တော်အား ဤနေ့တွင် အရှင်မြတ်က ငါ့အားသင်ကြားပေးတော်မူသည့် ကိစ္စများအနက်မှ သင်တို့မသိနားမလည်သည့် ကိစ္စကို သင်ကြားပေးရန် ငါကိုယ်တော်အား အမိန့်ပေးတော်မူသည်။ (အရှင်မြတ်ကမိန့်သည်မှာ) အရှင်မြတ်၏ကျွန်အား ငါအရှင်ချီးမြှင့်ထားသည့် ဥစ္စာပစ္စည်းတိုင်းသည် (ဟလာလ်)ခွင့်ပြုထားသည့်အရာပင်ဖြစ်သည်။ငါအရှင်မြတ်သည် ငါ၏ကျေးကျွန်အားလုံးအား (သဘာဝဓမ္မ) အစ္စလာမ်သာသနာ ပေါ်တွင်သာ ဖန်ဆင်းခဲ့သည်။ ၎င်းတို့ဆီသို့ ရှိုင်သွာန်မိစ္ဆာများ ရောက်လာခဲ့၍ ၎င်းတို့၏သာသနာမှ တိမ်းချော်အောင်ပြုလုပ်လိုက်ကြပြီး ငါအရှင်မြတ်က ၎င်းတို့အတွက် (ဟလာလ်) ခွင့်ပြုထားသည့်အရာတို့ကို ၎င်းတို့အတွက် (ဟရာမ်)တားမြစ်ထားသည့်အရာ ဟူ၍သတ်မှတ်လိုက်သည်။ထို့နောက် ငါအရှင်မြတ်က သက်သေအထောက်အထား ချပေးထားခြင်းမရှိသည့်ကိစ္စဖြစ်သော ငါအရှင်မြတ်အား ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုပြုရန် ၎င်းတို့အား အမိန့်ပေးခဲ့သည်။(မွတ်စ်လင်မ်ကျမ်း -၂၈၆၅)

၁၅။ မည်သည့် လူသားတစ်ဦးတစ်ယောက်မျှပင် အပြစ်သားအဖြစ်လည်းကောင်း၊ သို့မဟုတ် အခြားသူ၏အပြစ်ကို အမွေဆက်ခံသူ အဖြစ်လည်းကောင်း မွေးဖွားလာခြင်းမဟုတ်ပေ။

မည်သည့်လူသား တစ်ဦးတစ်ယောက်မျှပင် အပြစ်သားအဖြစ်လည်းကောင်း သို့မဟုတ် အခြားသူ၏အပြစ်ကိုအမွေဆက်ခံသူအဖြစ် လည်းကောင်း မွေးဖွားလာသည်မဟုတ်ပေ။အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့အား အသိပေးမိန့်ကြားထားမှာ (လူသားအားလုံး၏ဖခင်) အာဒမ် (အလိုင်ဟိစ္စလာမ်)သည် အရှင်မြတ်၏ အမိန့်တော်အား ချိုးဖောက်မိပြီး ၎င်းနှင့်ကြင်ယာတော် ဟောင်ဝါအ် တို့သည် (တားမြစ်ထားသည့်) အပင်မှ (အသီးကို) စားခဲ့မိကြသည်။ထို့နောက် သူသည် နောင်တရခဲ့ပြီး (သောင်ဗဟ်) ဝန်ချတောင်းပန်မှုပြုကာအလ္လာဟ်အရှင်မြတ်၏ထံပါးတွင် ခွင့်လွှတ်ချမ်းသာခွင့် တောင်းခံခဲ့ကြသည်။ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် သူ့အား (ခွင့်လွှတ်မှု) တောင်းခံနိုင်ရန်အတွက် ကောင်းမြတ်သည့်စကားရပ်များ ကိုအသိပေးတော်မူသည်။သို့ဖြစ်၍ အာဒမ် (အလိုင်ဟိစ္စလာမ်)သည်ထိုအတိုင်း တောင်းခံခဲ့ရာ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့နှစ်ဦးစလုံးအား ခွင့်လွှတ်ချမ်းသာပေးတော်မူခဲ့သည်။အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ-ထို့နောက် ငါ(အလ္လာဟ်အရှင်မြတ်)သည်(အာဒမ်အား) ဤသို့မိန့်ကြားတော်မူ၏။ အို-အာဒမ်၊ အသင်သည် မိမိ ၏ကြင်ယာ(ဟောင်ဝါ)နှင့်တကွ ဂျန္နတ် အမတသုခဘုံ၌ နေထိုင်၍ အသင်တို့ဇနီးမောင်နှံနှစ်ဦးသည် ထိုသုခဘုံတွင် အလိုရှိရာနေရာမှ အာသာဆန္ဒရှိသမျှကို (လွတ်လပ်စွာယူငင်ပြီး)ဖော သီဝပြောစွာ စားသုံးကြကုန်၊ သို့ရာတွင်အသင်တို့သည် ဤအပင်၏အနီးသို့ မချဉ်းကပ်ကြနှင့်၊ (အကယ်၍ထိုအပင်၏အနီးသို့ချဉ်းကပ်၍ ထိုအပင်၏အသီးအနှံကို စားသုံးမိကြလျှင်) အသင်တို့သည် ပြစ်မှု ကျူးလွန်သူများတွင် အပါအဝင်ဖြစ်ကြကုန်လတ္တံ့။(၃၅)(ကမ္ဘာဦးဖခင်အာဒမ်(အ)နှင့် ကြင်ရာ တော်(ဟောင်ဝါ) တို့သည် အလ္လာဟ်အရှင်မြတ် ပေးသနားတော်မူသော ဂျန္နတ် အမတသုခဘုံတွင် သုခစည်းစိမ် ရိပ်ငြိမ်ချမ်းသာကို မွေ့လျော်စွာ စံစား၍ နေကြကုန်၏၊) ထိုသို့ နေထိုင်ရာအတွင်း ရှိုင်တွာန်သည် ထိုသစ်ပင်နှင့်စပ်လျဉ်း၍ မာယာပရိယာယ်အားဖြင့် လှည့်ပတ်ဖြားယောင်း သွေးဆောင်ပြီး ထိုကြင်ရာကြင်ဘက်နှစ်ဦးတို့အား တိမ်းပါး ချော်ချွတ်စေ၍ ထိုဥယျာဉ်တော်မှ နှင်ထုတ်လေ၏။ ထိုအခါ ငါအလ္လာဟ် အရှင်မြတ်သည် ဤသို့အမိန့်တော် ချမှတ်တော်မူ၏။ အသင်တို့သည်(ငါ၏ဥယျာဉ်တော်မှ) ဆင်းသွားကြကုန်။ အသင်တို့သည် တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ဖြစ်ပွား ရန်ဘက်များဖြစ်ကြအံ့။ ကမ္ဘာမြေပြင်တွင် အသင်တို့အဘို့ သတ်မှတ်ထားသည့် သက်တမ်းတိုင်အောင် နေရာ ထိုင်ခင်းနှင့် အကျိုးခံစားခြင်းရှိအံ့။(၃၆)ထိုအခါ ကမ္ဘာဦးဖခင် အာဒမ်(အ)သည် မိမိအား မွေးမြူစောင်မ ကြည့်ရှုတော်မူထသော အရှင့်ထံမှ အချို့သော(ဆုမွန်)များကို သင်ကြားနာယူ၍ (အရှင့်ထံ ဝန်ချတောင်းပန် အသနားခံရာ) အလ္လာဟ်အရှင်မြတ်သည် မိမိကရုဏာတော်ဖြင့် အာဒမ်(အ)ဘက်သို့ လှည့်တော်မူ၍ ချမ်းသာခွင့် ပေးသနားတော်မူလေ၏။ အမှန်စင်စစ် ထိုအရှင်သည်သာလျှင် (ဝန်ချတောင်းပန် အသနားခံသူများအား) အကြိမ်ကြိမ်အဖန်ဖန် ချမ်းသာခွင့် ပေးသနားတော် မူသောအရှင်၊အစဉ်အမြဲ သနားညှာတာ ကြင်နာတော် မူထသောအရှင် ဖြစ်တော်မူပေသတည်း။(၃၇)အာဒမ်(အ)နှင့် ကြင်ယာတော် ဟောင်ဝါတို့အား] ငါအရှင်မိန့်ကြားတော်မူသည်မှာ (ယခု) အသင်တို့အားလုံးသည် ဤဂျန္နတ် အမတသုခဘုံမှ ဆင်းသက်သွားကြကုန်၊ နောင်သောအခါကာလ၌ အကယ်၍ ငါ၏အထံတော်မှ တရားဒေသနာများ ကျရောက်လာလျှင် (ကျရောက်မည်လည်းမုချပင်) သို့ငါအရှင် ချမှတ်ပေးအပ်တော်မူသော တရား ဒေသနာတော်တို့ကို အကြင်မည်သူမဆို နာယူ ကျင့်မူပါကထိုကဲ့သို့သော (သူတော်စင် သူတော်မြတ်)တို့သည် စိုးရိမ်ကြောင့်ကြရမည်လည်းမဟုတ်၊ ပူဆွေးကြရမည်လည်းမဟုတ်။(၃၈)စူရဟ် ဗကရဟ်-(၂:၃၅-၃၈)အလ္လာဟ်အရှင်မြတ်သည် အာဒမ် (အလိုင်ဟိစ္စလာမ်)ကို ခွင့်လွှတ်ချမ်းသာပေးတော်မူပြီးဖြစ်သဖြင့် ၎င်းအား အပြစ်ရှိသူဟူ၍ မသတ်မှတ်နိုင်တော့ပေ။ ဤအချက်မှ သိရသည်မှာ ၎င်း၏သားစဉ်မြေးဆက် (လူသား) အားလုံးတို့သည်လည်းအမှားဝန်ခံမှုကြောင့်ပပျောက်သွားပြီဖြစ်သည့် အပြစ်အား အမွေဆက်ခံခြင်းမရှိတော့ပေ။အဓိကကြသည့် အခြေခံအချက်တစ်ခုမှာ လူတိုင်းသည် အခြားသူတစ်ဦး၏ (အပြစ်)ဝန်ထုပ်ဝန်ပိုးအား ထမ်းရွက်ရမည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားတဖန် ထပ်မံ၍ ဤသို့) ပြောကြားပါဦးလေ။ (အချင်းတို့)ငါသည် အလ္လာဟ်အရှင်မြတ်အပြင် အခြားကို ဖန်ဆင်းမွေးမြူသောအရှင်အဖြစ် ရှာဖွေရပါမည်လော။ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကိုဖန်ဆင်း မွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည်။၎င်းပြင်မည်သူမဆို (တစ်စုံတစ်ရာကို) ရှာဖွေ ဆည်းပူး ပြုလုပ်ခဲ့သော်ထိုသူ၏အပေါ်၌သာလျှင်ရှိပေအံ့။ ထို့ပြင် သယ်ပိုးသူတဦးမျှပင် သူတစ်ပါး၏ဝန်ကို သယ်ပိုးလိမ့်မည်မဟုတ်ပေ။ ထို့နောက်အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော် သို့သာလျှင်ပြန်ကြရမည်။ ထိုအခါ ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား၊ အသင်တို့ကွဲပြားလျက်ရှိခဲ့ကြသော ကိစ္စများကို သိစေတော်မူမည်။စူရဟ် အန္နအာမ်-(၆:၁၆၄)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အကြင်သူသည် တရားလမ်းမှန်ကို ရရှိခဲ့လျှင်မိမိကိုယ်တိုင်၏အကျိုးငှာ တရားလမ်းမှန်ကို ရရှိခဲ့သည်သာ။ထိုနည်းတူစွာ အကြင်သူသည် လမ်းမှားခဲ့လျှင်လည်း မိမိကိုယ်နှင့်ဆန့်ကျင်၍ လမ်းမှားခဲ့သည်သာတည်း။ အမှန်စင်စစ် မည်သည့်သယ်ပိုးသူတစ်ဦးတယောက်မျှပင် သူတစ်ပါး၏ဝန်ထုပ်ကိုသယ်ပိုး လိမ့်မည် မဟုတ်ပေ။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ရစူလ် တမန်တော်တစ်ပါးပါးကို စေလွှတ်တော်မမူသမျှကာလပတ်လုံး ပြစ်ဒဏ်ပေးတော်မူသည် မဟုတ်ပေ။စူရဟ် အစ္စရာအ်-(၁၇:၁၅)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အမှန်စင်စစ်သော်ကား မည်သည့် ဝန်ထုပ်ထမ်းသောသူ (အပြစ်ရှိနေသူ) တစ်စုံတစ်ယောက်မျှပင် သူတစ်ပါး၏ဝန်ထုပ်ကိုသယ်ပိုးထမ်းဆောင်မည်မဟုတ်ပေ။၎င်းပြင်အကယ်၍ဝန်ထုပ်ကိုထမ်းဆောင်သယ်ပိုးလျက်ရှိသူတစ်ဦးတစ်ယောက်သည် တစ်စုံတစ်ယောက်အား မိမိဝန်ထုပ်ကို သယ်ပိုး ထမ်းဆောင် ခြင်းငှာဟစ်ခေါ်ငြားသော်လည်းထိုဟစ်ခေါ်ခြင်းခံရသောသူသည်၎င်း၏ဆွေရင်းသားရင်းဖြစ်ခဲ့သည့်တိုင်အောင်ထိုဝန်ထုပ်မှအနည်းငယ်စိုးစဉ်းကိုမျှပင်သယ်ပိုးထမ်းဆောင်မည်မဟုတ်ပေ။(အိုနဗီတမန်တော်၊)အသင်သည် မိမိတို့၏ အရှင်မြတ်အား မမြင်ဘဲလျက် ကြောက်ရွံ့ကြကုန်သော၊ ဆွာလာတ် ဝတ်ပြုမှုကို ဆောက်တည်ကြကုန်သောသူတို့အားသာလျှင် သတိပေးနှိုးဆော်နိုင်ပေသည်။အမှန်သော်ကားမည်သူမဆို စင်ကြယ်သန့်ရှင်းခဲ့ပါမူ ထိုသူသည် မိမိအကျိုးငှာ စင်ကြယ်သန့်ရှင်းခဲ့သည်သာဖြစ်၏။ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်အထံတော်သို့သာလျှင်နောက်ဆုံး ပြန်ကြရကုန်အံ့သတည်း။စူရဟ် ဖာတွိရ်-(၃၅:၁၈)

၁၆။ လူသားအားဖန်ဆင်းရခြင်း၏ ရည်ရွယ်ချက်မှာ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ရန်အတွက်ဖြစ်သည်။

လူသားအားဖန်ဆင်းရခြင်း၏ ရည်ရွယ်ချက်မှာ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ရန်အတွက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ-စင်စစ်သော်ကား ငါအရှင်မြတ်သည် ဂျင်န်သတ္တဝါတို့အားလည်းကောင်း၊ မနုဿ လူသားတို့အား လည်းကောင်း၊ ငါအရှင်မြတ်အား ဆည်းကပ်ကိုးကွယ် ကြရန်သာလျှင် ဖန်ဆင်းတော်မူခဲ့၏။စူရဟ် ဇားရိယာသ်-(၅၁:၅၆)

၁၇။ အစ္စလာမ်သာသနာသည် လူသား (အမျိုးသား၊ အမျိုးသမီး) တိုင်းအား ထူးကဲမြင့်မြတ်အောင်ပြုပေးထားသည်။ ၎င်း၏အလုံးစုံသော အခွင့်အရေးများကိုလည်းအာမခံထားသည်။ ထို့ပြင် လူသားအားသူ၏ရွေးချယ်မှုများ၊ လုပ်ရပ်များနှင့် လုပ်ဆာင်ချက်များနှင့်ပတ်သက်၍ တာဝန်ခံအဖြစ်ပြုလုပ်ထားပြီး မိမိအတွက်ဖြစ်စေ အခြားသူများအတွက်ဖြစ်စေ ထိခိုက်နစ်နာစေသည့် မည်သည့်လုပ်ရပ်အတွက်မဆို တာဝန်ခံစေခဲ့သည်။

အစ္စလာမ်သာသနာသည် လူသား(အမျိုးသား၊အမျိုးသမီး)တိုင်းအားထူးကဲမြင့်မြတ်အောင်ပြုပေးထားသည်။ ကြီးကျယ်မြင့်မားတော်မူသောအလ္လာဟ်အရှင်မြတ်သည် လူသားအားကမ္ဘာမြေပထဝီပေါ်တွင် (ခလီဖဟ်)ကိုယ်စားလှယ်ဖြစ်ရန် ဖန်ဆင်းတော်မူခဲ့ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်၊ အသင်သည် ပြန်လည်စဉ်းစား သတိရလော့) တရံရောအခါ အသင့်အား မွေးမြူတော်မူသော အရှင်က (မိမိ၏) အပါးတော် စေတမန်များအား ဧကန်အမှန် ငါအရှင်သည် ကမ္ဘာပေါ်ဝယ် (ငါ၏အမိန့်အာဏာ၏တော်များကို ထုတ်ပြန်ကျေညာရန်အလို့ငှာ လူတို့၏ဖခင်) အာဒမ်(အ) အား (ငါ၏) ကိုယ်စားလှယ်တော်အဖြစ် မြှောက် စားခန့်အပ်တော်မူမည်ဟု မိန့်ကြား တော်မူသည်။စူရဟ် ဗကရဟ်-(၂:၃၀)ဤထူးကဲမြင့်မြတ်မှုတွင် အာဒမ်၏သားမြေး (လူသားအားလုံး) အကျုံးဝင်သည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားသည်မှာ-ဧကန်မလွဲ ငါအရှင်မြတ်သည် အာဒမ်၏သားသမီးများကို ဂုဏ်သိန်ထူးကဲ မြင့်မြတ်စေတော်မူခဲ့လေသည်။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကုန်းပေါ်၌ (ကုလားအုတ်၊ မြင်း၊ ကုန်းယာဉ်၊ လေယာဉ် ပျံ၊ စသောအစီးအနင်းတို့ကို)လည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်၌(သင်္ဘော၊ လှေ၊ သမ္ဗန်စသောယာဉ်များကို)လည်းကောင်း၊ စီးနင်းစေတော်မူခဲ့သည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့အား (စားသုံးရန်) စင်ကြယ်ကောင်းမွန်သောအရာများကို ချီးမြှင့်ပေးသနားတော် မူခဲ့သည်။တစ်ဖန် ငါအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ် ဖန်ဆင်းထားတော်မူသော အရာများအနက် များစွာ(သောသက်ရှိသက်မဲ့)တို့ထက် ထူးကဲမြင့်မြတ်စေတော်မူခဲ့လေသတည်း။စူရဟ် အစ္စရာအ်-(၁၇:၇၀)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဧကန်မလွဲငါအရှင်မြတ်သည်လူကိုအကောင်းဆုံးသောအချိုးအစားအရပ်အမောင်းပုံပန်းသဏ္ဍာန်၌ဖန်ဆင်းတော်မူ၏။စူရဟ် သီးန်-(၉၅:၄)အလ္လာဟ်အရှင်မြတ်သည် လူသားအားအလ္လာဟ်အရှင်မြတ်မှအပအခြားသောကိုးကွယ်ရာ၊ ခေါင်းဆောင်နှင့် အကြီးအကဲတို့အတွက် မိမိကိုယ်မိမိသေးသိမ်သည့်နောက်လိုက်အဖြစ် ပြုလုပ်လိုက်ခြင်းမှ တားမြစ်ထားတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားသည်မှာ-သို့ရာတွင် လူသားတို့အနက်မှ အချို့တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပြိုင်ဆိုင်၍ (မိမိတို့၏) ဦးစီးနာယကများကို ကိုးကွယ်ကြလေသည်။ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အား ချစ်ကြည်မြတ်နိုးဘိသကဲ့သို့ပင် မိမိတို့၏ ဦးစီးနာယကများကို ချစ်ကြည်မြတ်နိုးကြကုန်၏။ သို့ရာတွင် ယုံကြည်ခြင်း သဒ္ဓါတရား ရှိကြသူတို့ မှာမူအလ္လာဟ်အရှင်မြတ် ကိုသာလျှင် အလွန်ထက်သန်သော (ယုံကြည်ခြင်း သဒ္ဓါတရားဖြင့်) ချစ်ကြည်မြတ်နိုး (ကိုးကွယ်) ကြလေသတည်း။ (တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ကိုသာ ကိုးကွယ်ရမည်ဟူသောဒေသနာတော်ကို) ကျူးလွန်သူတို့သည် (နောင်တမလွန်ဘဝ၌) အပြစ်ငရဲများကို မျက်ဝါးထင်ထင်တွေ့ မြင်ကြသည့်အခါ အလုံးစုံသော တန်ခိုးအာဏာတို့သည် အလ္လာဟ်အရှင်မြတ်၌ သာလျှင် တည်ရှိကြောင်း၊ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်သော ပြစ်ဒဏ်များကို စီရင်တော်မူသောအရှင် ဖြစ်ကြောင်းကို သိရှိကြလိမ့်မည်။ အကယ်၍သာ ထိုကျူးလွန်သူတို့သည် (မိမိတို့ကိုယ်တိုင်တွေ့ ကြုံရမည့် နောင်ရေးများကို) ဤဘဝ၌ပင် ကြိုတင်၍ သိမြင်ထားကြပါမူ ကောင်းလေစွတကား။(၁၆၅) အကြင်အချိန်အခါဝယ် (လူအပေါင်းတို့ကို လှည့် ဖြားသွေးဆောင်ကြကုန်သော) ခေါင်းဆောင် တို့သည် မိမိတို့၏ တပည့်နောက်လိုက်တို့အား စွန့်ပစ်ကြကုန်အံ့၊ ထိုအခါ ယင်း ခေါင်းဆောင်များနှင့် နောက်လိုက်တပည့်တို့သည် ပြစ်ဒဏ်များ ကို(မျက်ဝါးထင်ထင်) ရှုမြင်ကြအံ့၊ (၎င်းပြင်) ယင်းသူတို့၌ တဦးနှင့်တဦး ဆက်သွယ်မှုများသည်လည်း ပြတ်တောက်သွားလတ္တံ့။(၁၆၆)စူရဟ် ဗကရဟ်-(၂:၁၆၅၊၁၆၆)ကြီးကျယ်မြင့်မားတော်မူသောအလ္လာဟ်အရှင်မြတ်သည် ကိယာမသ်နေ့၌ လမ်းမှားလိုက်သည့် ခေါင်းဆောင်များနှင့်နောက်လိုက်တို့၏ အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားထားတော်မူသည်မှာ-(ထိုအခါ) အကြီးအကဲတို့က နောက်လိုက်ငယ်သားတို့အား ပြောဆိုကြပေမည်။ (အချင်းတို့၊) အသင်တို့ထံတရားလမ်းမှန် ရောက်ရှိ၍လာပြီးနောက် ကျွန်ုပ်တို့သည်အသင်တို့အား ယင်းတရားလမ်းမှန်မှ ပိတ်ပင်တားဆီးခဲ့ကြပါသလော၊ ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား အသင်တို့သည်ပင်လျှင် ပြစ်မှုကျူးလွန်သူများ ဖြစ်ခဲ့ကြကုန်၏။(၃၂)ထိုအချိန်တွင် နောက်လိုက်ငယ်သားတို့ကအကြီးအကဲတို့အား ထိုသို့ အလျဉ်းမဟုတ်၊ စင်စစ်မှာကားနေ့ညဉ့်မပြတ်(ကြံစည်လျက်ရှိခဲ့ကြသောအသင်တို့၏) ကြံစည်မှုများကပင် (ပိတ်ပင်တားမြစ်ခဲ့၏)။ အကြင်အခါဝယ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား မယုံကြရန်လည်းကောင်း၊ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူများကို ပြုလုပ်ကြရန်လည်းကောင်း၊ အသင်တို့သည် ကျွန်ုပ်တို့အားအမိန့်ပေးတိုက်တွန်းလျက် ရှိခဲ့ကြသည်ဟု ပြောဆိုကြပေမည်။ အမှန်သော်ကား ၎င်းတို့သည် ပြစ်ဒဏ်ကို မြင်ကြသောအခါ (မိမိတို့၏) နောင်တရမှုကို လျှို့ဝှက်ဖုံးအုပ်ထားကြပေမည်။ ထိုအခါငါအရှင်မြတ်သည် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၏ လည်ကုပ်များ၌ လည်ကွင်းများကို စွပ်ပေးတော်မူပေမည်။ (စင်စစ်သော်ကား) ၎င်းတို့သည် မိမိတို့ ကျင့်မူလျက်ရှိခဲ့ကြသည်နှင့်အညီ အစားပေးခြင်းကိုသာခံကြရမည်ဖြစ် ပေသတည်း။(၃၃)စူရဟ် စဗအ်-(၃၄:၃၂၊၃၃)ချွတ်ယွင်းမှုအပေါင်းမှကင်းစင်ပြီး ကြီးကျယ်မြင့်မားတော်မူသောအလ္လာဟ်အရှင်မြတ်၏ ပြီးပြည့်စုံသည့်တရားမျှတမှုအနက်မှ အရှင်မြတ်သည် ကိယာမသ်နေ့တွင်လမ်းမှားသို့ ဖိတ်ခေါ်ခဲ့ကြသူများနှင့် လမ်းမှားလိုက်သည့် ခေါင်းဆောင်များအား ၎င်းတို့၏အပြစ်ဝန်ထုပ်များကို ထမ်းရွက်စေမည့်အပြင် အသိပညာမရှိဘဲ ၎င်းတို့က လမ်းမှားအောင်ပြုလုပ်ခဲ့ကြသောသူတို့၏ အပြစ်ဝန်ထုပ်များကိုလည်း ထမ်းရွက်စေမည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ-နောက်ဆုံး၌ ၎င်းတို့သည် ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင် မိမိတို့၏ ဝန်ထုပ်များကိုလည်း အပြည့်အဝထမ်းဆောင်ကြရပေမည်။ ထိုမှတစ်ပါး ၎င်းတို့သည် (မိမိတို့)အသိပညာမရှိဘဲ လမ်းလွဲစေခဲ့ကြသောသူတို့၏ ဝန်ထုပ်ဝန်ပိုးများကို ထမ်းဆောင်ကြရပေမည်။ သတိပြုကြလေကုန်။၎င်းတို့သယ်ပိုးထမ်းရွက်ကြကုန်သော ဝန်ထုပ်ဝန်ပိုးသည်အဘယ်မျှဆိုးရွားလှပေသနည်း။စူရဟ် နဟ်လ်-(၁၆:၂၅)အစ္စလာမ်သာသနာသည် လောကီ၊လောကုတ္တရာနှစ်ခုစလုံး၌လူသား၏ အခွင့်အရေးများအား ပြည့်ပြည့်ဝဝ အာမခံထားသည်။ အစ္စလာမ်သာသနာက အာမခံထားသည့် အခွင့်အရေးများအနက် အကြီးကျယ်ဆုံးအခွင့်အရေးအား လူသားကိုရှင်းပြထားသည်။ ၎င်းမှာ အလ္လာဟ်အရှင်မြတ်နှင့် သက်ဆိုင်သည့် လူသား၏ တာဝန်နှင့် လူသားနှင့်သက်ဆိုင်သည့် အလ္လာဟ်အရှင်မြတ်၏ တာဝန်ယူမှုဖြစ်သည်။မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်မှာ ကျွန်တော်သည် (မြည်းပေါ်တွင်) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏နောက်မှလိုက်ပါစီးနင်းခဲ့သည်။ကိုယ်တော်က အို-မုအာဇ်ဟုခေါ်ခဲ့ရာ ကျွန်တော်က ကျွန်တော်မျိုးအသင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ထို့နောက် ကိုယ်တော်သည် ဤအတိုင်း သုံးကြိမ်ခေါ်တော်မူပြီးနောက် မိန့်ကြားတော်မူသည်မှာ ကျေးကျွန်များအပေါ်တွင်ရှိသည့် အလ္လာဟ်အရှင်မြတ်နှင့်သက်ဆိုင်သည့် တာဝန်ကို သင်သိပါလား။ ကျွန်တော်က မသိပါဟု ဖြေကြားခဲ့သည်။ ကိုယ်တော်ကမိန့်ကြားတော်မူသည် ကျေးကျွန်များအပေါ်တွင်ရှိသည့် အလ္လာဟ်အရှင်မြတ်နှင့်သက်ဆိုင်သည့် တာဝန်မှာ ထိုအရှင်မြတ်တစ်ပါးတည်းကိုသာခဝပ်ကိုးကွယ်ပြီး အရှင်မြတ်နှင့်အတူမည်သည့်အရာကိုမျှ ဖက်စပ်ယှဥ်တွဲကိုးကွယ်မှုမပြုခြင်းဖြစ်သည်။ထို့နောက် အချိန်အနည်းငယ် ဆက်သွားခဲ့ပြီးနောက်း ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အို-မုအာဇ် ဟုခေါ်ခဲ့ရာ ကျွန်တော်က ကျွန်တော်မျိုးအသင့်ရှိပါသည်ဟု ဖြေကြားခဲ့သည်။ ကိုယ်တော်ကမိန့်ကြားသည်မှာ အကယ်၍(ကျေးကျွန်တို့သည်)ထိုအတိုင်းလိုက်နာခဲ့ကြလျှင် အလ္လာဟ်အရှင်မြတ်ပေါ်တွင် ကျေးကျွန်တို့နှင့်သက်ဆိုင်သည့် တာဝန်ယူမှုကိုသင်သိပါသလား။ ထိုအရာမှာ ၎င်းတို့အားပြစ်ဒဏ်မပေးခြင်းဖြစ်သည်။(ဆွဟီးဟ် ဗုခါရီကျမ်း -၆၈၄၀)အစ္စလာမ်သာသနာသည် လူသားအတွက် သူ၏စစ်မှန်သည့် သာသနာ၊သားစဉ်မြေးဆက်၊ ဥစ္စာပစ္စည်းနှင့် ဂုဏ်သိက္ခာတို့အား အာမခံထားသည်။တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည်အသင်တို့၏ဤမြို့တွင် အသင်တို့၏ ဤလတွင် အသင်တို့၏ ဤနေ့ ထွတ်မြတ်သလိုမျိုး အသင်တို့၏သွေးများ၊ အသင်တို့၏ ဥစ္စာပစ္စည်းများနှင့် အသင်တို့၏ဂုဏ်သိက္ခာများသည် အသင်တို့အပေါ်တွင် (ထွတ်မြတ်မှုကြောင့်)ဟရာမ်(ထိပါးခြင်းမပြုရ)ဟူ၍ သတ်မှတ်တော်မူသည်။(ဆွဟီးဟ် ဗုခါရီကျမ်း - ၆၅၀၁)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဤကြီးကျယ်လှသည့်ပဋိညာဉ်အား သာဝကပေါင်း တစ်သိန်းကျော် လာရောက်ခဲ့သည့်(ဟဂ်ျသုလ်ဝဒါအ်)နောက်ဆုံးဟဂ်ျတွင် ကြေညာတော်မူခဲ့သည်။ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည်နောက်ဆုံးဟဂ်ျ၏ ကုရ်ဗာနီနေ့တွင် ၎င်းအမိန့်တော်အားအလေးအနက် အကြိမ်ကြိမ်မိန့်ကြားခဲ့သည်။အစ္စလာမ်သာသနာသည် လူသားအား သူ၏ရွေးချယ်မှုများ၊ လုပ်ရပ်များနှင့်လုပ်ဆာင်ချက်များအားလုံအတွက် တာဝန်ရှိသူအဖြစ်သတ်မှတ်ပေးခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထို့ပြင် ငါအရှင်မြတ်သည် လူတိုင်းလူတိုင်း၏အပြုအမူကို ၎င်း၏လည်ကုပ်တွင် ခိုင်မြဲစွာချည်နှောင် ထားတော်မူသည်။ ၎င်းပြင် ငါအရှင်မြတ်သည် ကိယာမတ်နေ့တွင်၎င်းအား မှတ်တမ်းတစ်ခုကို ထုတ်ပေးတော်မူပေမည်။ ၎င်းသည် ထိုမှတ်တမ်းကို ပွင့်လျက်တွေ့ရှိရပေလိမ့်မည်။စူရဟ် အစ္စရာအ်-(၁၇: ၁၃)ဆိုလိုသည်မှာ ၎င်းပြုလုပ်သည့် ကောင်းမှု၊ မကောင်းမှုအားလုံးအား အလ္လာဟ်အရှင်မြတ်က ၎င်းနှင့်အတူအမြဲရှိစေပြီး ထိုအရာများသည်သူ့အားကျော်လွန်၍ အခြားသူထံရောက်ရှိခြင်းမရှိပေ။ သို့ဖြစ်၍ အခြားသူ၏ လုပ်ရပ်ကြောင့် ၎င်းမှာစစ်ဆေးခြင်းခံရမည် မဟုတ်သလို ၎င်း၏လုပ်ရပ်ကြောင့်လည်း အခြားသူမှာစစ်ဆေးခြင်းခံရမည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို-လူသား၊ ဧကန်စင်စစ် အသင်သည် မိမိအရှင်မြတ်အထံတော်သို့ ရောက်ရှိသည့်တိုင်အောင် (သေသည့်တိုင်အောင်) ပင်ပန်းကြီးစွာ ကြိုးပမ်းဆောင် ရွက်ရပေမည်။ ထို့နောက် (အသင်သည်) ယင်း ကြိုးပမ်းမှု(၏ အကျိုးကို)တွေ့ရှိရပေမည်။စူရဟ် အင်(န်)ရှိကာက်-(၈၄:၆)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-မည်သူမဆို ကောင်းမြတ်သောအကျင့်သီလကိုကျင့်မူဆောက်တည်ပါလျှင် မိမိအကျိုးငှာကျင့်မူ ဆောက်တည်ခြင်းပင် ဖြစ်ပေသည်။ ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုကိုပြုလုပ်သည်ရှိသော်(ယင်းမကောင်းမှု၏ဆိုးကျိုးမှာ)၎င်း၏ အပေါ်၌သာကျ ရောက်မည်ဖြစ်၏။ အမှန်စင်စစ်သော်ကားအသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်ကျွန်တို့အပေါ်ဝယ် နှိပ်စက်ကလူ ပြုတော်မူသောအရှင် မဟုတ်ပေတကား။စူရဟ် ဖွတ်စ်စွိလသ်-(၄၁:၄၆)အစ္စလာမ်သာသနာသည်လူသားအား မိမိအတွက်ဖြစ်စေ အခြားသူများအတွက်ဖြစ်စေ ထိခိုက်နစ်နာစေသည့် မည်သည့်လုပ်ရပ်အတွက်မဆို တာဝန်ခံစေခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ -ထို့ပြင်တဝ မည်သူမဆို ပြစ်မှုဒုစရိုက်ကို ရှာဖွေဆည်းပူးပါမူ ထိုသူသည် ယင်းပြစ်မှုဒုစရိုက်ကို မိမိကိုယ်နှင့်ဆန့်ကျင်၍ (တစ်နည်း) မိမိကိုယ်ကို နစ်နာဆုံးရှုံးအောင် ရှာဖွေဆည်းပူးသည်သာဖြစ်အံ့။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောမူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူလေ၏။စူရဟ် နိစာအ်-(၄:၁၁၁)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထို့အတွက်ကြောင့်ပင်ငါအရှင်မြတ်သည်အစ္စရာအီလီမျိုးနွယ်တို့အပေါ်၌(ဤသို့)အမိန့်ပြဌာန်းတော်မူခဲ့လေသည်။ ဧကန်စင်စစ် မည်သူမဆို အကြင်သူတစ်ဦးတစ်ယောက်အား အသက်တစ်ချောင်း၏ အစားလည်းမဟုတ်ဘဲ တိုင်းပြည်၌ ဆူပူသောင်းကျန်း (မှုကို ပြုလုပ်) ခြင်းကြောင့်လည်းမဟုတ်ဘဲ (မတရားသက်သက်) သတ်ဖြတ်ခဲ့ပါလျှင် ထိုသူသည် လူခပ်သိမ်းတို့ကို သတ်ဖြတ်ဘိသကဲ့သို့ပင်ဖြစ်၏။ ထိုနည်းတူစွာ မည်သူမဆို လူတဦးတစ်ယောက်ကို (အသက်ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်းအားဖြင့်) အသက်ရှင်စေခဲ့ပါမူ ထိုသူသည် လူအပေါင်းတို့အား အသက်ရှင်စေဘိသကဲ့သို့ပင်ဖြစ်၏။ ၎င်းအပြင် ငါအရှင်မြတ်၏ရစူလ်တမန်တော်များသည်ထို(အစ္စရာအီလီလူမျိုး)တို့ထံထင်ရှားလှစွာသောအမိန့်ပညတ်တော်များ၊ သက်သေလက္ခဏာတော်များနှင့်တကွ မုချ ရောက်ရှိလာခဲ့ကြလေ၏။ သို့ပါလျက်နှင့်ပင် ယင်း (အစ္စရာအီလီလူမျိုး) တို့တွင် များစွာသောသူတို့သည် တိုင်းပြည်၌ စည်းကမ်းဖောက်ဖျက် ကျူးလွန်လျက်နေကြပေမည်။စူရဟ် နိစာအ်-(၅ : ၃၂)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -အသက်တစ်ချောင်း မတရားသဖြင့် သတ်ဖြတ်ခြင်းခံရတိုင်း အာဒမ်၏သားအကြီးဆုံးသည်ထိုသတ်ဖြတ်မှု၏(အပြစ်)ဝေစုကို မျှဝေခံရမည်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ၎င်းသည်သတ်ဖြတ်သည့် လမ်းစဥ်အားပထမဦးဆုံးစတင်ခဲ့သူဖြစ်သည်။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း-၅၁၅၀)

၁၈။ အစ္စလာမ်သာသနာသည် အမျိုးသားနှင့် အမျိုးသမီးအား အမလ်ပြုကျင့်ခြင်း၊တာဝန်ခံဖြစ်ခြင်း၊ အစားပေးခြင်း၊ ကုသိုလ်ချီးမြှင့်ခြင်းတို့၌ တန်းတူပင်သတ်မှတ်ထားသည်။

အစ္စလာမ်သာသနာသည် အမျိုးသားနှင့် အမျိုးသမီးအား အမလ်ပြုကျင့်ခြင်း၊တာဝန်ခံဖြစ်ခြင်းတွင်၊ အစားပေးခြင်း၊ ကုသိုလ်ချီးမြှင့်ခြင်းတို့၌ တန်းတူပင်သတ်မှတ်ထားသည်။အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ-သို့ရာတွင် မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကောင်းမြတ်သောကျင့်ဝတ်တို့ကို ကျင့်မူအံ့၊ ၎င်းပြင် ထိုသူသည် 'မုအ်မင်န်' သက်ဝင်ယုံကြည်သူလည်းဖြစ်အံ့၊ သို့ဖြစ်လျှင် ထိုကဲ့သို့ သောသူတို့သည် 'ဂျန္နတ်' အမတသုခဘုံသို့ ဝင်ရောက် (စံမြန်း) ကြရမည့်အပြင် ထိုသူတို့သည် နှိပ်စက်ညှင်းပန်းခြင်းကိုလည်း စိုးစဉ်းမျှခံကြရမည်မဟုတ်ပေ။ကုရ်အာန် (၄:၁၂၄)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ(မုအ်မင်န်အဖြစ်နှင့်) ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့သော်၊ ၎င်းပြင် ထိုသူသည် မုအ်မင်န် သက်ဝင်ယုံကြည်သူ(လည်း)ဖြစ်ခဲ့သော် မလွဲဧကန် ငါအရှင်မြတ်သည်ထိုသူအား သန့်ရှင်းစင်ကြယ်သောအသက်ရှင်ခြင်းမျိုးဖြင့်အသက်ရှင်စေတော်မူပေမည်။ ထိုမှတစ်ပါး မုချစင်စစ် ငါအရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏အကျိုးကို ၎င်းတို့ကျင့်မူဆောက်တည်လျက်ရှိခဲ့ကြကုန်သော ကောင်းမြတ်သောအကျင့်သီလနှင့်လျော်ညီစွာ ချီးမြှင့်တော်မူပေမည်။ကုရ်အာန် (၁၆:၉၇)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-မည်သူမဆို မကောင်းမှုဒုစရိုက် တစ်စုံတစ်ရာကို ကျင့်မူခဲ့လျှင် ယင်းမကောင်းမှုနှင့် ညီမျှသည့် (ပြစ်ဒဏ်)ကိုသာ အစားပေးခြင်း ခံရပေမည်။သို့ရာတွင် မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့မူ ထိုမှတစ်ပါး ထိုသူသည် မုအ်မင်န် သက်ဝင် ယုံကြည်သူလည်း ဖြစ်ပါမူ၊ ထိုကဲ့သို့သောသူတို့မှာ "ဂျန္နတ်"သုခဘုံသို့ဝင်ရောက်ကြပေမည်။ထိုသူတို့သည် ယင်း"ဂျန္နတ်"သုခဘုံတွင်ရေတွက်ခြင်းမရှိဘဲစားနပ်ရိက္ခာကိုချီးမြှင့်ကျွေးမွေးခြင်းကိုခံကြရကုန်အံ့သတည်း။ကုရ်အာန် (၄၀:၄၀)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-မုချဧကန်မုစ်လင်မ်ယောက်ျားများသည်လည်း ကောင်း၊ မုစ်လင်မ် မိန်းမများသည်လည်း ကောင်း၊မုအ်မင်န် ယောက်ျားများသည်လည်းကောင်း၊ မုအ်မင်န်မိန်းမများသည်လည်းကောင်း၊ အမိန့်တော်ကို လိုက်နာကြသည့်ယောက်ျားများသည် လည်းကောင်း၊ အမိန့်တော်ကိုလိုက်နာသည့် မိန်းမများသည်လည်းကောင်း၊ သစ္စာဝါဒီယောက်ျားများသည်လည်း ကောင်း၊ သစ္စာဝါဒီ မိန်းမများသည်လည်းကောင်း၊သည်းခံကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ သည်းခံကြကုန်သောမိန်းမများသည်လည်းကောင်း၊ နိဝါတ တရားထားရှိကြသော ယောက်ျားများသည် လည်းကောင်း၊ နိဝါတတရားထားရှိကြသောမိန်းမများသည် လည်းကောင်း၊ အလှူဒါနပြုကြကုန်သော ယောက်ျားများသည်လည်းကောင်း၊အလှူဒါနပြုကြကုန်သော မိန်းမများသည်လည်းကောင်း၊ ဆွိယာမ် ဥပုသ်သီလ ဆောက်တည်ကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ ဆွိယာမ်ဥပုသ်သီလ ဆောက်တည်ကြကုန်သော မိန်းမများသည်လည်းကောင်း၊ မိမိတို့၏ အရှက်အင်္ဂါများကို စောင့်ထိန်းကြကုန်သော ယောက်ျားများသည်လည်းကောင်း၊ မိမိတို့၏အရှက်အင်္ဂါများကို စောင့်ထိန်းကြကုန်သောမိန်းမများသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားများစွာ အောက်မေ့တသ၊ သတိရကြကုန်သောယောက်ျားများသည်လည်းကောင်း၊ အောက်မေ့တသ သတိရကြကုန်သောမိန်းမများသည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်ထိုသူတို့ (အားလုံးတို့)အဖို့ (အပြစ်မှ)လွတ်ငြိမ်းချမ်းသာခွင့်နှင့်ကြီးကျယ်လှစွာသောအကျိုးကို အဆင်သင့်ပြုလုပ်စီမံ၍ ထားရှိပြီး ဖြစ်တော်မူပေသတည်း။ကုရ်အာန် (၃၃:၃၅)

၁၉။ အစ္စလာမ်သာသနာသည် အမျိူသမီးများကိုဂုဏ်ပေးထားပြီး အမျိုးသမီးများကို အမျိုးသားများနှင့်ဂုဏ်ရည်တူပင်ဖြစ်ကြောင်း သတ်မှတ်ထားသည်။ အမျိုးသားသည်တတ်စွမ်းနိုင်ပါက (သူမတို့အပေါ်) ငွေကြေးသုံးစွဲရန်လည်းသတ်မှတ်ထားသည်။ ထို့ကြောင့် သမီး၏ စရိတ်အား ဖခင်ပေါ်တွင်လည်းကောင်း၊ သားသည် အရွယ်ရောက်ပြီး တတ်စွမ်းနိုင်လျှင် မိခင်၏ စရိတ်အား သားပေါ်တွင်လည်းကောင်း၊ ဇနီး၏စရိတ်အား ခင်ပွန်းပေါ်တွင်လည်းကောင်း (သုံးစွဲရန်) တာဝန်ရှိသည်။

အစ္စလာမ်သာသနာသည် အမျိုးသမီးများအား အမျိုးသားများနှင့်သဘောသဘာဝအတူတူ ပင်ဖြစ်သည်ဟူ၍ သတ်မှတ်ထားသည်။အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -ဧကန်အမှန်ပင် အမျိုးသမီးများသည် အမျိုးသားများနှင့် သဘောသဘာဝအတူတူ ပင်ဖြစ်သည်။(သိရ်မိဇီကျမ်း - ၁၁၃)အမျိုးသမီးများအား အစ္စလာမ်သာသနာ၏ ဂုဏ်ပေးမှုအနက် တစ်ချက်မှာ သားသည် တတ်စွမ်းနိုင်ပါက မိခင်၏အသုံးစရိတ်အားပေးရန် အစ္စလာမ်ကသတ်မှတ်ပြဌာန်းထားသည်။အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -ပေးကမ်းသူ၏လက်သည် အကောင်းဆုံးဖြစ်ပြီး(အနီးစပ်ဆုံးဖြစ်သည့်) သင့်မိခင်၊သင့်ဖခင်၊သင့်အမနှမ နှင့်သင့်ညီအကိုတို့မှ စတင်ပေးကမ်းပါ။ ထို့နောက် နီးစပ်သည့်သားချင်းများကိုပေးကမ်းပါ။(အဟ်မဒ်ကျမ်း)မိဘနှစ်ပါး၏အဆင့်အတန်းအကြောင်းရှင်းလင်းချက်အား အလ္လာဟ်အလိုတော်ဖြင့် စာပိုဒ် (၂၉) တွင် လာရှိမည်ဖြစ်သည်။အမျိုးသမီးများအား အစ္စလာမ်သာသနာ၏ ဂုဏ်ပေးမှုအနက် တစ်ချက်မှာ ခင်ပွန်းသည်ငွေကြေးတတ်နိုင်သူဖြစ်ပါက ဇနီးသည်အပေါ် သုံးစွဲရန်တာဝန်ပေးထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ကြွယ်ဝချမ်းသာသောသူသည် မိမိကြွယ်ဝမှု နှင့်လျော်ညီစွာ သုံးစွဲရပေမည်။ သို့ရာတွင် စီးပွား ဥစ္စာကျပ်တည်းသော သူမှာမူကား မိမိအား အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသမျှ (ဥစ္စာပစ္စည်း)အနက်မှ သုံးစွဲရပေမည်။ အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦး တစ်ယောက်ကိုမျှပင် မိမိချီးမြှင့်ပေးသနားတော်မူသည်ထက်ပို၍ တာဝန်ပေးသည်မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် ကျပ်တည်းမှု၏နောက်တွင် မကြာမြင့်မီပင် ချောင် လည်မှုကို ဖန်တီး၍ ပေးသနားတော်မူအံ့သတည်း။စူရဟ် သွလာက်-(၆၅:၇)ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ခင်ပွန်းအပေါ်တွင် ဇနီးသည်နှင့်ပတ်သတ်၍ မည်သည့်ဝတ္တရားများရှိပါသနည်းဟု မေးလျှောက်ခဲ့သည်။ကိုယ်တော်က ဖြေကြားတော်မူသည်မှာ သင်စားသည့်အခါ သူမကိုလည်းကျွေးမွေးပါ၊ သင်ဝတ်ဆင်သည့်အခါ သူမကိုလည်းဆင်မြန်းပါ၊မျက်နှာအားရိုက်နှက်ခြင်းမပြုရ၊ ဆဲဆိုကြိမ်းမောင်းခြင်းမပြုရ။(အဟ်မဒ်ကျမ်း)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ခင်ပွန်းအပေါ်တွင်ရှိသည့် ဇနီးသည်နှင့် ပတ်သတ်သည့် ဝတ္တရားအချို့အား ရှင်းလင်းမိန့်ကြားခဲ့သည်မှာ-အသင်တို့အပေါ်တွင်သူမတို့၏စားနပ်ရိက္ခာနှင့်အဝတ်အစားအား ကောင်းမွန်သည့်နည်းဖြင့် (စီမံပေးရန်) တာဝန်ရှိသည်။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း)တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -အကြင်သူသည် မိမိထောက်ပံ့ပေးကမ်းရန် တာဝန်ရှိသည့်သူများအပေါ် လစ်လျူရှုလိုက်ခြင်းဖြင့် အပြစ်ရှိသူဖြစ်ရန် လုံလောက်သည်။(အဟ်မဒ်ကျမ်း)ခသ်သွာဗီက ရှင်းပြခဲ့သည်(من يقوت )၏ဆိုလိုရင်းမှာ- ပေးကမ်းထောက်ပံ့ရန်တာဝန်ရှိသည့်သူကိုဆိုလိုသည်။၎င်း၏အဓိပ္ပါယ်မှာ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က အလှူဒါနပြုသူအား ပြောကြားသည်မှာ သင်ပေးကမ်းထောက်ပံ့ရန် တာဝန်ရှိသည့်သူများအားမပေးကမ်းဘဲ အကျိုးကုသိုလ်မျှော်ကိုးပြီး အခြား အလှူဒါနပြုခြင်းမပြုလေနှင့်။ အကယ်၍သင်သည် ၎င်းတို့ (ရပိုင်ခွင့်)အား ပျက်စီးစေပါက ဤလုပ်ရပ်သည် အပြစ်အကုသိုလ်အဖြစ် ပြောင်းလဲသွားမည်။အစ္စလာမ်သာသနာက အမျိုးသမီးအား ချီးမြှောက်ထားသည်များအနက် တစ်ချက်မှာသမီးစရိတ်အား သုံးစွဲရန်ဖခင်ပေါ်တွင် တာဝန်ပေးထားခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထို့ပြင် မိခင်တို့သည် (လင်ယောက်ျားနှင့် ပြတ်စဲ သည်ဖြစ်စေ၊ မပြတ်စဲသည်ဖြစ်စေ) မိမိတို့၏ သားသမီးများကို 2-နှစ်တိုင်တိုင် နို့ရည်တိုက်ကျွေးကြရမည်။ (ဤအမိန့် တော်သည် ရက်ပိုင်းစေ့အောင် နို့ရည်တိုက်ကျွေးလိုသော သူတို့အဖို့ဖြစ်၏)။ ထို့ပြင် (ကလေး၏) ဖခင်အပေါ်၌ (နို့ရည် တိုက်ကျွေးသော ကာလပရိစ္ဆေဒ ရက်ပိုင်း စေ့သည့်တိုင်အောင်) ထိုမိခင်တို့၏ စားနပ်ရိက္ခာနှင့်တကွ ဝတ်စားတန်ဆာကို တရား စည်းမျဉ်းနှင့်အညီ (စီမံပေးရန်) တာဝန်ရှိပေသည်။စူရဟ် ဗကရဟ်-(၂:၂၃၃)ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် ဖခင်အားမိမိ၏ကလေးအတွက်အစားအသောက်နှင့်အဝတ်အစားတို့အား ကောင်းမွန်စွာ စီမံပေးရမည့်အကြောင်းရှင်းပြထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-တစ်ဖန် အကယ်၍ ၎င်းတို့သည် အသင်တို့အကျိုးငှာ(အသင်တို့၏ကလေးကို)နို့တိုက်ကျွေးခဲ့ကြလျှင် အသင်တို့သည် ၎င်းတို့အား ၎င်းတို့အခများကို ပေးဆပ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့အချင်းချင်း သင့်လျော်စွာ ညှိနှိုင်းတိုင်ပင်ကြလေကုန်။ သို့ရာတွင် အကယ်၍ သင်တို့သည် အချင်းချင်း မညီမညွတ် မပြေမလည် ဖြစ်ခဲ့ကြလျှင် ထို(ဖခင်)၏အကျိုးငှာ အခြားမိန်းမ တစ်ဦးတစ်ယောက်သည် နို့တိုက်ကျွေးရမည်ဖြစ်၏။စူရဟ် သွလာက်-(၆၅:၆)အလ္လာဟ်အရှင်မြတ်သည် ကလေးနို့တိုက်သည့်စရိတ်အား ဖခင်ပေါ်တွင်တာဝန်ပေးထားသည်။ ဤအချက်က ညွှန်ပြနေသည်မှာ သားဖြစ်စေ၊ သမီးဖြစ်စေ ကလေးစရိတ်သည် ဖခင်ပေါ်တွင်သာတာဝန်ရှိပေသည်။ အောက်တွင်ဖော်ပြထားသည့် ဟဒီးစ်ဩဝါတော်တွင် ဇနီးနှင့်သားသမီးတို့၏ စရိတ်သည်ဖခင်အပေါ်တွင် တာဝန်ရှိကြောင်း ညွှန်ပြထားသည်။အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)ကဆင့်ပြန်ခဲ့သည်။ဟင်ဒ် က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံလာရောက်၍ (ကျွန်မ၏ခင်ပွန်း)အဘူစွဖ်ယာန် သည်အလွန်စေးနဲသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် ကျွန်မသည် သူ့ဥစ္စာပစ္စည်းထဲမှ (သူမသိအောင်)ရယူခွင့်ရှိပါသလားဟု မေးလျှောက်ခဲ့သည်။ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်ကြားသည်မှာ-သင်မနှင့်သင်မ၏ သားသမီးများအတွက် လုံလောက်သည့်အတိုင်းအတာခန့်တရားသဖြင့်ရယူပါ။(ဗုခါရီကျမ်း)တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သမီးများနှင့်အမနှမတို့အပေါ် သုံးစွဲခြင်း၏ ထွတ်မြတ်မှုအားရှင်းပြတော်မူသည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ-အကြင်သူသည် သမီးနှစ်ယောက်၊ သုံးယောက် သို့မဟုတ် အစ်မနှမနှစ်ယောက်၊သုံးယောက်အား အိမ်ထောင်ကြသည်အထိ သို့မဟုတ် ကွယ်လွန်သည်အထိ သို့မဟုတ် ၎င်းသူကွယ်လွန်သည်အထိပေးကမ်းထောက်ပံ့ခဲ့သော် ထိုသူနှင့် ငါကိုယ်တော်သည် (ဂျန္နသ်တွင်)ဤနှစ်ခုကဲ့သို့ရှိမည်ဟု မိန့်ကြားတော်မူပြီး ကိုယ်တော်သည် မိမိ၏လက်ညှိုးနှင့် လက်ခလယ်နှစ်ချောင်းအား ပြသတော်မူခဲ့သည်။(စိလ်စိလသွလ်ဆွဟီးဟဟ်ကျမ်း-၂၉၆)

၂၀။ သေဆုံးခြင်းသည် ထာဝရပြီးဆုံးခြင်းမဟုတ်ဘဲ ၎င်းသည် ကြိုးပမ်းအားထုတ်ရသည့်နေရာဋ္ဌာနမှ အစားပြန်လည်ရရှိသည့် နေရာဋ္ဌာနသို့ ကူးပြောင်းသွားခြင်းသာဖြစ်သည်။သေခြင်းသည် ခန္ဓာကိုယ်နှင့်ဝိညာဉ်ပေါ်သို့ကျရောက်သည်။ သေဆုံးသည့်အခါ ဝိညာဉ်သည် ခန္ဓာကိုယ်မှခွဲခွာသွားပြီး ကိယာမသ်နေ့ ပြန်လည်ရှင်ပြန်ထသည့်အခါ ခန္ဓာကိုယ်တွင်းသို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်သည်။ သေဆုံးပြီးသည့်နောက် ဝိညာဉ်သည် နောက်ကိုယ်ခန္ဓာတစ်ခုထဲသို့ဝင်စားခြင်းလည်းမရှိသလို၊ အခြားကိုယ်ခန္ဓာတစ်ခုဖြင့် သံသရာလည်ခြင်းလည်းမရှိပေ။

သေဆုံးခြင်းသည် ထာဝရပြီးဆုံးခြင်းမဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့နှင့်ပတ်သက်၍ ခန့်အပ်ထားခြင်းခံရလေသော သေမင်းတမန်သည် အသင်တို့၏အသက်ဇီဝိန်ကို နှုတ်သိမ်းလေသည်။ ထို့နောက် အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ထံတော်သို့ပင်ပြန်ရောက်စေခြင်းကို ခံကြရကုန်အံ့သတည်း။စူရဟ် စဂျ်ဒဟ်-(၃၂:၁၁)သေခြင်းသည် ခန္ဓာကိုယ်နှင့်ဝိညာဉ်ပေါ်သို့ကျရောက်သည်။ သေဆုံးသည့်အခါ ဝိညာဉ်သည် ခန္ဓာကိုယ်မှခွဲခွာသွားပြီး ကိယာမသ်နေ့ ပြန်လည်ရှင်ပြန်ထသည့်အခါ ခန္ဓာကိုယ်တွင်းသို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အလ္လာဟ်အရှင်မြတ်သည်ပင်(သေဆုံးရန်အချိန်ရောက်သော) အသက်ဇီဝိန်များကို ၎င်းတို့သေဆုံးချိန်၌ နုတ်သိမ်းတော်မူ၏။ ထိုနည်းတူစွာ သေဆုံးရန် အချိန်မရောက်သေးသော အသက်ဇီဝိန်များကိုလည်း ၎င်းတို့အိပ်စက်ရာ၌(နုတ်သိမ်းတော်မူ၏)။ ထို့နောက် သေဆုံးရန် စီရင်ဆုံးဖြတ်တော် မူ(ပြီးဖြစ်)သော အသက်ဇီဝိန်များကို ထိုအရှင်မြတ်သည် တားဆီး၍ ထားတော်မူ၏။ သို့ရာတွင် ကျန်အသက်ဇီဝိန်တို့ကိုမူ ထိုအရှင်မြတ်သည် သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် လွှတ်ထားတော်မူ၏။ ဧကန်မလွဲ ဤသည်တွင် စဉ်းစားဆင်ခြင်ကြကုန်သော အမျိုးသားတို့အဖို့ သက်သေလက္ခဏာရပ်များသည် အမှန်ပင် ရှိကြပေသတည်း။စူရဟ် ဇုမရ်-(၃၉:၄၂)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -ဝိညာဉ် နုတ်သိမ်းခြင်းခံရသည့်အခါ မျက်စိသည် ၎င်း(ဝိညာဉ်)အားလိုက်ကြည့်သည်။(မွတ်စ်လင်မ်ကျမ်း -၉၂၀)သေဆုံးပြီးနောက်တွင် လူသားသည် ကြိုးပမ်းအားထုတ်ရသည့်နေရာဋ္ဌာနမှ အစားပြန်လည်ရရှိသည့် နေရာဋ္ဌာနသို့ ရွှေ့ပြောင်းသွားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုအရှင်မြတ် အထံတော်သို့သာလျှင် အသင်တို့အားလုံး (စုရုံးလျက်) ပြန်လည်ရောက်ရှိကြမည်ဖြစ်၏။ (ဤသည်) အလ္လာဟ်အရှင်မြတ်အထံတော်မှ မှန်ကန်စွာကတိပြုတော်မူခြင်းပင်ဖြစ်ပေ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည်ပင်ဖန်ဆင်း ခြင်းခံရသည်များကို ပထမအကြိမ်လည်း စတင်ဖန်ဆင်းတော်မူခဲ့လေသည်။ ထို့နောက် ထိုအရှင်မြတ် သည်ပင်လျှင် ယင်းဖန်ဆင်းခြင်း ခံရသည်များကို တစ်ဖန်ပြန်၍ ဖန်ဆင်းတော်မူမည်ဖြစ်သည်။ (ဤသို့ တစ်ဖန်ပြန်၍ ဖန်ဆင်းတော်မူခြင်းကား) ထိုအရှင်မြတ်သည် အီမာန်သက်ဝင်ယုံကြည်မှု ထားရှိ ကြသော ကောင်းမြတ်သောအကျင့်သီလများကိုဆောက်တည်ကြသောသူတို့အား တရားမျှတစွာဖြင့် အကျိုးပေးတော်မူခြင်းငှာ ဖြစ်ချေသည်။ သို့ရာတွင် ကာဖိရ်မယုံမကြည်သွေဖည်ငြင်းပယ်သူတို့၌မူကား ၎င်း တို့သည် သွေဖည် ငြင်းပယ်လျက် ရှိခဲ့ကြသောကြောင့် လွန်စွာ ဆူပွက်ပူလောင်သော ရေနွေးကို သောက်သုံးခြင်းသည်လည်းကောင်း၊ နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်သည် လည်းကောင်း၊ ရှိချေအံ့သတည်း။စူရဟ် ယူနွတ်စ်-(၁၀:၄)

သေဆုံးပြီးသည့်နောက် ဝိညာဉ်သည် နောက်ကိုယ်ခန္ဓာတစ်ခုထဲသို့ဝင်စားခြင်းလည်းမရှိသလို၊ အခြားကိုယ်ခန္ဓာတစ်ခုဖြင့် သံသရာလည်ခြင်းလည်းမရှိပေ။ထို့ပြင် သံသရာလည်ခြင်းအပေါ် ညွှန်ပြထားသည့် မည်သည့် ယုတ္တိကြသော၊ သိမြင်ခံစားနိုင်သောအထောက်အထား ဟူ၍လည်းမရှိပေ။ ၎င်းပြင် မည်သည့်နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)ဆီကမျှ ယင်းအယူဝါဒအပေါ်ထောက်ခံထားသည့် ဆင့်ပြန်ချက်မျိုးလာရှိထားခြင်းလည်းမရှိပေ။

၂၁။ အစ္စလာမ်သာသနာသည် ကြီးကျယ်လှသည့် အခြေခံယုံကြည်ချက်များဖြင့် အီမာန်သက်ဝင်ယုံကြည်မှုဘက်သို့ ဖိတ်ခေါ်ထားသည် ၎င်းတို့မှာ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ကောင်းကင်တမန်များအား သက်ဝင်ယုံကြည်ခြင်း၊ အရှင်မြတ်၏ကျမ်းဂန်များဖြစ်သည့် ကျမ်းမြတ်ကုရ်အာန်နှင့် (ပြုပြင်ပြောင်းလဲခြင်းမခံရမီက) သောင်ရသ်ကျမ်း၊အင်ဂျီးလ်ကျမ်းနှင့်ဇဗူရ်ကျမ်းတို့အားသက်ဝင်ယုံကြည်ခြင်း၊ နဗီ၊ ရစူလ်တမန်တော် (အလိုင်ဟိမုစ္စလာမ်) အားလုံးတို့အားလည်းကောင်း၊ ၎င်းနဗီရစူလ်များအနက် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်သည့် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နောက်ဆုံးတမန်တော်ဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်း၊ နောင်တမလွန် အာခိရသ်အားသက်ဝင်ယုံကြည်ခြင်း၊ အကယ်၍ ဤလောကီသက်တမ်းသည်သာ နောက်ဆုံးဖြစ်လျှင် လက်ရှိဘဝရှင်သန်ခြင်းသည် အချည်းနှီးသက်သက်သာဖြစ်သွားမည်ကိုကျွန်တော်တို့အသိပင်ဖြစ်သည်၊ အရှင်မြတ်၏စီရင်ဆုံးဖြတ်မှုနှင့် (သက္ကဒီရ်) အကောင်း အဆိုးဟူသမျှသည် အရှင်မြတ်ဘက်တော်မှသာဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်းတို့ဖြစ်သည်။

အစ္စလာမ်သာသနာသည် ကြီးကျယ်လှသည့်အခြေခံယုံကြည်ချက်များဖြင့် အီမာန်သက်ဝင်ယုံကြည်မှုဘက်သို့ ဖိတ်ခေါ်ထားပြီး ပွင့်လေသမျှသော နဗီ၊ရစူလ်တမန်တော် (အလိုင်ဟိမုစ္စလာမ်)များအားလုံးသည်လည်း ထိုယုံကြည်မှုဘက်သို့ ဖိတ်ခေါ်ခဲ့ကြသည်။ ၎င်းတို့မှာ-

ပထမ။ အလ္လာဟ်အရှင်မြတ်သည် စကြာဝဠာခပ်သိမ်းအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ စားနပ်ရိက္ခာချီးမြှင့်တော်မူသောအရှင်၊ အရေးကိစ္စတိုင်းအား စီမံခန့်ခွဲတော်မူသောအရှင် ဖြစ်ကြောင်းသက်ဝင်ယုံကြည်ခြင်း။ ထိုအရှင်မြတ်တစ်ဆူတည်းကသာခဝပ်ကိုးကွယ်မှုကိုခံထိုက်တော်မူသောအရှင်ဖြစ်ပြီး ထိုအရှင်မြတ်မှအပအခြားသော အရာများကို ခဝပ်ကိုးကွယ်ခြင်းသည် လုံးဝမှားယွင်းသည်။ ထို့ကြောင့် အရှင်မြတ်မှအပ အခြားကိုးကွယ်ရာများသည် လုံးဝမှားယွင်းသည်။အရှင်မြတ်သည်သာ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သလို အရှင်မြတ်အား ခဝပ်ကိုးကွယ်ခြင်းသည်သာ မှန်ကန်ပေသည်။ ဤအချက်နှင့်ပတ်သက်၍ အထောက်အထားရှင်းလင်းချက်များအား စာပိုဒ် (၈)တွင်ဖော်ပြခဲ့ပြီးဖြစ်သည်။

ချွတ်ယွင်းမှုအပေါင်းမှကင်းစင်ပြီး ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်သည် ဤကြီးကျယ်သည့် အခြေခံယုံကြည်ချက်များအား မြင့်မြတ်သည့်ကျမ်းမြတ်ကုရ်အာန်၏ အာယသ်တော်အသီးသီးတွင်တင်ပြထားတော်မူသည်သည်။၎င်းတို့အနက် အချို့မှာ-ရစူလ်တမန်တော် (မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိထံသို့ မိမိအားမွေးမြူ တော်မူသောအရှင်မြတ်၏အထံတော်မှ ထုတ်ပြန်ပို့ချ သော(ကုရ် အာန်ကျမ်းမြတ်)ကို ယုံကြည်လေပြီ။ ထိုနည်းတူစွာ (မုအ်မင်န်)ယုံကြည်သူအပေါင်းတို့သည်လည်း ယုံကြည်ကြသည်။ [ယင်းရစူလ်တမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်တကွ ယုံကြည်သူ' ခပ်သိမ်းသူတို့သည် (တဆူတည်း ဖြစ်တော်မူသော) အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ (မလာအိကဟ်)အပါး တော် စေတမန်တော်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ ကျမ်းဂန်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ် တမန်တော်အပေါင်းတို့ကို လည်းကောင်း၊ ယုံကြည်ကြကုန်၏၊ (ထို့ပြင်ယင်းသူတို့က) ကျွနတော်မျိုးတို့သည် ထို အသျှင်မြတ်၏ ရစူလ်တမန်တော်အပေါင်းတို့အနက် မည်သည့် ရစူလ်တမန်တော်တပါးကိုမျှခွဲခြားခြင်း မပြုကြပါ။ (အားလုံးကိုယုံကြည်ပါသည် ဟုပြောဆိုကြကုန်၏။)ထိုမှတစ်ပါးတုံ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌) “ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏အမိန့်တော်များကို) ကြားနာ ကြ ပါပြီ။ ထို့ပြင်တဝ (ကြားနာသည့်အတိုင်း) လိုက်နာကြ ပါပြီ။ အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသော အသျှင် (ကျွန်တော်မျိုးတို့သည် အပြစ်များမှ) အသျှင်မြတ်၏ လွတ်ငြိမ်း ချမ်းသာခွင့် ပေးသနား တာ်မူခြင်းကိုသာ (ထာဝစဉ် လိုလားတောင့်တကြပါ သည်)။ တဖန်(ကျွန်တော်မျိုးတို့၏ ပြန်လည်ရောက်ရှိရာ)နောက်ဆုံး စခန်းသည် လည်း အရှင်မြတ်၏ အထံတော်၌ပင် ဖြစ်ပါသည်" ဟုလျှောက်ထား ပန်ကြားကြလေသတည်း။စူရဟ် ဗကရဟ်-(၂:၂၈၅)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အရှေ့အရပ်ဘက်သို့ သော်လည်းကောင်း၊ အနောက် အရပ်ဘက်သို့ သော်လည်းကောင်း မျက်နှာမူခြင်း သည် (သာလျှင်) အသင်တို့အဘို့ ကောင်းမြတ်သော အကျင့် သီလ မဟုတ်သေးပေ။ ကောင်းမြတ်သော သီလရှိသူ သီလဝန် ဂုဏဝန်တို့ ဟူသည်ကား အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက် ဆုံးနေ့ကိုလည်းကောင်း၊ ကောင်းကင်တမန်များကို လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်ထံမှကျရောက်သော) ကျမ်းဂန်များကိုလည်းကောင်း၊ နဗီတမန်တော် များကိုလည်း ကောင်း၊ ယုံကြည်မြတ်နိုးကြသော သူများတည်း။ ၎င်းပြင် ယင်းသူတို့သည် မိမိတို့၏ ဥစ္စာ ပစ္စည်းများကို စုံမက်နှစ်သက် ပါလျက်နှင့်ပင် (တနည်း အလ္လာဟ်အရှင်မြတ်ကို ကြည်ညို မြတ်နိုး ကြ၍) ဆွေမျိုးညာတကာများအား လည်းကောင်း၊ မိသက်ဆိုး ဖသက်ဆိုးများအား လည်းကောင်း၊ အထီးကျန်သူဆင်းရဲများအား လည်းကောင်း၊ ခရီးသည်များအား လည်းကောင်း၊ ဖုန်းတောင်းယာစကာများအား လည်းကောင်း၊ ကြေးကျွန်များကို ကျွန်ဘဝမှ လွတ်မြောက်စေရာ၌ လည်းကောင်း၊ ပေးကမ်းလှူဒါန်း စွန့်ကြဲကြ၏။ ထို့ပြင် ယင်းသူတို့သည် ဆွလာတ် ဝတ်ပြုကြ၏။ ဇကာတ် တရားဝင်ဒါနကြေးကိုလည်း ပေးလှူကြ၏။ ယင်းသူတို့သည် ကတိပြုသောအခါ၌ မိမိတို့၏ ပဋိညာဉ် ဝန်ခံချက်များကို အတည်ပြုကြ၏။ ဆင်းရဲ ဒုက္ခကျ ရောက်သည့်အခါ၌ လည်းကောင်း၊ ရောဂါဘယ ဖိစီးသည့် အခါ၌ လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သည့် အခါ၌ လည်းကောင်း၊ ခန္တီပါရမီကို ခိုင်မြဲ စွာ စောင့်စည်းကြ၏။ ဤ တရားများကို လိုက်နာကျင့်သုံးသော သူမွန် သူမြတ်များ သည်သာလျှင် သစ္စာဝါဒီများ ဖြစ်ကြကုန်၏။ ဤသူမွန် သူမြတ် တို့သည်သာလျှင် (အလ္လာဟ်အရှင်မြတ်ကို) ကြောက်ရွံ့ရိုသေ မြတ်နိုးသော သီလဝန် ဂုဏဝန်များ ဖြစ်ကြကုန်၏။စူရဟ် ဗကရဟ်-(၂:၁၇၇)အလ္လာဟ်အရှင်မြတ်သည် ဤအခြေခံယုံကြည်ချက်များဖြင့် အီမာန်သက်ဝင်ယုံကြည်မှုဘက်သို့ ဖိတ်ခေါ်ထားသည်။ ထို့နောက် မည်သူမဆို ထိုအချက်များကို ငြင်းပယ်ပါက အလွန်ပင်ဝေးလံသည့် လမ်းမှားသို့ရောက်သွားကြောင်းရှင်းပြထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို- သက်ဝင်ယုံကြည်သူ (မုအ်မင်န်) အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (မုဟမ္မဒ်) ကိုလည်းကောင်း၊ ထိုအရှင်မြတ်က မိမိ၏ရစူလ်တမေန်တော်မြတ် (မုဟမ္မဒ်) အပေါ်၌ ထုတ်ပြန်ပို့ချတော်မူခဲ့သော (ကုရ်အာန်) ကျမ်းတော်မြတ်ကိုလည်းကောင်း၊ (ယင်းကုရ်အာန် ကျမ်းတော်မြတ်) အလျင် ထုတ်ပြန်ပို့ချတော်မူခဲ့သော ကျမ်းတော် (များ) ကိုလည်းကောင်း ယုံကြည်ကြလေကုန်။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ 'မလာအိကဟ်' အပါးတော် စေတမန်များကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကျမ်းဂန်များကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ 'ရစူလ်' တမန်တော်များကိုသော်လည်းကောင်း၊ နောက်ဆုံးနေ့ကိုသော်လည်းကောင်း ငြင်းပယ်ခဲ့ပါလျှင် ထိုသူသည် အလွန် ကမ်းလှမ်းဝေးကွာသောလမ်းမှားသို့ မချွတ်ဧကန် ရောက်ရှိခဲ့ချေပြီ၊စူရဟ် နိစာအ်-(၄:၁၃၆)အုမရ်ဗင်န်ခသ်ဿွာဗ်(ရဿွိယလ္လာဟုအန်ဟု)ဆင့်ပြန်ခဲ့သည့်ဟဒီးစ်တော်တွင်လာရှိသည်မှာ-တစ်ရက်ကျွန်တော်တို့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံရှိနေကြစဉ် လွန်စွာဖြူဖွေးသည့်အဝတ်အစားများကိုဝတ်ဆင်ထားပြီး အလွန်မဲနက်သောဆံပင်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးကျွန်တော်တို့ထံရောက်ရှိလာသည်။ ၎င်းတွင်ခရီးထွက်လာသည့် လက္ခဏာလည်းမတွေ့ရသလို၊ကျွန်တော်တို့ထဲတွင် သူ့အားသိသူတစ်ဦးမျှလည်းမရှိပေ။၎င်းသည်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံလာ၍ သူ၏ဒူးနှစ်ဖက်အားကိုယ်တော်၏ဒူးနှစ်ဖက်ဖြင့်ထိကာ သူ၏လက်နှစ်ဖက်ကို ကိုယ်တော်၏ပေါင်နှစ်ဖက်ပေါ်တွင်တင်ပြီးထိုင်ခဲ့သည်။ ထို့နောက် အို-မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကျွန်ုပ်အားအစ္စလာမ်နှင့်ပတ်သက်၍ ပြောပြပါဟုလျှောက်ထားခဲ့သည်။ ထိုအခါအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်က ဖြေကြားသည်မှာ အစ္စလာမ်ဟူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သည့်အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည်အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းသက်သေခံခြင်း၊ ဆွလာသ်ဆောက်တည်ခြင်း၊ ဇကာသ်ပေးခြင်း၊ ရမဿွာန်လတွင်ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်းနှင့် (မက္ကာဟ်မြို့သို့)သွားရောက်နိုင်စွမ်းရှိသူအတွက် ကအ်ဗဟ်ကျောင်းတော်သို့သွားရောက် ဟဂ်ျပြုခြင်းတို့ဖြစ်သည်။ ထိုအခါ၎င်းက သင်ပြောတာမှန်ပေသည်ဟု ပြောကြားခဲ့သည်။(ဆင့်ပြန်သူက)ပြောကြားသည်မှာ ၎င်းသည်သူကိုယ်တိုင် ကိုယ်တော့်အားမေးပြီး သူကိုယ်တိုင်ပြန်ထောက်ခံနေသဖြင့် ကျွန်တော်တို့အံ့ဩခဲ့ကြသည်။ ၎င်းနောက်ထိုပုဂ္ဂိုလ်က ကျွန်ုပ်အားအီမာန်နှင့်ပတ်သက်၍ပြောပြပါဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်ကဖြေကြားသည်မှာ အီမာန်ဟူသည်သင့်အနေဖြင့်အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ အရှင်မြတ်၏ကောင်းကင်တမန်များကိုလည်းကောင်း၊ အရှင်မြတ်၏ကျမ်းဂန်များကိုလည်းကေားင်း၊ အရှင်မြတ်၏ရစူလ်တမန်တော်များကိုလည်းကောင်း၊ နောက်ဆုံးနေ့အားလည်းကောင်း၊ သက္ကဒီရ်အရှင်မြတ်၏အကောင်း၊ အဆိုးသတ်မှတ်ချက်ကိုလည်းကောင်း သက်ဝင်ယုံကြည်ခြင်းတို့ဖြစ်သည်။ ထိုအခါ၎င်းက သင်ပြောတာမှန်ပေသည်ဟု ပြောကြားခဲ့သည်။ ၎င်းနောက်ထိုပုဂ္ဂိုလ်ကကျွန်ုပ်အား အိဟ်စာန်နှင့်ပတ်သက်၍ ပြောပြပါဟုလျှောက်ထားခဲ့သည်။ ကိုယ်တော်ကဖြေကြားခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်အား သင်မြင်တွေ့နေရသကဲ့သို့ခဝပ်ကိုးကွယ်ပါ။ အကယ်၍ သင်သည်အလ္လာဟ်အရှင်မြတ်အား မမြင်တွေ့နိုင်လျှင်လည်း အရှင်မြတ်သည် သင့်အားမြင်တွေ့နေတော်မူသည် (ဟုမှတ်ယူ၍ခဝပ်ကိုးကွယ်ပါ)(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၈)ဤဟဒီးစ်တော်တွင် ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံလာရောက်၍ ကိုယ်တော့်အားသာသနာ၏ အဆင့်များဖြစ်သည့် အစ္စလာမ်၊ အီမာန်၊ အိဟ်စာန်တို့နှင့်ပတ်သက်၍ မေးမြန်းလျှောက်ထားခဲ့သည်။ တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ၎င်းအားဖြေကြားတော်မူခဲ့ပြီးနောက် မိမိ၏သာဝကတော်(ရဿွိယလ္လာဟုအန်ဟုမ်)တို့အား ထိုပုဂ္ဂိုလ်သည် ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)ဖြစ်ပြီး သင်တို့အားသင်တို့၏သာသနာနှင့်ပတ်သက်၍ သင်ကြားပေးရန်အတွက်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း အသိပေးခဲ့သည်။ ထို့ကြောင့်အစ္စလာမ်သာသနာတော်သည် အရှင်မြတ်၏အမိန့်သတင်းစကားဖြစ်ပြီး ဂျိဗ်ရီးလ်(အလိုင်ဟိစ္စလာမ်)ကသယ်ဆောင်လာခဲ့သည်။ ရစူလ်တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ၎င်းအားလူသားတို့ထံပို့ချတော်မူခဲ့သည်။ ထိုသာသနာတော်ကို ကိုယ်တော်၏ သာဝက(ရဿွိယလ္လာဟုအန်ဟုမ်)ကြီးများကထိန်းသိမ်းခဲ့ပြီး၎င်းတို့နောက်လာရှိသူများကိုပို့ချခဲ့သည်။ဒုတိယ။ (မလာအိကဟ်)ကောင်းကင်တမန်များကို သက်ဝင်ယုံကြည်ခြင်း။ ၎င်းတို့သည် အကွယ်လောကတွင်ရှိကြသည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားဖန်ဆင်းတော်မူပြီး၊ သီးသန့်ပုံသဏ္ဍာန်များပြုလုပ်ထားကာ ကြီးကျယ်လှသည့်ကိစ္စရပ်များအတွက် တာဝန်ပေးထားတော်မူသည်။ ၎င်းတို့၏ အလုပ်တာဝန်များအနက်အကြီးကျယ်ဆုံးမှာ အလ္လာဟ်အရှင်မြတ်၏ဗျာဒိတ်တော်များကိုနဗီ၊ရစူလ်(အလိုင်ဟိမုစ္စလာမ်) များထံပို့ဆောင်ခြင်းဖြစ်သည်။ ကောင်းကင်တမန်များအနက်ဂျိဗ်ရီးလ်(အလိုင်ဟိစ္စလာမ်)သည် အကြီးကျယ်ဆုံးဖြစ်သည်။ ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ရစူလ်တမန်တော်(အလိုင်ဟိစ္စလာမ်)များထံ (ဝဟီ)ဗျာဒိတ်တော်နှင့်တကွဆင်းသက်ကြောင်းဖော်ပြထားသည့် အာယသ်တော်များအနက် အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူသည်မှာ-ထိုအရှင်မြတ်သည် မိမိ၏အမိန့်တော်ဖြင့် မိမိကျွန်များအနက်မှ အလိုရှိတော်မူသောသူများထံ မလာအိကဟ်ကောင်းကင်တမန်များအား ဝဟီအမိန့်တော်နှင့်တကွ ဆင်းသက်(လာရောက်) စေတော်မူ၏။ (ထိုအမိန့်တော်မှာ) အသင်(နဗီတမန်တော်)တို့သည် ဧကန်စင်စစ် ငါအရှင်မြတ်မှ တစ်ပါး၊အခြားကိုးကွယ်ရာ အလျှင်းမရှိရာ၊ ငါအရှင်မြတ်အားသာလျှင်ကြောက်ရွံ့ကြရမည်ဟု သတိပေးနှိုးဆော်ကြလေကုန် (ဟူ၍ဖြစ်သည်)။စူရဟ် နဟ်လ်-(၁၆:၂)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းပြင် မလွဲဧကန် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသည့် အရှင်ချပေးတော်မူသော (ကျမ်းဂန်ပင်) ဖြစ်ချေသည်။(၁၉၂)"အရ်ရူဟုလ်အမီန်" (ယုံကြည်စိတ်ချအပ်သောဝိညာဉ်တော်) ကောင်းကင်တမန်ဂျစ်ဗ်ရီလ်သည် ယင်း (ကုန်အာန်ကျမ်းတော်မြတ်)ကို ယူဆောင်ချပေးခဲ့လေသည်။(၁၉၃)အသင်၏ စိတ်နှလုံးပေါ်၌ အသင်သည် သတိပေးနှိုးဆော်သူတို့တွင် အပါအဝင် ဖြစ်အံ့သောငှာ။(၁၉၄)ရှင်းလင်းသော အရဗီဘာသာဖြင့်။(၁၉၅)၎င်းပြင် ဧကန်အမှန် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်၏အကြောင်း)မှာ ရှေးလူဟောင်းတို့၏ ကျမ်းဂန်များ၌(လည်း)ပါရှိ၏။(၁၉၆)စူရဟ် ရှုအရာအ်-(၂၆:၁၉၂-၁၉၆)တတိယ။ အလ္လာဟ်အရှင်မြတ်၏ကျမ်းဂန်များဖြစ်သည့် ကုရ်အာန်ကျမ်းမြတ်နှင့် (ပြုပြင်ပြောင်းလဲခြင်းမခံရမီကရှိသော) သောင်ရသ်ကျမ်း၊ အင်ဂျိလ်ကျမ်း၊ ဇဗူရ်ကျမ်းတို့အားသက်ဝင်ယုံကြည်ခြင်း။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို- သက်ဝင်ယုံကြည်သူ (မုအ်မင်န်) အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (မုဟမ္မဒ်) ကိုလည်းကောင်း၊ ထိုအရှင်မြတ်က မိမိ၏ရစူလ်တမေန်တော်မြတ် (မုဟမ္မဒ်) အပေါ်၌ ထုတ်ပြန်ပို့ချတော်မူခဲ့သော (ကုရ်အာန်) ကျမ်းတော်မြတ်ကိုလည်းကောင်း၊ (ယင်းကုရ်အာန် ကျမ်းတော်မြတ်) အလျင် ထုတ်ပြန်ပို့ချတော်မူခဲ့သော ကျမ်းတော် (များ) ကိုလည်းကောင်း ယုံကြည်ကြလေကုန်။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ 'မလာအိကဟ်' အပါးတော် စေတမန်များကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကျမ်းဂန်များကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ 'ရစူလ်' တမန်တော်များကိုသော်လည်းကောင်း၊ နောက်ဆုံးနေ့ကိုသော်လည်းကောင်း ငြင်းပယ်ခဲ့ပါလျှင် ထိုသူသည် အလွန် ကမ်းလှမ်းဝေးကွာသောလမ်းမှားသို့ မချွတ်ဧကန် ရောက်ရှိခဲ့ချေပြီ၊စူရဟ် နိစာအ် -(၄:၁၃၆)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထို(အလ္လာဟ်)အရှင်မြတ်သည် အသင်၏အပေါ်ဝယ်ကျမ်းမြတ်(ကုရ်အာန်)ကိုမှန်ကန်တိကျစွာဖြင့် ထုတ်ပြန်ပို့ချတော်မူလေပြီ။ (ယင်းကုရ်အာန်ကျမ်းတော်မြတ်သည်) မိမိထက်ရှေးဦးစွာကျရောက်ခဲ့သော ဒေသနာတော်ကျမ်းဂန်များကိုထောက်ခံလျက်ရှိပေသည်။ ထိုနည်းတူစွာထိုအရှင်မြတ်သည် ရှေးအထက်ကျော်ကာလ၌ လူခပင်းတို့အဖို့တရားဓမ္မအဖြစ် တော်ရာတ်ကျမ်းမြတ်နှင့်အီန်ဂျီလ်ကျမ်းမြတ်ကိုလည်း ထုတ်ပြန်ပို့ချတော်မူခဲ့လေပြီ။(၃)ထိုမှတစ်ပါးတုံအရှင်မြတ်သည်(မိမိစေလွှတ်တော်မူသောနဗီတမန်တော်များကိုထောက်ခံစေခြင်းအားဖြင့်)အမှားအမှန်ကိုခွဲခြားသိစွမ်းနိုင်စေသောအရာကိုလည်းချပေးသနားတော်မူခဲ့ချေပြီ။ မုချဧကန်အလ္လာဟ်အရှင်မြတ်၏သက်သေသာဓကလက္ခဏာရပ်များကို မယုံမကြည်သွေဖည်ငြင်းပယ်ကြသောသူတို့အဖို့ ပြင်းထန်သောပြစ်ဒဏ်သည်အသင့်ရှိ၏။ အကြောင်းမူကားအလ္လာဟ်အရှင်မြတ်သည်တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော်မူသောအရှင်၊ တုံ့ပြန်လက်စားချေတော်မူသောအရှင်ဖြစ်တော်မူပေသတည်း။(၄)စူရဟ် အားလိအင်မ်ရာန်-(၃:၃-၄)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ရစူလ်တမန်တော် (မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိထံသို့ မိမိအားမွေးမြူ တော်မူသောအရှင်မြတ်၏အထံတော်မှ ထုတ်ပြန်ပို့ချ သော(ကုရ် အာန်ကျမ်းမြတ်)ကို ယုံကြည်လေပြီ။ ထိုနည်းတူစွာ (မုအ်မင်န်)ယုံကြည်သူအပေါင်းတို့သည်လည်း ယုံကြည်ကြသည်။ [ယင်းရစူလ်တမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်တကွ ယုံကြည်သူ' ခပ်သိမ်းသူတို့သည် (တဆူတည်း ဖြစ်တော်မူသော) အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ (မလာအိကဟ်)အပါး တော် စေတမန်တော်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ ကျမ်းဂန်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ် တမန်တော်အပေါင်းတို့ကို လည်းကောင်း၊ ယုံကြည်ကြကုန်၏၊ (ထို့ပြင်ယင်းသူတို့က) ကျွနတော်မျိုးတို့သည် ထို အသျှင်မြတ်၏ ရစူလ်တမန်တော်အပေါင်းတို့အနက် မည်သည့် ရစူလ်တမန်တော်တပါးကိုမျှခွဲခြားခြင်း မပြုကြပါ။ (အားလုံးကိုယုံကြည်ပါသည် ဟုပြောဆိုကြကုန်၏။)ထိုမှတစ်ပါးတုံ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌) “ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏အမိန့်တော်များကို) ကြားနာ ကြ ပါပြီ။ ထို့ပြင်တဝ (ကြားနာသည့်အတိုင်း) လိုက်နာကြ ပါပြီ။ အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသော အသျှင် (ကျွန်တော်မျိုးတို့သည် အပြစ်များမှ) အသျှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တာ်မူခြင်းကိုသာ (ထာဝစဉ် လိုလားတောင့်တကြပါ သည်)။ တဖန်(ကျွန်တော်မျိုးတို့၏ ပြန်လည်ရောက်ရှိရာ)နောက်ဆုံး စခန်းသည် လည်း အရှင်မြတ်၏ အထံတော်၌ပင် ဖြစ်ပါသည်" ဟုလျှောက်ထား ပန်ကြားကြလေသတည်း။းစူရဟ် ဗကရဟ်-(၂:၂၈၅)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်မုဟမ္မဒ်)အသင်သည်ပြောကြားပါလေ။အကျွန်ုပ်တို့သည်အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊အကျွန်ုပ်တို့အပေါ်ဝယ်ရောက်လာသောဓမ္မဒေသနာ(ကုရ်အာန်ကျမ်းတော်မြတ်)ကိုလည်းကောင်း၊နဗီတမန်တော်အစ်ဗ်ရာဟီမ်၊နဗီတမန်တော်အစ္စမာအီလ်၊နဗီတမန်တော်အစ္စဟာက်၊နဗီတမန်တော်ယအ်ကူဗ်နှင့်(နဗီတမန်တော်ယအ်ကူဗ်၏)သားမြေး၊မြစ်တို့အပေါ်၌ကျရောက်လာသောဒေသနာတော်များကိုလည်းကောင်း၊ယုံကြည်ကြပါသည်။ထို့ပြင်နဗီတမန်တော်မူစာ၊နဗီတမန်တော်အီစာနှင့်အခြားနဗီတမန်တော်အပေါင်းတို့အား၎င်းတို့၏အရှင်မြတ်အထံတော်မှပေးသနားတော်မူသောဒေသနာတော်များကိုလည်းကျွန်ုပ်တို့ယုံကြည်ကြပါသည်။(တဖန်ယင်းကဲ့သို့ယုံကြည်ရာ၌)ထိုနဗီတမန်တော်အပေါင်းတို့အနက်တပါးနှင့်တပါးခွဲခြားခြင်းအလျင်းမပြုကြပါ။အမှန်သော်ကားအကျွန်ုပ်တို့သည်ထို(တစ်ဆူတည်းသော)(အလ္လာဟ်အရှင်မြတ်၏ဒေသနာတော်များ)ကိုလိုက်နာသောမုစ်လင်မ်များဖြစ်ကြပါသည်။စူရဟ် အားလိအင်မ်ရာန်-(၃:၈၄)စတုတ္ထ။ နဗီ၊ရစူလ်(အလိုင်ဟိမုစ္စလာမ်)အားလုံးကို အီမာန်သက်ဝင်ယုံကြည်ခြင်း၊နဗီ၊ရစူလ်(အလိုင်ဟိမုစ္စလာမ်)အားလုံးကိုသက်ဝင်ယုံကြည်ရန်တာဝန်ရှိပြီး ၎င်းတို့အားလုံးသည် အလ္လာဟ်အရှင်မြတ်ထံမှစေလွှတ်ခြင်းခံရသော စေတမန်များဖြစ်၍ မိမိ၏နောက်လိုက်သားများအား အလ္လာဟ်အရှင်မြတ်၏မိန့်မှာချက်များ၊အရှင်မြတ်၏သာသနာနှင့် သတ်မှတ်ပြဌာန်းချက်များအား ပို့ချပေးတော်မူကြောင်းကိုသက်ဝင်ယုံကြည်ရန်တာဝန်ရှိသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်မုဟမ္မဒ်)အသင်သည်ပြောကြားပါလေ။အကျွန်ုပ်တို့သည်အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊အကျွန်ုပ်တို့အပေါ်ဝယ်ျရောက်လာသောဓမ္မဒေသနာ(ကုရ်အာန်ကျမ်းတော်မြတ်)ကိုလည်းကောင်း၊နဗီတမန်တော်အစ်ဗ်ရာဟီမ်၊နဗီတမန်တော်အစ္စမာအီလ်၊နဗီတမန်တော်အစ္စဟာက်၊နဗီတမန်တော်ယအ်ကူဗ်နှင့်(နဗီတမန်တော်ယအ်ကူဗ်၏)သားမြေး၊မြစ်တို့အပေါ်၌ကျရောက်လာသောဒေသနာတော်များကိုလည်းကောင်း၊ယုံကြည်ကြပါသည်။ထို့ပြင်နဗီတမန်တော်မူစာ၊နဗီတမန်တော်အီစာနှင့်အခြားနဗီတမန်တော်အပေါင်းတို့အား၎င်းတို့၏အရှင်မြတ်အထံတော်မှပေးသနားတော်မူသောဒေသနာတော်များကိုလည်းကျွန်ုပ်တို့ယုံကြည်ကြပါသည်။(တဖန်ယင်းကဲ့သို့ယုံကြည်ရာ၌)ထိုနဗီတမန်တော်အပေါင်းတို့အနက်တပါးနှင့်တပါးခွဲခြားခြင်းအလျင်းမပြုကြပါ။အမှန်သော်ကားအကျွန်ုပ်တို့သည်ထို(တစ်ဆူတည်းသော)(အလ္လာဟ်အရှင်မြတ်၏ဒေသနာတော်များ)ကိုလိုက်နာသောမုစ်လင်မ်များဖြစ်ကြပါသည်။စူရဟ် ဗကရဟ်-(၂:၁၃၆)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ရစူလ်တမန်တော် (မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိထံသို့ မိမိအားမွေးမြူ တော်မူသောအရှင်မြတ်၏အထံတော်မှ ထုတ်ပြန်ပို့ချ သော(ကုရ် အာန်ကျမ်းမြတ်)ကို ယုံကြည်လေပြီ။ ထိုနည်းတူစွာ (မုအ်မင်န်)ယုံကြည်သူအပေါင်းတို့သည်လည်း ယုံကြည်ကြသည်။ [ယင်းရစူလ်တမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်တကွ ယုံကြည်သူ' ခပ်သိမ်းသူတို့သည် (တဆူတည်း ဖြစ်တော်မူသော) အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ (မလာအိကဟ်)အပါး တော် စေတမန်တော်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ ကျမ်းဂန်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ် တမန်တော်အပေါင်းတို့ကို လည်းကောင်း၊ ယုံကြည်ကြကုန်၏၊ (ထို့ပြင်ယင်းသူတို့က) ကျွနတော်မျိုးတို့သည် ထို အသျှင်မြတ်၏ ရစူလ်တမန်တော်အပေါင်းတို့အနက် မည်သည့် ရစူလ်တမန်တော်တပါးကိုမျှခွဲခြားခြင်း မပြုကြပါ။ (အားလုံးကိုယုံကြည်ပါသည် ဟုပြောဆိုကြကုန်၏။)ထိုမှတစ်ပါးတုံ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌) “ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏အမိန့်တော်များကို) ကြားနာ ကြ ပါပြီ။ ထို့ပြင်တဝ (ကြားနာသည့်အတိုင်း) လိုက်နာကြ ပါပြီ။ အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသော အသျှင် (ကျွန်တော်မျိုးတို့သည် အပြစ်များမှ) အသျှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တာ်မူခြင်းကိုသာ (ထာဝစဉ် လိုလားတောင့်တကြပါ သည်)။ တဖန်(ကျွန်တော်မျိုးတို့၏ ပြန်လည်ရောက်ရှိရာ)နောက်ဆုံး စခန်းသည် လည်း အရှင်မြတ်၏ အထံတော်၌ပင် ဖြစ်ပါသည်" ဟုလျှောက်ထား ပန်ကြားကြလေသတည်း။စူရဟ် ဗကရဟ်-(၂:၂၈၅)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်မုဟမ္မဒ်)အသင်သည်ပြောကြားပါလေ။အကျွန်ုပ်တို့သည်အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊အကျွန်ုပ်တို့အပေါ်ဝယ်ျရောက်လာသောဓမ္မဒေသနာ(ကုရ်အာန်ကျမ်းတော်မြတ်)ကိုလည်းကောင်း၊နဗီတမန်တော်အစ်ဗ်ရာဟီမ်၊နဗီတမန်တော်အစ္စမာအီလ်၊နဗီတမန်တော်အစ္စဟာက်၊နဗီတမန်တော်ယအ်ကူဗ်နှင့်(နဗီတမန်တော်ယအ်ကူဗ်၏)သားမြေး၊မြစ်တို့အပေါ်၌ကျရောက်လာသောဒေသနာတော်များကိုလည်းကောင်း၊ယုံကြည်ကြပါသည်။ထို့ပြင်နဗီတမန်တော်မူစာ၊နဗီတမန်တော်အီစာနှင့်အခြားနဗီတမန်တော်အပေါင်းတို့အား၎င်းတို့၏အရှင်မြတ်အထံတော်မှပေးသနားတော်မူသောဒေသနာတော်များကိုလည်းကျွန်ုပ်တို့ယုံကြည်ကြပါသည်။(တဖန်ယင်းကဲ့သို့ယုံကြည်ရာ၌)ထိုနဗီတမန်တော်အပေါင်းတို့အနက်တပါးနှင့်တပါးခွဲခြားခြင်းအလျင်းမပြုကြပါ။အမှန်သော်ကားအကျွန်ုပ်တို့သည်ထို(တစ်ဆူတည်းသော)(အလ္လာဟ်အရှင်မြတ်၏ဒေသနာတော်များ)ကိုလိုက်နာသောမုစ်လင်မ်များဖြစ်ကြပါသည်။စူရဟ် အားလိအင်မ်ရာန်-(၃:၈၄)၎င်းပြင် ထိုနဗီ၊ရစူလ်အပေါင်းတို့၏အဆုံးသတ်ဖြစ်သူနောက်ဆုံးရစူလ်တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အားသက်ဝင်ယုံကြည်ခြင်းဖြစ်သည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုမှတစ်ပါးတုံ(ပြန်လည်အောင့်မေ့သတိရကြကုန်၊)တရံရောအခါဝယ်အလ္လာဟ်အရှင်မြတ်သည်နဗီတမန်တော်များထံမှပဋိညာဉ်ဝန်ခံချက်ကို(ဤသို့)ယူတော်မူလေသည်။(အို-နဗီတမန်အပေါင်းတို့)ဧကန်မလွဲငါအရှင်မြတ်သည်အသင်တို့အားကျမ်းဂန်ကို၏လည်းကောင်း၊ဉာဏ်ပညာအမြော်အမြင်ကိုလည်းကောင်း၊ပေးသနားတော်မူပြီးနောက်အသင်တို့လက်ဝယ်ရှိနှင့်ပြီးဖြစ်သောကျမ်းဂန်များကိုထောက်ခံသောရစူလ်တမန်တော်တစ်ပါးပါးသည်အသင်တို့ထံရောက်လတ်သော်အသင်တို့သည်ထိုရစူလ်တမန်တော်ကို(မိမိတို့စိတ်တွင်းမှ)မုချယုံကြည်ကြပေမည်။၎င်းပြင်ထိုရစူလ်တမန်တော်ကို(ကာယကံမြောက်လည်း)အားပေးကူညီကြပေမည်။ထို့နောက်အလ္လာဟ်အရှင်မြတ်က(အို-နဗီတမန်တော်အပေါင်းတို့)အသင်တို့သည်ဝန်ခံကြပြီလော။ယင်းကိစ္စနှင့်စပ်လျဉ်း၍အသင်တို့သည်ငါအရှင်မြတ်၏ပဋိညာဉ်တော်ကိုလည်းလက်ခံကြပြီလောဟုမေးမြန်းတော်မူ၏။(ထိုအခါနဗီတမန်တော်အပေါင်းတို့က)ကျွန်တော်မျိုးတို့သည်ဝန်ခံကြပါပြီဟုတင်လျှောက်ကြလေသည်။(ထိုအခါအလ္လာဟ်အရှင်မြတ်က)သို့ဖြစ်လျှင်အသင်တို့သည်(ဤပဋိညာဉ်ဝန်ခံချက်နှင့်စပ်လျဉ်း၍)အသိသက်သေများဖြစ်ကြကုန်။ငါအရှင်မြတ်သည်လည်းအသင်တို့နှင့်အတူအသိသက်သေများအနက်အပါအဝင်ဖြစ်တော်မူသည်ဟုမိန့်ကြားတော်မူလေသတည်း။စူရဟ် အားလိအင်မ်ရာန်-(၃:၈၁)သို့ရှိရာ အစ္စလာမ်သာသနာတော်သည် နဗီ၊ရစူလ်(အလိုင်ဟိစ္စလာမ်)အားလုံးအားခြုံငုံ၍လည်းကောင်း၊ ထိုနဗီ၊ ရစူလ်အပေါင်းတို့ကိုအဆုံးသတ်သူ မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အားလည်းကောင်း သက်ဝင်ယုံကြည်ရန်တာဝန်အဖြစ်သတ်မှတ်ထားသည်။ ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ၊ “အို- (ကိတာဗီ) ကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည်'တောင်ရာတ်' ကျမ်းကိုလည်းကောင်း၊ 'အီန်ဂျီလ်' ကျမ်းကိုလည်းကောင်း၊ အသင်တို့ထံ အသင်တို့၏အရှင်မြတ်အထံတော်မှ ကျရောက်လာသည့် (ကုရ်အာန်ကျမ်းမြတ်) ကိုလည်းကောင်း အတည် လိုက်နာခြင်းမရှိသမျှကာလပတ်လုံး အသင်တို့သည် မည်သည့် (မှန်ကန်သော) လမ်းစဉ်ပေါ်၌သာ တည်ရှိကြသည်မဟုတ်ပေ။ (ကိတာဗီများသည် မနှစ်မြို့ဖွယ်ဖြစ်သော အယူသန်မှုတွင် နစ်မွန်းလျက်ရှိကြ၏။စူရဟ် မာအိဒဟ်-(၅:၆၈)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီ)အသင်သည်(ယဟူဒီနှင့်ခရစ်ယာန်တို့အား)ပြောကြားပါလေ၊အို-ကျမ်းဂန်ရရှိသူအပေါင်းတို့၊အသင်တို့သည်အကျွန်ုပ်တို့နှင့်အသင်တို့ကြား၌(အားလုံးလက်ခံထားသည့်)တူညီသောစကားဘက်သို့လာကြကုန်၊(ထိုစကားသည်ကား)ငါတို့သည်အလ္လာဟ်အရှင်မြတ်မှတစ်ပါးအခြားမည်သည့်အရာကိုမျှမခဝပ်မကိုးကွယ်ခြင်း၊ငါတို့သည်တစ်စုံတစ်ခုသောအရာကိုမျှထိုအရှင်မြတ်နှင့်တွဲဖက်ယှဉ်ဖက်ဟူ၍မပြုခြင်း၊ငါတို့အနက်အချို့သည်အလ္လာဟ်အရှင်မြတ်ကိုဖဲကြဉ်၍အချို့သောသူများကိုမွေးမြူတော်မူသောအရှင်များဟူ၍မပြုလုပ်ခြင်း(ပင်တည်း)(ယင်းကဲ့သို့ဖိတ်ခေါ်ပြီးသည့်နောက်သော်မှပင်)အကယ်၍ထိုသူတို့သည်သွေဖည်ကျောခိုင်းသွားကြပါမူ(အို-မုစ်လင်မ်အပေါင်းတို့)အသင်တို့က(ထိုသူတို့အား၊အချင်းတို့)ကျွန်ုပ်တို့သည်(အလ္လာဟ်အရှင်မြတ်၏)အမိန့်တော်များကိုမုချနာခံသောမုစ်လင်မ်များပင်ဖြစ်ကြောင်းအသင်တို့ကိုယ်တိုင်သက်သေခံကြကုန်ဟုပြောဆိုကြကုန်လော့။စူရဟ် အားလိအင်မ်ရာန်-(၃:၆၄)မည်သူမဆိုနဗီတမန်တော်တစ်ပါးအား ငြင်းပယ်ခဲ့လျှင်အမှန်ပင် ထိုသူသည် နဗီ၊ ရစူလ်(အလိုင်ဟိမုစ္စလာမ်)အားလုံးအား ငြင်းပယ်ရာရောက်သည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်သည် နူဟ်(အလိုင်ဟိစ္စလာမ်)၏နောက်လိုက်သားများအပေါ်မိမိ၏ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍အသိပေး မိန့်ကြားထားတော်မူသည်မှာ-'နူဟ်'၏ အမျိုးသားတို့သည် ရစူလ်တမန်တော်များအား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။စူရဟ် ရှုအရာအ်-(၂၆:၁၀၅)တမန်တော်နူဟ်(အလိုင်ဟိစ္စလာမ်)၏အလျင် (ရှိရ်က် ဖက်စပ်ကိုးကွယ်မှုမှ တစ်ပါးတည်းသောအရှင်အားကိုးကွယ်မှုဘက်သို့ ဖိတ်ခေါ်သည့်)မည်သည့်ရစူလ်မျှမရှိကြောင်းသိရှိပြီးဖြစ်သည်။ သို့ဖြစ်လျက် တမန်တော်နူဟ် (အလိုင်ဟိစ္စလာမ်)၏ နောက်လိုက်တို့သည် ၎င်းအားငြင်းပယ်ကြသည့်အခါ ထိုသို့ငြင်းပယ်ခြင်းသည် နဗီ၊ရစူလ်တမန်တော်အားလုံးအား ငြင်းပယ်ရာရောက်သွားပေသည်။ အဘယ်ကြောင့်ဆိုသော် နဗီ၊ရစူလ် အပေါင်းတို့၏ဖိတ်ခေါ်မှုနှင့် အဓိကရည်ရွယ်ချက်မှာတစ်ခုတည်းသာဖြစ်သည်။ပဥ္စမ။ နောက်ဆုံးနေ့အပေါ်(အီမာန်)သက်ဝင်ယုံကြည်ခြင်း၊ ထိုနေ့သည်(ကိယာမသ်)ကမ္ဘာပျက်မည့်နေ့ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် လောကီဘဝ၏ နောက်ဆုံးနေ့တွင် အိစ်ရာဖီးလ်ကောင်းကင်တမန်အား အမိန့်ပေးသည့်အခါ ၎င်းသည် သတိလစ်မေ့မြောစေမည့် (ပထမအကြိမ်) တံပိုးကိုမှုတ်လိုက်မည်။ ထိုအခါ အလ္လာဟ်အရှင်မြတ် အလိုရှိသူအားလုံး သတိလစ်မေ့မြောကာ သေဆုံးသွားကြမည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုမှတစ်ပါး တံပိုးခရာမှုတ်သောအခါ အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသောသူမှတစ်ပါး မိုးကောင်းကင်များ၌ ရှိကြကုန်သောသူတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိကြကုန်သောသူတို့သည်လည်းကောင်း၊ သတိမေ့၍ သွားကြပေမည်။ ထို့နောက် တဖန် ယင်းတံပိုးကိုမှုတ်ခဲ့ပြန်သော် ၎င်းတို့မှာ ရုတ်တရက် မတ်တပ်ရပ်လျက် ကြည့်နေကြပေမည်။စူရဟ် ဇုမရ်-(၃၉:၆၈)အလ္လာဟ်အရှင်မြတ်အလိုရှိတော်မူသောသူမှလွဲ၍ မိုးကောင်းကင်များနှင့်မြေပထဝီတွင်ရှိသမျှသောသူများသည် သေကျေပျက်စီးသွားသောအခါ ဧကန်အမှန်ပင်အလ္လာဟ်အရှင်မြတ်သည် ကျမ်းမြတ်ကုရ်အာန်တွင်မိန့်ဆိုထားသည့်အတိုင်းမိုးကောင်းကင်များနှင့် မြေပထဝီကို ခေါက်လိပ်တော်မူမည်။(အို-နဗီတမန်တော်)အကြင်(နေ့၏အကြောင်းကိုလည်းပြောကြားပါလေ။)ထိုနေ့တွင် ငါအရှင်မြတ်သည် မိုးကောင်းကင်ကို ရေးသားထားသော မှတ်တမ်းစာရွက်လိပ်ကဲ့သို့ပင် ခေါက်လိပ်တော်မူမည်။ ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပထမအကြိမ်စတင် ဖန်ဆင်းတော်မူသကဲ့သို့ ထိုအရာကိုပင် ထပ်မံ၍ပြုလုပ် (ဖန်ဆင်း)တော်မူပေမည်။ (ဤသည် ငါအရှင်မြတ်) မိမိအပေါ်၌ကတိပြု(တာဝန်ယူ)တော်မူခြင်းပင် ဖြစ်ပေရာ ဧကန်အမှန် ငါအရှင်မြတ်သည် (မိမိကတိတော်အတိုင်း)ပြုလုပ်တော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။စူရဟ် အန်ဗိယာအ်-(၂၁:၁၀၄)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ်သော်ကား ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား ကြည်ညိုလေးစားအပ်သည့် နည်းအတိုင်း ကြည်ညိုလေးစားခြင်း မပြုခဲ့ကြပေ။ စင်စစ်မှာကား "ကိယာမတ်"ရှင်ပြန်ထမည့်နေ့တွင် ကမ္ဘာမြေတစ်ခုလုံးမှာ ထိုအရှင်မြတ်၏ လက်တစ်ဆုပ်စာပင် ရှိမည်သာမက၊ မိုးကောင်းကင်များမှာလည်း ထိုအရှင်မြတ်၏ လက်ယာလက်တော်တွင်းဝယ် လိပ်ထားလျက်ပင် ရှိကြပေမည်။ ထိုအရှင်မြတ်မှာမူကား ၎င်းတို့ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့မှ(လုံးဝ) စင်ကြယ်သန့်ရှင်းတော်မူသည့်ပြင် ထိုအရှင်မြတ်သည်(ထိုအရာတို့ထက် အတိုင်းမရှိ) မြင့်မြတ်လှတော် မူပေသတည်း။စူရဟ် ဇုမရ်-(၃၉:၆၇)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -(ကိယာမသ်)ကမ္ဘာပျက်မည့်နေ့တွင် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကို ခေါက်လိပ်တော်မူမည်။ ၎င်းနောက်ယင်းမိုးကောင်းကင်များအား ညာဘက်လက်ဖြင့် ကိုင်တော်မူပြီးနောက်မိန့်တော်မူမည် ငါအရှင်မြတ်သည် အာဏာတန်ခိုးအားစိုးပိုင်တော်မူသည်။ မောက်မာဆိုးသွမ်းသူများအဘယ်မှာနည်း။ မာန်မာနထောင်လွှားသူများအဘယ်မှာနည်း။ ထို့နောက်တဖန်မြေပထဝီများကို မိမိ၏ဘယ်ဘက်လက်ဖြင့် ခေါက်လိပ်ထားကာမိန့်တော်မူမည် ငါအရှင်မြတ်သည်အာဏာတန်ခိုးအားစိုးပိုင်တော်မူသည်။ မောက်မာဆိုးသွမ်းသူများအဘယ်မှာနည်း။မာန်မာနထောင်လွှားသူများအဘယ်မှာနည်း။(မွတ်စ်လင်မ်ကျမ်း)ထို့နောက်အလ္လာဟ်အရှင်မြတ်သည် (အစ်ရာဖီးလ်)ကောင်းကင်တမန်အား နောက်တစ်ကြိမ်တံပိုးမှုတ်ရန် အမိန့်ပေးသောအခါ ၎င်းတို့သည် ရုတ်တရက်မတ်တပ်ရပ်လျက်ကြည့်နေကြမည်။ ကြီးကျယ်မြင့်မားတော်မူသောအလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထို့နောက် တဖန် ယင်းတံပိုးကိုမှုတ်ခဲ့ပြန်သော် ၎င်းတို့မှာ ရုတ်တရက် မတ်တပ်ရပ်လျက် ကြည့်နေကြပေမည်။စူရဟ် ဇုမရ်-(၃၉:၆၈)တဖန်အလ္လာဟ်အရှင်မြတ်သည် အဖန်ဆင်းခံအလုံးစုံတို့ကို ရှင်ပြန်ထစေပြီးစာရင်းစစ်ဆေးရန်အတွက် ၎င်းတို့အား စုရုံးတော်မူမည်။ ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အကြင်နေ့တွင် (၎င်းတို့)ပြေးလျက်ရှိကြစဉ် မြေသည် ၎င်းတို့အပေါ်မှ ပွင့်ထွက်သွားပေမည်။ ဤသည် ငါအရှင်မြတ်အဖို့ လွယ်ကူသောစုရုံးခြင်းပင်။စူရဟ် ကောဖ်-(၅၀:၄၄)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အကြင်နေ့တွင် ၎င်းတို့သည် (မိမိတို့၏သင်္ချိုင်းများအတွင်းမှ ထိုအရှင်မြတ်၏)ရှေ့တော်မှောက်သို့ ထွက်လာကြရပေမည်။ (ထိုနေ့တွင်) ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်တစ်စုံတစ်ရာမျှပင် အလ္လာဟ်အရှင်မြတ်၌ ဖုံးကွယ်၍ နေမည်မဟုတ်ပေ။ (ထိုနေ့တွင် ထိုအရှင်မြတ်က) "စိုးမိုးအုပ်ချုပ်သည့် အာဏာသည် ယနေ့ မည်သူ၌ ရှိချေသနည်း"(ဟုမိန့်ကြားတော်မူပေမည်။ တစ်ဖန် မိမိကိုယ်တော်တိုင်)တစ်ဆူတည်းဖြစ်တော်မူသော၊ အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော အလ္လာဟ်အရှင်မြတ်၌သာရှိသည် (ဟု မိန့်ကြားတော်မူပေမည်)။စူရဟ် ဂါဖိရ်-(၄၀:၁၆)ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးကို စစ်ဆေးမေးမြန်းတော်မူမည်။ ၎င်းပြင်မတရားကျူးလွန်ခံရသည့်သူတိုင်းအတွက် ကျူးလွန်သူထံမှလက်စား ချေအစားယူပေးမည်ဖြစ်ပြီး လူတိုင်းအား ၎င်းတို့ကျင့်ဆောင်ခဲ့သမျှနှင့်စပ်လျဉ်း၍ အစားပေးတော်မူမည်ဖြစ်သည်။ ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ယနေ့သော်ကား လူတိုင်းလူတိုင်းသည် မိမိတို့ ရှာဖွေဆည်းပူးခဲ့သမျှနှင့်စပ်လျဉ်း၍ အစားပေးခြင်းကို ခံကြရပေမည်။ ယနေ့ မတရားပြုလုပ်မှုဟူ၍ကား အလျင်းမရှိပြီ။ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာ စောကြောစစ်ဆေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။စူရဟ် ဂါဖိရ်-(၄၀:၁၇)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အမှန်စင်စစ်အလ္လာဟ်အရှင်မြတ်သည်(အကျိုးပေးတော်မူရာတွင်)မြူမှုန့်ခန့်ပင်မတော်မတရားပြုတော်မမည်မဟုတ်ပေ။စင်စစ်အကယ်၍ကောင်းမှုတစ်ရပ်ဖြစ်ခဲ့ပါလျှင်၊ထိုအရှင်မြတ်သည်ယင်းကောင်းမှုကိုဆထက်ထမ်းပိုးတိုးပွားစေတော်မူအံ့၊ကုသိုလ်အကျိုးပေးသနားတော်မူအံ့။၎င်းပြင်မိမိအထံတော်မှအလွန်ကြီးကျယ်သောအကျိုးဆုလာဘ်ကိုလည်းခြီးမြှင့်ပေးသနားတော်မူအံ့။စူရဟ် နိစာအ်-(၄:၄၀)သို့ဖြစ်ပေရာ မည်သူမဆို တစ်စုံတစ်ရာကောင်းမှုကို အဏုမြူခန့်မျှပင် ပြုမူခဲ့သည်ရှိသော် ထိုသူသည်(မိမိကျင့်မူခဲ့သော) ထိုကောင်းမှုကို တွေ့မြင်ရပေမည်။(၇)ထိုနည်းတူစွာ မည်သူမဆို တစ်စုံတစ်ရာမကောင်းမှုကို အဏုမြူခန့်မျှပင် ပြုမူခဲ့ပါလျှင်လည်း ထိုသူသည် (မိမိပြုကျင့်ခဲ့သော) ယင်းမကောင်းမှုကို တွေ့မြင်ရမည်သာတည်း။(၈)စူရဟ် ဇလ်ဇလဟ်-(၉၉:၇-၈)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ် ငါအရှင်မြတ်သည် ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မျှတသောချိန်ခွင်များကို ထားရှိတော်မူသည်။ သို့ဖြစ်ပေရာ မည်သူတစ်ဦးတစ်ယောက်မျှ အနည်းငယ်စိုးစဉ်းမျှပင် မတရားသဖြင့် နှိပ်စက်ခြင်းကို ခံရမည်မဟုတ်ပေ။ စင်စစ်အကယ်၍ (တစ်ဦးတစ်ယောက်၌) မုန်ညင်းစေတစ်စေ့မျှ အလေးချိန်ရှိသော(ကောင်းမှုပင်) ရှိငြားသော်လည်း ငါအရှင်မြတ်သည် ယင်းမုန်ညင်းစေ့တစ်စေ့ကိုလည်း (ရှေ့တော်မှောက်သို့) ယူလာတော်မူမည်သာဖြစ်သည်။ စင်စစ် ငါအရှင်မြတ်နှင့်ပင် စစ်ဆေးတော်မူသောအရှင်အဖြစ် လုံလောက်ပေသတည်း။စူရဟ် အန်ဗိယာအ်-(၂၁:၄၇)ပြန်လည်ရှင်ပြန်ထခြင်းနှင့် စာရင်းစစ်ဆေးမှုပြီးသည့်အခါ အစားပေးမည်ဖြစ်ပြီးအကြင်သူသည် ကောင်းမှုတစ်စုံတစ်ရာကို ကျင့်ဆောင်ခဲ့ပါက မည်သည့်အခါတွင်မျှပပျောက်မည်မဟုတ်သည့် ထာဝရစည်းစိမ်သည် ၎င်းအတွက်ရှိမည်ဖြစ်သည်။ အကြင်သူသည်မကောင်းမှုနှင့် သွေဖည်ငြင်းပယ်မှုကိုပြုလုပ်ခဲ့ပါက ၎င်းအတွက်ပြစ်ဒဏ်ရှိမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုနေ့တွင် စိုးမိုးအုပ်ချုပ်မှုသည် အလ္လာဟ်အရှင်မြတ်၌သာ ရှိပေမည်။ ထိုအရှင်မြတ်သည် ၎င်းတို့အကြားဝယ် စီရင်ဆုံးဖြတ်တော်မူမည်။ ထို့နောက် အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူ ဆောက်တည်ခဲ့ကြကုန်၏။(ထိုသူတို့သည်) သုခချမ်းသာနှင့်ပြည့်စုံသော ဥယျာဉ်များ၌ ရှိကြပေမည်။(၅၆)သို့ရာတွင် အကြင်သူတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ငါအရှင်မြတ်၏ အာယတ်တော်များကို မဟုတ်မမှန်ဟူ၍ ငြင်းဆိုခဲ့ကြကုန်၏။ ထိုသူတို့မူကား ၎င်းတို့၌ ဂုဏ်အင်သေးသိမ်စေသော ပြစ်ဒဏ်သည် ရှိချေအံ့သတည်း။(၅၇)စူရဟ် ဟဂျ်-(၂၂:၅၆-၅၇)အကယ်၍ ဤလောကီသက်တမ်းသည်သာ နောက်ဆုံးဖြစ်လျင် လက်ရှိဘဝ ရှင်သန်ခြင်းသည် အချည်းအနှီးသက်သက်သာဖြစ်လိ့မ်မည်ကို ကျွန်တော်တို့သိပြီးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အသင်တို့သည် မိမိတို့အား ငါအရှင်မြတ်က အချည်းနှီး အကျိုးမဲ့သာ ဖန်ဆင်းတော်မူခဲ့သည် ဟူ၍လည်းကောင်း၊ အသင်တို့သည် ငါအရှင်မြတ်အထံတော်သို့ ပြန်လည်ရောက်ရှိကြရမည် မဟုတ်ဟူ၍လည်းကောင်း၊ ထင်မှတ်ခဲ့ကြလေသလော။စူရဟ် မုအ်မိနူးန်-(၂၃:၁၁၅)ဆဌမ။ အလ္လာဟ်အရှင်မြတ်၏ စီရင်ဆုံးဖြတ်မှုနှင့် (သက္ကဒီရ်)အကောင်း၊ အဆိုးဟူသမျှကို အရှင်မြတ်သက်မှတ်ရေးဆွဲထားပြီးဖြစ်ကြောင်း အီမာန်သက်ဝင်ယုံကြည်ခြင်း။ စကြာဝဠာကြီးတစ်ခုလုံး၌ဖြစ်ခဲ့ပြီးသောအဖြစ်အပျက်၊ လက်ရှိဖြစ်နေသည့်အဖြစ်အပျက်နှင့် နောင်ဖြစ်လာမည့်အဖြစ်အပျက်အလုံးစုံတို့အား အလ္လာဟ်အရှင်မြတ်သည် မုချသိတော်မူကြောင်းနှင့် အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီအားမဖန်ဆင်းမည်အလျင်ကပင် ၎င်းအဖြစ်အပျက်အလုံးစုံတို့အား ရေးဆွဲသတ်မှတ်ခဲ့ကြောင်းကို သက်ဝင်ယုံကြည်ရန်တာဝန်ရှိသည်။ ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းပြင် ထိုအရှင်မြတ်အထံတော်တွင် အကွယ်၌ရှိသောအရာများ၏ [သော့များသည်ရှိ၏]။ [(တနည်း) ဘဏ္ဍာတော်များသည်ရှိ၏။] ယင်း(သော့များ-ဘဏ္ဍာတော်များကို)ထိုအရှင်မြတ်မှတစ်ပါး မည်သူမျှမသိချေ။ ၎င်းပြင် ထိုအရှင်မြတ်သည် သာလျှင် ပထဝီမြေ၌ ရှိရှိသမျှသော အရာတို့ကလည်းကောင်း၊ သမုဒ္ဒရာ ပင်လယ်၌ ရှိရှိသမျှသော အရာတို့ကိုလည်းကောင်း သိရှိတော်မူ၏။ ထို့ပြင်တဝ သစ်ရွက်တစ်ရွက်ကြွေကျသည်ကိုပင် ထိုအရှင်မြတ်သည် သိရှိတော်မူ၏။ ၎င်းပြင် ပထဝီမြေ၏အမှောင်အထပ်ထပ်တွင် ကျနေသော (သစ်)စေ့ ဟူသရွေ့တို့သည်လည်းကောင်း၊ စိမ်းစိုသောအရာဝတ္ထု ဟူသရွေ့တို့သည်လည်းကောင်း၊ သွေ့ခြောက်သော အရာဝတ္ထုဟူသရွေ့တို့သည်လည်းကောင်း၊ ရှင်းလင်းထင်ရှားသော (မှတ်တမ်း) တော်စာအုပ်တွင်ရှိကုန်၏။စူရဟ် အန္နအာမ်-(၆:၅၉)ဧကန်အမှန်ပင်အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အသိပညာဖြင့် ဝန်းခြုံထားတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အလ္လာဟ်အရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ ထိုအရှင်မြတ်သည် မိုးခုနစ်ထပ်ကို ဖန်ဆင်းတော်မူခဲ့၏။ ၎င်းပြင် မြေကိုလည်း ယင်းကဲ့သို့ပင်(ဖန်ဆင်းတော်မူခဲ့၏)။ ယင်းမိုးနှင့်မြေတို့ အကြားဝယ် အမိန့်တော်များသည် ဆင်းသက်လေ၏။ (ယင်းသို့ဖြစ်ရခြင်းမှာ)ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူကြောင်းကို လည်းကောင်း၊ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အသိပညာဖြင့် အမှန်ပင် ဝန်းခြုံလျက် ရှိတော်မူကြောင်းကိုလည်းကောင်း၊ အသင်တို့ သိရှိကြအံ့သောငှာ ဖြစ်ပေသတည်း။စူရဟ် သွလာက်-(၆၅:၁၂)ဧကန်အမှန်ပင် ဤစကြာဝဠာတစ်ခုလုံး၌မည်သည့်ကိစ္စရပ်မဆို အလ္လာဟ်အရှင်မြတ်၏အလိုတူမှု၊ အရှင်မြတ်၏ဆန္ဒ၊ အရှင်မြတ်၏ဖန်ဆင်းမှုနှင့်အကြောင်းခံများအားလွယ်ကူစေမှုတို့ရှိမှသာလျှင် အကောင်အထည်ပေါ်လာမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်၊ မိုးကောင်းကင်ကို စိုးမိုးအုပ်ချုပ်မှုအာဏာသည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှုအာဏာသည် လည်းကောင်း၊ ထိုအလ္လာဟ်အရှင်မြတ်၌သာရှိပေသည်။ စင်စစ် ထိုအရှင်မြတ်သည် တစ်ဦးတစ်ယောက်ကိုမျှလည်း (မိမိ၏)သားအဖြစ် ပြုလုပ်တော်မူခဲ့သည် မဟုတ်ပေ။ ထို့ပြင် ထိုအရှင်မြတ်၌ စိုးမိုးအုပ်ချုပ်မှုတွင် တွဲဖက်ဟူ၍လည်း တစ်ဦးတစ်ယောက်မျှမရှိချေ။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ဖန်ဆင်းတော်မူခဲ့သည့်ပြင် ထိုအရာများကို နှိုင်းချိန်တိုင်းဆ ထားတော်မူခဲ့လေသည်။စူရဟ် ဖွရ်ကာန်-(၂၅:၂)ထိုသို့စီမံဆောင်ရွက်ခြင်းတွင် လူသားတို့ဝန်းခြုံ၍မသိနိုင်သော အလ္လာဟ်အရှင်မြတ်၏ နက်နဲသိမ်မွေ့သည့်ဉာဏ်အမြော်မြင်များရှိသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(ဤကုရ်အာန် ကျမ်းတော်မြတ်သည်) ပြည့်စုံသော နက်နဲသိမ်မွေ့သည့် ဉာဏ်ပညာပင် ဖြစ်ချေသည်။ သို့တစေလည်း (ယင်းသို့သောသူများအား) သတိပေးနှိုးဆော်သော အကြောင်းအရာများသည် အကျိုးရှိစေမည် မဟုတ်ပေတကား။စူရဟ် ကမရ်-(၅၄:၅)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အမှန်သော်ကား ထိုအရှင်မြတ်သည်ပင် အဖန်ဆင်းခံတို့အား စတင်ဖန်ဆင်းတော်မူ၏။ ထို့နောက် ထိုအရှင်မြတ်သည်ပင် ယင်းအဖန်ဆင်းခံတို့ကို ထပ်မံ၍ ဖန်ဆင်းတော်မူမည်။ စင်စစ်သော်ကား ဤသည် ထိုအရှင်မြတ်အဖို့သာ၍ပင် လွယ်ကူလှပေသည်။ ထိုမှတစ်ပါး မိုးကောင်းကင်များ၌လည်းကောင်း၊ ပထဝီမြေ၌လည်းကောင်း၊ ထိုအရှင်မြတ်၌သာလျှင် ထူးကဲမြင့်မြတ်လှစွာသော ဝိသေသဂုဏ်ထူးသည်ရှိပေသည်။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။စူရဟ် ရူးမ်-(၃၀:၂၇)ထို့ပြင်ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်သည် မိမိကိုယ်မိမိဥာဏ်အမြော်မြင်နှင့်ပြည့်စုံတော်မူကြောင်းဂုဏ်တော်ကို တင်ပြတော်မူပြီး(ဟကီးမ်)ပညာဥာဏ်အမြော်မြင်နှင့်ပြည့်စုံတော်မူသည့်အရှင်ဟူ၍ မိမိကိုယ်မိမိနာမတော်ပေးထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အလ္လာဟ်အရှင်မြတ်သည်မိမိမှတပါးအခြားခဝပ်ကိုးကွယ်ရာအရှင်မရှိကြောင်း(မိမိကိုယ်တော်တိုင်)သက်သေခံတော်မူ၏။ထိုနည်းတူစွာ၊မလာအိကဟ်ကောင်းကင်တမန်များနှင့်ပညာရှင်သုခမိန်အပေါင်းတို့သည်လည်း(မိမိတို့၏အကျင့်အမူများဖြင့်သက်သေခံခဲ့ကြလေပြီ)ထိုအရှင်မြတ်သည်တရားမျှတစွာစီမံအုပ်ချုပ်လျက်ရှိတော်မူ၏။ထိုအရှင်မြတ်သည်သာလျှင်ခဝပ်ကိုးကွယ်ရာအရှင်ဖြစ်တော်မူ၍ထိုအရှင်မြတ်မှတစ်ပါးခဝပ်ကိုးကွယ်ရာအရှင်ဟူ၍အလျင်းမရှိပြီ။(ထိုအရှင်မြတ်သည်)တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော်မူသောအရှင်၊အကျိုးအကြောင်းဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်မြတ်ပင်တည်း။စူရဟ် အားလိအင်မ်ရာန်-(၃:၁၈)အလ္လာဟ်အရှင်မြတ်ကအသိပေးမိန့်ကြားထားသည်မှာ (ကိယာမသ်)ကမ္ဘာ့တရားခွင်နေ့၌ အီစာ(အလိုင်ဟိစ္စလာမ်) သည်အလ္လာဟ်အရှင်မြတ်အား ဤသို့လျှောက်ထားတော်မူမည်။“အရှင်မြတ်သည် အကယ်၍ ထိုသူတို့အား အပြစ်ဒဏ်ပေးတော်မူခဲ့ပါလျှင် ၎င်းတို့သည် ဧကန်မလွဲ အရှင်မြတ်၏ကျွန်များပင် ဖြစ်ကြပါ၏။ ၎င်းပြင် အကယ်၍ အရှင်မြတ်သည် ထိုသူတို့ အား (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါလျှင်လည်း (ပြုစွမ်းတော်မူနိုင်ပါသည်။) အဘယ်ကြောင့်ဆိုသော် ဧကန်စင်စစ် အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါသည်။"စူရဟ် မာအိဒဟ်-(၅:၁၁၈)မူစာ(အလိုင်ဟိစ္စလာမ်)သည် သူရ်တောင်၏ဘေး၌ရှိနေချိန် အလ္လာဟ်အရှင်မြတ်သည် ၎င်းအားဟစ်ခေါ်၍ မိန့်တော်မူသည်မှာ-အို-မူစာ၊ ငါသည် အလွန်တရာ လွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့် အလွန်တရာ ပြည့်စုံတော်မူသောငါအရှင်မြတ်ပင် ဖြစ်တော်မူ၏။စူရဟ် နမ်လ်-(၂၇:၉)ထို့ပြင် ကြီးကျယ်မြင့်မြတ်တော်မူသော ကျမ်းတော်မြတ်ကုရ်အာန်အား(ဟိက်မသ်)ဥာဏ် အမြော်မြင်နှင့်ပြည့်စုံသည့်ကျမ်းဟူ၍ ဂုဏ်ပေးထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အလစ်ဖ်၊ လာမ်၊ ရာ။ ဤသည် အကြင်ကျမ်းဂန်တော်တစ်ဆူတည်း၊ ထိုကျမ်းဂန်၏ အာယတ်တော်များသည် မြဲမြံခိုင်ခံ့အောင်ပြုလုပ်ပြီးဖြစ်ချေသည်။ ထို့ပြင်တဝထိုအာယတ်တော်များသည် ကျိုးကြောင်းဆင်ခြင်တုံ တရားနှင့်ပြည့်စုံတော်မူသော အကြွင်းမဲ့သိမြင်တော် မူသောအရှင်မြတ်အထံတော်မှ အသေးစိတ် ရှင်းလင်းဖော်ပြပြီး ဖြစ်ပေသည်။စူရဟ် ဟူဒ်-(၁၁:၁)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဤသည်တို့ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် ဉာဏ်ပညာများအနက်မှ အသင့်ထံသို့ ထုတ်ပြန်တော်မူသော အမိန့်ပညတ်တော် များပင်ဖြစ်ကုန်၏။ သို့ဖြစ်ရာ အသင်သည် အလ္လာဟ် အရှင်မြတ်နှင့် ယှဉ်တွဲ၍အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ (တွဲဖက်ကိုးကွယ်ခြင်းကို)မပြုလေနှင့်။ သို့ပြုခဲ့သော် အသင်သည် ဂျဟန္နမ်ငရဲဘုံ၌ ပြစ်တင် ရှုတ်ချခြင်းခံရလျက်၊ ကရုဏာတော်မှ ကင်းဝေးစေခြင်းခံရလျက် ပစ်ချခြင်းခံရအံ့သတည်း။စူရဟ် အစ္စရာအ်-(၁၇:၃၉)

၂၂။ နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)များသည် အလ္လာဟ်အရှင်မြတ်၏ဝဟီအမိန့်တော်များကို ပို့ချရာတွင်လည်းကောင်း၊ အသိဉာဏ်နှင့်ကောင်းမြတ်သည့်အကျင့်စာရိတ္တတို့နှင့်ဆန့်ကျင်သည့်အရာတိုင်းမှလည်းကောင်း ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရသည်။ နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များအား အရှင်မြတ်၏ကျေးကျွန်များထံပို့ချရန် တာ၀န်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ ထိုတမန်တော်များတွင် မွေးမြူဖန်ဆင်းခြင်း၊ ခ၀ပ်ကိုးကွယ်မှုကိုခံထိုက်ခြင်းတို့နှင့်သက်ဆိုင်သော မည့်သည့်ဂုဏ်ဝိသေသမျှမရှိပေ။ အမှန်ပင် ၎င်းတို့သည်အခြားလူသားများကဲ့သို့လူသားပင်ဖြစ်ကြသည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် မိမိ၏မိန့်မှာချက်များကို ၎င်းတို့ထံ ဝဟီပို့ချတော်မူသည်။

နဗီတမန်တော်(အလိုင်ဟိစ္စလာမ်)များသည် အလ္လာဟ်အရှင်မြတ်၏ဝဟီအမိန့်တော်များကိုပို့ချရာတွင် (အမှားအယွင်းများမှ)ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရသည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် မိမိ၏မိန့်မှာချက်များပို့ချရန်အတွက် မိမိ၏အဖန်ဆင်းခံများအနက်မှ အမွန်မြတ်ဆုံးသောသူများအားရွေးချယ်ထားတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အလ္လာဟ်အရှင်မြတ်သည် "မလာအိကဟ်"ကောင်းကင်တမန်တို့အနက်မှလည်းကောင်း၊ လူတို့အနက်မှလည်းကောင်း၊ စေတမန်များ(တမန်တော်များ)ကို ရွေးချယ်တော်မူခဲ့၏။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသော ကောင်းစွာ မြင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။စူရဟ် ဟဂျ်-(၂၂:၇၅)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည်(နဗီတမန်တော်)အာဒမ်ကိုလည်းကောင်း၊(နဗီတမန်တော်)နူဟ်ကိုလည်းကောင်း၊(နဗီတမန်တော်)အစ်ဗ်ရာဟီမ်၏အဆက်အနွယ်ကိုလည်းကောင်း၊အင်(မ်)ရာန်၏အဆက်အနွယ်ကိုလည်းကောင်း၊စကြာဝဠာခပ်သိမ်းတို့အပေါ်ဝယ်ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီ။စူရဟ် အားလိအင်မ်ရာန်-(၃:၃၃)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(ထိုအခါအလ္လာဟ်)အရှင်မြတ်သည်(ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။အို-(နဗီတမန်တော်)မူစာ၊ဧကန်စင်စစ်ငါအရှင်မြတ်သည်အသင့်အားလူအများပေါ်၌မိမိရစူလ်တမန်တော်အဖြစ်ကိုချီးမြှင့်တော်မူခြင်းအားဖြင့်လည်းကောင်း၊ငါအရှင်မြတ်သည်အသင်နှင့်စကားပြောဆိုတော်မူခြင်းအားဖြင့်လည်းကောင်း၊ရွေးချယ်မြှောက်စားတော်မူလိုက်ပြီ။သို့ဖြစ်ပေရာအသင်သည်အသင့်အားငါအရှင်မြတ်ချီးမြှင့်ပေးသနားတော်မူသည်(များ)ကိုယူပါလေ။၎င်းပြင်အသင်သည်ကျေးဇူးတော်ကိုသိတတ်သူတို့တွင်အပါအဝင်ဖြစ်ပါလေ။စူရဟ် အအ်ရာဖ်-(၇:၁၄၄)ရစူလ်တမန်တော်(အလိုင်ဟိစ္စလာမ်)တို့သည် အမှန်စင်စစ်မိမိတို့ထံ ကျရောက်လာသောအရာများသည် အလ္လာဟ်အရှင်မြတ်၏(ဝဟီ)ဗျာဒိတ်တော်များ ဖြစ်ကြောင်း သိရှိကြသည်။ ထို့ပြင် (မလာအိကဟ်)ကောင်းကင်တမန်များသည်(ဝဟီ) ဗျာဒိတ်တော်များဖြင့် ဆင်းသက်လာသည်ကိုလည်း မြင်တွေ့ကြသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(ထိုအရှင်မြတ်သည်ပင်) ဖုံးကွယ်လျက်ရှိသည်တို့ကို သိရှိတော်မူသောအရှင် ဖြစ်တော်မူ၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် ဖုံးကွယ်လျက် ရှိသည်တို့နှင့်စပ်လျဉ်းသော မိမိအသိပညာကို မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် အသိပေးတော်မူသည် မဟုတ်ပေ။(၂၆)သို့ရာတွင် ထိုအရှင်မြတ်သည် မိမိကျေနပ် နှစ်သက်တော်မူသော ရစူလ်တမန်တော်တစ်ပါးပါးအား (ဖုံးကွယ်လျက်ရှိသော အကြောင်းအရာ တစ်စုံ တစ်ရာကို သိစေလိုတော်မူပါလျှင် (ဧကန်အမှန် ထိုအရှင်မြတ်သည် ထိုရစူလ်တမန်တော်၏ ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း၊ စောင့်ကြပ်သူ (ကောင်းကင်တမန်)ကို စေလွှတ်တော်မူ၏။(၂၇)(ယင်းသို့ ပြုလုပ်တော်မူခြင်းမှာ) ထို(ရစူလ် တမန်တော်များသည်လည်းကောင်း၊ ကောင်းကင် တမန်များသည်လည်းကောင်း၊) မိမိတို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၏ အကြောင်းကြားချက်တို့ကို (တိကျမှန်ကန်စွာ)ပို့ဆောင်ခဲ့ကြသည်ကို ထို အရှင် သိတော်မူအံ့သောငှာ (ပြုလုပ်တော်မူခြင်း) ဖြစ်၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည် ထို (ရစူလ်တမန်တော်များနှင့် ကောင်းကင်တမန်)တို့၏ အခြေအနေတို့ကို ဝန်းရံလျက်ရှိတော်မူသည်သာမက အရာခပ်သိမ်းတို့၏ အရေအတွက်ကိုလည်း ရေတွက်၍ ထားရှိတော်မူပြီး ဖြစ်ပေသတည်း။(၂၈)စူရဟ် ဂျင်န်-(၇၂:၂၆-၂၈)ထို့နောက်အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားမိမိ၏မိန့်မှာချက်များကို ပို့ချရန်အမိန့်ပေးတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို- ရစူလ်တမန်တော်၊ အသင်သည် မိမိအရှင်မြတ်အထံတော်မှ မိမိထံသို့ ကျရောက်လာသမျှသော ဒေသနာတော်များကို (လူခပ်သိမ်းတို့ထံသို့) ပို့ဆောင်ဟောကြားပါလေ။ အကယ်တန္တု အသင်သည် (ထိုကဲ့သို့ ပို့ဆောင်ဟောကြားခြင်း) မပြုခဲ့ပါလျှင် အသင်သည် ထိုအရှင်မြတ်၏အကြောင်းကြားချက်များကို ပို့ဆောင် (ဟောကြား) သည် မမည်ချေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင့်အား လူတို့၏ (ဘေးရန်ခပ်သိမ်းတို့) မှ ထိန်းသိမ်းစောင့်ရှောက်တော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည်'ကာဖိရ်' ငြင်းပယ်သောသူတို့အား (အသင့်ကို လာရောက်ဖျက်ဆီးနိုင်ရန်) လမ်းပေးတော်မူမည်မဟုတ်ပေ။စူရဟ် မာအိဒဟ်-(၅:၆၇)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(ငါအရှင်မြတ်သည်) ရစူလ်တမန်တော်များအား ဝမ်းမြောက်ဖွယ်ရာ သတင်းပေးသူများအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူများအဖြစ်လည်းကောင်း စေလွှတ်တော်မူခဲ့လေသည်။ ယင်းသို့ စေလွှတ် တော်မူခြင်းမှာ) ထိုရစူလ်တမန်တော်များ ရောက်ရှိလာကြပြီးနောက် ('ကိယာမတ်'ခေါ် ရှင်ပြန်ထရမည့်နေ့တွင် ) အလ္လာဟ်အရှင်မြတ်၏ရှေ့တော်မှောက်၌ လူတို့အဖို့ အကြောင်းပြချက် မရှိစေရန်အလို့ငှာ ဖြစ်ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။စူရဟ် နိစာအ်-(၄:၁၆၅)ရစူလ်တမန်တော်(အလိုင်ဟိစ္စလာမ်)အပေါင်းတို့သည် အလ္လာဟ်အရှင်မြတ်အားအကြောက်ရွံ့ဆုံးသူများဖြစ်ကြသည်။ ထို့ကြောင့်အရှင်မြတ်၏မိန့်မှာချက်များတွင်အတိုးအလျှော့မပြုလုပ်ကြပေ။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ်သော်ကား အကယ်၍သာ ထို(နဗီတမန်တော်မြတ်)သည် ငါအရှင်မြတ်အပေါ်၌ အချို့သောစကားများကို လုပ်ကြံပြောဆိုခဲ့ပါလျှင်၊(၄၄)အမှန်ပင် ငါအရှင်မြတ်သည် သူ၏လက်ယာလက်ကို ဖမ်းဆွဲတော်မူခဲ့ပေမည်။(၄၅)ထို့နောက် ငါအရှင်မြတ်သည် သူ၏နှလုံးကြောကို ဖြတ်တောက်တော်မူခဲ့ပေမည်သာ။(၄၆)ထိုအခါ အသင်တို့အနက် မည်သူတစ်ဦးတစ်ယောက်မျှပင် သူ့အား ယင်းပြစ်ဒဏ်မှ ကာကွယ်တားဆီးပေးနိုင်သော သူဟူ၍လည်း ရှိမည်မဟုတ်ပေ။(၄၇)စူရဟ် ဟားက်ကဟ်(၆၉:၄၄-၄၇)အိဗ်နုကဆီးရ်(ရဟိမဟုလ္လာဟ်)က ရှင်းပြခဲ့သည်အလ္လာဟ်အရှင်မြတ်မိန့်ဆိုထားသည့် (ولو تقول علينا)၏ဆိုလိုရင်းသည် မှရ်ှရစ်က်များထင်မြင်ချက်ဖြင့်ပြောဆိုကြသကဲ့သို့ မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ငါအရှင်မြတ်အပေါ်လုပ်ကြံလီဆယ်ကာ ငါအရှင်မြတ်၏မိန့်မှာချက်များတွင် အတိုးအလျာ့ပြုလျှင် သို့မဟုတ် တစ်စုံတစ်ရာကို မိမိဘက်မှပြောဆိုကာ ယင်းအား ငါအရှင်မြတ်ဘက်သို့ ပတ်သက်စေခဲ့လျှင် (ကိုယ်တော်သည်ထိုသို့ပြုလုပ်ရန် စိတ်ကူး၌ပင်မရှိ။) မုချငါအရှင်မြတ်သည် ၎င်းအားလျင်မြန်စွာ ပြစ်ဒဏ်ခတ်တော်မူမည်။ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားသည့်(لأخذنا منه باليمين)ဆိုလိုရင်းသည် အမှန်ပင်ငါအရှင်မြတ်သည်သူ၏လက်ယာ လက်ကိုဖမ်းဆွဲအရေးယူတော်မူမည်။ အဘယ်ကြောင့်ဆိုသော်လက်ယာလက်သည် ပို၍အင်အားရှိသည်။ တချို့က အာယသ်၏ဆိုလိုရင်းအား ငါအရှင်မြတ်သည် မိမိ၏လက်ယာဖြင့် ၎င်းအားဖမ်းဆီးအရေးယူတော်မူမည်ဟု ဖွင့်ဆိုကြသည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(ပြန်လည်အောက်မေ့သတိရပါလေ။) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူအံ့။ “အို-'မရ်ယမ်' ၏သား'အီစာ' အသင်က လူတို့အား အသင်တို့သည် အလ္လာဟ် အရှင်မြတ်အပြင် ကျွန်ုပ် (အီစာ) ကိုလည်းကောင်း၊ ကျွန်ုပ်၏မယ်တော် (မရ်ယမ်) ကိုလည်းကောင်း၊ ကိုးကွယ်ရာ (ဘုရား) နှစ်ပါး မှတ်ယူကြလေကုန်" ဟု ပြောကြားခဲ့ပါသလော။ ထိုအခါ (အီစာ) (အလိုင် ဟစ္စလာမ်) သည် (ဤသို့) လျှောက်ထားပြန်ကြားပေအံ့။ (အို - အရှင်) အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါ၏။ ကျွန်တော်မျိုးမှာ မိမိမပြောထိုက်သောစကားကို ပြောဆိုခွင့် အလျင်းမရှိပါ။ အကယ်၍သာ ကျွန်တော်မျိုးသည် ထိုစကားကိုပြောဆိုမိခဲ့ပါမူ အရှင်မြတ်သည် ထိုပြောဆိုသည်ကို မုချ သိရှိတော်မူပြီးပင်ဖြစ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုး၏စိတ်တွင်း၌ ရှိသမျှတို့ကို (အကြွင်းမဲ့) သိရှိတော်မူပါ၏။ သို့ရာတွင် ကျွန်တော်မျိုးမှာမူကား အရှင်မြတ်၏စိတ်တွင်း၌ရှိသည်တို့ကို မသိပါ။ ဧကန်စင်စစ် အရှင်မြတ်သည်သာလျှင် အကွယ်၌ရှိသမျှတို့ကို အအကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပါသတည်း။"(၁၁၆) “ကျွန်တော်မျိုးသည် ၎င်းတို့ကို အရှင်မြတ်က ကျွန်တော်မျိုးအား မိန့်တော်မူသည့် (အတိုင်း) “အို- အချင်းတို့ အသင်တို့သည် ကျွန်ုပ်၏အရှင်လည်းဖြစ်တော်မူသော၊ အသင်တို့၏အရှင်လည်း ဖြစ်တော်မူသော (တစ်ဆူတည်းသော) အလ္လာဟ်အရှင်မြတ်အားသာ ကိုးကွယ်ကြလေကုန်" ဟူသောစကားမှအပ အခြား မည်သည့်စကားကိုမျှ ပြောဆိုခဲ့သည်မရှိပါ။ ထို့ပြင်တဝ ကျွန်တော်မျိုးသည် ၎င်းတို့အထဲတွင် ရှိနေသမျှကာလပတ်လုံး ၎င်းတို့ (၏အကြောင်း) ကို သိရှိသူဖြစ်ပါသည်။ တစ်ဖန် အရှင်သည် ကျွန်တော်မျိုးအား ပင့်မယူဆောင်သောအခါ အရှင်သည်ပင်လျှင် ၎င်းတို့ (၏ အကြောင်း) ကို သိရှိတော်မူသောအရှင် ဖြစ်တော်မူခဲ့ပါသည်။ အမှန်စင်စစ်သော်ကား အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို သိမြင်တော်မူသောရှင်မြတ်ပင် ဖြစ်တော်မူပါသည်။"(၁၁၇)စူရဟ် မာအိဒဟ်-(၅:၁၁၆-၁၁၇)နဗီ၊ရစူလ်တမန်တော်(အလိုင်ဟိစ္စလာမ်)များအပေါ်တွင် အလ္လာဟ်အရှင်မြတ်၏ ကျေး ဇူးတော်တစ်ရပ်မှာ အရှင်မြတ်သည် ၎င်းတို့အားမိမိ၏မိန့်မှာချက်များကိုပို့ချရာတွင် တည်တံ့မြဲမြံစေခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုးကွယ်ရာဘုရားများအနက် ဘုရားတစ်ဆူဆူက အသင့်အား အမှောင့်ပယောဂဖြင့် ဖမ်းစားခဲ့သည်ဟူ၍သာပြောဆိုလိုကြပေသည်။ (ထိုအခါ)ထိုနဗီတမန်တော်ဟူဒ်က (ဤသို့)ပြန်ကြားခံလေသည်မှာ(ဟယ်-အချင်းတို့) အသင်တို့ အလ္လာဟ်အရှင်မြတ်အပြင် တွဲဖက်ကိုးကွယ် လျက်ရှိကြသောအရာများနှင့် ငါသည် လုံးဝလွတ်ကင်းသူတစ်ဦးဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်အား သက်သေထား(၍အတည့်အလင်းကြေညာ)သည်။ အသင်တို့သည်လည်း သက်သေခံကြကုန်လော့။(၅၄) သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်မှလွဲ၍ အသင်တို့အားလုံးသည် ငါနှင့်ဆန့်ကျင်၍ လျှို့ဝှက်ကြံစည်ကြလေကုန်။ ထို့နောက် အသင်တို့သည် ငါအား (အနည်းငယ်မျှပင်) ရွှေ့ဆိုင်း ခွင့်မပေးကြကုန်လင့်။(၅၅)အကယ်စင်စစ် ငါသည် ငါ၏အရှင်မြတ်လည်းဖြစ်တော်မူသော အသင်တို့၏အရှင်မြတ်လည်း ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်စိတ်ချလွှဲအပ်ခဲ့လေပြီ။ ထိုအရှင်မြတ်သည် ရှိရှိသမျှသော တိရစ္ဆာန်တို့၏နဖူး(ဆံစ)ကို ဆုပ် ကိုင်ထားတော်မူပေသည်။ ဧကန်မလွဲ ငါ၏ အရှင်မြတ်သည် ဖြောင့်မတ်မှန်ကန်သောလမ်းပေါ်၌ ပင်ရှိနေတော်မူပေသတည်း။(၅၆)စူရဟ် ဟူဒ်-(၁၁:၅၄-၅၆)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ်ဧကန် ငါအရှင်မြတ်သည် အသင့်ထံသို့ပို့တော်မူခဲ့သောအမိန့်တော်မှတစ်ပါးကို ငါအရှင်မြတ် အပေါ်၌အသင်လီဆယ်ပြောဆိုအံ့သောငှာ ၎င်းတို့သည် အသင့်အားယင်းအမိန့်တော်မှ ချွတ်ချော်တိမ်းပါး စေအံ့ဆဲဆဲပင် ဖြစ်ခဲ့ကြကုန်၏။ ထိုအခါ ၎င်းတို့သည် အသင့်အား ရင်းနှီးသောအားဖြင့်အဆွေခင်ပွန်းပြုလုပ်ခဲ့ကြမည်အမှန်ပင်။(၇၃)အကယ်၍သာ ငါအရှင်မြတ်သည် အသင့်အားရပ်တည်စေတော်မမူခဲ့လျှင် မလွဲဧကန် အသင်သည် ၎င်းတို့ဘက်သို့ ယိမ်းယိုင်ဖွယ်ရာရှိခဲ့၏။(၇၄)ထိုအခါ ငါအရှင်မြတ်သည် အသင့်အား ဤအသက်ရှင်လျက်ရှိသော ပစ္စုပ္ပန်ဘဝ၏ နှစ်ဆနှင့် သေလွန်ပြီးနောင်ဘဝတွင် (ပြစ်ဒဏ်)နှစ်ဆကို မုချမြည်းစမ်းစေတော်မူမည်။ ထို့နောက် အသင်သည် ငါအရှင်မြတ်နှင့်ဆန့်ကျင်၍ မိမိတို့အဖို့ ကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှပင် တွေ့ရှိလိမ့်မည် မဟုတ်ပေ။(၇၅)စူရဟ် အစ္စရာအ်-(၁၇:၇၃-၇၅)ဤအာယသ်တော်များနှင့် ၎င်းအလျင်လာရှိသည့်အာယသ်တော်များအရ ကျမ်းမြတ်ကုရ်အာန်သည် အမှန်တကယ်ပင် စကြဝဠာခပ်သိမ်းကိုမွေးမြူဖန်ဆင်းတော်မူသည့်အရှင်မြတ်ထံတော်မှ ကျရောက်လာကြောင်း ညွှန်ပြနေသည်။အကယ်၍ယင်းကျမ်းမြတ်သည် တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဘက်တော်မှဖြစ်ခဲ့လျှင် ထိုသို့မိမိကိုယ်မိမိပြန်လည်ရည်ညွှန်းထားသည့်စကားရပ်မျိုးအား ထည့်သွင်းထားမည် မဟုတ်ပါ။ချွတ်ယွင်းမှုအပေါင်းမှကင်းစင်ပြီး မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်သည်မိမိ၏ရစူလ်တမန်တော်များကို လူတို့၏(ဘေးရန်ခပ်သိမ်းတို့)မှ ထိန်းသိမ်းစောင့်ရှောက်တော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို- ရစူလ်တမန်တော်၊ အသင်သည် မိမိအရှင်မြတ်အထံတော်မှ မိမိထံသို့ ကျရောက်လာသမျှသော ဒေသနာတော်များကို (လူခပ်သိမ်းတို့ထံသို့) ပို့ဆောင်ဟောကြားပါလေ။ အကယ်တန္တု အသင်သည် (ထိုကဲ့သို့ ပို့ဆောင်ဟောကြားခြင်း) မပြုခဲ့ပါလျှင် အသင်သည် ထိုအရှင်မြတ်၏အကြောင်းကြားချက်များကို ပို့ဆောင် (ဟောကြား) သည် မမည်ချေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင့်အား လူတို့၏ (ဘေးရန်ခပ်သိမ်းတို့) မှ ထိန်းသိမ်းစောင့်ရှောက်တော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည်'ကာဖိရ်' ငြင်းပယ်သောသူတို့အား (အသင့်ကို လာရောက်ဖျက်ဆီးနိုင်ရန်) လမ်းပေးတော်မူမည်မဟုတ်ပေ။စူရဟ် မာအိဒဟ်-(၅:၆၇)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထို့ပြင် (အို-နဗီတမန်တော်) အသင်သည် ၎င်း တို့၏ရှေ့ဝယ် (နဗီတမန်တော်) နူးဟ်၏အတ္ထုပ္ပတ္တိအကြောင်းကိုဖတ်ကြားပါလေ။ တစ်ရံရော အခါဝယ်(နဗီတမန်တော်) နူးဟ်သည် မိမိအမျိုးသားတို့အား (ဤသို့)ပြောကြားခဲ့လေသည်။အို-ငါ၏အမျိုးသားတို့၊ အကယ်၍ ငါ၏ရပ်တည်ခြင်းသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ အာယတ်တော်များဖြင့်ငါ၏ဆုံးမဩဝါဒပေးခြင်းသည်လည်းကောင်း၊ အသင်တို့အပေါ်၌ ဝန်လေးနေပါလျှင် ငါသည် အလ္လာဟ်အသျှင်မြတ်အပေါ်၌သာ ယုံပုံလွှဲအပ်ပြီးဖြစ်ပေရာ အသင်တို့သည် (ငါ့အားချေမှုန်းရန်) မိမိတို့၏ အကြံအစည်များကို မိမိတို့၏တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ရာများနှင့် ပူးပေါင်း၍ ပြဋ္ဌာန်းကြလေကုန်။ ထို့နောက်အသင်တို့၏(ယင်း)အကြံ အစည်များသည်လည်း အသင်တို့အပေါ်ဝယ် ဖုံးအုပ်လျက် မရှိပါစေနှင့်။ ထို့နောက် အသင်တို့သည် ငါနှင့်ပတ်သက်၍ စီမံဆောင်ရွက်ကြလေကုန်။ ၎င်း ပြင်အသင်တို့သည် ငါ့အား ရွှေ့ဆိုင်းခွင့်ပင် မပေးကြကုန်လင့်။စူရဟ် ယူနွတ်စ်-(၁၀:၇၁)မူစာ(အလိုင်ဟိစ္စလာမ်)၏ပြောကြားချက်ကို အရှင်မြတ်ကပြန်လည်အသိပေးမိန့်ကြားတော်မူသည်မှာ-(ထိုအခါ) ယင်း(မူစာနှင့်ဟာရူန်)တို့နှစ်ဦးကအို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးတို့သည် မိမိတို့အားယင်းဖိရ်အောင်(န်)က ကြိုတင်(စတင်) ဒုက္ခပေးမည်ကိုလည်းကောင်း၊ယင်းသည် ပိုမို၍ပင် ဆိုးသွမ်းလာမည်ကိုလည်းကောင်း၊ စိုးရိမ်မိကြပါသည်ဟု လျှောက်ထား ပန်ကြားခဲ့ကြလေသည်။(၄၅) (ထိုအခါ) အရှင်မြတ်က (ဤသို့)မိန့် ကြားတော်မူခဲ့၏။ အသင်တို့နှစ်ဦးသည် မစိုးရိမ်ကြလင့်။ ဧကန်မလွဲငါအရှင်မြတ်သည် အသင်တို့နှစ်ဦးနှင့်အတူ ရှိတော်မူ၏။ငါအရှင်မြတ်သည် (အလုံးစုံတို့ ကို) ကြားတော်မူ၏။ ၎င်းပြင်ငါအရှင်မြတ်သည် (ဖြစ်ပျက်သမျှတို့ကိုလည်း) မြင်တော်မူ၏။(၄၆)စူရဟ် သွာဟာ-(၂၀:၄၅-၄၆)ထို့ကြောင့်အလ္လာဟ်အရှင်မြတ်သည် မိမိ၏ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်)တို့အား ၎င်းတို့၏ရန်သူများမှထိန်းသိမ်းစောင့်ရှောက်တော်မူမည်ဖြစ်ကြောင်းတင်ပြထားသည်။ ထို့ကြောင့်ရန်သူများသည် ၎င်းတို့အားမည်သည့်ဘေးဒုက္ခတစ်စုံတစ်ရာကိုမျှ မပေးနိုင်ခဲ့ပေ။ ချွတ်ယွင်းမှုအပေါင်းမှကင်းစင်ပြီးကြီးကျယ်မြင့်မားတော်မူသော အရှင်မြတ်သည် မိမိ၏(ဝဟီ)ဗျာဒိတ်တော်၌အတိုးအလျော့မဖြစ်စေရန် မိမိကိုယ်တိုင်ထိန်းသိမ်းစောင့်ရှောက်ထားမည်ဖြစ်ကြောင်း တင်ပြထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဧကန်စင်စစ် ငါအရှင်မြတ်သည်ပင်လျှင်(ဤ)ဆုံးမဩဝါဒ(တည်းဟူသောကုရ်အာန်ကျမ်းတာ်မြတ်)ကို ချပေးသနားတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ယင်းဆုံးမဩဝါဒကို ထိန်းသိမ်းစောင့်ရှောက်တော်မူမည့် အရှင်မြတ် ဖြစ်တော်မူပေသတည်း။စူရဟ် ဟိဂျ်ရ်-(၁၅:၉)နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)များသည် အသိညဏ်နှင့်ဆန့်ကျင်သောအရာ သို့မဟုတ် အကျင့်စာရိတ္တ(ပျက်ပြားစေသော)အရာတိုင်းမှ ထိန်းသိမ်စောင့်ရှောက်ခြင်းခံရသူများဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏နဗီတမန်တော်မုဟမ္မဒ်အား(မကောင်းသောစာရိတ္တများမှ)ကင်းရှင်းသူဖြစ်ကြောင်း တင်ပြမိန့်ကြားထားသည်မှာ-ထိုမှတစ်ပါး မလွဲဧကန် အသင်သည် ထူးကဲမြင့်မြတ်လှစွာသော သဘောသကန် အကျင့်စာရိတ္တ ပေါ်၌ရှိနေ၏။စူရဟ် ကလမ်-(၆၈:၄)တမန်တော်မြတ်နှင့်ပတ်သက်၍ ဤသို့လည်း မိန့်တော်မူထားသည်။၎င်းပြင် (ဤ)အသင်တို့၏ အဖေါ်သည်လည်း ရူးသွပ်သောသူ မဟုတ်ပေ။စူရဟ် သက္ကဝီးရ်-(၈၁:၂၂)၎င်းပြင် ရစူလ်တမန်တော်တိုင်းသည် အရှင်မြတ်၏မိန့်မှာချက်များကို ကောင်းမွန်စွာထမ်းဆောင်နိုင်သည်အထိ ကာကွယ်စောင့်ရှောက်ခြင်းခံရသည်။ နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များအားအရှင်မြတ်၏ကျေးကျွန်များထံ ပို့ချရန်တာ၀န်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ ထိုတမန်တော်များတွင် မွေးမြူဖန်ဆင်းခြင်း၊ ခ၀ပ်ကိုးကွယ်မှုကိုခံထိုက်ခြင်းတို့နှင့်သက်ဆိုင်သော မည့်သည့်ဂုဏ်ဝိသေသမျှမရှိပေ။ အမှန်ပင်၎င်းတို့သည် အခြားလူသားများကဲ့သို့လူသားပင်ဖြစ်ကြသည်။ သို့သော်အလ္လာဟ်အရှင်မြတ်သည်မိမိ၏မိန့်မှာချက်များကို ၎င်းတို့ထံဝဟီပို့ချတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းတို့အား ၎င်းတို့၏ ရစူလ်တမန်တော်များက(ဤသို့)ပြောဆိုဖြေကြားခဲ့ပေသည်။ (အချင်းတို့၊ဧကန်မလွဲ)ငါတို့သည် အသင်တို့ကဲ့သို့ပင် လူသားများသာဖြစ်ကြပေသည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်များအနက်မှ မိမိအလိုရှိတော်မူသောသူအပေါ်၌ ကျေးဇူးပြုတော်မူလေ့ရှိပေသည်။ စင်စစ်သော်ကား ငါတို့၌ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့်မှတစ်ပါး အသင်တို့ထံ တန်ခိုးပြာဋိဟာ တစ်စုံတစ်ခုကိုယူဆောင်လာကြရန် အခွင့်အာဏာမရှိပေ။ အမှန်သော်ကားမုအ်မင်န် သက်ဝင် ယုံကြည်သူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် အားကိုးအားထား ယုံပုံလွှဲအပ်ကြရာကုန်သတည်း။စူရဟ် အိဗ်ရာဟီမ်-(၁၄:၁၁)အလ္လာဟ်အရှင်မြတ်သည် မိမိ၏တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား သူ၏အမျိုးသားတို့ကို ဤသို့ပြောကြားရန် အမိန့်ပေးခဲ့သည်။(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) ငါသည် အသင်တို့ကဲ့သို့ပင် လူသားတစ်ဦးမျှသာလျှင်ဖြစ်သည်။ အသင်တို့၏ ကိုးကွယ်ရာအရှင်မြတ်သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်ပင် ဖြစ်တော်မူကြောင်း၊ ငါ့ထံသို့ ဝဟီအမိန့်တော်ကျရောက်လာ(ခြင်းသည်သာလျှင်ငါ၏ထူးခြားချက်ဖြစ်) ချေသည်။ သို့ဖြစ်ပေရာ မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တွေ့ဆုံရန် မျှော်လင့်လျက် ရှိသောသူသည်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ရပေမည်။ ၎င်းပြင် ထိုသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အားခဝပ်ကိုးကွယ်ရာ၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် တွဲဖက်ယှဉ်တွဲ (ကိုးကွယ်)ခြင်းမပြုရချေ။စူရဟ် ကဟ်ဖ်-(၁၈:၁၁၀)

၂၃။ အစ္စလာမ်သာသနာသည် ကြီးကျယ်သော ခဝပ်ကိုးကွယ်မူများ၏ အခြေအမြစ်တရားများနှင့်တကွ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်းဘက်သို့ ဖိတ်ခေါ်ထားသည်။ ၎င်းတို့မှာ-(၁)ဆွလာသ်၀တ်ပြုခြင်း။ ၎င်းတွင်ကိယာမ်ရပ်ခြင်း၊ ရုကူအ်ဦးညွတ်ခြင်း၊ စဂ်ျဒဟ်ဦးချခြင်း၊ အလ္လာဟ်အရှင်မြတ်အားသတိရတသခြင်း၊ ချီးမွမ်းထောပနာပြုခြင်းနှင့်ဆုတောင်းခြင်းတို့ပါဝင်သည်။ လူတစ်ဦးသည်နေ့စဥ်ငါးကြိမ်ဆွလာသ်ဆောက်တည်ရသည်။ ဤသို့ဝတ်ပြုခြင်း၌အဆင့်အတန်းခွဲခြားမူများမရှိပေ။ ထို့ကြောင့်သူဌေး၊ သူဆင်းရဲ၊ ခေါင်းဆောင်နှင့် လက်အောက်ငယ်သားအားလုံးတို့သည် ဆွလာသ်ဝတ်ပြုရာ၌လိုင်းတစ်လိုင်းထဲတွင်ရှိကြရသည်။ (၂)ဇကာသ်ဖြစ်သည်။ ဇကာသ်ဟူသည်စည်းမျဉ်းစည်းကမ်းများနှင့်အညီ သူဌေးများ၏ဥစ္စာပစ္စည်များထဲမှ ဆင်းရဲသားများနှင့်အခြားယူပိုင်ခွင့်ရှိသူများအတွက် တစ်နှစ်လျှင်တစ်ကြိမ်ပေးရန် အလ္လာဟ်အရှင်မြတ်က(ဖရဿ်ွ)မပြုမနေရတာဝန်အဖြစ် သတ်မှတ်ထားသည့်အနည်းငယ်မျှသောပမာဏကိုဆိုလိုသည်။ (၃)ဆွိယာမ်ဖြစ်သည်။ ဆွိယာမ်ဟူသည် လမြတ်ရမ်ဿွာန်၏နေ့ပိုင်းတွင် စားခြင်း၊ သောက်ခြင်း၊ မေထုန်မှီဝဲခြင်းတို့မှရှောင်ကြဉ်ခြင်းဖြစ်ပြီး ၎င်းသည်စိတ်ဝိညာဉ်၌ ခန္တီတရားနှင့် စိတ်ဓါတ်ကြံ့ခိုင်မှုတို့ကို တိုးပွါးစေသည်။ (၄)ဟဂ်ျဖြစ်သည်။ ဟဂ်ျဟူသည် တတ်စွမ်းနိုင်သူအပေါ် တစ်သက်တွင်တစ်ကြိမ် မက္ကဟ်မြို့ရှိအလ္လာဟ်အရှင်မြတ်၏အိမ်တော်သို့သွားရောက်ဟဂ်ျပြုခြင်းဖြစ်သည်။ဟဂ်ျကျင့်စဥ်၌ ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူသော ဖန်ဆင်းရှင်ဘက်သို့လှည့်ရာတွင်အားလုံးတူညီသွားကြပြီး ကွဲပြားခြားနားမှုများနှင့်မျိုးရိုးဂုဏ်ဖော်မှုများလည်း ပပြောက်သွားပေသည်။

အစ္စလာမ်သာသနာတော်သည် ကြီးကျယ်သောခဝပ်မှုကိုးကွယ်မူများနှင့် အခြားသောခဝပ်ကိုးကွယ်မှုတို့ဖြင့် အလ္လာဟ်အရှင်မြတ်အားခဝပ်ကိုးကွယ်ရန် ဖိတ်ခေါ်ထားသည်။ ဤကြီးမြတ်သောခဝပ်ကိုးကွယ်မှုများကို အလ္လာဟ်အရှင်မြတ်ကနဗီ၊ရစူလ်တမန်တော်(အလိုင်ဟိစ္စလာမ်)အားလုံးအပေါ် တာဝန်အဖြစ်သတ်မှတ်ပြဌာန်းတော်မူခဲ့သည်။ ထိုကြီးမြတ်သောခဝပ်ကိုးကွယ်မှုများမှာ-

(ပထမ)ဆွလာသ်၊ အလ္လာဟ်အရှင်မြတ်သည် ဆွလာသ်ကိုနဗီတမန်တော်အားလုံးအပေါ် ဖရဿွ်မပြုမနေရတာ၀န်အဖြစ် သတ်မှတ်ခဲ့သည့်အတိုင်း မွတ်စ်လင်မ်အားလုံးအပေါ်တွင်လည်း ဖရဿွ်အဖြစ်သတ်မှတ်တော်မူခဲ့သည်။ ၎င်းပြင်အလ္လာဟ်အရှင်မြတ်သည် မိမိ၏နဗီ အိဗ်ရာဟီမ်ခလီးလ်(အလိုင်ဟိစ္စလာမ်)အားမိမိ၏အိမ်တော်ကို သွ၀ါဖ်လှည့်ပတ်ဖူးမြော်ကြသူများ၊ ဆွလာသ်ဝတ်ပြုသူများ၊ ဦးညွတ်ရိုကျိုးသူများနှင့် ပျပ်၀ပ်ဦးချသူတို့အတွက် သန့်ပြန့်စင်ကြယ်အောင်ထားရန် အမိန်ပေးခဲ့သည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းပြင် အသင်တို့သည် ပြန်လည်အောက်မေ့ သတိရကြကုန်လော့၊ အခါတပါး၌ ငါအရှင်မြတ်သည် (ကအ်ဗဟ်) ကျောင်းတော်မြတ်ကို လူခပ်သိမ်း တို့အဘို့ သွားရောက်စုဝေးရာ ဗဟိုဌာနအဖြစ်ဖြင့်လည်းကောင်း၊ အဘယဒါယီ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းရာ ဌာန အဖြစ်ဖြင့် လည်းကောင်း၊ ပြုလုပ်သတ် မှတ်တော်မူခဲ့လေပြီ။ ထို့ပြင်တဝ နဗီတမန်တော် အစ်ဗ်ရာဟီမ်(အ) ရပ်တည် ရာနေရာကို ဆွလာတ်ဝတ်ပြုရန် နေရာအဖြစ် သတ်မှတ်ကြကုန်ဟူ၍ အသင်တို့ကို ငါမိန့်တော်မူခဲ့ လေသည်။ ထိုမှတပါး ငါအရှင်မြတ်သည် နဗီတမန်တော်အစ်ဗ်ရာဟီမ်(အ) နှင့် နဗီတမန်တော် အစ္စမာအီလ်(အ) တို့အားအသင်တို့နှစ်ဦးသည် ငါအရှင်မြတ်၏ (ကအ်ဗဟ်) ကျောင်းတော်မြတ်ကို လှည့်ပတ် ဖူးမျှော်ကြသူတို့ အဘို့အရာလည်းကောင်း၊ တရားကိုနှစ်သက်၍ ထိုကျောင်းတော်၌ တစ်ကိုယ်တစ်ကာယတည်း အိအ်တိကာဖ် ပြုလုပ် သီတင်းသုံး နေထိုင်ကြသူတို့ အဘို့အရာ လည်းကောင်း၊ ဦးညွတ်ရိုကျိုးသော သူအပေါင်းတို့ အဖို့အရာလည်းကောင်း၊ ပျပ်ဝပ်ဦးချသောသူ အပေါင်းတို့ အဘို့အရာလည်းကောင်း ဤငါ၏အိမ်တော်ကို(ရုပ်ပွားဆင်းတု၊ အညစ်အကြေး၊ အစရှိသည်တို့မှ) ရှင်းလင်းထားကြရမည်ဟု အမိန့်တော်ကို ချမှတ်တော်မူခဲ့ လေသတည်း။စူရဟ် ဗကရဟ်-(၂:၁၂၅)အလ္လာဟ်အရှင်မြတ်သည် တမန်တော်မူစာ(အလိုင်ဟိစ္စလာမ်)အား ပထမဦးဆုံးဟစ်ခေါ်ချိန်တွင် ဆွလာသ်ကို တာဝန်အဖြစ်ပြဌာန်းတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ပင်။ သို့ဖြစ်ပေရာအသင်သည် မိမိ ဖိနပ်နှစ်ဖက်ကို ချွတ်ပါလေ။ ဧကန်စင်စစ်အသင်သည် ထူးမြတ်သော တွုဝါ တောင်ကြားအရပ်၌(ရောက်)ရှိနေချေပြီ။(၁၂)စင်စစ် ငါအရှင်မြတ်သည် အသင့်အား (နဗီတမန်တော်အဖြစ်) ရွေးချယ်တော်မူပြီးဖြစ်ရာ အသင်သည်(မိမိထံသို့ ငါအရှင်မြတ်အထံတော်မှ) ထုတ်ပြန် ခြင်းခံရသောအမိန့်တော်များကို နားထောင်ပါလေ။(၁၃)ဧကန်အမှန် ငါအရှင်မြတ်သည် ပင်လျှင်အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူပေသည်။ ငါအရှင်မြတ် မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ဖြစ် ပေရာအသင်သည် ငါအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ပါလေ။ထို့ပြင် အသင်သည် ငါအရှင်မြတ်အား သတိရခြင်းငှာ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။(၁၄)စူရဟ် သွာဟာ-(၂၀:၁၂-၁၄)မစီးဟ်အီစာ(အလိုင်ဟိစ္စလာမ်)က စင်စစ်အလ္လာဟ်အရှင်မြတ်သည် မိမိအား ဆွလာသ်ဆောက်တည်ရန်နှင့် ဇကာသ်ပေးဆောင်ရန်အမိန့်ပေးခဲ့ကြောင်း အသိပေးခဲ့သည်။ ၎င်းက အလ္လာဟ်အရှင်မြတ်တင်ပြထားသည့်အတိုင်း ပြောကြားခဲ့သည်မှာ-၎င်းပြင် ထိုအရှင်မြတ်သည် ကျွန်ုပ်အား မည်သည့်နေရာ၌မဆိုကျွန်ုပ်ရှိနေစေကာမူ ဗရ်ကသ်မင်္ဂလာနှင့်ပြည့်စုံသူ ပြုလုပ်တော်မူခဲ့ပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ကျွန်ုပ်အား အသက်ထင်ရှား ရှိနေသမျှကာလပတ်လုံးဆွလာသ်ဝတ်ပြုရန်လည်းကောင်း၊ ဇကာသ်ပေးဆောင်ရန်လည်းကောင်း၊ အမိန့်ပေးတော်မူခဲ့လေသည်။စူရဟ် မရ်ယမ်-(၁၉:၃၁)အစ္စလာမ်သာသနာတော်ရှိဆွလာသ်သည် ကိယာမ်ရပ်ခြင်း၊ ရုကူအ်ဦးညွတ်ခြင်း၊ စဂ်ျဒဟ်ဦးချခြင်း၊ အလ္လာဟ်အရှင်မြတ်အားသတိရတသခြင်း၊ ချီးမွမ်းထောပနာပြုခြင်းနှင့် ဆုတောင်းခြင်းတို့ပါဝင်သည်။ လူတစ်ဦးသည် နေ့စဥ်ဆွလာသ်ငါးကြိမ်ဆောက်တည်ရသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အသင်တို့သည် (ယေဘုယျအားဖြင့်) အားလုံး သော ဆွလာတ်ဝတ်ပြုခြင်းတို့ကိုလည်းကောင်း၊ (အထူးသဖြင့်) အလယ်ဖြစ်သော ဆွလာတ် ဝတ်ပြုမှုကိုလည်းကောင်း၊ စောင့်ရှောက်ထိန်းသိမ်း ကြလေကုန်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်ဝယ် ဂါရဝတရားရှေ့ထား၍ ခဝပ်ရိုကျိုးသောသူများ အဖြစ်နှင့်ရပ်ကြကုန်လော့။စူရဟ် ဗကရဟ်-(၂:၂၃၈)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်) အသင်သည် နေမွန်းလွဲချိန်မှစ၍ ညဉ့်မှောင်ချိန်အထိ ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။ ၎င်းပြင် မိုးသောက်ချိန် ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ပါလေ။ ဧကန်မလွဲ မိုးသောက်ချိန် ဆွလာတ်ဝတ်ပြုမှုသည် (မလာအိကဟ် ကောင်းကင်တမန်များ) လာရောက်ချိန်ပင် ဖြစ်ချေသတည်း။စူရဟ် အစ္စရာအ်-(၁၇:၇၈)တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ -ရုကူဦးညွတ်ရာတွင် မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်အား ကြီးကြယ်ထွတ်မြတ်ကြောင်းမြွတ်ဟပါလေ။ ၎င်းပြင်စဂ်ျဒဟ်ဦးချရာတွင် တတ်နိုင်သမျှကြိုးစားပြီးဆုတောင်းပါလေ။ အသင်တို့အဖို့ ထိုတောင်းဆုမှာ ပို၍လက်ခံနိုင်ခြေရှိသည်။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း)(ဒုတိယ)ဇကာသ်၊ အလ္လာဟ်အရှင်မြတ်သည် ဇကာသ်ကို ရှေးလွန်လေပြီးသောနဗီ၊ ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်)အားလုံးအပေါ် ဖရဿွ်မပြုမနေရတာ၀န်အဖြစ် သတ်မှတ်ခဲ့သည့်အတိုင်း မွတ်စ်လင်မ်အားလုံးအပေါ်တွင်လည်း ဖရဿွ်အဖြစ်သတ်မှတ်တော်မူခဲ့သည်။ ဇကာသ်ဟူသည် အလ္လာဟ်အရှင်မြတ် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ အတိုင်းတာပမာဏများနှင့် အညီ သူဌေးများ၏ဥစ္စာပစ္စည်းများထဲမှ ဆင်းရဲသားများနှင့်အခြားရပိုင်ခွင့်ရှိသူများအတွက် တစ်နှစ်လျှင်တစ်ကြိမ်ပေးရန် (ဖရဿ်ွ)မပြုမနေရတာဝန်အဖြစ်သတ်မှတ်ထားသည့် အနည်းငယ်သောပမာဏကိုဆိုလိုသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်) အသင်သည် ထိုသူတို့၏ဥစ္စာပစ္စည်းများထဲမှ အလှူဝတ္ထုကို လက်ခံယူလိုက်ပါ။ ယင်းသို့(အလှူလက်ခံယူလိုက်ခြင်း)အားဖြင့် အသင်သည် ထိုသူများအား စင်ကြယ်သန့်ရှင်း အပြစ်ကင်းစေနိုင်မည်။ ထို့ပြင်အသင်သည် ၎င်းတို့အဖို့ ဆုမွန်တောင်းပါလေ။ အကြောင်းသော်ကား အသင်၏ဆုမွန်တောင်းခြင်းသည် ၎င်းတို့အဖို့ ငြိမ်းအေးသက်သာ(နှစ်သိမ့်ကျေနပ်)မှုပင် ဖြစ်ချေသည်။ စင်စစ်တစ်မူကား အလ္လာဟ်အရှင်မြတ်သည် အလုံးစုံတို့ကို ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို သိရှိတော်မူသောအရှင်ဖြစ်တော်မူချေသည်။စူရဟ် သောင်ဗဟ်-(၉:၁၀၃)တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)အား ယီမင်ပြည်သို့စေလွှတ်ခဲ့ချိန်တွင် သူ့အားဤသို့ပြောကြားခဲ့သည်။ဧကန်အမှန်အသင်သည် ကျမ်းရထားသူများထံ သွားရောက်နေသည်ဖြစ်ရာ အသင်သည် ထိုသူတို့အား အလ္လာဟ်အရှင်မြတ်မှအပ အခြားခ၀ပ်ကိုးကွယ်ခြင်းခံထိုက်တော်မူသောအရှင်မရှိကြောင်းနှင့် ဧကန်အမှန် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံရန်ဖိတ်ခေါ်ပါလေ။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့ကသင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ်နေ့နှင့်ညတွင် ဆွလာသ်ငါးကြိမ်ဖရဿ်ွတာဝန်အဖြစ်သတ်မှတ်ထားကြောင်းအသိပေးပါ။ ထိုအရာနှင့်ပတ်သက်၍ လက်ခံခဲ့သော်အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်တွင် သူတို့၏ဥစ္စာပစ္စည်းများထဲမှ ဇကာသ်ပေးလှူခြင်းအား ဖရဿ်ွတာဝန်အဖြစ်သတ်မှတ်ကြောင်း အသိပေးပါ။ ယင်းဇကာသ်ကို ၎င်းတို့ထဲရှိကြွယ်ဝချမ်းသာသူများထံမှယူဆောင်၍ သူတို့၏ဆင်းရဲသားများကိုခွဲဝေပေးကမ်းရမည်။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့ကသင့်အား လက်ခံခဲ့သော်အသင်သည် ဇကာသ်ကောက်ယူရာတွင် ၎င်းတို့၏အကောင်းဆုံးဥစ္စာပစ္စည်းများကိုကောက်ယူခြင်းမှ ရှောင်ကြဉ်ပါ။ ၎င်းနောက်အသင်သည် မတရားညှဉ်းပန်းခြင်းခံရသူ၏ မကောင်းဆုတောင်းခြင်းခံရမှု(ကျိန်ဆဲမှု)ကို ရှောင်ကြဉ်ပါ။အဘယ်ကြောင့်ဆိုသော် ယင်းတိုင်ကြားမှုနှင့်အလ္လာဟ်အရှင်မြတ်၏ကြားတွင်အကာကွယ်မရှိပေ။(သိရ်မိဇီကျမ်း - ၆၂၅)(တတိယ)ဆွိယာမ်ဥပုသ်စောင့်ခြင်း။ အလ္လာဟ်အရှင်မြတ်သည် ဆွိယာမ်ဥပုသ်စောင့်ခြင်းကို ရှေးလွန်လေပြီးသော နဗီ၊ ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်)အားလုံးအပေါ် ဖရဿွ် မပြုမနေရတာဝန်အဖြစ်သတ်မှတ်ခဲ့သည့်အတိုင်း မွတ်စ်လင်မ်များအပေါ်တွင်လည်း ဖရဿွ် အဖြစ်သတ်မှတ်တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို-မုအ်မင်န် ယုံကြည်ခြင်းသဒ္ဒါတရား ရှိကြကုန်သောသူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထက် အလျင်ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ် သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူ သကဲ့သို့ပင် အသင်တို့အပေါ်၌လည်း ဥပုသ်သီတင်းဆောက်တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်း အတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုသ်သီတင်းဆောက်တည်) မှသာလျှင် အသင်တို့သည် ပြစ်မှု ဒုစရိုက်တို့မှ ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။စူရဟ် ဗကရဟ်-(၂:၁၈၃)ဆွိယာမ်ဟူသည် လမြတ်ရမ်ဿွာန်၏နေ့ပိုင်းတွင် စားခြင်း၊ သောက်ခြင်း၊ မေထုန်မှီဝဲခြင်းတို့မှ ရှောင်ကြဉ်ခြင်းဖြစ်ပြီး ၎င်းသည် စိတ်ဝိညာဉ်၌ခန္တီတရားနှင့် စိတ်ဓါတ်ကြံ့ခိုင်မှုတို့ကို ပျိုးထောင်ပေးသည်။တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်းသည် ငါအရှင်မြတ်အတွက်သာဖြစ်ပြီး ၎င်း၏အကျိုးကုသိုလ်ကို ငါအရှင်မြတ်ကိုယ်တိုင်ချီးမြှင့်တော်မူမည်ဖြစ်သည်။ ဆွိယာမ်ဥပုသ်စောင့်သူသည် ငါအရှင့်အတွက်သာစားခြင်း၊ သောက်ခြင်း၊ မေထုန်မှီဝဲခြင်းတို့ကိုစွန့်လွှတ်လိုက်သည်။ ဆွိယာမ်ဥပုသ်သည် ဒိုင်းသဖွယ်ဖြစ်သည်။ ဆွိယာမ်ဥပုသ်စောင့်ထိန်းသူအတွက် ပျော်ရွှင်မှုနှစ်ခုရှိသည်။ တစ်ခုမှာဝါဖြေသည့်အခါဖြစ်ပြီး နောက်တစ်ခုမှာ မိမိ၏အရှင်နှင့်ဆုံတွေ့သည့်အခါဖြစ်သည်။(ဆွဟီးဟ် ဗုခါရီကျမ်း - ၇၄၉၂)(စတုတ္ထ) ဟဂ်ျပြုခြင်း။အလ္လာဟ်အရှင်မြတ်သည် ဟဂ်ျကိုရှေးလွန်လေပြီးသော နဗီ၊ ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်)အားလုံးအပေါ် ဖရဿွ်မပြုမနေရတာဝန်အဖြစ်သတ်မှတ်ခဲ့သည့်အတိုင်း မွတ်စ်လင်မ်များအပေါ်တွင်လည်း ဖရဿွ်အဖြစ်သတ်မှတ်တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏နဗီ အိဗ်ရာဟီမ်ခလီလ်(အလိုင်ဟိစ္စလာမ်)အား ဟဂ်ျအတွက်ဖိတ်ခေါ်ရန် အမိန့်ပေးခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းပြင် အသင်သည် လူခပ်သိမ်းတို့အား (ထူးမြတ်လှစွာသော ယင်းအိမ်တော်သို့ လာရောက်ဖူးမြော်)ဟဂျ်ပြုကြရန် ကြေညာ(ဖိတ်ခေါ်)ပါလေ။ (ထိုအခါ)လူတို့သည် အလွန်ဝေးလံသော လမ်းခရီးတိုင်းမှ ခြေကျင်လည်းကောင်း၊ ကျုံလှီပိန်ချုံးသော ကုလားအုတ်အသီးသီးပေါ်၌ စီးနင်း၍လည်းကောင်း၊အသင့်ထံသို့ လာရောက်ကြပေမည်။စူရဟ် ဟဂျ်-(၂၂:၂၇)၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အိဗ်ရာဟီမ်(အလိုင်ဟိစ္စလာမ်)အား ရှေးကြသောအိမ် ကအ်ဗဟ်ဝတ်ကျောင်းတော်အား ဟဂ်ျပြုရန်လာကြသူတို့အတွက် သန့်ပြန့်စင်ကြယ်အောင် ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုမှတစ်ပါး(အို-နဗီတမန်တော်၊ ပြန်လည် သတိရပါလေ၊) တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် (နဗီတမန်တော်) အိဗ်ရာဟီမ်အား (ထူးမြတ်သော)အိမ်တော်၏နေရာကိုညွှန်ပြ၍ ပေးတော်မူခဲ့၏။ အမိန့်တော်ထုတ်ပြန်တော်မူခဲ့၏။အို-အိဗ်ရာဟီမ်) အသင်သည် မည်သည့်တစ်စုံတစ်ရာကိုပင်ငါအရှင်မြတ်နှင့်တွဲဖက် (နှိုင်းယှဉ်ကိုးကွယ်) ခြင်းကို မပြုပါလေနှင့်။ ထို့ပြင် အသင်သည် ငါအရှင်မြတ်၏ (ထူးမြတ်လှသော)အိမ်တော်ကို တွဝါဖ်လှည့်သူတို့အဖို့လည်းကောင်း၊ 'ကိယာမ်'ရပ်သူတို့အဖို့လည်းကောင်း၊ 'ရုကူအ်' ဦးညွတ်သူတို့နှင့်'စဂျီဒဟ်' ပျပ်ဝပ် ဦးချသူတို့အဖို့လည်းကောင်း၊ သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်၍ထားရှိပါလေ။စူရဟ် ဟဂျ်-(၂၂:၂၆)ဟဂ်ျဟူသည် တတ်စွမ်းနိုင်သူအတွက် တစ်သက်တွင်တစ်ကြိမ် မက္ကဟ်မြို့ရှိအလ္လာဟ်အရှင်မြတ်၏အိမ်တော်သို့ သွားရောက်၍ သတ်မှတ်ထားသော ကျင့်စဥ်များကို ကျင့်ဆောင်ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အကြင်သူသည် ထိုအိမ်တော်သို့အရောက်ခရီးသွားရန် တတ်စွမ်းနိုင်ခဲ့ပါလျှင်၊ အလ္လာဟ်အရှင်မြတ်(နှစ်သက်တော်မူရန်)အတွက် ထိုအိမ်တော်သို့သွားရောက်ဟဂျ်ပြုရန် (ထိုသူ့အပေါ်၌)တာဝန်ရှိပေသည်။ သို့ရာတွင်အကြင်သူသည်(အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို)ငြင်းပယ်သည်ရှိသော် (အလ္လာဟ်အရှင်မြတ်၌တစ်စုံတစ်ရာမျှနစ်နာဆုံးရှုံးမှုအလျင်းမရှိချေ၊) အဘယ်ကြောင့်ဟူမူအလ္လာဟ်အရှင်မြတ်သည် မုချဧကန်စကြာဝဠာအပေါင်းတို့အား လိုလားတောင့်တခြင်းကင်းတော်မူသောအရှင်ဖြစ်တော်မူပေသတည်း။စူရဟ် အားလိအင်မ်ရာန်-(၃:၉၇)ဟဂ်ျ၌ အစ္စလာမ်ဘာသာဝင် ဟဂ်ျပြုသူအားလုံးသည် ဖန်ဆင်းရှင်အားသီး သန့်(ဖက်စပ်မှုမပါဘဲ)ခဝပ်ကိုးကွယ်သူများအဖြစ် တစ်နေရာတည်းတွင် စုရုံးကြသည်။ ဟဂ်ျပြုသူတိုင်းသည် တူညီသောနည်းလမ်းဖြင့် ဟဂ်ျကျင့်စဉ်များကို ကျင့်ဆောင်ကြပြီး ယင်းသို့ဆောင်ရွက်ခြင်းကြောင့် ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနှင့်လူနေမှုအဆင့်အတန်းများအကြား ကွဲပြားခြားနားမှုများ ပပျောက်သွားပေသည်။

၂၄။ အစ္စလာမ်သာသနာတော်၌ရှိသော ခဝပ်ကိုးကွယ်မှုများ၏အကြီးမားဆုံးထူးခြားချက်မှာ ခဝပ်ကိုးကွယ်ရမည့်ပုံသဏ္ဍာန်၊ အချိန်နှင့်စည်းကမ်းချက်များအားလုံးကို အလ္လာဟ်အရှင်မြတ်က သတ်မှတ်ပြဌာန်းတော်မူပြီး ၎င်ပြဌာန်းချက်များကို အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ပို့ချတော်မူခဲ့သည်။ ယနေ့ထိတိုင် တစ်ဦးတစ်ယောက်ကမျှ ထိုပြဌာန်းချက်များကို ဝင်ရောက်စွက်ဖက်ကာ အတိုးအလျော့ပြုလုပ်ထားခြင်းမရှိပေ။ ဤကြီးကျယ်လှသော ခဝပ်ကိုးကွယ်မှုများဘက်သို့ နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)တိုင်းကဖိတ်ခေါ်ခဲ့သည်။

အစ္စလာမ်သာသနာတော်၌ရှိသော ခဝပ်ကိုးကွယ်မှုများ၏ အကြီးမားဆုံးထူးခြားချက်မှာ ခဝပ်ကိုးကွယ်ရမည့်ပုံသဏ္ဍာန်၊ အချိန်နှင့်စည်းကမ်းချက်များအားလုံးကို အလ္လာဟ်အရှင်မြတ်က သတ်မှတ်ပြဌာန်းတော်မူပြီး ၎င်းပြဌာန်းချက်များကို အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က တဆင့်ပြန်လည်ပို့ချခဲ့သည်။ ယနေ့ထိတိုင် မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုပြဌာန်းချက်များကို ဝင်ရောက်စွက်ဖက်ကာ အတိုးအလျော့ပြုလုပ်ထားခြင်းမရှိပေ။ ဤကြီးကျယ်လှသောခဝပ်ကိုးကွယ်မှုများဘက်သို့ နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)တိုင်းက ဖိတ်ခေါ်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ယနေ့သော်ကား ငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ 'ဒီန်' သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် မိမိ၏ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ 'ဒီန်'သာသနာတော်အဖြစ် သဘောတူနှစ်မြို့တော်မူခဲ့လေပြီ။စူရဟ် မာအိဒဟ်-(၅:၃)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-သို့ဖြစ်ပေရာ (အို-နဗီတမန်တော်) အသင်သည် မိမိထံ "ဝဟ်ယ်" ထုတ်ပြန်ခြင်းခံရလေသော ကုရ်အာန်ကျမ်းတော်မြတ်ကိုပင် အထောက်အထားပြုလျက် ရှိပါလေ။ဧကန်မလွဲ အသင်သည် ဖြောင့်မတ်သော လမ်းပေါ်၌ ရှိ၏။စူရဟ် ဇုခ်ရုဖ်-(၄၃:၄၃)ဆွလာသ်နှင့်ပတ်သက်၍ းအလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-တစ်ဖန် အသင်တို့သည် 'ဆွလာသ်' ဝတ်ပြု၍ပြီးကြသောအခါ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို မတ်တတ်ရပ်လျက်လည်းကောင်း၊ ထိုင်လျက်လည်းကောင်း၊ လဲလျောင်းလျက်လည်းကောင်း၊ အောက်မေ့တသ သတိရရှိကြလေကုန်။ တစ်ဖန် အသင်တို့သည် ဘေးရန်ကင်းငြိမ်း၍ စိတ်ချရသောအခါ (နဂိုမူလအတိုင်း စည်းကမ်းကျနစွာဖြင့်) 'ဆွလာသ်' ဝတ်ပြုမှုကို ဆောက်တည်ကြလေကုန်။ ဧကန်မလွဲ'ဆွလာသ်' ဝတ်ပြုမှုသည် 'မုအ်မင်န်' တို့အပေါ်၌ အချိန်ကာလပိုင်းခြား၍ အတည် သတ်မှတ်ပြဋ္ဌာန်းထားသော ဖရဇ်တာဝန်တစ်ရပ်ပင် ဖြစ်ချေသတည်း။စူရဟ် နိစာအ်-(၄:၁၀၃)ဇကာသ်သုံးစွဲရမည့်နေရာများနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-မုချဧကန် ဇကာတ်သည် ဆင်းရဲနွမ်းပါးသူတို့အဖို့လည်းကောင်း၊ ပစ္စည်းမဲ့များအဖို့လည်းကောင်း၊ ဇကာတ်နှင့်စပ်လျဉ်းသော ကိစ္စအဝဝကိုဆောင်ရွက်သည့် အမှုထမ်းများအဖို့လည်းကောင်း၊ အစ္စလာမ် သာသနာတော်၏တရားများကိုနှစ်သက်၍ သာသနာဘောင်တွင် ဝင်လိုသူများ၏စိတ်ကို နှစ်သိမ့်စေရန်အလို့ငှာလည်းကောင်း၊ ကျေးကျွန်များကို ကျွန်ဘဝမှလွတ်မြောက်စေရန် လည်းကောင်း၊ မြီစားများအဖို့ လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ လည်းကောင်း၊(ဒုက္ခရောက်နေသော)ခရီးသည်များအဖို့လည်းကောင်းဖြစ်သည်။ဤသည်ကား အလ္လာဟ်အရှင်မြတ်အထံတော်မှ ပြဋ္ဌာန်းထားတော်မူသော ပညတ်တော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်အကြွင်းမဲ့ သိတော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသတည်း။စူရဟ် သောင်ဗဟ်-(၉:၆၀)ဆွိယာမ်ဥပုသ်နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(ဆွိယာမ် ဥပုသ်ဆောက်တည်ရန်အတွက် သတ်မှတ်ထားသည့် အနည်းငယ်မျှသော နေ့ရက်များသည်) ရမဿွာန်လပင်ဖြစ်သည်။ (ထိုလ၌ အလ္လာဟ်အရှင်မြတ် အထံတော်မှ) ကုရ်အာန်ကျမ်းတော်မြတ်သည် ကျရောက်လာခဲ့ လေသည်။ (ယင်းကုရ်အာန်ကျမ်းတော်မြတ်သည်) လူသား ခပ်သိမ်းတို့အဖို့ တရားလမ်းညွှန်အဖြစ် လည်းကောင်း၊ တရား လမ်းမှန်ရစေသော အမှားအမှန်ကို ခွဲခြားသိစေသော ထင်ရှားလှသည့် သက်သေခံလက္ခဏာများအဖြစ်လည်းကောင်း (ကျရောက်လာ သောကျမ်းတော်မြတ်ပင်တည်း)။ သို့ဖြစ်လေ ရာ အသင်တို့အနက်မှမည်သူမဆို ထို(ရမဿွာန်)လမြတ် နှင့်ကြုံ ကြိုက်ခဲ့ပါလျှင် ထိုသူသည် ယင်းလမြတ်၌ (တစ်လ ပတ်လုံး) ဥပုသ်သီတင်း ဆောက်တည်ရပေမည်။ သို့ရာတွင် အကြင်သူတစ် ဦးတစ်ယောက်သည် တစ်စုံတစ်ရာ ဝေဒနာ စွဲကပ်၍ မကျန်း မမာဖြစ်ခဲ့သော်၊ သို့တည်းမဟုတ် ခရီးထွက် လျက်ရှိနေခဲ့သော် ထိုသူ့အပေါ်ဝယ် အခြားသောနေ့ရက် များတွင် (မိမိပျက်ကွက် ခဲ့သော ဥပုသ်ရက်များကို) တွက်စစ်၍ (ဖြည့်စွက်)ဆောက် တည်ရန် တာဝန်ရှိပေသည်။ အလ္လာဟ် အရှင်မြတ်သည် အသင်တို့အဖို့ သက်သာချောင်ချိမှုကို အလိုရှိတော်မူပေသည်။ အသင်တို့အဘို့ ခက်ခဲမှုကိုကား (အလျင်း) လိုလားတော်မူသည် မဟုတ်ချေ။ ထို့ပြင်တဝ (အလ္လာဟ်အရှင်မြတ်သည်) အသင်တို့ (ပျက်ကွက်ခဲ့သော နေ့ရက်) အရေအတွက်ကို ပြည့်စုံအောင်ပြုစေရန် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်ညွှန်ပြတော် မူသော နည်းလမ်းအတိုင်း ကြီးကဲမြင့်မြတ်တော်မူကြောင်း ရွတ်ဆိုကြရန်လည်းကောင်း (အလိုဆန္ဒ ရှိတော်မူသည်)၊ သို့မှသာလျှင် အသင်တို့သည် (ထိုအရှင် မြတ်၏) ကျေးဇူးကို သိသောသူများ ဖြစ်ကြရာသည်။စူရဟ် ဗကရဟ်-(၂:၁၈၅)ဟဂ်ျနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဟဂျ်ပြုလုပ်ရန်လများကား (အများ) သိရှိပြီး ဖြစ်သော လများပင်ဖြစ်ချေသည်။ သို့ဖြစ်လေရာ အကြင်သူ သည် ထိုလများ၌ ဟဂျ်ပြုလုပ်ရန်စိတ် ပြဋ္ဌာန်းခဲ့ပါလျှင် ထိုသူ သည် ဟဂျ်အတွင်းတွင် (အိဟ်ရာမ် ဝတ်ရုံထားသည် အခါ၌ မေထုန်သံဝါသ ပြုလုပ်ရန်ဝေးစွ) ကာမဂုဏ်နှင့် သက်ဆိုင် သည့် ညစ်ညမ်းသော စကားကိုပင် အလျင်းမသုံးရ၊ မည် သည့် ဆိုးသွမ်းမှုကိုလည်း အလျင်းမပြုရ။ မည်သည့် ငြင်းခုံ ခိုက်ရန် ပွါးမှုကိုလည်း အလျင်းမပြုရ။ အမှန်သော်ကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော မည်သည့် ကောင်းမှုကိုမဆို သိရှိတော်မူလေသည်။ ထိုမှတပါး အသင်တို့ သည်(ဟဂျ်ပြုလုပ်ရန်)ခရီးထွက်ရာ၌)စားနပ်ရိက္ခာ (ခရီးစရိတ်) စသည် များကို (လုံလောက်စွာ) ဆောင်ယူကြ ကုန်လော့။ အမှန်စင်စစ် အမွန်မြတ်ဆုံးသောစားနပ်ရိက္ခာ (ခရီးစရိတ်)မှာ (ဒုစရိုက်မှုတို့မှလည်းကောင်း၊ အကြောင်းမဲ့ လက်ဖြန့်တောင်း ရမ်းစားသုံးခြင်းမှလည်းကောင်း) ကြဉ်ရှောင် ခြင်းပင်တည်း။ သို့အတွက်ကြောင့် အို-ဆင်ခြင်တုံ တရားနှင့်ပြည့်စုံသော နိသမ္မဉာဏ်ရှင်အပေါင်းတို့ အသင်တို့သည် ငါအရှင်မြတ်ကို ကြောက်ရွံ့ရိုသေ ခန့်ညားကြကုန်လော့။စူရဟ် ဗကရဟ်-(၂:၁၉၇)ဤကြီးကျယ်လှသော ခဝပ်ကိုးကွယ်မှုများဘက်သို့ နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)တိုင်းကဖိတ်ခေါ်ခဲ့သည်။

၂၅။ အစ္စလာမ်သာသနာတော်၏ရစူလ်တမန်တော်သည် အိဗ်ရာဟီမ်၏သားအစ္စမာအီလ်(အလိုင်ဟိမတ်စ္စလာမ်)၏ သားစဥ်မြေးဆက်မှဖြစ်သော အဗ်ဒုလ္လာဟ် ၏သား မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဖြစ်သည်။ ခရစ်သက္ကရာဇ်(၅၇၁)တွင် မက္ကဟ် မြို့၌ဖွားမြင်တော်မူခဲ့ပြီး ထိုမြို့၌ပင် တမန်တော်အဖြစ်စေလွှတ်ခြင်းခံရသည်။ ထို့နောက်မဒီနာမြို့သို့ (ဟိဂ်ျရသ်) ပြောင်းရွှေ့ခဲ့သည်။ ထိုတမန်တော်သည် မိမိ၏အမျိုးသားတို့နှင့်အတူ ရုပ်တုများနှင့်သက်ဆိုင်သောမည်သည့်လုပ်ရပ်တွင်မျှ ပါဝင်ခဲ့သည်ဟူ၍မရှိ။ သို့သော်၎င်းတို့နှင့်အတူမွန်မြတ်သည့်လုပ်ရပ်များတွင်သာ ပါဝင်ခဲ့သည်။ ကိုယ်တော်သည်တမန်တော်မဖြစ်မီကတည်းက ကြီးကျယ်လှသော အကျင့်စာရိတ္တပေါ်တွင်ရှိခဲ့သည်။ ၎င်း၏အမျိုးသားတို့က ၎င်းအားသစ္စာရှင်ဟု အမည်ပေးခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်သည် ကိုယ်တော့အား သက်တော်(၄၀)တွင် ရစူလ်တမန်တော်အဖြစ်စေလွှတ်ခဲ့သည်။ ထို့ပြင်ကြီးကျယ်လှသော အံ့ဖွယ်တန်ခိုးတော်များဖြင့်ကူညီစောင်မတော်မူခဲ့ပြီး ၎င်းတို့အနက်အကြီးဆုံးမှာကျမ်းတော်မြတ်ကုရ်အာန်ပင်ဖြစ်သည်။ ၎င်းကျမ်းမြတ်သည် နဗီတော်များအားလုံး၏သက်သေလက္ခဏာတော်များအနက် အကြီးကျယ်ဆုံးသောသက်သေလက္ခဏာတော်ဖြစ်ပြီး ယနေ့ထိကျန်ရှိနေသော သက်သေလက္ခဏာတော်တစ်ပါးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက်သာသနာတော်ကိုပြည့်စုံစေခဲ့ပြီး ရစူလ်ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကလည်းအပြည့်အဝပို့ချပြီးသည့်နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သက်တော်(၆၃)နှစ်တွင်ကွယ်လွန်တော်မူခဲ့ပြီး မဒီနာမြို့တော်၌ပင် (ဒဖန်)မြုပ်နှံခဲ့သည်။ တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နဗီ၊ ရစူလ်တမန်တော်များအနက် နောက်ဆုံးတမန်တော်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် ၎င်းအား လမ်းမှန်တရား၊ စစ်မှန်သောသာသနာနှင့်တကွစေလွှတ်တော်မူခဲ့သည်။ ထိုသို့စေလွှတ်ရခြင်းမှာ လူသားအားလုံးကိုရုပ်တုကိုးကွယ်မှု၊ သွေဖည်ငြင်းပယ်မှုနှင့်အသိပညာမဲ့မှု၏အမှာင်ထုထဲမှ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်းနှင့် အီမာန်သက်ဝင်ယုံကြည်ခြင်း၏လင်းရောင်ခြည်ဘက်သို့ ထွက်စေရန်အတွက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ထိုတမန်တော်အား မိမိ၏အမိန့်တော်နှင့် မိမိဘက်သို့ဖိတ်ခေါ်သူအဖြစ် အမှန်ပင်စေလွှတ်တော်မူခဲ့ကြောင်းကို သက်သေခံတော်မူသည်။

အစ္စလာမ်သာသနာတော်၏ရစူလ်တမန်တော်သည် အိဗ်ရာဟီမ်၏သားအစ္စမာအီလ်(အလိုင်ဟိမတ်စ္စလာမ်)၏သားစဥ်မြေးဆက်မှဖြစ်သော အဗ်ဒုလ္လာဟ်၏သား မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ဖြစ်သည်။ ခရစ်သက္ကရာဇ်(၅၇၁)တွင်မက္ကဟ်မြို့၌ဖွားမြင်တော်မူခဲ့ပြီး ထိုမြို့၌ပင်တမန်တော်အဖြစ် စေလွှတ်ခြင်းခံရသည်။ထို့နောက် မဒီနာမြို့သို့(ဟိဂ်ျရသ်)ပြောင်းရွှေ့ခဲ့သည်။၎င်း၏အမျိုးသားများက ၎င်းအားသစ္စာရှင်ဟု အမည်ပေးခဲ့သည်။ ထိုတမန်တော်သည် မိမိ၏အမျိုးသားတို့နှင့်အတူရုပ်တုများနှင့်သက်ဆိုင်သော မည်သည့်လုပ်ရပ်တွင်မျှ ပါဝင်ခဲ့သည်ဟူ၍မရှိပေ။ သို့သော်၎င်းတို့နှင့်အတူမွန်မြတ်သည့်လုပ်ရပ်များတွင်သာ ပါဝင်ခဲ့သည်။ တမန်တော်မြတ်သည် တမန်တော်မဖြစ်မီကပင် ထူးကဲမြင့်မြတ်သောအကျင့်စာရိတ္တပေါ်၌ရှိခဲ့ပြီး အရှင်မြတ်သည် ကိုယ်တော့်အားမြင့်မြတ်သောအကျင့်စာရိတ္တရှင်ဟု ဂုဏ်ပြုချီးမွမ်းခဲ့သည်။ ၎င်းနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားသည်မှာ-ထိုမှတစ်ပါး မလွဲဧကန် အသင်သည် ထူးကဲမြင့်မြတ်လှစွာသော သဘောသကန် အကျင့်စာရိတ္တ ပေါ်၌ရှိနေ၏။စူရဟ် ကလမ်-(၆၈:၄)အလ္လာဟ်အရှင်မြတ်သည် ကိုယ်တော့်အားသက်တော်(၄၀)တွင် ရစူလ်တမန်တော်အဖြစ်စေလွှတ်ခဲ့သည်။ ထို့ပြင် ကြီးကျယ်လှသော အံ့ဖွယ်တန်ခိုးတော်များဖြင့်ကူညီစောင်မတော်မူခဲ့ပြီး ၎င်းတို့အနက်အကြီးဆုံးမှာ ကျမ်းတော်မြတ်ကုရ်အာန်ပင်ဖြစ်သည်။အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ-တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။ နဗီတိုင်းသည် ၎င်းအလျင်ရှိခဲ့သောနဗီကဲ့သို့ပင် မုအ်ဂျိဇဟ် တန်ခိုးတော်များချီးမြင့်ခံရသည်။ယင်းတန်ခိုးတော်များကို အကြောင်းပြုပြီး လူသားတို့အီမာန်ယူခဲ့ကြသည်။သို့သော် ငါကိုယ်တော်ချီးမြှင့်ခံရသည့် မုအ်ဂျိဇဟ် တန်ခိုးတော်သည် အလ္လာဟ်အရှင်မြတ်က ငါကိုယ်တော့်အပေါ် ချပေးခဲ့သည့် ဝဟီဗျာဒိတ်တော် (ကျမ်းမြတ်ကုရ်အာန်)ပင်ဖြစ်သည်။ ထို့ကြောင့်ကိယာမသ်နေ့၌ငါကိုယ်တော်၏ နောက်လိုက်သားတို့သည် အများဆုံးဖြစ်လိမ့်မည်ဟု ငါကိုယ်တော်မျှော်လင့်သည်။(ဆွဟီးဟ် ဗုခါရီကျမ်း)ကြီးကျယ်မြင့်မြတ်လှသော ကျမ်းမြတ်ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ထံသို့ ပို့ချခြင်းခံရသော ဗျာဒိတ်တော်ဖြစ်သည်။ ဤသည်နှင့်စပ်လျဥ်း၍ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဤကျမ်းသည် (ထုတ်ပြန် ပို့ချပြီးသော ကျမ်းဂန်အသီးသီးတို့၌ ဗျာဒိတ်ပေးထားပြီးဖြစ်သော ကုရ်အာန်) ဓမ္မက္ခန်တည်း။ ယင်းကျမ်းမြတ် နှင့်စပ်လျဉ်း၍ ယုံမှားသံသယ ဝိစိကိစ္ဆာဖြစ်ဘွယ်ရာ အကြောင်း အလျှင်းမရှိပြီ။ ယင်းကျမ်းမြတ်သည် သူတော်စင်များအဘို့ တရားလမ်းမှန်ကို ညွှန်ကြားပြသသော တရားဓမ္မဖြစ်သတည်း။စူရဟ် ဗကရဟ်-(၂:၂)ထိုကျမ်းမြတ်ထဲတွင် အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို လေ့လာဆင်ခြင် သုံးသပ်ခြင်းမရှိကြပါသလော။ အကယ်၍သာ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားသူ၏ထံမှ (ရောက်ရှိလာသောကျမ်းဂန်) သာဖြစ်ခဲ့ပါမူ ထိုသူတို့သည် ၎င်း (ကုရ်အာန် ကျမ်းတော်) တွင် မြောက်မြားစွာသောကွဲလွဲမှုတို့ကို မလွဲဧကန် တွေ့ရှိခဲ့ကြကုန်အံ့။စူရဟ် နိစာအ်-(၄:၈၂)အလ္လာဟ်အရှင်မြတ်သည် ဂျင်န်နှင့်လူသားတို့ကို ထိုကျမ်းမြတ်ကဲ့သို့ ကျမ်းတစ်စောင်ကိုယူဆောင်လာ၍ ယှဥ်ပြိုင်ရန်ဖိတ်ခေါ်ထားပေသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်)အသင်သည် (ဤသို့) ပြောကြားပါလေ။ (အချင်းတို့)စင်စစ်အကယ်၍ လူသားအပေါင်းတို့သည်လည်းကောင်း၊ ဂျင်(န်)အပေါင်း တို့သည်လည်းကောင်း၊ဤကုရ်အာန်ကျမ်းတော်မြတ်နှင့်တူသော ကျမ်းကို (စီကုံးရေးသား၍)ယူလာရန် စုရုံးကြပြီးလျှင် တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းခဲ့ငြားလည်း၊ ၎င်းတို့သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်နှင့် တူသောကျမ်းကို (စီကုံးရေးသား) ယူဆောင်လာ နိုင်ကြမည်အလျှင်း မဟုတ်ပေ။စူရဟ် အစ္စရာအ်-(၁၇:၈၈)ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ထိုကျမ်းမြတ်၌ပါရှိသော ကဏ္ဍများကဲ့သို့ ကဏ္ဍဆယ်ခုမျှယူဆောင်လာ၍ ယှဥ်ပြိုင်ရန်ဖိတ်ခေါ်ထားပေသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းတို့က ယင်း(နဗီတမန်တော်)သည် ထို (ကုရ်အာန်)ကို လီဆယ်ဖန်တီးခဲ့သည်ဟု ပြောဆိုကြ လေသလော။(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) သို့ဖြစ်လျှင်အသင်တို့သည် ထိုကုရ်အာန်ကျမ်းလာ စူရဟ်ကဏ္ဍကဲ့သို့ လီဆယ်ဖန်တီးထားသော စူရဟ်ကဏ္ဍဆယ်ခုကိုပင် ယူဆောင်ခဲ့ကြလေကုန်။ ၎င်းပြင် အကယ်၍ အသင်တို့သည် သစ္စာဝါဒီမှန်ကန်စွာပြောဆိုသူများ ဖြစ်ကြပါလျှင် အလ္လာဟ် အရှင်မြတ်မှတစ်ပါး မိမိတို့တတ်စွမ်းနိုင်သောသူများ ကိုလည်း အသင်တို့ခေါ်ခဲ့ကြလေကုန်ဟု ပြောကြားပါလေ။စူရဟ် ဟူဒ်-(၁၁:၁၃)ထို့နောက်အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားထိုကျမ်းမြတ်၌ပါရှိသော ကဏ္ဍကဲ့သို့ ကဏ္ဍတစ်ခုမျှယူဆောင်လာ၍ ယှဥ်ပြိုင်ရန်ဖိတ်ခေါ်ထားပေသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ငါ၏အစေတော် နဗီတမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အထံသို့ ငါအရှင်ထုတ်ပြန်ပို့ချတော်မူသော ကုရ်အာန်ကျမ်းမြတ်နှင့် စပ်လျဉ်း၍ အကယ်၍ အသင်တို့(စိတ်၌) ယုံမှားသံသယ ဒွိဟရှိခဲ့ပါလျှင် ထိုကျမ်းမြတ်နှင့် အလားတူ ကဏ္ဍတစ်ခုမျှ (စီကုန်း ရေးသား၍) ယူဆောင်လာကြကုန်လော့။ အကယ်၍ အသင်တို့သည် (သစ္စဝါဒီ) မှန်ကန်သော စကားပြောဆိုသူများ ဖြစ်ကြပါလျှင် သို့စီကုန်းရေးသားရာ၌ အလ္လာဟ်အရှင်မြတ်နှင့် ပြိုင်ဆိုင်၍ အသင်တို့အား ကူညီ ယိုင်းပင်းမည့် သူများကိုလည်း ခေါ်ဆောင်လာ ကြကုန်လော့။စူရဟ် ဗကရဟ်-(၂:၂၃)

စူရဟ် အစ္စရာအ်-(၁၇:၈၈)

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ထိုကျမ်းမြတ်၌ပါရှိသော ကဏ္ဍများကဲ့သို့ ကဏ္ဍဆယ်ခုမျှယူဆောင်လာ၍ ယှဥ်ပြိုင်ရန်ဖိတ်ခေါ်ထားပေသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

၎င်းတို့က ယင်း(နဗီတမန်တော်)သည် ထို (ကုရ်အာန်)ကို လီဆယ်ဖန်တီးခဲ့သည်ဟု ပြောဆိုကြ လေသလော။(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) သို့ဖြစ်လျှင်အသင်တို့သည် ထိုကုရ်အာန်ကျမ်းလာ စူရဟ်ကဏ္ဍကဲ့သို့ လီဆယ်ဖန်တီးထားသော စူရဟ်ကဏ္ဍဆယ်ခုကိုပင် ယူဆောင်ခဲ့ကြလေကုန်။ ၎င်းပြင် အကယ်၍ အသင်တို့သည် သစ္စာဝါဒီမှန်ကန်စွာပြောဆိုသူများ ဖြစ်ကြပါလျှင် အလ္လာဟ် အရှင်မြတ်မှတစ်ပါး မိမိတို့တတ်စွမ်းနိုင်သောသူများ ကိုလည်း အသင်တို့ခေါ်ခဲ့ကြလေကုန်ဟု ပြောကြားပါလေ။

စူရဟ် ဟူဒ်-(၁၁:၁၃)

ထို့နောက်အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အားထိုကျမ်းမြတ်၌ပါရှိသော ကဏ္ဍကဲ့သို့ ကဏ္ဍတစ်ခုမျှယူဆောင်လာ၍ ယှဥ်ပြိုင်ရန်ဖိတ်ခေါ်ထားပေသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ငါ၏အစေတော် နဗီတမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အထံသို့ ငါအရှင်ထုတ်ပြန်ပို့ချတော်မူသော ကုရ်အာန်ကျမ်းမြတ်နှင့် စပ်လျဉ်း၍ အကယ်၍ အသင်တို့(စိတ်၌) ယုံမှားသံသယ ဒွိဟရှိခဲ့ပါလျှင် ထိုကျမ်းမြတ်နှင့် အလားတူ ကဏ္ဍတစ်ခုမျှ (စီကုန်း ရေးသား၍) ယူဆောင်လာကြကုန်လော့။ အကယ်၍ အသင်တို့သည် (သစ္စဝါဒီ) မှန်ကန်သော စကားပြောဆိုသူများ ဖြစ်ကြပါလျှင် သို့စီကုန်းရေးသားရာ၌ အလ္လာဟ်အရှင်မြတ်နှင့် ပြိုင်ဆိုင်၍ အသင်တို့အား ကူညီ ယိုင်းပင်းမည့် သူများကိုလည်း ခေါ်ဆောင်လာ ကြကုန်လော့။

စူရဟ် ဗကရဟ်-(၂:၂၃)

ကျမ်းမြတ်ကုရ်အာန်သည် နဗီတမန်တော်များအားလုံး၏ သက်သေလက္ခဏာတော်များအနက် ယနေ့ထိကျန်ရှိနေသော တခုတည်းသော သက်သေလက္ခဏာတော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အတွက်သာသနာတော်ကို ပြည့်စုံစေခဲ့သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သာသနာတော်ကိုအပြည့်အဝပို့ချပြီးသည့်နောက်သက်တော်(၆၃)နှစ်တွင် ကွယ်လွန်တော်မူပြီး မဒီနာမြို့တော်၌ပင်(ဒဖန်)မြုပ်နှံခဲ့သည်။

တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နဗီ၊ ရစူလ်တမန်တော်များအနက် နောက်ဆုံးတမန်တော်ဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-မုဟမ္မဒ်သည် အသင်တို့ ယောက်ျားများအနက် မည်သူတစ်ဦးတစ်ယောက်၏ဖခင်မျှမဟုတ်ပေ။ စင်စစ်မှာမူကား (မုဟမ္မဒ်သည်) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်သည်လည်းကောင်း၊ နဗီတမန်တော် အပေါင်းတို့(၏နုဗုဝသ်)ကို အဆုံးသတ်သူသည်လည်းကောင်း၊ ဖြစ်ပေသည်။အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုအကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။စူရဟ် အဟ်ဇာဗ်-(၃၃:၄၀)အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ-ငါကိုယ်တော်နှင့်ငါကိုယ်တော့်အလျင်ရှိခဲ့ကြသော တမန်တော်တို့၏ပမာသည် အိမ်တစ်လုံးကိုဆောက်လုပ်သည့် ပုဂ္ဂိုလ်ကဲ့သို့ဖြစ်သည်။ ၎င်းသည် ထောင့်တစ်နေရာရှိအုတ်တစ်ချပ်စာနေရာမှအပ (တစ်အိမ်လုံးအား)လှပတင့်တည်အောင် ဆောက်လုပ်ခဲ့သည်။ ထို့နောက် လူတို့သည်ယင်း အိမ်အားလှည့်ပတ် ကြည့်ရှုကြပြီး၊ နှစ်သက်သဘောကျကြသည်။ ၎င်းတို့က ဤအုတ်တစ်ချပ်ထည့်လိုက်ရင် သိပ်ကောင်းမှာပဲဟု ပြောဆိုကြသည်။ ကိုယ်တော်ကမိန့်တော်မူသည်မှာ ငါကိုယ်တော်သည် ထိုအုတ်ချပ်ပင်ဖြစ်တော်မူပေသည်။ ငါကိုယ်တော်သည် နောက်ဆုံး နဗီတမန်တော်ပင်ဖြစ်တော်မူသည်။(ဆွဟီးဟ် ဗုခါရီကျမ်း)အင်န်ဂျီလ်ကျမ်းတွင် မစီဟ်(အလိုင်ဟိစ္စလာမ်)ယေရှူက တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်ပတ်သက်၍ သတင်းကောင်းပေးထားသည်မှာ-ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများပယ်ထားသော ကျောက်သည်နောက်တဖန် တိုက်ထောင့်အထွဋ်ဖျားသို့ရောက်ပြန်၏။ ထိုအမှုသည်ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏ ငါတို့မျက်မှောက်၌လည်း အံ့သြဘွယ်ဖြစ်၏ ဟူသောစကားကိုကျမ်းစာ၌ သင်တို့သည်တရံတခါမျှ မဘတ်ဘူးသလော။ ရှင်မဿဲခရစ်ဝင်(၂၁:၄၂) ယနေ့၎င်းတို့ထံရှိသောင်ရာသ်(တိုရာ)ကျမ်း၌မူစာ(အလိုင်ဟိစ္စလာမ်)(မောရှေ)အား အလ္လာဟ်အရှင်မြတ်၏မိန့်ကြားချက်တရပ်လာရှိသည်မှာ။ သူတို့အမျိုးသားခြင်းတို့အထဲ၌ သင်နှင့်တူသောပရောဖက်တစ်ပါးကို သူတို့အဘို့ငါပေါ်ထွန်းစေ၍၊ ထိုပရောဖက်နှုတ်၌ငါ့စကားကိုငါအပ်သဖြင့် ငါမှာထားသမျှတို့ကိုသူတို့အား ဆင့်ဆိုရလိမ့်မည်။ တရားဟောရာကျမ်း(၁၈:၁၈)အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကိုလမ်းမှန်တရား၊ စစ်မှန်သောသာသနာနှင့်တကွ စေလွှတ်တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်က ဧကန်မလွဲတမန်တော်မြတ်သည် အမှန်တရားပေါ်တွင်ရှိပြီး မိမိ၏အမိန့်တော်နှင့် မိမိဘက်သို့ဖိတ်ခေါ်သူအဖြစ် စေလွှတ်တော်မူခဲ့ကြောင်းကို သက်သေခံတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-သို့ရာတွင် (ယင်းသူတို့က အသင်နဗီတမန်တော်ဖြစ်ကြောင်း ငြင်းပယ်ကြသော်လည်း) အလ္လာဟ်အရှင်မြတ်သည် (အသင် နဗီတမန်တော်ဖြစ်ကြောင်းကို) မိမိချပေးသနားတော်မူခဲ့သော (ကုရ်အာန်) ကျမ်းတော်မြတ်ဖြင့် သက်သေခံတော်မူလေသည်။ ထိုအရှင်မြတ်သည် ယင်းကျမ်းတော် မြတ်ကို မိမိအသိပညာတော်နှင့်တကွ ချပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင် 'မလာအိကဟ်' အပါးတော်စေတမန်အပေါင်းတို့လည်း (အသင် နဗီတမန်တော်ဖြစ်ကြောင်းကို) သက်သေခံလျက် ရှိကြကုန်သည်။ အမှန်စင်စစ်သော်လည်း အလ္လာဟ်အရှင်မြတ်သည်ပင် သက်သေအဖြစ် လုံလောက် တော်မူပေသတည်း။စူရဟ် နိစာအ်-(၄:၁၆၆)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် မိမိရစူလ်တမန်တော် 'မုဟမ္မဒ်' (ဆွလ္လလာဟု အလိုင်ဟိဝစလာမ်)အား တရားလမ်းညွှန်နှင့်တကွလည်းကောင်း၊ မှန်ကန်သော 'ဒီန်'သာသနာတော်နှင့်တကွလည်းကောင်း၊ ယင်းသာသနာတော်ကို အားလုံးသော သာသနာတို့ထက်ဝယ် လွှမ်းမိုးစေတော်မူအံ့သောငှာ စေလွှတ်တော်မူခဲ့၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင် သက်သေအဖြစ် လုံလောက်တော်မူပေသတည်း။စူရဟ် ဖသ်ဟ်-(၄၈:၂၈)အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်အား လမ်းမှန်တရား၊ စစ်မှန်သောသာသနာနှင့်တကွစေလွှတ်တော်မူခဲ့သည်။ ထိုသို့စေလွှတ်ရခြင်းမှာ လူသားတို့အားရုပ်တုကိုးကွယ်မှု၊ သွေဖည်ငြင်းပယ်မှုနှင့် အသိပညာမဲ့မှု၏အမှာင်ထုထဲမှ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်းနှင့် အီမာန်သက်ဝင်ယုံကြည်ခြင်း၏လင်းရောင်ခြည်ဘက်သို့ ထွက်စေရန်အတွက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အလ္လာဟ်အရှင်မြတ်သည် ထို (ကုရ်အာန်) ကျမ်းတော်မြတ်ဖြင့် မိမိ၏နှစ်သက်မှုကို လိုက်နာသောသူတို့အား ငြိမ်းချမ်းသာယာခြင်း၏လမ်းများကို ပြသတော်မူ၏။ ၎င်းပြင် ယင်းသူတို့အား မိမိအမိန့် တော်နှင့် (ဝါ) မိမိသတ်မှတ်ပြဌာန်းထားတော်မူသော ဥပဒေစည်းမျဉ်းအတိုင်း 'ကုဖ်ရ်' တည်းဟူသော အမှောင်ထုကြီးအတွင်းမှ (အစ္စလာမ်တည်းဟူသော) အလင်းရောင်သို့ ထုတ်ယူပို့ဆောင်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူတို့အား ဖြောင့်မတ်မှန်ကန်သော တရားလမ်းကိုလည်း ပြသတော်မူ၏။စူရဟ် မာအိဒဟ်-(၅:၁၆)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အလစ်ဖ်၊ လမ်၊ ရာ။ ဤ(ကုရ်အာန်)သည်ကားအကြင်ကျမ်းမြတ်ပင်တည်း။ အသင်သည် လူသားအားလုံးတို့ကို ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် အမှောင်ထုမှအလင်းသို့ (ဝါ) တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောချီးမွမ်းဖွယ် ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်မြတ်၏လမ်းသို့ ထုတ်ဆောင်(ကယ်တင်)အံ့သောငှာ ငါအရှင်မြတ်သည် ယင်းကျမ်းမြတ်ကို အသင်၏ထံသို့ ချပေးသနားတော် မူခဲ့လေသတည်း။စူရဟ် အိဗ်ရာဟီမ်-(၁၄:၁)

မုဟမ္မဒ်သည် အသင်တို့ ယောက်ျားများအနက် မည်သူတစ်ဦးတစ်ယောက်၏ဖခင်မျှမဟုတ်ပေ။ စင်စစ်မှာမူကား (မုဟမ္မဒ်သည်) အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်သည်လည်းကောင်း၊ နဗီတမန်တော် အပေါင်းတို့(၏နုဗုဝသ်)ကို အဆုံးသတ်သူသည်လည်းကောင်း၊ ဖြစ်ပေသည်။အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကိုအကြွင်းမဲ့ သိတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

စူရဟ် အဟ်ဇာဗ်-(၃၃:၄၀)

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ-

ငါကိုယ်တော်နှင့်ငါကိုယ်တော့်အလျင်ရှိခဲ့ကြသော တမန်တော်တို့၏ပမာသည် အိမ်တစ်လုံးကိုဆောက်လုပ်သည့် ပုဂ္ဂိုလ်ကဲ့သို့ဖြစ်သည်။ ၎င်းသည် ထောင့်တစ်နေရာရှိအုတ်တစ်ချပ်စာနေရာမှအပ (တစ်အိမ်လုံးအား)လှပတင့်တည်အောင် ဆောက်လုပ်ခဲ့သည်။ ထို့နောက် လူတို့သည်ယင်း အိမ်အားလှည့်ပတ် ကြည့်ရှုကြပြီး၊ နှစ်သက်သဘောကျကြသည်။ ၎င်းတို့က ဤအုတ်တစ်ချပ်ထည့်လိုက်ရင် သိပ်ကောင်းမှာပဲဟု ပြောဆိုကြသည်။ ကိုယ်တော်ကမိန့်တော်မူသည်မှာ ငါကိုယ်တော်သည် ထိုအုတ်ချပ်ပင်ဖြစ်တော်မူပေသည်။ ငါကိုယ်တော်သည် နောက်ဆုံး နဗီတမန်တော်ပင်ဖြစ်တော်မူသည်။

(ဆွဟီးဟ် ဗုခါရီကျမ်း)

အင်န်ဂျီလ်ကျမ်းတွင် မစီဟ်(အလိုင်ဟိစ္စလာမ်)ယေရှူက တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်ပတ်သက်၍ သတင်းကောင်းပေးထားသည်မှာ-

ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများပယ်ထားသော ကျောက်သည်နောက်တဖန် တိုက်ထောင့်အထွဋ်ဖျားသို့ရောက်ပြန်၏။ ထိုအမှုသည်ထာဝရဘုရားပြုတော်မူသော အမှုဖြစ်၏ ငါတို့မျက်မှောက်၌လည်း အံ့သြဘွယ်ဖြစ်၏ ဟူသောစကားကိုကျမ်းစာ၌ သင်တို့သည်တရံတခါမျှ မဘတ်ဘူးသလော။ ရှင်မဿဲခရစ်ဝင်(၂၁:၄၂) ယနေ့၎င်းတို့ထံရှိသောင်ရာသ်(တိုရာ)ကျမ်း၌မူစာ(အလိုင်ဟိစ္စလာမ်)(မောရှေ)အား အလ္လာဟ်အရှင်မြတ်၏မိန့်ကြားချက်တရပ်လာရှိသည်မှာ။ သူတို့အမျိုးသားခြင်းတို့အထဲ၌ သင်နှင့်တူသောပရောဖက်တစ်ပါးကို သူတို့အဘို့ငါပေါ်ထွန်းစေ၍၊ ထိုပရောဖက်နှုတ်၌ငါ့စကားကိုငါအပ်သဖြင့် ငါမှာထားသမျှတို့ကိုသူတို့အား ဆင့်ဆိုရလိမ့်မည်။ တရားဟောရာကျမ်း(၁၈:၁၈)

အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကိုလမ်းမှန်တရား၊ စစ်မှန်သောသာသနာနှင့်တကွ စေလွှတ်တော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်က ဧကန်မလွဲတမန်တော်မြတ်သည် အမှန်တရားပေါ်တွင်ရှိပြီး မိမိ၏အမိန့်တော်နှင့် မိမိဘက်သို့ဖိတ်ခေါ်သူအဖြစ် စေလွှတ်တော်မူခဲ့ကြောင်းကို သက်သေခံတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

သို့ရာတွင် (ယင်းသူတို့က အသင်နဗီတမန်တော်ဖြစ်ကြောင်း ငြင်းပယ်ကြသော်လည်း) အလ္လာဟ်အရှင်မြတ်သည် (အသင် နဗီတမန်တော်ဖြစ်ကြောင်းကို) မိမိချပေးသနားတော်မူခဲ့သော (ကုရ်အာန်) ကျမ်းတော်မြတ်ဖြင့် သက်သေခံတော်မူလေသည်။ ထိုအရှင်မြတ်သည် ယင်းကျမ်းတော် မြတ်ကို မိမိအသိပညာတော်နှင့်တကွ ချပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင် 'မလာအိကဟ်' အပါးတော်စေတမန်အပေါင်းတို့လည်း (အသင် နဗီတမန်တော်ဖြစ်ကြောင်းကို) သက်သေခံလျက် ရှိကြကုန်သည်။ အမှန်စင်စစ်သော်လည်း အလ္လာဟ်အရှင်မြတ်သည်ပင် သက်သေအဖြစ် လုံလောက် တော်မူပေသတည်း။

စူရဟ် နိစာအ်-(၄:၁၆၆)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင်။ ထိုအရှင်မြတ်သည် မိမိရစူလ်တမန်တော် 'မုဟမ္မဒ်' (ဆွလ္လလာဟု အလိုင်ဟိဝစလာမ်)အား တရားလမ်းညွှန်နှင့်တကွလည်းကောင်း၊ မှန်ကန်သော 'ဒီန်'သာသနာတော်နှင့်တကွလည်းကောင်း၊ ယင်းသာသနာတော်ကို အားလုံးသော သာသနာတို့ထက်ဝယ် လွှမ်းမိုးစေတော်မူအံ့သောငှာ စေလွှတ်တော်မူခဲ့၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင် သက်သေအဖြစ် လုံလောက်တော်မူပေသတည်း။

စူရဟ် ဖသ်ဟ်-(၄၈:၂၈)

အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်အား လမ်းမှန်တရား၊ စစ်မှန်သောသာသနာနှင့်တကွစေလွှတ်တော်မူခဲ့သည်။ ထိုသို့စေလွှတ်ရခြင်းမှာ လူသားတို့အားရုပ်တုကိုးကွယ်မှု၊ သွေဖည်ငြင်းပယ်မှုနှင့် အသိပညာမဲ့မှု၏အမှာင်ထုထဲမှ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်းနှင့် အီမာန်သက်ဝင်ယုံကြည်ခြင်း၏လင်းရောင်ခြည်ဘက်သို့ ထွက်စေရန်အတွက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အလ္လာဟ်အရှင်မြတ်သည် ထို (ကုရ်အာန်) ကျမ်းတော်မြတ်ဖြင့် မိမိ၏နှစ်သက်မှုကို လိုက်နာသောသူတို့အား ငြိမ်းချမ်းသာယာခြင်း၏လမ်းများကို ပြသတော်မူ၏။ ၎င်းပြင် ယင်းသူတို့အား မိမိအမိန့် တော်နှင့် (ဝါ) မိမိသတ်မှတ်ပြဌာန်းထားတော်မူသော ဥပဒေစည်းမျဉ်းအတိုင်း 'ကုဖ်ရ်' တည်းဟူသော အမှောင်ထုကြီးအတွင်းမှ (အစ္စလာမ်တည်းဟူသော) အလင်းရောင်သို့ ထုတ်ယူပို့ဆောင်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူတို့အား ဖြောင့်မတ်မှန်ကန်သော တရားလမ်းကိုလည်း ပြသတော်မူ၏။

စူရဟ် မာအိဒဟ်-(၅:၁၆)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အလစ်ဖ်၊ လမ်၊ ရာ။ ဤ(ကုရ်အာန်)သည်ကားအကြင်ကျမ်းမြတ်ပင်တည်း။ အသင်သည် လူသားအားလုံးတို့ကို ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် အမှောင်ထုမှအလင်းသို့ (ဝါ) တန်ခိုးအာနုဘော်နှင့်ပြည့်စုံတော်မူသောချီးမွမ်းဖွယ် ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်မြတ်၏လမ်းသို့ ထုတ်ဆောင်(ကယ်တင်)အံ့သောငှာ ငါအရှင်မြတ်သည် ယင်းကျမ်းမြတ်ကို အသင်၏ထံသို့ ချပေးသနားတော် မူခဲ့လေသတည်း။

စူရဟ် အိဗ်ရာဟီမ်-(၁၄:၁)

၂၆။ တမန်တော်မြတ်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ယူဆောင်လာသောအစ္စလာမ်၏(ရှရီအဟ်)တရားလမ်းစဥ်သည် အရှင်မြတ်၏မိန့်မှာချက်များနှင့်အရှင်မြတ်၏ တရားလမ်းစဥ်များတွင် နိဂုံးချုပ်ဖြစ်ပြီး ယင်းတရားလမ်းစဉ်သည်သာလျှင် ပြီးပြည့်စုံသောတရားလမ်းစဉ်ဖြစ်သည်။ ထိုတရားလမ်းစဉ်တွင် လူသားတို့၏သာသနာရေးနှင့် လောကီရေးကောင်းကျိုးချမ်းသာများပါရှိ၍ လူသားတို့၏သာသနာများ၊ အသက်သွေးများ၊ ဥစ္စာပစ္စည်းများ၊ အသိဉာဏ်များနှင့် သားစဥ်မြေးဆက်တို့အား ပထမအဆင့်၌ထားကာ ဦးစားပေးကာကွယ်စောင့်ရှောက်ထားသည်။ လွန်လေပြီးသောတရားလမ်းစဉ်တို့သည် တစ်ခုကိုတစ်ခုရုပ်သိမ်းပယ်ဖျက်သကဲ့သို့ ဤအစ္စလာမ့်တရားလမ်းစဉ်သည်လည်း လွန်လေပြီးသောတရားလမ်းစဉ်အားလုံးကို ရုပ်သိမ်းပယ်ဖျက်လိုက်သည်။

တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ယူဆောင်လာသောအစ္စလာမ့်(ရှရီအဟ်)တရားလမ်းစဥ်သည် အရှင်မြတ်၏မိန့်မှာချက်များနှင့် အရှင်မြတ်၏ တရားလမ်းစဥ်များ၏နိဂုံးချုပ်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည်ဤလမ်းစဉ်ဖြင့်သာသနာတော်အား ပြီးပြည့်စုံအောင်ပြုလုပ်ခဲ့ပြီး တမန်တော်မြတ်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား စေလွှတ်တော်မူခြင်းဖြင့် လူသားအားလုံးအပေါ် ကျေးဇူးတော်များကို ပြည့်ဝစေခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ယနေ့သော်ကား ငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ 'ဒီန်' သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် မိမိ၏ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ 'ဒီန်'သာသနာတော်အဖြစ် သဘောတူနှစ်မြို့တော်မူခဲ့လေပြီ။စူရဟ် မာအိဒဟ်-(၅:၃)အစ္စလာမ့်တရားလမ်းစဉ်သည် ပြီးပြည့်စုံသောလမ်းစဉ်ဖြစ်ပြီး ထိုလမ်းစဉ်တွင်လူသားတို့၏သာသနာရေးနှင့် လောကီရေးကောင်းကျိုးချမ်းသာများပါရှိသည်။အဘယ်ကြောင့်ဆိုသော် ၎င်းတရားလမ်းစဉ်သည် လွန်လေပြီးသောတရားလမ်းစဉ်များအားလုံး၌ပါရှိသည်တို့ကို စုစည်းထားပြီး ပြည့်ဝစုံလင်အောင်ပြုပေးထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဧကန်မလွဲ ဤကုရ်အာန်ကျမ်းတော်မြတ်သည်အဖြောင့်မတ်ဆုံးသော တရားလမ်းစဉ်ကို ညွှန်ကြား ပြသလေသည်။ ထို့ပြင် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော မုအ်မင်န်သက်ဝင် ယုံကြည်သူတို့အား၊ ၎င်းတို့အဖို့ ကြီးကျယ်လှစွာသောအကျိုးဆုလာဘ်သည်ရှိသည်ဟူ၍ သတင်းကောင်း ပေးလေသည်။စူရဟ် အစ္စရာအ်-(၁၇:၉)အစ္စလာမ့်တရားလမ်းစဥ်သည် လူသားများအား လွန်လေပြီးသောလူမျိုးများပေါ်တွင်ရှိခဲ့သည့် ဝန်ထုပ်ဝန်ပိုးများမှဖယ်ရှားပေးခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အကြင်သူတို့သည်မည်သည့် လူသား တစ်ဦးထံကမျှ စာပေပညာ သင်ယူခြင်း မရှိခဲ့သူ ဖြစ်သောရစူလ်၊ နဗီတမန်တော်မြတ်၏(အမိန့်တော်များ)ကိုလိုက်နာကြကုန်၏။ ထိုသူတို့သည် ထိုရစူလ်၊ နဗီတမန်တော်မြတ်(၏ဝိသေသဂုဏ်ထူးများ)ကိုမိမိတို့ထံရှိတောင်ရာတ်ကျမ်းတော်တွင်လည်းကောင်း၊ အင်(န်)ဂျီလ်ကျမ်းတော်တွင်လည်းကောင်း၊ ရေးသားပြီးဖြစ်သည်ကို တွေ့ရှိကြလေသည်။ ယင်းရစူလ်၊ နဗီတမန်တော်မြတ်သည် ထိုသူတို့အားကောင်းမှုသုစရိုက်များကို(ပြုလုပ်ကြရန်)ညွှန်ကြားသည့်အပြင် မကောင်းမှုဒုစရိုက်များမှ ကြဉ်ရှောင်ကြရန်မြစ်တားလေသည်။ ၎င်းပြင်ထိုသူတို့အဖို့စင်ကြယ်သောအရာများကို (စားသုံး)ခွင့်ပြုကာမသန့်စင်သောအရာများကို ၎င်းတို့အပေါ်၌(စားသုံးခြင်းမပြုကြရန်)တားမြစ်လေသည်။ ထိုမှတစ်ပါးထိုသူတို့အပေါ်၌(ယခုတိုင်အောင်)တည်ရှိနေသော ဝန်နှင့်လည်ကွင်းများ(အတုပ်အနှောင်များ)ကိုလည်း ၎င်းတို့အပေါ်မှချ၍ပေးလေသည်။သို့ဖြစ်ပေရာ အကြင်သူတို့သည် ထိုရစူလ်နဗီတမန်တော်မြတ်အားယုံကြည်ခဲ့ကြလေသည်။ ၎င်းပြင်ထိုရစူလ်နဗီတမန်တော်မြတ်အား ကာကွယ်စောင့်ရှောက်ခဲ့ကြလေသည်။ထိုမှတစ်ပါးထိုရစူလ်နဗီတမန်တော်မြတ်အား ကူညီရိုင်းပင်းခဲ့ကြလေသည်။ ထို့ပြင် ထိုရစူလ်နဗီတမန်တော်မြတ်နှင့်အတူကျရောက်လာသော(ကုရ်အာန်ကျမ်းတော်မြတ်တည်းဟူသော)လင်းရောင်ခြည်ကိုလည်း လိုက်နာခဲ့ကြလေသည်။ ထိုသူတို့သည်သာလျှင်အောင်မြင်သောသူများဖြစ်ကြကုန်သတည်း။စူရဟ် အအ်ရာဖ်-(၇:၁၅၇)အစ္စလာမ့်တရားလမ်းစဉ်သည် ယခင်တရားလမ်းစဉ်တိုင်းကို ရုပ်သိမ်းပယ်ဖျက်လိုက်ပေသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းပြင် (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်ထံသို့ မှန်ကန်သောကျမ်းမြတ် (ကုရ်အာန်) ကို ထုတ်ပြန်ချမှတ်တော်မူခဲ့လေသည်။ (ယင်း ကုရ်အာန်ကျမ်းတော်မြတ်သည်) ၎င်း၏အလျင်ရှိခဲ့သောကျမ်းများကို ထောက်ခံလျက်ရှိ၏။ ၎င်းပြင် ယင်းကျမ်းများကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ၏။ သို့ဖြစ်ပေရာ (အို- နဗီတမန်တော်) အသင်သည် ထိုသူတို့၏စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (တရားတော်) နှင့်အညီ စီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် မိမိထံရောက်ရှိလာသော မှန်ကန်သောကျမ်းတို့ကိုစွန့်၍ ၎င်းတို့၏ အလိုဆန္ဒများကို မလိုက်လေနှင့်။ ငါအရှင်မြတ်သည် အသင်တို့အနက် အသီးသီးတို့အဖို့ တရားဓမ္မသတ် (နည်းဥပဒေ) တစ်မျိုးနှင့် ထင်ရှားလှစွာသော လမ်းစဉ်တစ်မျိုးကို သတ်မှတ်ပြဋ္ဌာန်းပေးတော်မူခဲ့သည်။ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါမူ အသင်တို့ (အားလုံး) ကို သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မူခဲ့မည်မှာ ဧကန်မလွဲပင်။ သို့ရာတွင် ထိုအရှင်မြတ်သည် မိမိပြဋ္ဌာန်းပေးသနားတော်မူသည့် (တရားလမ်းစဉ်) နှင့်စပ်လျဉ်း၍ အသင်တို့အား စမ်းသပ်တော်မူခြင်းငှာ (ထိုကဲ့သို့ သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မမူခဲ့ချေ) ။ သို့ဖြစ်ပေရာ အသင်တို့သည် ကောင်းမှုများကို သူ့ထက်ငါသာအောင် လျင်မြန်စွာပြုလုပ်ကြလေကုန်။ အသင်တို့ အားလုံးသည် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြမည်ဖြစ်ကုန်၏။ ထိုရောအခါဝယ် ထိုအရှင်မြတ်သည် အသင်တို့ကွဲလွဲခဲ့ကြကုန်သော အကြောင်းအချက်တို့နှင့်စပ်လျဉ်း၍ အသင်တို့အား အသိပေးတော်မူမည်ဖြစ်၏။စူရဟ် မာအိဒဟ်-(၅:၄၈)သို့ဖြစ်ရာ အစ္စလာမ့်တရားလမ်းစဥ်ပါရှိသော ကျမ်းတော်မြတ်ကုရ်အာန်သည်ယခင်ကရှိခဲ့သော အရှင်မြတ်၏ကျမ်းဂန်များကို ထောက်ခံပြီး ၎င်းတို့အပေါ်အဆုံးဖြတ်ပေးကာ ရုပ်သိမ်းပယ်ဖျက်လိုက်သည့် ကျမ်းအဖြစ်ကျရောက်လာခဲ့သည်။

ယနေ့သော်ကား ငါအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ 'ဒီန်' သာသနာကို ပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် မိမိ၏ကျေးဇူးတော်များကို အသင်တို့အဖို့ အပြည့်အစုံ ချီးမြှင့်ပေးသနားတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်သည် အစ္စလာမ်သာသနာကို အသင်တို့အဖို့ 'ဒီန်'သာသနာတော်အဖြစ် သဘောတူနှစ်မြို့တော်မူခဲ့လေပြီ။

စူရဟ် မာအိဒဟ်-(၅:၃)

အစ္စလာမ့်တရားလမ်းစဉ်သည် ပြီးပြည့်စုံသောလမ်းစဉ်ဖြစ်ပြီး ထိုလမ်းစဉ်တွင်လူသားတို့၏သာသနာရေးနှင့် လောကီရေးကောင်းကျိုးချမ်းသာများပါရှိသည်။အဘယ်ကြောင့်ဆိုသော် ၎င်းတရားလမ်းစဉ်သည် လွန်လေပြီးသောတရားလမ်းစဉ်များအားလုံး၌ပါရှိသည်တို့ကို စုစည်းထားပြီး ပြည့်ဝစုံလင်အောင်ပြုပေးထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ဧကန်မလွဲ ဤကုရ်အာန်ကျမ်းတော်မြတ်သည်အဖြောင့်မတ်ဆုံးသော တရားလမ်းစဉ်ကို ညွှန်ကြား ပြသလေသည်။ ထို့ပြင် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော မုအ်မင်န်သက်ဝင် ယုံကြည်သူတို့အား၊ ၎င်းတို့အဖို့ ကြီးကျယ်လှစွာသောအကျိုးဆုလာဘ်သည်ရှိသည်ဟူ၍ သတင်းကောင်း ပေးလေသည်။

စူရဟ် အစ္စရာအ်-(၁၇:၉)

အစ္စလာမ့်တရားလမ်းစဥ်သည် လူသားများအား လွန်လေပြီးသောလူမျိုးများပေါ်တွင်ရှိခဲ့သည့် ဝန်ထုပ်ဝန်ပိုးများမှဖယ်ရှားပေးခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အကြင်သူတို့သည်မည်သည့် လူသား တစ်ဦးထံကမျှ စာပေပညာ သင်ယူခြင်း မရှိခဲ့သူ ဖြစ်သောရစူလ်၊ နဗီတမန်တော်မြတ်၏(အမိန့်တော်များ)ကိုလိုက်နာကြကုန်၏။ ထိုသူတို့သည် ထိုရစူလ်၊ နဗီတမန်တော်မြတ်(၏ဝိသေသဂုဏ်ထူးများ)ကိုမိမိတို့ထံရှိတောင်ရာတ်ကျမ်းတော်တွင်လည်းကောင်း၊ အင်(န်)ဂျီလ်ကျမ်းတော်တွင်လည်းကောင်း၊ ရေးသားပြီးဖြစ်သည်ကို တွေ့ရှိကြလေသည်။ ယင်းရစူလ်၊ နဗီတမန်တော်မြတ်သည် ထိုသူတို့အားကောင်းမှုသုစရိုက်များကို(ပြုလုပ်ကြရန်)ညွှန်ကြားသည့်အပြင် မကောင်းမှုဒုစရိုက်များမှ ကြဉ်ရှောင်ကြရန်မြစ်တားလေသည်။ ၎င်းပြင်ထိုသူတို့အဖို့စင်ကြယ်သောအရာများကို (စားသုံး)ခွင့်ပြုကာမသန့်စင်သောအရာများကို ၎င်းတို့အပေါ်၌(စားသုံးခြင်းမပြုကြရန်)တားမြစ်လေသည်။ ထိုမှတစ်ပါးထိုသူတို့အပေါ်၌(ယခုတိုင်အောင်)တည်ရှိနေသော ဝန်နှင့်လည်ကွင်းများ(အတုပ်အနှောင်များ)ကိုလည်း ၎င်းတို့အပေါ်မှချ၍ပေးလေသည်။သို့ဖြစ်ပေရာ အကြင်သူတို့သည် ထိုရစူလ်နဗီတမန်တော်မြတ်အားယုံကြည်ခဲ့ကြလေသည်။ ၎င်းပြင်ထိုရစူလ်နဗီတမန်တော်မြတ်အား ကာကွယ်စောင့်ရှောက်ခဲ့ကြလေသည်။ထိုမှတစ်ပါးထိုရစူလ်နဗီတမန်တော်မြတ်အား ကူညီရိုင်းပင်းခဲ့ကြလေသည်။ ထို့ပြင် ထိုရစူလ်နဗီတမန်တော်မြတ်နှင့်အတူကျရောက်လာသော(ကုရ်အာန်ကျမ်းတော်မြတ်တည်းဟူသော)လင်းရောင်ခြည်ကိုလည်း လိုက်နာခဲ့ကြလေသည်။ ထိုသူတို့သည်သာလျှင်အောင်မြင်သောသူများဖြစ်ကြကုန်သတည်း။

စူရဟ် အအ်ရာဖ်-(၇:၁၅၇)

အစ္စလာမ့်တရားလမ်းစဉ်သည် ယခင်တရားလမ်းစဉ်တိုင်းကို ရုပ်သိမ်းပယ်ဖျက်လိုက်ပေသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

၎င်းပြင် (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်ထံသို့ မှန်ကန်သောကျမ်းမြတ် (ကုရ်အာန်) ကို ထုတ်ပြန်ချမှတ်တော်မူခဲ့လေသည်။ (ယင်း ကုရ်အာန်ကျမ်းတော်မြတ်သည်) ၎င်း၏အလျင်ရှိခဲ့သောကျမ်းများကို ထောက်ခံလျက်ရှိ၏။ ၎င်းပြင် ယင်းကျမ်းများကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ၏။ သို့ဖြစ်ပေရာ (အို- နဗီတမန်တော်) အသင်သည် ထိုသူတို့၏စပ်ကြားဝယ် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (တရားတော်) နှင့်အညီ စီရင်ဆုံးဖြတ်ပါလေ။ ၎င်းပြင် အသင်သည် မိမိထံရောက်ရှိလာသော မှန်ကန်သောကျမ်းတို့ကိုစွန့်၍ ၎င်းတို့၏ အလိုဆန္ဒများကို မလိုက်လေနှင့်။ ငါအရှင်မြတ်သည် အသင်တို့အနက် အသီးသီးတို့အဖို့ တရားဓမ္မသတ် (နည်းဥပဒေ) တစ်မျိုးနှင့် ထင်ရှားလှစွာသော လမ်းစဉ်တစ်မျိုးကို သတ်မှတ်ပြဋ္ဌာန်းပေးတော်မူခဲ့သည်။ အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါမူ အသင်တို့ (အားလုံး) ကို သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မူခဲ့မည်မှာ ဧကန်မလွဲပင်။ သို့ရာတွင် ထိုအရှင်မြတ်သည် မိမိပြဋ္ဌာန်းပေးသနားတော်မူသည့် (တရားလမ်းစဉ်) နှင့်စပ်လျဉ်း၍ အသင်တို့အား စမ်းသပ်တော်မူခြင်းငှာ (ထိုကဲ့သို့ သာသနာဝင်တစ်မျိုးတည်း ဖြစ်စေတော်မမူခဲ့ချေ) ။ သို့ဖြစ်ပေရာ အသင်တို့သည် ကောင်းမှုများကို သူ့ထက်ငါသာအောင် လျင်မြန်စွာပြုလုပ်ကြလေကုန်။ အသင်တို့ အားလုံးသည် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြမည်ဖြစ်ကုန်၏။ ထိုရောအခါဝယ် ထိုအရှင်မြတ်သည် အသင်တို့ကွဲလွဲခဲ့ကြကုန်သော အကြောင်းအချက်တို့နှင့်စပ်လျဉ်း၍ အသင်တို့အား အသိပေးတော်မူမည်ဖြစ်၏။

စူရဟ် မာအိဒဟ်-(၅:၄၈)

သို့ဖြစ်ရာ အစ္စလာမ့်တရားလမ်းစဥ်ပါရှိသော ကျမ်းတော်မြတ်ကုရ်အာန်သည်ယခင်ကရှိခဲ့သော အရှင်မြတ်၏ကျမ်းဂန်များကို ထောက်ခံပြီး ၎င်းတို့အပေါ်အဆုံးဖြတ်ပေးကာ ရုပ်သိမ်းပယ်ဖျက်လိုက်သည့် ကျမ်းအဖြစ်ကျရောက်လာခဲ့သည်။

၂၇။ ချွတ်ယွင်းမူအပေါင်းမှကင်းစင်၍ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ယူဆောင်လာခဲ့သော အစ္စလာမ်သာသနာမှအပအခြားမည်သည့်သာသနာကိုမျှ လက်ခံတော်မူမည်မဟုတ်ပေ။ အကြင်သူသည် အစ္စလာမ်သာသနာမှအပအခြားသာသနာကိုလက်ခံခဲ့ပါမူ ထိုသူ့ထံမှ(သူလက်ခံထားသည့်သာသနာသည် အရှင်မြတ်ထံတွင်)အလျှင်းလက်ခံသဘောတူခြင်းခံရမည် မဟုတ်ပေ။

ချွတ်ယွင်းမူအပေါင်းမှကင်းစင်၍ ကြီးကျယ်မြင့်မားတော်မူသောအလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား စေလွှတ်တော်မူပြီးနောက် တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ယူဆောင်လာသည့် အစ္စလာမ်သာသနာမှအပ အခြားမည်သည့်သာသနာကိုမျှ လက်ခံတော်မူမည်မဟုတ်ပေ။ အကြင်သူသည်အစ္စလာမ်သာသနာမှအပ အခြားသာသနာကိုလက်ခံခဲ့ပါမူ ထိုသူ့ထံမှ(သူလက်ခံထားသည့်သာသနာသည်အရှင်မြတ်ထံတွင်)အလျှင်းလက်ခံသဘောတူခြင်းခံရမည်မဟုတ်ပေ။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထို့ပြင်တဝမည်သူမဆိုအစ္စလာမ်သာသနာမှတစ်ပါးအခြားသာသနာတစ်ရပ်ရပ်ကိုရှာဖွေစူးစမ်းပါမူထိုသူ၏ထံမှ(ထိုသူရှာဖွေသောသာသနာသည်အလ္လာဟ်အရှင်မြတ်အထံတော်၌)လက်ခံသဘောတူတော်မူခြင်းကိုအလျင်းခံရမည်မဟုတ်ပေ။၎င်းပြင်ထိုသူသည်နောင်တမလွန်ဘဝ၌လည်းဆုံးရှုံးသူများအနက်တစ်ဦးအပါအဝင်ဖြစ်ပေမည်။စူရဟ် အားလိအင်မ်ရာန်-(၃:၈၅)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်အထံတော်၌(နှစ်မြို့တော်မူပြီးဖြစ်သော)ဒီန်သာသနာမှာမူကား အစ္စလာမ်သာသနာတော်ပင်တည်း။အမှန်သော်ကား(တော်ရာတ်နှင့်အီန်ဂျီလ်)ကျမ်းများပေးသနားတော်မူခြင်းခံကြရသောသူတို့သည် မိမိတို့ထံအသိတရားရောက်ရှိပြီးနောက်သော်မှပင် မိမိတို့အချင်းချင်းမနာလိုဝန်တိုစိတ်ထားရှိခြင်းကြောင့် မညီမညွတ်သဘောကွဲလွဲကြကုန်၏။ သို့ရာတွင်မည်သူမဆိုအလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုသွေဖည်ငြင်းပယ်ပါမူ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာစစ်ဆေးစောကြောတော်မူမည့်အရှင်မြတ်ပင်ဖြစ်တော်မူသတည်း။စူရဟ် အားလိအင်မ်ရာန်-(၃:၁၉)ဤအစ္စလာမ်သာသနာတော်သည် အိဗ်ရာဟီမ်ခလီလ်(အလိုင်ဟိစ္စလာမ်)၏သာသနာပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-မိမိကိုယ်ကို မိမိပင် လူမိုက်လူ့ဗာလဖြစ်စေသောသူမှအပ အဘယ်သူသည် နဗီတမန်တော် အစ်ဗ်ရာဟီမ်၏ သာသနာမှ မျက်နှာလွှဲဖယ် တိမ်းရှောင် သွားနိုင်ပါမည်နည်း။ စင်စစ်တမူကား ငါအရှင်မြတ်သည် ထိုနဗီတမန်တော် အိဗ်ရာဟီမ်အား ချစ်မြတ်နိုး၍ ဤလောက၌ နဗီတမန်တော်အဖြစ်ဖြင့် ရွေးချယ် ချီးမြှင့်တော်မူခဲ့လေပြီ။ တဖန် နောင်တမလွန်ဘဝ၌လည်း ထိုနဗီတမန်တော်သည် ပါရမီရှင် သူမွန် သူမြတ်များအနက်မှ မလွဲဧကန် ဖြစ်လတ္တံ့။စူရဟ် ဗကရဟ်-(၂:၁၃၀)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အမှန်သော်ကား အကြင်သူထက် 'ဒီန်' သာသနာအားဖြင့် ပိုမို၍မြင့်မြတ်သောသူသည် မည်သူရှိသနည်း။ ထိုသူသည် မိမိမျက်နှာ (မိမိကိုယ်) ကို အလ္လာဟ်အရှင်မြတ်အထံတော်သို့ အပ်နှင်းခဲ့သည့်ပြင် (အပြောအဆို အကျင့်အမူအားဖြင့်) မြင့်မြတ်သောသူလည်းဖြစ်၏။ ထိုမှတစ်ပါး ထိုသူသည် ဖြောင့်မတ်တည်ကြည်သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏ 'ဒီန်' သာသနာကိုလည်း လိုက်နာ၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) အစ်ဗ်ရာဟီမ်အား (မိမိ) မိတ်ဆွေအဖြစ် ပြုလုပ်ချီးမြှင့်တော်မူခဲ့လေသတည်း။စူရဟ် နိစာအ်-(၄:၁၂၅)အလ္လာဟ်အရှင်မြတ်သည် မိမိ၏တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ပြောကြားရန် အမိန့်ပေးခဲ့သည်။(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါ၏အရှင်မြတ်သည်ငါ့အားဖြောင့်မတ်မှန်ကန်သော တရားလမ်းသို့ ပို့ဆောင်တော်မူခဲ့လေပြီ။ (ထိုတရားလမ်းမှာ)အလွန်တည်တံ့ ခိုင်ခံ့သောသာသနာပင် ဖြစ်ပေသည်။ တည်ကြည် ဖြောင့်မတ်သော နဗီတမန်တော် အစ်ဗ်ရာဟီမ်၏လမ်းစဉ်ပင် ဖြစ်ပေသည်။ ၎င်းပြင် ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည် တစ်စုံတစ်ရာကိုအလ္လာဟ် အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သောသူများတွင် ပါဝင်ခဲ့ သည်မဟုတ်။စူရဟ် အန္နအာမ်(၆:၁၆၁)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ထို့ပြင်တဝမည်သူမဆိုအစ္စလာမ်သာသနာမှတစ်ပါးအခြားသာသနာတစ်ရပ်ရပ်ကိုရှာဖွေစူးစမ်းပါမူထိုသူ၏ထံမှ(ထိုသူရှာဖွေသောသာသနာသည်အလ္လာဟ်အရှင်မြတ်အထံတော်၌)လက်ခံသဘောတူတော်မူခြင်းကိုအလျင်းခံရမည်မဟုတ်ပေ။၎င်းပြင်ထိုသူသည်နောင်တမလွန်ဘဝ၌လည်းဆုံးရှုံးသူများအနက်တစ်ဦးအပါအဝင်ဖြစ်ပေမည်။

စူရဟ် အားလိအင်မ်ရာန်-(၃:၈၅)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်အထံတော်၌(နှစ်မြို့တော်မူပြီးဖြစ်သော)ဒီန်သာသနာမှာမူကား အစ္စလာမ်သာသနာတော်ပင်တည်း။အမှန်သော်ကား(တော်ရာတ်နှင့်အီန်ဂျီလ်)ကျမ်းများပေးသနားတော်မူခြင်းခံကြရသောသူတို့သည် မိမိတို့ထံအသိတရားရောက်ရှိပြီးနောက်သော်မှပင် မိမိတို့အချင်းချင်းမနာလိုဝန်တိုစိတ်ထားရှိခြင်းကြောင့် မညီမညွတ်သဘောကွဲလွဲကြကုန်၏။ သို့ရာတွင်မည်သူမဆိုအလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုသွေဖည်ငြင်းပယ်ပါမူ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် လျင်မြန်စွာစစ်ဆေးစောကြောတော်မူမည့်အရှင်မြတ်ပင်ဖြစ်တော်မူသတည်း။

စူရဟ် အားလိအင်မ်ရာန်-(၃:၁၉)

ဤအစ္စလာမ်သာသနာတော်သည် အိဗ်ရာဟီမ်ခလီလ်(အလိုင်ဟိစ္စလာမ်)၏သာသနာပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

မိမိကိုယ်ကို မိမိပင် လူမိုက်လူ့ဗာလဖြစ်စေသောသူမှအပ အဘယ်သူသည် နဗီတမန်တော် အစ်ဗ်ရာဟီမ်၏ သာသနာမှ မျက်နှာလွှဲဖယ် တိမ်းရှောင် သွားနိုင်ပါမည်နည်း။ စင်စစ်တမူကား ငါအရှင်မြတ်သည် ထိုနဗီတမန်တော် အိဗ်ရာဟီမ်အား ချစ်မြတ်နိုး၍ ဤလောက၌ နဗီတမန်တော်အဖြစ်ဖြင့် ရွေးချယ် ချီးမြှင့်တော်မူခဲ့လေပြီ။ တဖန် နောင်တမလွန်ဘဝ၌လည်း ထိုနဗီတမန်တော်သည် ပါရမီရှင် သူမွန် သူမြတ်များအနက်မှ မလွဲဧကန် ဖြစ်လတ္တံ့။

စူရဟ် ဗကရဟ်-(၂:၁၃၀)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အမှန်သော်ကား အကြင်သူထက် 'ဒီန်' သာသနာအားဖြင့် ပိုမို၍မြင့်မြတ်သောသူသည် မည်သူရှိသနည်း။ ထိုသူသည် မိမိမျက်နှာ (မိမိကိုယ်) ကို အလ္လာဟ်အရှင်မြတ်အထံတော်သို့ အပ်နှင်းခဲ့သည့်ပြင် (အပြောအဆို အကျင့်အမူအားဖြင့်) မြင့်မြတ်သောသူလည်းဖြစ်၏။ ထိုမှတစ်ပါး ထိုသူသည် ဖြောင့်မတ်တည်ကြည်သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏ 'ဒီန်' သာသနာကိုလည်း လိုက်နာ၏။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (နဗီတမန်တော်) အစ်ဗ်ရာဟီမ်အား (မိမိ) မိတ်ဆွေအဖြစ် ပြုလုပ်ချီးမြှင့်တော်မူခဲ့လေသတည်း။

စူရဟ် နိစာအ်-(၄:၁၂၅)

အလ္လာဟ်အရှင်မြတ်သည် မိမိ၏တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ပြောကြားရန် အမိန့်ပေးခဲ့သည်။

(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါ၏အရှင်မြတ်သည်ငါ့အားဖြောင့်မတ်မှန်ကန်သော တရားလမ်းသို့ ပို့ဆောင်တော်မူခဲ့လေပြီ။ (ထိုတရားလမ်းမှာ)အလွန်တည်တံ့ ခိုင်ခံ့သောသာသနာပင် ဖြစ်ပေသည်။ တည်ကြည် ဖြောင့်မတ်သော နဗီတမန်တော် အစ်ဗ်ရာဟီမ်၏လမ်းစဉ်ပင် ဖြစ်ပေသည်။ ၎င်းပြင် ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည် တစ်စုံတစ်ရာကိုအလ္လာဟ် အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သောသူများတွင် ပါဝင်ခဲ့ သည်မဟုတ်။

စူရဟ် အန္နအာမ်(၆:၁၆၁)

၂၈။ ကျမ်းတော်မြတ်ကုရ်အာန်ဟူသည် အလ္လာဟ်အရှင်မြတ်က တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံသို့ ထုတ်ပြန်ပို့ချတော်မူခဲ့သော ကျမ်းဂန်ဖြစ်သည်။ ထိုကျမ်းမြတ်သည် စကြာဝဠာအပေါင်းကိုပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၏ မုက္ခပါဌ်တော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က လူသားနှင့်ဂျင်န်တို့အား ၎င်းကျမ်းတော်မြတ်နှင့်တူသောကျမ်း သို့မဟုတ် အလားတူကဏ္ဍတစ်ခု(စီကုံးရေးသား၍)ယူဆောင်လာကြပြီး ယှဥ်ပြိုင်ရန်ဖိတ်ခေါ်ထားသည်။ ထိုသို့ယှဉ်ပြိုင်ရန်ဖိတ်ခေါ်မှုသည် ယနေ့ထိတိုင်ရှိနေသည်။ထို့ပြင် သန်းပေါင်းများစွာသောလူသားများအား ဝေခွဲမရဖြစ်စေသည့် မေးခွန်းပေါင်းမြောက်များစွာကိုလည်း ကျမ်းမြတ်ကုရ်အာန်က ဖြေကြားထားသည်။ ကျမ်းမြတ်ကုရ်အာန်သည် ၎င်းကျရောက်သည့်အရဗီဘာသာစကားဖြင့်ပင် ယနေ့ထိတိုင် ထိန်းသိမ်းထားပြီးအက္ခရာတလုံးမျှလျော့နည်းသွားသည်ဟူ၍ မရှိပေ။ ၎င်းပြင် ထိုကျမ်းမြတ်အား ပုံနိုပ်ထုတ်ဝေဖြန့်ချိလျက်ရှိသည်။ ထိုကျမ်းတော်မြတ်သည် ကြီးကျယ်လှသည့်တုမရသောကျမ်းကြီးဖြစ်သဖြင့် ၎င်းကျမ်းမြတ်ကိုဖြစ်စေ (သို့) ၎င်းကျမ်းမြတ်၏အဓိပ္ပာယ်ဘာသာပြန်ကိုဖြစ်စေ ဖတ်ရှုလေ့လာသင့်သည်။ ဤကဲ့သို့ပင် ဧကန်အမှန် တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)(စွန္နဟ်)လမ်းစဥ်၊ သင်ကြားပို့ချချက်များနှင့် အတ္ထုပ္ပတ္တိတို့သည်လည်း ယုံကြည်စိတ်ချရသော စဥ်ဆက်မပြတ်ဆင့်ပြန်သူတို့၏ဆင့်ပြန်ချက်များအတိုင်း ထိန်းသိမ်းထားပြီး ကိုယ်တော်ပြောဆိုခဲ့သည့်ဘာသာစကားဖြစ်သော အာရဗီဘာသာနှင့်ပုံနှိပ်ထားကာ မြောက်များစွာသောဘာသာစကားများဖြင့်လည်း ဘာသာပြန်ဆိုပြီးဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရသော ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)(စွန္နဟ်)လမ်းစဉ်သည် အစ္စလာမ့်အမိန့်ပညတ်ချက်များနှင့်ပြဌာန်းချက်တို့အတွက်တစ်ခုတည်းသော မူလရင်းမြစ်ဖြစ်သည်။ ထို့ကြောင့် အစ္စလာမ်သာသနာတော်ကို အစ္စလာမ်နှင့်ဆက်နွယ်နေသူတို့၏လုပ်ရပ်များမှ ရယူခွင့်မရှိ။ အရှင်မြတ်၏ဗျာဒိတ်တော်ဖြစ်သည့် ကျမ်းမြတ်ကုရ်အာန်နှင့်တမန်တော်မြတ်၏ (စွန္နဟ်)လမ်းစဉ်မှသာ ရယူရမည်ဖြစ်သည်။

ကျမ်းတော်မြတ်ကုရ်အာန်ဟူသည် အလ္လာဟ်အရှင်မြတ်က အရဗ်နွယ်ဖွားတမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံသို့ အရဗီဘာသာစကားဖြင့်ထုတ်ပြန်ပို့ချတော်မူခဲ့သော ကျမ်းစာဖြစ်ပြီး ၎င်းကျမ်းတော်သည် စကြာဝဠာအပေါင်းတို့ကိုပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ မုက္ခပါဌ်တော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းပြင် မလွဲဧကန် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသည့် အရှင်ချပေးတော်မူသော (ကျမ်းဂန်ပင်) ဖြစ်ချေသည်။(၁၉၂)"အရ်ရူဟုလ်အမီန်" (ယုံကြည်စိတ်ချအပ်သောဝိညာဉ်တော်) ကောင်းကင်တမန်ဂျစ်ဗ်ရီလ်သည် ယင်း (ကုန်အာန်ကျမ်းတော်မြတ်)ကို ယူဆောင်ချပေးခဲ့လေသည်။(၁၉၃)အသင်၏ စိတ်နှလုံးပေါ်၌ အသင်သည် သတိပေးနှိုးဆော်သူတို့တွင် အပါအဝင် ဖြစ်အံ့သောငှာ။(၁၉၄)ရှင်းလင်းသော အရဗီဘာသာဖြင့်။(၁၉၅)စူရဟ် ရှုအရာအ်-(၂၆:၁၉၂-၁၉၅)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းပြင် ဧကန်စင်စစ် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အလွန်တရာ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော၊ အလွန်တရာ အသိပညာနှင့်ပြည့်စုံ တော်မူသောအရှင်မြတ်ထံတော်မှ ရရှိနေပေသတည်း။စူရဟ် နမ်လ်-(၂၇:၆)ကျမ်းမြတ်ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျရောက်လာခြင်းဖြစ်ပြီး ၎င်းအလျင်ကကျရောက်ခဲ့သော အရှင်မြတ်၏ကျမ်းတော်များကိုလည်းထောက်ခံထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ်သော်ကား ဤကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်အပြင် (အခြားသူတစ်ဦးဦးက)လီဆယ်ဖန်တီးထားသော ကျမ်းမြတ် မဟုတ်ပေ။ စင်စစ်မှာမူကား(ဤကုရ်အာန်ကျမ်းတော်မြတ်သည်) မိမိအလျင်(ရှိခဲ့ဖူးသောကျမ်းများကို) ခိုင်ခံ့စေသော ကျမ်းဖြစ်၏။ အတည်ပြုသတ်မှတ်ရေး သားထားပြီးဖြစ်သော အမိန့်ပညတ်တော်များကိုအသေးစိတ် ရှင်းလင်းဖော်ပြထားသော ကျမ်းလည်းဖြစ်၏။ဤကုရ်အာန်ကျမ်းတော်မြတ်တွင် ဒွိဟသံသယလည်း လုံးဝမရှိချေ။ စကြဝဠာခပ်သိမ်းကို ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ(ကျရောက်လာသော ကျမ်းတော်မြတ်အမှန်ပင်)ဖြစ်ပေသတည်း။စူရဟ် ယူနွတ်စ်-(၁၀:၃၇)ကျမ်းတော်မြတ်ကုရ်အာန်သည် ဂျုးနှင့်ခရစ်ယာန်တို့က ၎င်းတို့သာသနာ၌ ကွဲလွဲခဲ့ကြသည့်မြောက်များစွာသော ပြဿနာများကိုလည်း ဖြေရှင်းပေးထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဧကန်မလွဲ ဤကုရ်အာန်ကျမ်းမြတ်သည် အီစ်ရာအီလီအမျိုးသားတို့ရှေ့ဝယ်၊ ၎င်းတို့ ကွဲလွဲနေကြကုန်သော အကြောင်းအရာများအနက်မှ များစွာသော အကြောင်းအရာများကို ဖော်ပြလေ၏။စူရဟ် နမ်လ်-(၂၇:၇၆)ကျမ်းတော်မြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ လည်းကောင်း၊ အရှင်မြတ်၏သာသနာ၊ အရှင်မြတ်၏အစားပေးမှုတို့နှင့်ပတ်သက်၍လည်းကောင်း၊ အရှိတရားများကို နားလည်သဘောပေါက်စေရန် လူသားများအားလုံးအတွက် အထောက်အထားဖြစ်စေမည့် သက်သေအထောက်ထားများပါဝင်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် လူတို့အဖို့ ၎င်းတို့ တရားရကြအံ့သောငှာ အလုံးစုံသော ဥပမာပုံဆောင် ချက်များကို ခိုင်းနှိုင်း မိန့်ကြားတော်မူခဲ့၏။စူရဟ် ဇုမရ်-(၃၉:၂၇)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ်သော်ကား ငါအရှင်မြတ်သည်(ယင်းသက်သေထွက်ဆိုနိုင်ရေးအတွက်) အသင်၏အပေါ်၌ (ကုရ်အာန်)ကျမ်းတော်မြတ်ကို အကြောင်းအရာခပ်သိမ်းတို့၏ ရှင်းလင်းချက်အဖြစ်လည်းကောင်း၊ မုစ်လင်မ်အမိန့်တော်ကို လိုက်နာသူတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ ကရုဏာတရားအဖြစ်လည်းကောင်း၊ ဝမ်းမြောက်ဖွယ်သတင်းအဖြစ်လည်းကောင်း၊ ချပေးသနားတော်မူခဲ့လေသတည်း။စူရဟ် နဟ်လ်-(၁၆:၈၉)ကျမ်းမြတ်ကုရ်အာန်သည် သန်းပေါင်းများစွာသောလူသားများဝေခွဲမရဖြစ်နေသည့် မေးခွန်းပေါင်းမြောက်များစွာကို ဖြေကြားထားသည်။အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထ၀ီတို့ကို မည်သို့ဖန်ဆင်းခဲ့ကြောင်းကိုကျမ်းမြတ်ကုရ်အာန်တွင် တင်ပြထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ် မိုးကောင်းကင်များသည်လည်းကောင်း၊ပထဝီမြေသည်လည်းကောင်း၊ ပိတ်လျက်ရှိခဲ့သည်။ ထို့နောက်ငါအရှင်မြတ်သည် ယင်း(မိုးကောင်းကင်နှင့်ပထဝီမြေ)နှစ်ခုစလုံးကို ဖွင့်ပေးတော်မူခဲ့သည်။ (ဤသည်ကို)ကာဖိရ်များမသိ မမြင်ခဲ့ကြလေသလော။ ထို့ပြင်ငါအရှင်မြတ်သည် ရေဖြင့် သက်ရှိသတ္တဝါ ခပ်သိမ်းကိုဖန်ဆင်းတော်မူခဲ့၏။ သို့ပါလျက် ၎င်းတို့သည်သင်ဝင်ယုံကြည်ခြင်း မရှိကြလေသလော။စူရဟ် အန်ဗိယာအ်-(၂၁:၃၀)အလ္လာဟ်အရှင်မြတ်သည် လူသားကိုမည်သို့ဖန်ဆင်းခဲ့သနည်း။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို-လူခပ်သိမ်းတို့၊ အကယ်၍ အသင်တို့သည်ရှင်ပြန်ထခြင်းနှင့်စပ်လျဉ်း၍ ဒွိဟသံသယ ဖြစ်နေကြပါလျှင်(အသင်တို့သည် မိမိတို့နှင့် မိမိတို့၏ ပတ်ဝန်းကျင်ကို လေးနက်စွာ စဉ်းစား၍ ကြည့်ကြလေကုန်)။ ဧကန်အမှန် ငါအရှင်မြတ်သည် အသင်တို့ရှေ့ဝယ် (မိမိတန်ခိုးတော်ကို) ထင်ရှားစေခြင်းငှာ အသင်တို့အား (ပထမသော်)မြေကြီးဖြင့်လည်းကောင်း၊ ထို့နောက် သုတ်ရည်ဖြင့်လည်းကောင်း၊ ထို့နောက် သွေးခဲဖြင့်လည်းကောင်း၊ ထို့နောက် အင်္ဂါစုံလင်ပုံကျသော အသားတုံးဖြင့်လည်းကောင်း၊ အင်္ဂါမစုံ ပုံမကျသော အသားတုံးဖြင့်လည်းကောင်း၊(အဆင့်ဆင့်) ဖန်ဆင်းတော်မူခဲ့၏။၎င်းပြင် ငါအရှင်မြတ်သည်သားအိမ်များတွင် မိမိအလိုရှိတော်မူသည်ကို (သုတ်ရည်ကို)သတ်မှတ် ပိုင်းခြားအပ်သော အချိန်ကာလတိုင်အောင် တည်စေတော်မူပြီးနောက် အသင်တို့အား (အမိဝမ်းတွင်းမှ အပြင်သို့နို့စို့အရွယ်)ကလေးသူငယ်အဖြစ် ထွက်စေ တော်မူ၏။ ထို့နောက် အသင်တို့သည် မိမိတို့၏ လူလားမြောက်သောအရွယ်သို့ ရောက်ရှိနိုင်ကြရန်(ငါအရှင်မြတ်သည် မွေးမြူတော်မူပြန်၏။) ၎င်းပြင် အသင်တို့အနက် (အရွယ်မရောက် လူလားမမြောက်မီပင်) အသက်သေဆုံးရသူလည်းရှိ၏။ ထိုနည်းတူစွာအသင်တို့တွင် အယုတ်ညံ့ဆုံးသော အသက်အရွယ်သို့ပြန်ရောက်ရသော သူများလည်းရှိ၏။ ထို့ကြောင့် ၄င်းသည် (အရာရာကို) သိရှိပြီးနောက်သော်မှပင် မည်သည့်တစ်စုံတစ်ရာကိုမျှ မသိနိုင်တော့ချေ။ ထိုမှတစ်ပါး အသင်သည် ပထဝီမြေကို သွေ့ခြောက်လျက် တွေ့မြင်လေသည်။တစ်ဖန် ငါအရှင်မြတ်သည် ယင်းပထဝီမြေပေါ်ဝယ် (မိုး)ရေကို(ရွာသွန်း၍) ကျစေတော်မူသောအခါ ယင်းမြေ(မှ သစ်ပင်ဝါးပင်များ) ပေါက်ရောက် လှုပ်ရှားလာလေသည်။ ထို့ပြင် တိုးတက်မြင့်မားလာလေသည်။ ထို့ပြင် အထူးနှစ်မြို့ဖွယ်ဖြစ်သော(သစ်သီးသစ်ဥ ကောက်ပဲ သီးနှံ) အမျိုးအစား အသီးသီးတို့ကိုပေါက်ရောက်စေလေသည်။စူရဟ် ဟဂျ်-(၂၂:၅) ၎င်းနောက် လူသား၏ပြန်လှည့်ရာဌာနသည် အဘယ်မှာနည်း။ ဤလောကီသက်တမ်းလွန်မြောက်ပြီးနောက် ကောင်းမှုပြုလုပ်သူနှင့် မကောင်းမူပြုလုပ်သူတို့၏အစားသည် အဘယ်အရာနည်း။ ဤအကြောင်းနှင့်စပ်လျဉ်း၍ စာပိုဒ်(၂၀)တွင် အထောက်ထားများ တင်ပြခဲ့ချေပြီ။ ဤသို့အဖန်ဆင်းခံများတည်ရှိနေခြင်းသည် မတော်တဆတိုက်ဆိုင်မှုကြောင့်ဖြစ်ပေါ်လာခြင်းလော၊(သို့မဟုတ်) မွန်မြတ်သည့်ရည်ရွယ်ချက်ပန်းတိုင်တစ်ခုအတွက် တည်ရှိနေခြင်းလော၊အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုသူတို့သည်မိုးကောင်းကင်များနှင့်ကမ္ဘာမြေဝယ်(အလ္လာဟ်အရှင်မြတ်၏)အာဏာစက်တော်ကိုလည်းကောင်း၊အလ္လာဟ်အရှင်မြတ်ဖန်ဆင်းတော်မူသော(သက်ရှိသက်မဲ့)အရာဝတ္ထုအလုံးစုံတို့ကိုလည်းကောင်း၊မိမိတို့(သေဆုံးရန်)သတ်မှတ်ထားပြီးဖြစ်သောကာလအပိုင်းအခြားသည်နီးကပ်လာပြီဖြစ်သည်ကိုလည်းကောင်း၊မတွေးမမြင်မဆင်ခြင်မသုံးသပ်ကြလေသလော။၎င်းတို့သည်ဤ(ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ပြီး)နောက်မည်သည့်စကားကိုယုံကြည်ကြပါဦးမည်နည်း။စူရဟ် အအ်ရာဖ်-(၇:၁၈၅)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အသင်တို့သည် မိမိတို့အား ငါအရှင်မြတ်က အချည်းနှီး အကျိုးမဲ့သာ ဖန်ဆင်းတော်မူခဲ့သည် ဟူ၍လည်းကောင်း၊ အသင်တို့သည် ငါအရှင်မြတ်အထံတော်သို့ ပြန်လည်ရောက်ရှိကြရမည် မဟုတ်ဟူ၍လည်းကောင်း၊ ထင်မှတ်ခဲ့ကြလေသလော။စူရဟ် မုအ်မိနူးန်-(၂၃:၁၁၅)ကျမ်းမြတ်ကုရ်အာန်သည် ၎င်းကျရောက်ခဲ့သည့်အရဗီဘာသာစာပေဖြင့်ပင် ယနေ့အထိထိန်းသိမ်းစောင့်ရှောက်ခြင်းခံထားရသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဧကန်စင်စစ် ငါအရှင်မြတ်သည်ပင်လျှင်(ဤ)ဆုံးမဩဝါဒ(တည်းဟူသောကုရ်အာန်ကျမ်းတာ်မြတ်)ကို ချပေးသနားတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ယင်းဆုံးမဩဝါဒကို ထိန်းသိမ်းစောင့်ရှောက်တော်မူမည့် အရှင်မြတ် ဖြစ်တော်မူပေသတည်း။စူရဟ် ဟိဂျ်ရ်-(၁၅:၉)၎င်းကျမ်းမြတ်တွင် အက္ခရာတစ်လုံးမျှပင်လျော့နည်းခဲ့ခြင်းမရှိခဲ့ပေ။ ထို့အတူ အာယသ်တော်အချင်းချင်းဆန့်ကျင်ဘက်ဖြစ်နေခြင်း၊ လျော့နည်းခြင်း၊ ပြောင်း လဲခြင်းတို့ လုံးဝမရှိပေ။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို လေ့လာဆင်ခြင် သုံးသပ်ခြင်းမရှိကြပါသလော။ အကယ်၍သာ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားသူ၏ထံမှ (ရောက်ရှိလာသောကျမ်းဂန်) သာဖြစ်ခဲ့ပါမူ ထိုသူတို့သည် ၎င်း (ကုရ်အာန် ကျမ်းတော်) တွင် မြောက်မြားစွာသောကွဲလွဲမှုတို့ကို မလွဲဧကန် တွေ့ရှိခဲ့ကြကုန်အံ့။စူရဟ် နိစာအ်-(၄:၈၂)၎င်းပြင် ထိုကျမ်းမြတ်အား ပုံနိုပ်ထုတ်ဝေ ဖြန့်ချိထားသည်။ ထိုကျမ်းတော်မြတ်သည် ကြီးကျယ်လှသည့်တုမရသော ကျမ်းကြီးဖြစ်သဖြင့် ၎င်းကျမ်းမြတ်ကိုဖတ်ရှုခြင်း၊ နားဆင်ခြင်း သို့မဟုတ် ၎င်းကျမ်းမြတ်၏အဓိပ္ပာယ်ဘာသာပြန်ကို ဖတ်ရှုလေ့လာခြင်း စသည်တို့ကို ပြုသင့်ပေသည်။ ဤကဲ့သို့ပင် ဧကန်အမှန် တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)(စွန္နဟ်)လမ်းစဥ်၊ သင်ကြားပို့ချချက်များနှင့်အတ္ထုပ္ပတ္တိတို့သည်လည်း ယုံကြည်စိတ်ချရသော စဥ်ဆက်မပြတ်ဆင့်ပြန်သူတို့၏ဆင့်ပြန်ချက်များအတိုင်း ထိန်းသိမ်းထားပြီး ကိုယ်တော်ပြောဆိုခဲ့သော ဘာသာစကားဖြစ်သည့် အာရဗီဘာသာနှင့်ပုံနှိပ်ထားပြီး မြောက်များစွာသောဘာသာစကားများဖြင့်လည်း ဘာသာပြန်ဆိုပြီးဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)(စွန္နဟ်)လမ်းစဉ်သည် အစ္စလာမ်ရဲ့အမိန့်ပညတ်ချက်များနှင့် ပြဌာန်းချက်တို့အတွက် တစ်ခုတည်းသော မူလရင်းမြစ်ဖြစ်သည်။ ထို့ကြောင့် အစ္စလာမ်သာသနာတော်ကို အစ္စလာမ်နှင့်ဆက်နွယ်နေသူတို့၏လုပ်ရပ်များမှ ရယူခွင့်မရှိပေ။ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရသော အရှင်မြတ်၏ဗျာဒိတ်တော်ဖြစ်သည့် ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်မြတ်၏(စွန္နဟ်)လမ်းစဉ်မှသာ ရယူရမည်ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်၏ အဆင့်အတန်းနှင့်ပတ်သတ်၍ အရှင်မြတ်ကမိန့်ကြားထားတော်မူသည်။စင်စစ်ဧကန် အကြင်သူတို့သည် (ဤ)ဆုံးမဩဝါဒ(ကျမ်း)သည် ၎င်းတို့ထံရောက်ရှိလာသောအခါ ငြင်းပယ်ကြကုန်၏။ (ငါအရှင်မြတ်သည် ၎င်းတို့အား အပြစ်ပေးတော်မူမည်။) အမှန်စင်စစ်သော်ကား ယင်းသည် မြင့်မြတ်လှစွာသောကျမ်းဂန်ပင် ဖြစ်ပေသည်။(၄၁)အမှားသည် ယင်းကျမ်းမြတ်တွင် ၎င်း၏ရှေ့မှလည်း လာရောက်စွက်ဖက်နိုင်ခြင်းမရှိချေ။ ၎င်း၏ နောက်လည်း လာရောက်စွက်ဖက်နိုင်ခြင်းမရှိပေ။ ဤကျမ်းမြတ်မှာဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော ချီးမွမ်းထောပနာကိုခံယူထိုက်တော်မူသောအရှင်မြတ် အထံတော်မှ ချပေးတော်မူသောကျမ်းမြတ်ပင် ဖြစ်ပေသည်။(၄၂)စူရဟ် ဖွတ်စ်စွိလသ်-(၄၁:၄၁-၄၂)အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်၏စွန္နဟ်လမ်းစဉ်၏ အဆင့်အတန်းနှင့်ပတ်သက်၍ ၎င်းသည်အလ္လာဟ်အရှင်မြတ်၏ ဝဟီဗျာဒိတ်တော်ပင်ဖြစ် ကြောင်း မိန့်ကြားထားတော်မူသည်။ထို့ပြင် အသင်တို့သည် မိမိတို့အား ရစူလ်တမန်တော်မြတ်က ပေးခဲ့သည်ကို ယူကြလေကုန်။ ထိုနည်းတူစွာ ထိုရစူလ်တမန်တော်မြတ်က တားမြစ်တော်မူသည်မှ ရှောင်ကြဉ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင် မြတ်အားကြောက်ရွံ့ကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ အပြစ်ပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။စူရဟ် ဟရှ်ရ်-(၅၉:၇)

၎င်းပြင် မလွဲဧကန် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် စကြာဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသည့် အရှင်ချပေးတော်မူသော (ကျမ်းဂန်ပင်) ဖြစ်ချေသည်။(၁၉၂)

"အရ်ရူဟုလ်အမီန်" (ယုံကြည်စိတ်ချအပ်သောဝိညာဉ်တော်) ကောင်းကင်တမန်ဂျစ်ဗ်ရီလ်သည် ယင်း (ကုန်အာန်ကျမ်းတော်မြတ်)ကို ယူဆောင်ချပေးခဲ့လေသည်။(၁၉၃)

အသင်၏ စိတ်နှလုံးပေါ်၌ အသင်သည် သတိပေးနှိုးဆော်သူတို့တွင် အပါအဝင် ဖြစ်အံ့သောငှာ။(၁၉၄)

ရှင်းလင်းသော အရဗီဘာသာဖြင့်။(၁၉၅)

စူရဟ် ရှုအရာအ်-(၂၆:၁၉၂-၁၉၅)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

၎င်းပြင် ဧကန်စင်စစ် အသင်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အလွန်တရာ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော၊ အလွန်တရာ အသိပညာနှင့်ပြည့်စုံ တော်မူသောအရှင်မြတ်ထံတော်မှ ရရှိနေပေသတည်း။

စူရဟ် နမ်လ်-(၂၇:၆)

ကျမ်းမြတ်ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျရောက်လာခြင်းဖြစ်ပြီး ၎င်းအလျင်ကကျရောက်ခဲ့သော အရှင်မြတ်၏ကျမ်းတော်များကိုလည်းထောက်ခံထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

စင်စစ်သော်ကား ဤကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်အပြင် (အခြားသူတစ်ဦးဦးက)လီဆယ်ဖန်တီးထားသော ကျမ်းမြတ် မဟုတ်ပေ။ စင်စစ်မှာမူကား(ဤကုရ်အာန်ကျမ်းတော်မြတ်သည်) မိမိအလျင်(ရှိခဲ့ဖူးသောကျမ်းများကို) ခိုင်ခံ့စေသော ကျမ်းဖြစ်၏။ အတည်ပြုသတ်မှတ်ရေး သားထားပြီးဖြစ်သော အမိန့်ပညတ်တော်များကိုအသေးစိတ် ရှင်းလင်းဖော်ပြထားသော ကျမ်းလည်းဖြစ်၏။ဤကုရ်အာန်ကျမ်းတော်မြတ်တွင် ဒွိဟသံသယလည်း လုံးဝမရှိချေ။ စကြဝဠာခပ်သိမ်းကို ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ(ကျရောက်လာသော ကျမ်းတော်မြတ်အမှန်ပင်)ဖြစ်ပေသတည်း။

စူရဟ် ယူနွတ်စ်-(၁၀:၃၇)

ကျမ်းတော်မြတ်ကုရ်အာန်သည် ဂျုးနှင့်ခရစ်ယာန်တို့က ၎င်းတို့သာသနာ၌ ကွဲလွဲခဲ့ကြသည့်မြောက်များစွာသော ပြဿနာများကိုလည်း ဖြေရှင်းပေးထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ဧကန်မလွဲ ဤကုရ်အာန်ကျမ်းမြတ်သည် အီစ်ရာအီလီအမျိုးသားတို့ရှေ့ဝယ်၊ ၎င်းတို့ ကွဲလွဲနေကြကုန်သော အကြောင်းအရာများအနက်မှ များစွာသော အကြောင်းအရာများကို ဖော်ပြလေ၏။

စူရဟ် နမ်လ်-(၂၇:၇၆)

ကျမ်းတော်မြတ်ကုရ်အာန်တွင် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ လည်းကောင်း၊ အရှင်မြတ်၏သာသနာ၊ အရှင်မြတ်၏အစားပေးမှုတို့နှင့်ပတ်သက်၍လည်းကောင်း၊ အရှိတရားများကို နားလည်သဘောပေါက်စေရန် လူသားများအားလုံးအတွက် အထောက်အထားဖြစ်စေမည့် သက်သေအထောက်ထားများပါဝင်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် ဤကုရ်အာန်ကျမ်းတော်မြတ်တွင် လူတို့အဖို့ ၎င်းတို့ တရားရကြအံ့သောငှာ အလုံးစုံသော ဥပမာပုံဆောင် ချက်များကို ခိုင်းနှိုင်း မိန့်ကြားတော်မူခဲ့၏။

စူရဟ် ဇုမရ်-(၃၉:၂၇)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

စင်စစ်သော်ကား ငါအရှင်မြတ်သည်(ယင်းသက်သေထွက်ဆိုနိုင်ရေးအတွက်) အသင်၏အပေါ်၌ (ကုရ်အာန်)ကျမ်းတော်မြတ်ကို အကြောင်းအရာခပ်သိမ်းတို့၏ ရှင်းလင်းချက်အဖြစ်လည်းကောင်း၊ မုစ်လင်မ်အမိန့်တော်ကို လိုက်နာသူတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ ကရုဏာတရားအဖြစ်လည်းကောင်း၊ ဝမ်းမြောက်ဖွယ်သတင်းအဖြစ်လည်းကောင်း၊ ချပေးသနားတော်မူခဲ့လေသတည်း။

စူရဟ် နဟ်လ်-(၁၆:၈၉)

ကျမ်းမြတ်ကုရ်အာန်သည် သန်းပေါင်းများစွာသောလူသားများဝေခွဲမရဖြစ်နေသည့် မေးခွန်းပေါင်းမြောက်များစွာကို ဖြေကြားထားသည်။အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထ၀ီတို့ကို မည်သို့ဖန်ဆင်းခဲ့ကြောင်းကိုကျမ်းမြတ်ကုရ်အာန်တွင် တင်ပြထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

စင်စစ် မိုးကောင်းကင်များသည်လည်းကောင်း၊ပထဝီမြေသည်လည်းကောင်း၊ ပိတ်လျက်ရှိခဲ့သည်။ ထို့နောက်ငါအရှင်မြတ်သည် ယင်း(မိုးကောင်းကင်နှင့်ပထဝီမြေ)နှစ်ခုစလုံးကို ဖွင့်ပေးတော်မူခဲ့သည်။ (ဤသည်ကို)ကာဖိရ်များမသိ မမြင်ခဲ့ကြလေသလော။ ထို့ပြင်ငါအရှင်မြတ်သည် ရေဖြင့် သက်ရှိသတ္တဝါ ခပ်သိမ်းကိုဖန်ဆင်းတော်မူခဲ့၏။ သို့ပါလျက် ၎င်းတို့သည်သင်ဝင်ယုံကြည်ခြင်း မရှိကြလေသလော။

စူရဟ် အန်ဗိယာအ်-(၂၁:၃၀)

အလ္လာဟ်အရှင်မြတ်သည် လူသားကိုမည်သို့ဖန်ဆင်းခဲ့သနည်း။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အို-လူခပ်သိမ်းတို့၊ အကယ်၍ အသင်တို့သည်ရှင်ပြန်ထခြင်းနှင့်စပ်လျဉ်း၍ ဒွိဟသံသယ ဖြစ်နေကြပါလျှင်(အသင်တို့သည် မိမိတို့နှင့် မိမိတို့၏ ပတ်ဝန်းကျင်ကို လေးနက်စွာ စဉ်းစား၍ ကြည့်ကြလေကုန်)။ ဧကန်အမှန် ငါအရှင်မြတ်သည် အသင်တို့ရှေ့ဝယ် (မိမိတန်ခိုးတော်ကို) ထင်ရှားစေခြင်းငှာ အသင်တို့အား (ပထမသော်)မြေကြီးဖြင့်လည်းကောင်း၊ ထို့နောက် သုတ်ရည်ဖြင့်လည်းကောင်း၊ ထို့နောက် သွေးခဲဖြင့်လည်းကောင်း၊ ထို့နောက် အင်္ဂါစုံလင်ပုံကျသော အသားတုံးဖြင့်လည်းကောင်း၊ အင်္ဂါမစုံ ပုံမကျသော အသားတုံးဖြင့်လည်းကောင်း၊(အဆင့်ဆင့်) ဖန်ဆင်းတော်မူခဲ့၏။၎င်းပြင် ငါအရှင်မြတ်သည်သားအိမ်များတွင် မိမိအလိုရှိတော်မူသည်ကို (သုတ်ရည်ကို)သတ်မှတ် ပိုင်းခြားအပ်သော အချိန်ကာလတိုင်အောင် တည်စေတော်မူပြီးနောက် အသင်တို့အား (အမိဝမ်းတွင်းမှ အပြင်သို့နို့စို့အရွယ်)ကလေးသူငယ်အဖြစ် ထွက်စေ တော်မူ၏။ ထို့နောက် အသင်တို့သည် မိမိတို့၏ လူလားမြောက်သောအရွယ်သို့ ရောက်ရှိနိုင်ကြရန်(ငါအရှင်မြတ်သည် မွေးမြူတော်မူပြန်၏။) ၎င်းပြင် အသင်တို့အနက် (အရွယ်မရောက် လူလားမမြောက်မီပင်) အသက်သေဆုံးရသူလည်းရှိ၏။ ထိုနည်းတူစွာအသင်တို့တွင် အယုတ်ညံ့ဆုံးသော အသက်အရွယ်သို့ပြန်ရောက်ရသော သူများလည်းရှိ၏။ ထို့ကြောင့် ၄င်းသည် (အရာရာကို) သိရှိပြီးနောက်သော်မှပင် မည်သည့်တစ်စုံတစ်ရာကိုမျှ မသိနိုင်တော့ချေ။ ထိုမှတစ်ပါး အသင်သည် ပထဝီမြေကို သွေ့ခြောက်လျက် တွေ့မြင်လေသည်။တစ်ဖန် ငါအရှင်မြတ်သည် ယင်းပထဝီမြေပေါ်ဝယ် (မိုး)ရေကို(ရွာသွန်း၍) ကျစေတော်မူသောအခါ ယင်းမြေ(မှ သစ်ပင်ဝါးပင်များ) ပေါက်ရောက် လှုပ်ရှားလာလေသည်။ ထို့ပြင် တိုးတက်မြင့်မားလာလေသည်။ ထို့ပြင် အထူးနှစ်မြို့ဖွယ်ဖြစ်သော(သစ်သီးသစ်ဥ ကောက်ပဲ သီးနှံ) အမျိုးအစား အသီးသီးတို့ကိုပေါက်ရောက်စေလေသည်။

စူရဟ် ဟဂျ်-(၂၂:၅) ၎င်းနောက် လူသား၏ပြန်လှည့်ရာဌာနသည် အဘယ်မှာနည်း။ ဤလောကီသက်တမ်းလွန်မြောက်ပြီးနောက် ကောင်းမှုပြုလုပ်သူနှင့် မကောင်းမူပြုလုပ်သူတို့၏အစားသည် အဘယ်အရာနည်း။ ဤအကြောင်းနှင့်စပ်လျဉ်း၍ စာပိုဒ်(၂၀)တွင် အထောက်ထားများ တင်ပြခဲ့ချေပြီ။ ဤသို့အဖန်ဆင်းခံများတည်ရှိနေခြင်းသည် မတော်တဆတိုက်ဆိုင်မှုကြောင့်ဖြစ်ပေါ်လာခြင်းလော၊(သို့မဟုတ်) မွန်မြတ်သည့်ရည်ရွယ်ချက်ပန်းတိုင်တစ်ခုအတွက် တည်ရှိနေခြင်းလော၊

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ထိုသူတို့သည်မိုးကောင်းကင်များနှင့်ကမ္ဘာမြေဝယ်(အလ္လာဟ်အရှင်မြတ်၏)အာဏာစက်တော်ကိုလည်းကောင်း၊အလ္လာဟ်အရှင်မြတ်ဖန်ဆင်းတော်မူသော(သက်ရှိသက်မဲ့)အရာဝတ္ထုအလုံးစုံတို့ကိုလည်းကောင်း၊မိမိတို့(သေဆုံးရန်)သတ်မှတ်ထားပြီးဖြစ်သောကာလအပိုင်းအခြားသည်နီးကပ်လာပြီဖြစ်သည်ကိုလည်းကောင်း၊မတွေးမမြင်မဆင်ခြင်မသုံးသပ်ကြလေသလော။၎င်းတို့သည်ဤ(ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ပြီး)နောက်မည်သည့်စကားကိုယုံကြည်ကြပါဦးမည်နည်း။

စူရဟ် အအ်ရာဖ်-(၇:၁၈၅)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အသင်တို့သည် မိမိတို့အား ငါအရှင်မြတ်က အချည်းနှီး အကျိုးမဲ့သာ ဖန်ဆင်းတော်မူခဲ့သည် ဟူ၍လည်းကောင်း၊ အသင်တို့သည် ငါအရှင်မြတ်အထံတော်သို့ ပြန်လည်ရောက်ရှိကြရမည် မဟုတ်ဟူ၍လည်းကောင်း၊ ထင်မှတ်ခဲ့ကြလေသလော။

စူရဟ် မုအ်မိနူးန်-(၂၃:၁၁၅)

ကျမ်းမြတ်ကုရ်အာန်သည် ၎င်းကျရောက်ခဲ့သည့်အရဗီဘာသာစာပေဖြင့်ပင် ယနေ့အထိထိန်းသိမ်းစောင့်ရှောက်ခြင်းခံထားရသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ဧကန်စင်စစ် ငါအရှင်မြတ်သည်ပင်လျှင်(ဤ)ဆုံးမဩဝါဒ(တည်းဟူသောကုရ်အာန်ကျမ်းတာ်မြတ်)ကို ချပေးသနားတော်မူခဲ့လေသည်။ ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ယင်းဆုံးမဩဝါဒကို ထိန်းသိမ်းစောင့်ရှောက်တော်မူမည့် အရှင်မြတ် ဖြစ်တော်မူပေသတည်း။

စူရဟ် ဟိဂျ်ရ်-(၁၅:၉)

၎င်းကျမ်းမြတ်တွင် အက္ခရာတစ်လုံးမျှပင်လျော့နည်းခဲ့ခြင်းမရှိခဲ့ပေ။ ထို့အတူ အာယသ်တော်အချင်းချင်းဆန့်ကျင်ဘက်ဖြစ်နေခြင်း၊ လျော့နည်းခြင်း၊ ပြောင်း လဲခြင်းတို့ လုံးဝမရှိပေ။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

၎င်းတို့သည် ကုရ်အာန်ကျမ်းတော်မြတ်ကို လေ့လာဆင်ခြင် သုံးသပ်ခြင်းမရှိကြပါသလော။ အကယ်၍သာ ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားသူ၏ထံမှ (ရောက်ရှိလာသောကျမ်းဂန်) သာဖြစ်ခဲ့ပါမူ ထိုသူတို့သည် ၎င်း (ကုရ်အာန် ကျမ်းတော်) တွင် မြောက်မြားစွာသောကွဲလွဲမှုတို့ကို မလွဲဧကန် တွေ့ရှိခဲ့ကြကုန်အံ့။

စူရဟ် နိစာအ်-(၄:၈၂)

၎င်းပြင် ထိုကျမ်းမြတ်အား ပုံနိုပ်ထုတ်ဝေ ဖြန့်ချိထားသည်။ ထိုကျမ်းတော်မြတ်သည် ကြီးကျယ်လှသည့်တုမရသော ကျမ်းကြီးဖြစ်သဖြင့် ၎င်းကျမ်းမြတ်ကိုဖတ်ရှုခြင်း၊ နားဆင်ခြင်း သို့မဟုတ် ၎င်းကျမ်းမြတ်၏အဓိပ္ပာယ်ဘာသာပြန်ကို ဖတ်ရှုလေ့လာခြင်း စသည်တို့ကို ပြုသင့်ပေသည်။ ဤကဲ့သို့ပင် ဧကန်အမှန် တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)(စွန္နဟ်)လမ်းစဥ်၊ သင်ကြားပို့ချချက်များနှင့်အတ္ထုပ္ပတ္တိတို့သည်လည်း ယုံကြည်စိတ်ချရသော စဥ်ဆက်မပြတ်ဆင့်ပြန်သူတို့၏ဆင့်ပြန်ချက်များအတိုင်း ထိန်းသိမ်းထားပြီး ကိုယ်တော်ပြောဆိုခဲ့သော ဘာသာစကားဖြစ်သည့် အာရဗီဘာသာနှင့်ပုံနှိပ်ထားပြီး မြောက်များစွာသောဘာသာစကားများဖြင့်လည်း ဘာသာပြန်ဆိုပြီးဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)(စွန္နဟ်)လမ်းစဉ်သည် အစ္စလာမ်ရဲ့အမိန့်ပညတ်ချက်များနှင့် ပြဌာန်းချက်တို့အတွက် တစ်ခုတည်းသော မူလရင်းမြစ်ဖြစ်သည်။ ထို့ကြောင့် အစ္စလာမ်သာသနာတော်ကို အစ္စလာမ်နှင့်ဆက်နွယ်နေသူတို့၏လုပ်ရပ်များမှ ရယူခွင့်မရှိပေ။ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရသော အရှင်မြတ်၏ဗျာဒိတ်တော်ဖြစ်သည့် ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်မြတ်၏(စွန္နဟ်)လမ်းစဉ်မှသာ ရယူရမည်ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်၏ အဆင့်အတန်းနှင့်ပတ်သတ်၍ အရှင်မြတ်ကမိန့်ကြားထားတော်မူသည်။

စင်စစ်ဧကန် အကြင်သူတို့သည် (ဤ)ဆုံးမဩဝါဒ(ကျမ်း)သည် ၎င်းတို့ထံရောက်ရှိလာသောအခါ ငြင်းပယ်ကြကုန်၏။ (ငါအရှင်မြတ်သည် ၎င်းတို့အား အပြစ်ပေးတော်မူမည်။) အမှန်စင်စစ်သော်ကား ယင်းသည် မြင့်မြတ်လှစွာသောကျမ်းဂန်ပင် ဖြစ်ပေသည်။(၄၁)အမှားသည် ယင်းကျမ်းမြတ်တွင် ၎င်း၏ရှေ့မှလည်း လာရောက်စွက်ဖက်နိုင်ခြင်းမရှိချေ။ ၎င်း၏ နောက်လည်း လာရောက်စွက်ဖက်နိုင်ခြင်းမရှိပေ။ ဤကျမ်းမြတ်မှာဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော ချီးမွမ်းထောပနာကိုခံယူထိုက်တော်မူသောအရှင်မြတ် အထံတော်မှ ချပေးတော်မူသောကျမ်းမြတ်ပင် ဖြစ်ပေသည်။(၄၂)

စူရဟ် ဖွတ်စ်စွိလသ်-(၄၁:၄၁-၄၂)

အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်၏စွန္နဟ်လမ်းစဉ်၏ အဆင့်အတန်းနှင့်ပတ်သက်၍ ၎င်းသည်အလ္လာဟ်အရှင်မြတ်၏ ဝဟီဗျာဒိတ်တော်ပင်ဖြစ် ကြောင်း မိန့်ကြားထားတော်မူသည်။

ထို့ပြင် အသင်တို့သည် မိမိတို့အား ရစူလ်တမန်တော်မြတ်က ပေးခဲ့သည်ကို ယူကြလေကုန်။ ထိုနည်းတူစွာ ထိုရစူလ်တမန်တော်မြတ်က တားမြစ်တော်မူသည်မှ ရှောင်ကြဉ်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင် မြတ်အားကြောက်ရွံ့ကြလေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပြင်းထန်စွာ အပြစ်ပေးတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

စူရဟ် ဟရှ်ရ်-(၅၉:၇)

၂၉။ အစ္စလာမ်သာသနာတော်သည် မိဘနှစ်ပါးနှင့်ပတ်သက်၍ ကောင်းမွန်စွာပြုစုဆက်ဆံရန် အမိန့်ပေးထားသည်။ အကယ်၍မိဘနှစ်ပါးသည် မွတ်စ်လင်မ်မဟုတ်လျင်လည်း ကောင်းမွန်စွာပြုစုဆက်ဆံရန် အမိန့်ပေးထားသည်။ ထို့ပြင် သားသမီးတို့အားလည်း ကောင်းမွန်စွာပြုစုပျိုးထောင်ရန် မှာကြားထားသည်။

အစ္စလာမ်သာသနာတော်သည် မိဘနှစ်ပါးအားကောင်းမွန်စွာပြုစုဆက်ဆံရန် အမိန့်ပေးထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် (ဤသို့)အမိန့်တော်စီရင်ချမှတ် ပြဋ္ဌာန်းတော်မူခဲ့လေသည်။ အသင်တို့သည် ထိုအရှင်မြတ်မှတစ်ပါးအခြားကိုခဝပ်ကိုးကွယ် ရှိခိုးပူဇော်ခြင်း အလျှင်းမပြုကြရပေ။၎င်းပြင် မိဘနှစ်ပါးအား ကောင်းစွာပြုစု သဂြိုဟ်ထောက်ပံ့ကြရမည်။ အကယ်၍ ထိုမိဘနှစ်ပါးအနက် တစ်ဦးဦးသော်လည်းကောင်း၊ နှစ်ဦးစလုံးသော်လည်းကောင်း၊ အသင် ၏ရှေ့မှောက်တွင် သက်ရွယ်ကြီးရင့် အိုမင်းခြင်းသို့ ရောက်ရှိလတ်သော်အသင်သည် ထိုမိဘနှစ်ပါးအား အို ဟူ၍ပင် မပြောဆိုလေနှင့်။ ထို့ပြင် အသင်တို့သည် ထိုမိဘနှစ်ပါးအား ငေါက်ငမ်းခြင်းကိုလည်း မပြုလေနှင့်။ အသင်သည် ထိုမိဘနှစ်ပါး(နှင့်စကားပြောဆိုသောအခါ၎င်းတို့အား) ယဉ်ကျေးသိမ်မွေ့ ရည်မွန်သောစကားကိုသာ ပြောဆိုပါလေ။စူရဟ် အစ္စရာအ်-(၁၇:၂၃)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုမှတစ်ပါး ငါ(အလ္လာဟ်)အရှင်မြတ်သည်မနုဿ လူသားအား ၎င်း၏မိဘနှစ်ပါးနှင့် ပတ်သက်၍ (ဤသို့)လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏မိခင်မှာ အားအင်ချည့်နဲ့မှုအပေါ်၌ အားအင်ချည့်နဲ့မှုကို ခံစားလျက် ၎င်းအား (မိမိဝမ်းတွင်း၌) လွယ်ပိုက်ခဲ့လေ၏။ ထိုမှတစ်ပါးနှစ်နှစ်မြောက်သောအခါ၌သာလျှင် ၎င်းအား နို့ဖြတ်လေ၏။(သို့ဖြစ်ပေရာ) အသင်သည် ငါအရှင်မြတ်အားလည်းကောင်း၊အသင်၏မိဘနှစ်ပါးတို့အားလည်းကောင်း၊ ကျေးဇူးတင်လော့၊(အသင်လူသား၏) ပြန်လည်ရာဌာနသည် ငါ အရှင်မြတ်အထံတော်၌ပင် ဖြစ်လေသည်။စူရဟ် လွတ်က်မာန်-(၃၁:၁၄)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ်သော်ကား ငါအရှင်မြတ်သည် 'မနူဿ'လူသားအား ၎င်း၏ မိဘနှစ်ပါးနှင့်ပတ်သက်၍ ကောင်းစွာပြုစုရန် လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏မိခင်မှာ ၎င်းအား ဆင်းရဲဒုက္ခပင်ပန်းကြီးစွာနှင့်(မိမိဝမ်းတွင်းဝယ်) သယ်ပိုးလွယ်ပိုက်ခဲ့၏။ ထို့ပြင် ဆင်းရဲဒုက္ခ ပင်ပန်းကြီးစွာနှင့်ပင် ၎င်းအားမွေးဖွားခဲ့၏။ ထို့ပြင် ၎င်းအား သယ်ပိုးလွယ်ပိုက်ခြင်းနှင့် ၎င်းအား နို့ဖြတ်ခြင်း(၏အချိန်ကာလမှာ) လပေါင်းသုံးဆယ်ဖြစ်၏။ နောက်ဆုံးတွင် ထိုလူသားသည် မိမိအရွယ်ရောက် လူလားမြောက်ခြင်းသို့ရောက်ရှိ၍ အနှစ်လေးဆယ်(အရွယ်)၏သို့ရောက်လေသောအခါ(ဤသို့) ပန်ကြားလျှောက်ထားလေ၏။အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုး အပေါ်၌လည်းကောင်း၊ ကျွန်တော်မျိုး၏မိဘနှစ်ပါး အပေါ်၌လည်းကောင်း၊ မိမိပြုတော်၏မူခဲ့သော ကျေးဇူးတော်နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးအား အမြဲတစေ ကျေးဇူးသိတတ်စေတော်မူပါ။ ၎င်းပြင် မိမိနှစ်သက်တော်မူသော ကောင်းမှုများကို ကျွန်တော်မျိုးအား အမြဲကျင့်မူနိုင်စွမ်း ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ ကျွန်တော်မျိုး၏ သားမြေးတို့၌လည်း အကျိုးဖြစ်စေတော်မူပါ။(အရည်အချင်း ဖန်တီးပေးတော်မူပါ)ဧကန်အမှန် ကျွန်တော်မျိုးသည် အရှင်မြတ်အထံတော်၌ ဝန်ချတောင်းပန်ပါ၏။ ၎င်းပြင် ဧကန်မလွဲ ကျွန်တော်မျိုးသည် အလ္လာဟ့်အမိန့်တော်ကို လိုက်နာသူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ပါ၏။စူရဟ် အဟ်ကာဖ်-(၄၆:၁၅)အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံလာရောက်၍ အို-အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် လူတို့အနက်မည်သူ့အား ကျွန်တော်အကောင်းဆုံးဆက်ဆံထိုက်ပါသနည်းဟု မေးလျှောက်ခဲ့သည်။ကိုယ်တော်က သင်၏မိခင်ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ထို့နောက်မည်သူပါနည်းဟု မေးလျှောက်ရာကိုယ်တော်က သင်၏မိခင်ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ထို့နောက်မည်သူပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က သင်၏မိခင်ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ထို့နောက်မည်သူပါနည်းဟု မေးလျှောက်ရာကိုယ်တော်က သင်၏ဖခင်ဖြစ်သည်ဟု ဖြေကြားတော်မူသည်။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း)မိဘနှစ်ပါးနှင့်ပတ်သက်၍ မှာကြားထားသည့်အမိန့်တော်သည် ၎င်းမိဘနှစ်ပါးစလုံး မွတ်စ်လင်မ် ဖြစ်သည်ဖြစ်စေ မွတ်စ်လင်မ် မဟုတ်သည်ဖြစ်စေ အတူတူပင်ဖြစ်သည်။အတ်စမာအ်ဘင်န်သိအဗီဘက်ရ်က ဆင့်ပြန်သည်။ ကျွန်မ၏မိခင်သည် သူမ မုရှ်ရစ်က်(ဖက်စပ်ကိုးကွယ်သူ)ဘဝ၌ရှိနေစဉ် သူမ၏သားနှင့်အတူ ကျွန်မထံရောက်လာခဲ့သည်။ (သူမလာသည့်အချိန်သည်) ကုရိုင်းရှ်တို့က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားသည့်အချိန်ကာလဖြစ်သည်။ ထိုကြောင့် ကျွန်မသည် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကျွန်မ၏မိခင်သည် ကျွန်မထံအဆက်အသွယ်ထားလိုသောဆန္ဒဖြင့် ရောက်ရှိလာခဲ့သည်။ ကျွန်မသည်သူမနှင့်အဆက်အသွယ်ပြုရမည်လားဟု မေးလျှောက်ခဲ့သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကဟုတ်သည်၊ အသင်မ၏မိခင်နှင့် အဆက်အသွယ်ပြုလော့ဟု အမိန့်ရှိခဲ့သည်။(ဆွဟီးဟ် ဗုခါရီကျမ်း)အကယ်၍မိဘနှစ်ပါးသည် သားသမီးအား အစ္စလာမ်ဘာသာမှ ကုဖ်ရ်(အခြားဘာသာ)သို့ပြောင်းရန်ကြိုးစားခဲ့ပါက ထိုသို့သောအခြေအနေမျိုးတွင် အစ္စလာမ်သာသနာက ထိုသားသမီးအား ၎င်းမိဘနှစ်ပါး၏အမိန့်ကိုမနာခံရန် အမိန့်ပေးထားသည်။ သို့သော် အလ္လာဟ်အရှင်မြတ်အားသက်ဝင်ယုံကြည်သူအဖြစ်နှင့်ပင်မိဘနှစ်ပါးနှင့်အတူနေကာ ကောင်းမွန်စွာဆက်ဆံရန် အမိန့်ပေးထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-သို့ရာတွင် အကယ်၍သာ ထိုမိဘနှစ်ပါးတို့သည် အသင်၌ သက်သေအထောက်အထား အသိပညာတစ်စုံတစ်ရာမရှိသော အရာတစ်ခုခုကို ငါအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ရန် အသင့်အား အနိုင်အထက်ပြုခဲ့ကြသည်ရှိသော် အသင်သည် ထိုမိဘနှစ်ပါး၏အမိန့်ကိုပင် မလိုက်နာလေနှင့်။ သို့ရာတွင် အသင်သည် ဤလောကီဘဝ၌မူ ထိုမိဘနှစ်ပါးနှင့် ကောင်းမွန်စွာဆက်ဆံလော့။ ထိုမှတစ်ပါးအသင်သည် ငါအရှင်မြတ်ဘက်သို့ စိတ်စေတနာ ဖြူစင်စွာပြန်လှည့်သောသူ၏လမ်းစဉ်ကို လိုက်နာလော့။ အသင်တို့ (အားလုံး)မှာ ငါအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လှည့်၍ လာကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့ ကျင့်မူပြုလုပ် ခဲ့ကြသည်တို့ကို အသင်တို့အား သိစေတော်မူအံ့သတည်း။စူရဟ် လွတ်က်မာန်-(၃၁:၁၅)အစ္စလာမ်သာသနာသည် မွတ်စ်လင်မ်တစ်ဦးအား သူး၏မွတ်စ်လင်မ်မဟုတ်သည့်ဆွေမျိုးသားချင်းနှင့်ဖြစ်စေ၊ ဆွေမျိုးတော်စပ်ခြင်းမရှိသည့် မွတ်စလင်မ်မဟုတ်သူကိုဖြစ်စေ စစ်ပွဲ၌ပါဝင်တိုက်ခိုက်သူမဟုတ်ပါက ကောင်းမွန်စွာဆက်ဆံခြင်းကိုတားမြစ်ထားခြင်းမရှိပေ။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သူတို့ကို ကျေးဇူးပြုခြင်းမှလည်းကောင်း၊ တရားမျှတစွာ ဆက်ဆံခြင်းမှလည်းကောင်း၊ တားမြစ်တော်မူသည် မဟုတ်ပေ။ထိုသူတို့သည် အသင်တို့အား "ဒီန်" သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည်လည်း မဟုတ်ပေ။ အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြသည်လည်း မဟုတ်ပေ။ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူတို့အား နှစ်သက်ချစ်တော်မူ၏။စူရဟ် မွမ်သဟိနဟ်-(၆၀:၈)အစ္စလာမ်သည် သာသမီးတို့ကို ကောင်းမွန်စွာပြုစုပျိုးထောင်ပေးရန် အမိန့်ပေးထားသည်။ ၎င်းတို့အနက်အကြီးမားဆုံးတာဝန်မှာ ဖခင်သည် မိမိ၏သားသမီးများအား ၎င်းတို့အပေါ်တွင်ရှိသော အရှင်မြတ်၏ဝတ္တရားများနှင့်ပတ်သက်၍ သင်ကြားပေးခြင်းဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိဘကြီး၏သား အဗ်ဒုလ္လာဟ်ဗင်န်အဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)အား ပြောကြားသလိုမျိုးပင်-အို-ကောင်လေး သို့မဟုတ် အို-ကလေးလေး သင့်ကို အလ္လာဟ်အရှင်မြတ်ကအကျိုးပေးမည့်စကားရပ်များကို ငါကိုယ်တော် မသင်ပေးရဘူးလာဟု မေးတော်မူခဲ့သည်။ ကျွန်တော်ကသင်ပေးပါ ဟုလျှောက်ထားခဲ့သည်။ ထိုအခါတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကအမိန့်ရှိသည်။ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အရှင်မြတ်သည် သင့်အား ထိန်းသိမ်းစောင့်ရှောက်တော်မူမည်။ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အလ္လာဟ်အရှင်မြတ်သည် သင့်အား ကူညီတော်မူလိမ့်မည်။ ချောင်လည်သောအချိန်၌ အလ္လာဟ်အရှင်မြတ်အား သတိရပါ။ သင်အခက်အခဲဖြစ်နေချိန်တွင် အရှင်မြတ်သည် သင့်အားသတိရတော်မူလိမ့်မည်။ သင်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာတောင်းခံပါ။ သင်အကူအညီတောင်းမည်ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာအကူအညီတောင်းခံပါ။(အဟ်မဒ်ကျမ်း တွဲ-၄ /စာ-၂၈၇)အလ္လာဟ်အရှင်မြတ်သည် မိဘနှစ်ပါးအား မိမိတို့၏သားသမီးများကို သာသနာရေးနှင့် လောကီရေးနှစ်ခုစလုံးတွင် အကျိုးဖြစ်စေမည့်အရာများကို သင်ကြားပေးရန် အမိန့်ပေးထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားသည်မှာ-အို-'မုအ်မင်န်' သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ကိုယ်များကိုလည်းကောင်း၊ မိမိတို့၏ အိမ်သူအိမ်သားတို့ကိုလည်းကောင်း၊ (ငရဲ)မီး (ဘေး)မှ ကင်းလွတ်စေကြလေကုန်။ ယင်း(ငရဲ)မီး၏ လောင်စာများမှာ လူများနှင့်ကျောက်တုံးများ ဖြစ်ကြ၏။ ယင်း(ငရဲ)မီး၌ ညှာတာမှုကင်းမဲ့၊ စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းသော၊ လွန်စွာပြင်းထန် ကြံ့ခိုင်သော "မလာအိကဟ်" ကောင်းကင်တမန်များသည် (စောင့်ကြပ်လျက်)ရှိကြကုန်၏။ ထို "မလာအိကဟ်" ကောင်းကင်တမန်တို့မှာ အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်က ၎င်းတို့ကို ပေးတော်မူသော အမိန့်တော်နှင့်စပ်လျဉ်း၍ ဖီဆန်ကြသည် မရှိသည့်အပြင် မိမိတို့ အမိန့်ပေးတော်မူခြင်း ခံကြရသည်ကို (မဆိုင်း မတွ) ပြုလုပ် ဆောင်ရွက်လေ့ရှိကြကုန်၏။စူရဟ် သဟ်ရီးမ်-(၆၆:၆)အလီ(ရဿွိယလ္လာဟုအန်ဟု)က ရှင်းပြခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြစ်သည့်(အသင်တို့သည်မိမိတို့ကိုယ်များကိုလည်းကောင်း၊ မိမိတို့၏အိမ်သူအိမ်သားတို့ကိုလည်းကောင်း၊ (ငရဲ)မီး(ဘေး)မှကင်းလွတ်စေကြလေကုန်။)၏အလိုသဘောမှာ ၎င်းတို့အား ဆုံးမသွန်သင်ပါ၊ ပညာသင်ကြားပေးပါ ဟူ၍ဖြစ်သည်။တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သားသမီးအား ဆွလာသ်ဆောက်တည်သည့် အလေ့အထပေါ်တွင်ကြီးပြင်းလာစေရန်အတွက် ဖခင်အားမိမိ၏သားသမီးကို ဆွလာသ်နှင့်ပတ်သတ်၍ သင်ကြားပေးရန် အမိန့်ပေးထား သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားထားတော်မူသည်မှာ-သင်တို့၏သားသမီးများ အသက်ခုနှစ်နှစ်အရွယ်ရောက်သောအခါ ၎င်းတို့အား ဆွလာသ် ဆောက်တည်ရန် အမိန့်ပေးကြပါ။(အဗူဒါဝူဒ်ကျမ်း)တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ -သင်တို့အားလုံးသည် အုပ်ထိန်းသူများဖြစ်ကြပြီး သင်တို့လက်အောက်ခံများနှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည့် တာဝန်ခံများဖြစ်သည်။ ခေါင်းဆောင်သည် အုပ်ထိန်းသူဖြစ်ပြီး သူ၏လက်အောက်ငယ်သားများနှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည့် တာဝန်ခံဖြစ်သည်။ အမျိုးသားသည် သူ၏မိသားစုတွင် အုပ်ထိန်းသူဖြစ်ပြီး သူ၏လက်အောက်ခံမိသားစုနှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည့် တာဝန်ခံဖြစ်သည်။ အမျိုးသမီးသည် သူမခင်ပွန်း၏အိမ်တွင် အုပ်ထိန်းသူဖြစ်ပြီးသူမအုပ်ထိန်းခံများနှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည့် တာဝန်ခံဖြစ်သည်။အခိုင်းအစေသည် မိမိသခင်၏ဥစ္စာပစ္စည်းများကို အုပ်ထိန်းသူဖြစ်ပြီး သူအုပ်ထိန်းသည့်အရာများနှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည့် တာဝန်ခံဖြစ်သည်။ အသင်တို့အားလုံးသည် အုပ်ထိန်းသူများဖြစ်ကြပြီး သင်တို့လက်အောက်ခံများနှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည့် တာဝန်ခံများဖြစ်ကြသည်။(ဆွဟီးဟ် အိစ်ဗ်နုဟိဗ္ဗာန်ကျမ်း-၄၄၉၀)အစ္စလာမ်သာသနာသည် ဖခင်အားမိမိ၏သားသမီးနှင့်မိသားစုအပေါ် သုံးစွဲရန်အမိန့်ပေးထားသည်။ ထိုအကြောင်းအရာအနက် အချို့ကိုစာပိုဒ်(၁၈)တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သားသမီးများအပေါ်သုံးစွဲခြင်း၏ ထွတ်မြတ်မှုကို ရှင်းပြခဲ့သည်။ကိုယ်တော်ကမိန့်ကြားခဲ့သည်မှာ- လူတစ်ဦးသုံးစွဲလိုက်သည့် ဒီနာရ်(ငွေကြေး )တို့အနက်အမြတ်ဆုံးမှာ မိမိ မိသားစုအတွက်သုံးစွဲလိုက်သည့် ဒီနာရ်၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိ၏အစီးအနင်းအတွက် သုံးစွဲလိုက်သည့် သူ၏ ဒီနာရ် နှင့်အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိ၏မိတ်ဆွေများအတွက် သုံးစွဲလိုက်သည့် သူ၏ဒီနာရ်တို့ဖြစ်သည်။ အဘူကိလာဗဟ်က(ဟဒီးစ်တော်တွင်) မိသားစုဖြင့်စတင်ထားသည်ဟုပြောပြခဲ့ပြီးနောက် ဆက်လက်ပြောသည်မှာ မိမိ၏ငယ်ရွယ်သည့်သားသမီးများအပေါ်သုံးစွဲသူထက် ပို၍မည်သူသည် ကုသိုလ်အကျိုးကြီးမားနိုင်မည်နည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုအရာဖြင့်၎င်းတို့အား တားမြစ်ထားသောအရာများမှ ရှောင်ရှားစေပြီး၊ အကျိုးဖြစ်ထွန်းစေကာ ကြွယ်ဝစေတော်မူသည်။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၉၉၄)

စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် (ဤသို့)အမိန့်တော်စီရင်ချမှတ် ပြဋ္ဌာန်းတော်မူခဲ့လေသည်။ အသင်တို့သည် ထိုအရှင်မြတ်မှတစ်ပါးအခြားကိုခဝပ်ကိုးကွယ် ရှိခိုးပူဇော်ခြင်း အလျှင်းမပြုကြရပေ။၎င်းပြင် မိဘနှစ်ပါးအား ကောင်းစွာပြုစု သဂြိုဟ်ထောက်ပံ့ကြရမည်။ အကယ်၍ ထိုမိဘနှစ်ပါးအနက် တစ်ဦးဦးသော်လည်းကောင်း၊ နှစ်ဦးစလုံးသော်လည်းကောင်း၊ အသင် ၏ရှေ့မှောက်တွင် သက်ရွယ်ကြီးရင့် အိုမင်းခြင်းသို့ ရောက်ရှိလတ်သော်အသင်သည် ထိုမိဘနှစ်ပါးအား အို ဟူ၍ပင် မပြောဆိုလေနှင့်။ ထို့ပြင် အသင်တို့သည် ထိုမိဘနှစ်ပါးအား ငေါက်ငမ်းခြင်းကိုလည်း မပြုလေနှင့်။ အသင်သည် ထိုမိဘနှစ်ပါး(နှင့်စကားပြောဆိုသောအခါ၎င်းတို့အား) ယဉ်ကျေးသိမ်မွေ့ ရည်မွန်သောစကားကိုသာ ပြောဆိုပါလေ။

စူရဟ် အစ္စရာအ်-(၁၇:၂၃)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ထိုမှတစ်ပါး ငါ(အလ္လာဟ်)အရှင်မြတ်သည်မနုဿ လူသားအား ၎င်း၏မိဘနှစ်ပါးနှင့် ပတ်သက်၍ (ဤသို့)လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏မိခင်မှာ အားအင်ချည့်နဲ့မှုအပေါ်၌ အားအင်ချည့်နဲ့မှုကို ခံစားလျက် ၎င်းအား (မိမိဝမ်းတွင်း၌) လွယ်ပိုက်ခဲ့လေ၏။ ထိုမှတစ်ပါးနှစ်နှစ်မြောက်သောအခါ၌သာလျှင် ၎င်းအား နို့ဖြတ်လေ၏။(သို့ဖြစ်ပေရာ) အသင်သည် ငါအရှင်မြတ်အားလည်းကောင်း၊အသင်၏မိဘနှစ်ပါးတို့အားလည်းကောင်း၊ ကျေးဇူးတင်လော့၊(အသင်လူသား၏) ပြန်လည်ရာဌာနသည် ငါ အရှင်မြတ်အထံတော်၌ပင် ဖြစ်လေသည်။

စူရဟ် လွတ်က်မာန်-(၃၁:၁၄)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

စင်စစ်သော်ကား ငါအရှင်မြတ်သည် 'မနူဿ'လူသားအား ၎င်း၏ မိဘနှစ်ပါးနှင့်ပတ်သက်၍ ကောင်းစွာပြုစုရန် လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏မိခင်မှာ ၎င်းအား ဆင်းရဲဒုက္ခပင်ပန်းကြီးစွာနှင့်(မိမိဝမ်းတွင်းဝယ်) သယ်ပိုးလွယ်ပိုက်ခဲ့၏။ ထို့ပြင် ဆင်းရဲဒုက္ခ ပင်ပန်းကြီးစွာနှင့်ပင် ၎င်းအားမွေးဖွားခဲ့၏။ ထို့ပြင် ၎င်းအား သယ်ပိုးလွယ်ပိုက်ခြင်းနှင့် ၎င်းအား နို့ဖြတ်ခြင်း(၏အချိန်ကာလမှာ) လပေါင်းသုံးဆယ်ဖြစ်၏။ နောက်ဆုံးတွင် ထိုလူသားသည် မိမိအရွယ်ရောက် လူလားမြောက်ခြင်းသို့ရောက်ရှိ၍ အနှစ်လေးဆယ်(အရွယ်)၏သို့ရောက်လေသောအခါ(ဤသို့) ပန်ကြားလျှောက်ထားလေ၏။အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုး အပေါ်၌လည်းကောင်း၊ ကျွန်တော်မျိုး၏မိဘနှစ်ပါး အပေါ်၌လည်းကောင်း၊ မိမိပြုတော်၏မူခဲ့သော ကျေးဇူးတော်နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးအား အမြဲတစေ ကျေးဇူးသိတတ်စေတော်မူပါ။ ၎င်းပြင် မိမိနှစ်သက်တော်မူသော ကောင်းမှုများကို ကျွန်တော်မျိုးအား အမြဲကျင့်မူနိုင်စွမ်း ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ ကျွန်တော်မျိုး၏ သားမြေးတို့၌လည်း အကျိုးဖြစ်စေတော်မူပါ။(အရည်အချင်း ဖန်တီးပေးတော်မူပါ)ဧကန်အမှန် ကျွန်တော်မျိုးသည် အရှင်မြတ်အထံတော်၌ ဝန်ချတောင်းပန်ပါ၏။ ၎င်းပြင် ဧကန်မလွဲ ကျွန်တော်မျိုးသည် အလ္လာဟ့်အမိန့်တော်ကို လိုက်နာသူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ပါ၏။

စူရဟ် အဟ်ကာဖ်-(၄၆:၁၅)

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံလာရောက်၍ အို-အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် လူတို့အနက်မည်သူ့အား ကျွန်တော်အကောင်းဆုံးဆက်ဆံထိုက်ပါသနည်းဟု မေးလျှောက်ခဲ့သည်။ကိုယ်တော်က သင်၏မိခင်ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ထို့နောက်မည်သူပါနည်းဟု မေးလျှောက်ရာကိုယ်တော်က သင်၏မိခင်ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ ထို့နောက်မည်သူပါနည်းဟု မေးလျှောက်ရာ ကိုယ်တော်က သင်၏မိခင်ဖြစ်သည်ဟု ဖြေကြားခဲ့သည်။ထို့နောက်မည်သူပါနည်းဟု မေးလျှောက်ရာကိုယ်တော်က သင်၏ဖခင်ဖြစ်သည်ဟု ဖြေကြားတော်မူသည်။

(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း)

မိဘနှစ်ပါးနှင့်ပတ်သက်၍ မှာကြားထားသည့်အမိန့်တော်သည် ၎င်းမိဘနှစ်ပါးစလုံး မွတ်စ်လင်မ် ဖြစ်သည်ဖြစ်စေ မွတ်စ်လင်မ် မဟုတ်သည်ဖြစ်စေ အတူတူပင်ဖြစ်သည်။

အတ်စမာအ်ဘင်န်သိအဗီဘက်ရ်က ဆင့်ပြန်သည်။ ကျွန်မ၏မိခင်သည် သူမ မုရှ်ရစ်က်(ဖက်စပ်ကိုးကွယ်သူ)ဘဝ၌ရှိနေစဉ် သူမ၏သားနှင့်အတူ ကျွန်မထံရောက်လာခဲ့သည်။ (သူမလာသည့်အချိန်သည်) ကုရိုင်းရှ်တို့က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားသည့်အချိန်ကာလဖြစ်သည်။ ထိုကြောင့် ကျွန်မသည် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား ကျွန်မ၏မိခင်သည် ကျွန်မထံအဆက်အသွယ်ထားလိုသောဆန္ဒဖြင့် ရောက်ရှိလာခဲ့သည်။ ကျွန်မသည်သူမနှင့်အဆက်အသွယ်ပြုရမည်လားဟု မေးလျှောက်ခဲ့သည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကဟုတ်သည်၊ အသင်မ၏မိခင်နှင့် အဆက်အသွယ်ပြုလော့ဟု အမိန့်ရှိခဲ့သည်။

(ဆွဟီးဟ် ဗုခါရီကျမ်း)

အကယ်၍မိဘနှစ်ပါးသည် သားသမီးအား အစ္စလာမ်ဘာသာမှ ကုဖ်ရ်(အခြားဘာသာ)သို့ပြောင်းရန်ကြိုးစားခဲ့ပါက ထိုသို့သောအခြေအနေမျိုးတွင် အစ္စလာမ်သာသနာက ထိုသားသမီးအား ၎င်းမိဘနှစ်ပါး၏အမိန့်ကိုမနာခံရန် အမိန့်ပေးထားသည်။ သို့သော် အလ္လာဟ်အရှင်မြတ်အားသက်ဝင်ယုံကြည်သူအဖြစ်နှင့်ပင်မိဘနှစ်ပါးနှင့်အတူနေကာ ကောင်းမွန်စွာဆက်ဆံရန် အမိန့်ပေးထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

သို့ရာတွင် အကယ်၍သာ ထိုမိဘနှစ်ပါးတို့သည် အသင်၌ သက်သေအထောက်အထား အသိပညာတစ်စုံတစ်ရာမရှိသော အရာတစ်ခုခုကို ငါအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ရန် အသင့်အား အနိုင်အထက်ပြုခဲ့ကြသည်ရှိသော် အသင်သည် ထိုမိဘနှစ်ပါး၏အမိန့်ကိုပင် မလိုက်နာလေနှင့်။ သို့ရာတွင် အသင်သည် ဤလောကီဘဝ၌မူ ထိုမိဘနှစ်ပါးနှင့် ကောင်းမွန်စွာဆက်ဆံလော့။ ထိုမှတစ်ပါးအသင်သည် ငါအရှင်မြတ်ဘက်သို့ စိတ်စေတနာ ဖြူစင်စွာပြန်လှည့်သောသူ၏လမ်းစဉ်ကို လိုက်နာလော့။ အသင်တို့ (အားလုံး)မှာ ငါအရှင်မြတ်အထံတော်သို့သာလျှင် ပြန်လှည့်၍ လာကြရပေမည်။ ထိုအခါ ငါအရှင်မြတ်သည် အသင်တို့ ကျင့်မူပြုလုပ် ခဲ့ကြသည်တို့ကို အသင်တို့အား သိစေတော်မူအံ့သတည်း။

စူရဟ် လွတ်က်မာန်-(၃၁:၁၅)

အစ္စလာမ်သာသနာသည် မွတ်စ်လင်မ်တစ်ဦးအား သူး၏မွတ်စ်လင်မ်မဟုတ်သည့်ဆွေမျိုးသားချင်းနှင့်ဖြစ်စေ၊ ဆွေမျိုးတော်စပ်ခြင်းမရှိသည့် မွတ်စလင်မ်မဟုတ်သူကိုဖြစ်စေ စစ်ပွဲ၌ပါဝင်တိုက်ခိုက်သူမဟုတ်ပါက ကောင်းမွန်စွာဆက်ဆံခြင်းကိုတားမြစ်ထားခြင်းမရှိပေ။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား အကြင်သူတို့ကို ကျေးဇူးပြုခြင်းမှလည်းကောင်း၊ တရားမျှတစွာ ဆက်ဆံခြင်းမှလည်းကောင်း၊ တားမြစ်တော်မူသည် မဟုတ်ပေ။ထိုသူတို့သည် အသင်တို့အား "ဒီန်" သာသနာနှင့်စပ်လျဉ်း၍ တိုက်ခိုက်ခဲ့ကြသည်လည်း မဟုတ်ပေ။ အသင်တို့အား အသင်တို့၏ နေအိမ်များမှ နှင်ထုတ်ခဲ့ကြသည်လည်း မဟုတ်ပေ။ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူတို့အား နှစ်သက်ချစ်တော်မူ၏။

စူရဟ် မွမ်သဟိနဟ်-(၆၀:၈)

အစ္စလာမ်သည် သာသမီးတို့ကို ကောင်းမွန်စွာပြုစုပျိုးထောင်ပေးရန် အမိန့်ပေးထားသည်။ ၎င်းတို့အနက်အကြီးမားဆုံးတာဝန်မှာ ဖခင်သည် မိမိ၏သားသမီးများအား ၎င်းတို့အပေါ်တွင်ရှိသော အရှင်မြတ်၏ဝတ္တရားများနှင့်ပတ်သက်၍ သင်ကြားပေးခြင်းဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိမိဘကြီး၏သား အဗ်ဒုလ္လာဟ်ဗင်န်အဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)အား ပြောကြားသလိုမျိုးပင်-

အို-ကောင်လေး သို့မဟုတ် အို-ကလေးလေး သင့်ကို အလ္လာဟ်အရှင်မြတ်ကအကျိုးပေးမည့်စကားရပ်များကို ငါကိုယ်တော် မသင်ပေးရဘူးလာဟု မေးတော်မူခဲ့သည်။ ကျွန်တော်ကသင်ပေးပါ ဟုလျှောက်ထားခဲ့သည်။ ထိုအခါတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကအမိန့်ရှိသည်။ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အရှင်မြတ်သည် သင့်အား ထိန်းသိမ်းစောင့်ရှောက်တော်မူမည်။ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို(လိုက်နာပြီး) ထိန်းသိမ်းပါလေ။ အလ္လာဟ်အရှင်မြတ်သည် သင့်အား ကူညီတော်မူလိမ့်မည်။ ချောင်လည်သောအချိန်၌ အလ္လာဟ်အရှင်မြတ်အား သတိရပါ။ သင်အခက်အခဲဖြစ်နေချိန်တွင် အရှင်မြတ်သည် သင့်အားသတိရတော်မူလိမ့်မည်။ သင်တောင်းခံမည်ဆိုပါက အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာတောင်းခံပါ။ သင်အကူအညီတောင်းမည်ဆိုပါကလည်း အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာအကူအညီတောင်းခံပါ။

(အဟ်မဒ်ကျမ်း တွဲ-၄ /စာ-၂၈၇)

အလ္လာဟ်အရှင်မြတ်သည် မိဘနှစ်ပါးအား မိမိတို့၏သားသမီးများကို သာသနာရေးနှင့် လောကီရေးနှစ်ခုစလုံးတွင် အကျိုးဖြစ်စေမည့်အရာများကို သင်ကြားပေးရန် အမိန့်ပေးထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားသည်မှာ-

အို-'မုအ်မင်န်' သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ကိုယ်များကိုလည်းကောင်း၊ မိမိတို့၏ အိမ်သူအိမ်သားတို့ကိုလည်းကောင်း၊ (ငရဲ)မီး (ဘေး)မှ ကင်းလွတ်စေကြလေကုန်။ ယင်း(ငရဲ)မီး၏ လောင်စာများမှာ လူများနှင့်ကျောက်တုံးများ ဖြစ်ကြ၏။ ယင်း(ငရဲ)မီး၌ ညှာတာမှုကင်းမဲ့၊ စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းသော၊ လွန်စွာပြင်းထန် ကြံ့ခိုင်သော "မလာအိကဟ်" ကောင်းကင်တမန်များသည် (စောင့်ကြပ်လျက်)ရှိကြကုန်၏။ ထို "မလာအိကဟ်" ကောင်းကင်တမန်တို့မှာ အလ္လာဟ်အရှင်မြတ်အား ထိုအရှင်မြတ်က ၎င်းတို့ကို ပေးတော်မူသော အမိန့်တော်နှင့်စပ်လျဉ်း၍ ဖီဆန်ကြသည် မရှိသည့်အပြင် မိမိတို့ အမိန့်ပေးတော်မူခြင်း ခံကြရသည်ကို (မဆိုင်း မတွ) ပြုလုပ် ဆောင်ရွက်လေ့ရှိကြကုန်၏။

စူရဟ် သဟ်ရီးမ်-(၆၆:၆)

အလီ(ရဿွိယလ္လာဟုအန်ဟု)က ရှင်းပြခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြစ်သည့်

(အသင်တို့သည်မိမိတို့ကိုယ်များကိုလည်းကောင်း၊ မိမိတို့၏အိမ်သူအိမ်သားတို့ကိုလည်းကောင်း၊ (ငရဲ)မီး(ဘေး)မှကင်းလွတ်စေကြလေကုန်။)

၏အလိုသဘောမှာ ၎င်းတို့အား ဆုံးမသွန်သင်ပါ၊ ပညာသင်ကြားပေးပါ ဟူ၍ဖြစ်သည်။

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က သားသမီးအား ဆွလာသ်ဆောက်တည်သည့် အလေ့အထပေါ်တွင်ကြီးပြင်းလာစေရန်အတွက် ဖခင်အားမိမိ၏သားသမီးကို ဆွလာသ်နှင့်ပတ်သတ်၍ သင်ကြားပေးရန် အမိန့်ပေးထား သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားထားတော်မူသည်မှာ-

သင်တို့၏သားသမီးများ အသက်ခုနှစ်နှစ်အရွယ်ရောက်သောအခါ ၎င်းတို့အား ဆွလာသ် ဆောက်တည်ရန် အမိန့်ပေးကြပါ။

(အဗူဒါဝူဒ်ကျမ်း)

တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ -

သင်တို့အားလုံးသည် အုပ်ထိန်းသူများဖြစ်ကြပြီး သင်တို့လက်အောက်ခံများနှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည့် တာဝန်ခံများဖြစ်သည်။ ခေါင်းဆောင်သည် အုပ်ထိန်းသူဖြစ်ပြီး သူ၏လက်အောက်ငယ်သားများနှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည့် တာဝန်ခံဖြစ်သည်။ အမျိုးသားသည် သူ၏မိသားစုတွင် အုပ်ထိန်းသူဖြစ်ပြီး သူ၏လက်အောက်ခံမိသားစုနှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည့် တာဝန်ခံဖြစ်သည်။ အမျိုးသမီးသည် သူမခင်ပွန်း၏အိမ်တွင် အုပ်ထိန်းသူဖြစ်ပြီးသူမအုပ်ထိန်းခံများနှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည့် တာဝန်ခံဖြစ်သည်။အခိုင်းအစေသည် မိမိသခင်၏ဥစ္စာပစ္စည်းများကို အုပ်ထိန်းသူဖြစ်ပြီး သူအုပ်ထိန်းသည့်အရာများနှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည့် တာဝန်ခံဖြစ်သည်။ အသင်တို့အားလုံးသည် အုပ်ထိန်းသူများဖြစ်ကြပြီး သင်တို့လက်အောက်ခံများနှင့်ပတ်သက်၍ မေးမြန်းခြင်းခံရမည့် တာဝန်ခံများဖြစ်ကြသည်။

(ဆွဟီးဟ် အိစ်ဗ်နုဟိဗ္ဗာန်ကျမ်း-၄၄၉၀)

အစ္စလာမ်သာသနာသည် ဖခင်အားမိမိ၏သားသမီးနှင့်မိသားစုအပေါ် သုံးစွဲရန်အမိန့်ပေးထားသည်။ ထိုအကြောင်းအရာအနက် အချို့ကိုစာပိုဒ်(၁၈)တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သားသမီးများအပေါ်သုံးစွဲခြင်း၏ ထွတ်မြတ်မှုကို ရှင်းပြခဲ့သည်။

ကိုယ်တော်ကမိန့်ကြားခဲ့သည်မှာ- လူတစ်ဦးသုံးစွဲလိုက်သည့် ဒီနာရ်(ငွေကြေး )တို့အနက်အမြတ်ဆုံးမှာ မိမိ မိသားစုအတွက်သုံးစွဲလိုက်သည့် ဒီနာရ်၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိ၏အစီးအနင်းအတွက် သုံးစွဲလိုက်သည့် သူ၏ ဒီနာရ် နှင့်အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် မိမိ၏မိတ်ဆွေများအတွက် သုံးစွဲလိုက်သည့် သူ၏ဒီနာရ်တို့ဖြစ်သည်။ အဘူကိလာဗဟ်က(ဟဒီးစ်တော်တွင်) မိသားစုဖြင့်စတင်ထားသည်ဟုပြောပြခဲ့ပြီးနောက် ဆက်လက်ပြောသည်မှာ မိမိ၏ငယ်ရွယ်သည့်သားသမီးများအပေါ်သုံးစွဲသူထက် ပို၍မည်သူသည် ကုသိုလ်အကျိုးကြီးမားနိုင်မည်နည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုအရာဖြင့်၎င်းတို့အား တားမြစ်ထားသောအရာများမှ ရှောင်ရှားစေပြီး၊ အကျိုးဖြစ်ထွန်းစေကာ ကြွယ်ဝစေတော်မူသည်။

(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၉၉၄)

၃၀။ အစ္စလာမ်သာသနာသည် ရန်သူများနှင့်ပင်ဖြစ်စေ အပြောနှင့်အလုပ်တွင်တရားမျှတမှုရှိရန် အမိန့်ပေးထားသည်။

ချွတ်ယွင်းမှုအပေါင်းမှကင်းစင်ပြီး ကြီးကျယ်မြင့်မားတော်မူသောအလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးကျွန်များအကြား မိမိ၏လုပ်ဆောင်မှုနှင့် စီမံခန့်ခွဲမှုတို့အားတရားမျှတစွာပင် ဆောင်ရွက်တော်မူသော အရှင်ဖြစ်သည်။ ထို့ကြောင့်ပင် အရှင်မြတ်အမိန့်ပေးထားသည့်အရာ၊ တားမြစ်ထားသည့်အရာ၊ ဖန်ဆင်းထားသည့်အရာနှင့် သတ်မှတ်ထားသည့်အရာတို့တွင် အရှင်မြတ်သည် မှန်ကန်ဖြောင့်မတ်မှန်ကန်မှုအပေါ်တွင် ရှိတော်မူသည်။ အလ္လာဟ်အရှင်မြတ် မိန့်တော်မူသည်မှာ-အလ္လာဟ်အရှင်မြတ်သည်မိမိမှတပါးအခြားခဝပ်ကိုးကွယ်ရာအရှင်မရှိကြောင်း(မိမိကိုယ်တော်တိုင်)သက်သေခံတော်မူ၏။ထိုနည်းတူစွာ၊မလာအိကဟ်ကောင်းကင်တမန်များနှင့်ပညာရှင်သုခမိန်အပေါင်းတို့သည်လည်း(မိမိတို့၏အကျင့်အမူများဖြင့်သက်သေခံခဲ့ကြလေပြီ)ထိုအရှင်မြတ်သည်တရားမျှတစွာစီမံအုပ်ချုပ်လျက်ရှိတော်မူ၏။ထိုအရှင်မြတ်သည်သာလျှင်ခဝပ်ကိုးကွယ်ရာအရှင်ဖြစ်တော်မူ၍ထိုအရှင်မြတ်မှတစ်ပါးခဝပ်ကိုးကွယ်ရာအရှင်ဟူ၍အလျင်းမရှိပြီ။(ထိုအရှင်မြတ်သည်)တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော်မူသောအရှင်၊အကျိုးအကြောင်းဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်မြတ်ပင်တည်း။စူရဟ် အားလိအင်မ်ရာန်-(၃:၁၈)အလ္လာဟ်အရှင်မြတ်သည် တရားမျှတရန် အမိန့်ပေးထားတော်မူသည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို-နဗီတမန်တော် အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ။ကျွန်ုပ်၏အရှင်မြတ်သည်တရားမျှတရန်အမိန့်ပေးတော်မူခဲ့လေသည်။စူရဟ် အအ်ရာဖ်-(၇:၂၉)နဗီ၊ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်)တိုင်းသည် တရားမျှတမှုနှင့်တကွရောက်ရှိလာခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဧကန်မလွဲ ငါအရှင်မြတ်သည် မိမိ ရစူလ်တမန်တော်များအား ထင်ရှားစွာသော သက်သေ လက္ခဏာများနှင့်တကွ စေလွှတ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုရစူလ်တမန်တော်များနှင့်အတူ လူတို့သည် တရားမျှတမှုပေါ်၌ ရပ်တည်ကြအံ့သောငှာ ကျမ်းဂန်ကိုလည်းကောင်း၊ တရားမျှတမှုကိုလည်းကောင်း ချပေးသနားတော်မူခဲ့၏။စူရဟ် ဟဒီဒ်-(၅၇:၂၅)(الميزان)ဟူသည် အပြောနှင့်အလုပ်တွင်တရားမျှတမှုရှိခြင်းကို ဆိုလိုသည်။အစ္စလာမ်သာသနာသည် ရန်သူများနှင့်ပင်ဖြစ်စေ အပြောနှင့်အလုပ်တွင်တရားမျှတမှုရှိရန် အမိန့်ပေးထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို-'မုအ်မင်န်' သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (မည်သည့်ကိစ္စမျိုး၌မဆို) တရားမျှတမှုကို ထာဝစဉ်တည်တံ့စေသူများ (တနည်း) တရားမျှတမှုအပေါ်၌ မြဲမြံစွာ တည်တံ့သူများ ဖြစ်ကြလေကုန်။ (သက်သေခံရာ၌လည်း) မိမိတို့ကိုယ်ကျိုးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊ မိဘနှစ်ပါးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊ ဆွေမျိုးနီးစပ်တို့နှင့် ဆန့်ကျင်သည်ဖြစ်စေ၊ (အသင်တို့သည်) အလ္လာဟ်အရှင်မြတ်ကိုသာ ထောက်ထား၍ (တိကျမှန်ကန်စွာ) သက်သေခံသူများပင် ဖြစ်ကြလေကုန်။ အကယ်၍ (အသင်တို့က) ဆန့်ကျင်၍ သက်သေထွက်ဆိုရမည့်သူသည် ချမ်းသာကြွယ်ဝသူပင်ဖြစ်စေ၊ ဆင်းရဲသူပင်ဖြစ်စေ (မည်သို့ပင်ဖြစ်စေကာမူ) အလ္လာဟ်အရှင်မြတ်သည် (အသင်တို့ထက်) ၎င်းတို့နှစ်ဦးလုံးနှင့် အနီးစပ်ဆုံးသောအရှင် ဖြစ်တော်မူပေ၏။ သို့ဖြစ်ပေရာ အသင်တို့သည် တရားမျှတမှုမှ တိမ်းစောင်းမသွားကြရန် စိတ်၏ အလိုဆန္ဒကို မလိုက်စားကြကုန်လင့်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (သက်သေခံရာတွင် လိမ်လည်) ကွေ့ကောက်ပြောဆကြပါလျှင်၊ သို့တည်းမဟုတ် (သက်သေခံခြင်းမှလုံးဝ) လွှဲဖယ် တိမ်းရှောင်ကြပါလျှင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။စူရဟ် နိစာအ်-(၄:၁၃၅)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းပြင် အသင်တို့သည် အကြင်လူမျိုးတစ်မျိုးကို မုန်းတီးခြင်းသည် အသင်တို့အား (တရာစည်းမျဉ်းကို) ကျူးလွန်ဖောက်ဖျက်ရန် လှုံ့ဆော်ရန်သည် မရှိစေရ။ ထိုလူမျိုးသည် (ဟုဒိုင်ဗီယဟ်တွင် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုသောနှစ်တွင်) အသင်တို့အား ကအ်ဗဟ်ကျောင်းတော်သို့ (သွားရောက်ခြင်း) မှ ပိတ်ပင်တားဆီးခဲ့ကြလေသည်။ ထို့ပြင်တဝ အသင်တို့သည် ကောင်းမှုကုသိုလ်ပြုရာ၌လည်းကောင်း၊ မကောင်းမှုဒုစရိုက်မှ ကြဉ်ရှောင်ရာ၌ လည်းကောင်း၊ အချင်းချင်း ကူညီယိုင်းပင်းကြလေကုန်။ သို့ရာတွင် ပြစ်မှုဒုစရိုက်ကို ပြုကျင့်ရာတွင်လည်းကောင်း၊ ကျူးကျော်စော်ကားရာတွင်လည်းကောင်း၊ အချင်းချင်း ယိုင်းပင်းကူညီ ခြင်းကို မပြုကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် မလွဲဧကန် ပြင်းထန်စွာအပြစ်ပေးတော်မူသော အရှင်မြတ်ပင်တည်း။စူရဟ် မာအိဒဟ်-(၅:၂)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို-'မုအ်မင်န်' သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ် (၏ နှစ်သက်မှုရယူရန်) အလို့ငှာ ဖြောင့်မတ်တည်ကြည်သောသူများ၊ (သက်သေခံရာတွင်) တရားမျှတစွာ သက်သေခံသူများ ဖြစ်ကြလေကုန်။ ၎င်းပြင် မည်သည့်လူမျိုးတစ်မျိုးကိုမဆို မုန်းတီးခြင်းသည် အသင်တို့အား တရားမျှတမှုကိုမပြုဘဲနေကြရန် လှုံ့ဆော်သည်မရှိစေရ။ အသင်တို့သည် (မည်သည့်ကိစ္စမျိုး၌မဆို) တရားမျှတကြလေကုန်။ ယင်းတရားမျှတမှုသည်ကား ပြစ်မှုဒုစရိုက်တို့မှကြဉ်ရှောင်ခြင်းနှင့် အနီးစပ်ဆုံးပင်တည်း။စူရဟ် မာအိဒဟ်-(၅:၈)မျက်မှောက်ခေတ် လူသားတို့ရေးဆွဲထားသည့် ဥပဒေများနှင့် လူတို့လက်ခံထားသည့်အခြားဘာသာတရားတို့တွင် မိမိအတွက်ဖြစ်စေ၊ မိဘနှစ်ပါးအတွက်ဖြစ်စေ၊ ဆွေမျိုးသားချင်းတို့အတွက်ဖြစ်စေ မှန်ကန်စွာသက်သေခံရန်၊ မှန်ကန်သည့်စကားကိုသာပြောဆိုရန်နှင့် မိတ်ဆွေနှင့်ဖြစ်စေ၊ ရန်သူနှင့်ဖြစ်စေ တရားမျှတမှုရှိရန် အမိန့်ပေးထားခြင်းမျိုး သင်တွေ့နိုင်ပါမည်လော။တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သားသမီးများကြားတွင်တရားမျှတမှုရှိရန် အမိန့်ပေးထားတော်မူသည်။အာမိရ်က ဆင့်ပြန်ခဲ့သည် နုအ်မာန်ဗင်န်ဗရှီးရ်(ရဿွိယလ္လာဟုအန်ဟုမာ)သည်တရားဟောစင်မြင့်ပေါ်တွင် ပြောကြားသည်ကို ကျွန်တော်ကြားသိခဲ့ရသည်။ ၎င်းကပြောသည်မှာ- ကျွန်တော်၏ဖခင်သည် ကျွန်တော့်အား လက်ဆောင်ပစ္စည်းတစ်ခုပေးခဲ့သည်။ (ကျွန်တော့်မိခင်) အမ်ရဟ်ဗင်သိရဝါဟဟ်က (ဖခင်အား) အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်အား သက်သေမထားသ၍ ကျွန်မ မကျေနပ်ပါ ဟုပြောခဲ့သည်။ထို့ကြောင့် ၎င်းကအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ထံသွား၍ ကျွန်တော်သည် အမ်ရဟ်ဘင်သိရဝါဟဟ်နှင့် ရခဲ့သည့်ကျွန်တော့်သားအားလက်ဆောင်ပစ္စည်းပေးခဲ့သည်။ ထိုအခါသူမက ကိုယ်တော့်အားသက်သေထားရန် ကျွန်တော့်အားပြောကြားခဲ့ပါသည်ဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်က သင်၏သားသမီးအားလုံးအား ဤသို့လက်ဆောင်မျိုးပေးခဲ့ပါသလားဟု မေးမြန်းတော်မူသည်။ ၎င်းကမပေးခဲ့ပါဟု ဖြေကြားခဲ့သည်။ ထိုအခါကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သင်တို့အလ္လာဟ်အရှင်မြတ်ကို ကြောက်ကြပါ၊ သင်တို့၏သားသမီးများကြားတွင် တရားမျှတစွာဆောင်ရွက်ကြပါဟု မိန့်ကြားတော်မူသည်။ နုအ်မာန်ကဆက်လက်ပြောကြားသည်မှာ ဖခင်သည်ပြန်လာပြီး သူ၏လက်ဆောင်ပစ္စည်းအား ပြန်ယူလိုက်သည်။(ဆွဟီးဟ် ဗုခါရီကျမ်း - ၂၅၈၇)

အလ္လာဟ်အရှင်မြတ်သည်မိမိမှတပါးအခြားခဝပ်ကိုးကွယ်ရာအရှင်မရှိကြောင်း(မိမိကိုယ်တော်တိုင်)သက်သေခံတော်မူ၏။ထိုနည်းတူစွာ၊မလာအိကဟ်ကောင်းကင်တမန်များနှင့်ပညာရှင်သုခမိန်အပေါင်းတို့သည်လည်း(မိမိတို့၏အကျင့်အမူများဖြင့်သက်သေခံခဲ့ကြလေပြီ)ထိုအရှင်မြတ်သည်တရားမျှတစွာစီမံအုပ်ချုပ်လျက်ရှိတော်မူ၏။ထိုအရှင်မြတ်သည်သာလျှင်ခဝပ်ကိုးကွယ်ရာအရှင်ဖြစ်တော်မူ၍ထိုအရှင်မြတ်မှတစ်ပါးခဝပ်ကိုးကွယ်ရာအရှင်ဟူ၍အလျင်းမရှိပြီ။(ထိုအရှင်မြတ်သည်)တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော်မူသောအရှင်၊အကျိုးအကြောင်းဆင်ခြင်တုံတရားနှင့်ပြည့်စုံတော်မူသောအရှင်မြတ်ပင်တည်း။

စူရဟ် အားလိအင်မ်ရာန်-(၃:၁၈)

အလ္လာဟ်အရှင်မြတ်သည် တရားမျှတရန် အမိန့်ပေးထားတော်မူသည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အို-နဗီတမန်တော် အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ။ကျွန်ုပ်၏အရှင်မြတ်သည်တရားမျှတရန်အမိန့်ပေးတော်မူခဲ့လေသည်။

စူရဟ် အအ်ရာဖ်-(၇:၂၉)

နဗီ၊ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်)တိုင်းသည် တရားမျှတမှုနှင့်တကွရောက်ရှိလာခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ဧကန်မလွဲ ငါအရှင်မြတ်သည် မိမိ ရစူလ်တမန်တော်များအား ထင်ရှားစွာသော သက်သေ လက္ခဏာများနှင့်တကွ စေလွှတ်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုရစူလ်တမန်တော်များနှင့်အတူ လူတို့သည် တရားမျှတမှုပေါ်၌ ရပ်တည်ကြအံ့သောငှာ ကျမ်းဂန်ကိုလည်းကောင်း၊ တရားမျှတမှုကိုလည်းကောင်း ချပေးသနားတော်မူခဲ့၏။

စူရဟ် ဟဒီဒ်-(၅၇:၂၅)

(الميزان)ဟူသည် အပြောနှင့်အလုပ်တွင်တရားမျှတမှုရှိခြင်းကို ဆိုလိုသည်။

အစ္စလာမ်သာသနာသည် ရန်သူများနှင့်ပင်ဖြစ်စေ အပြောနှင့်အလုပ်တွင်တရားမျှတမှုရှိရန် အမိန့်ပေးထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အို-'မုအ်မင်န်' သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် (မည်သည့်ကိစ္စမျိုး၌မဆို) တရားမျှတမှုကို ထာဝစဉ်တည်တံ့စေသူများ (တနည်း) တရားမျှတမှုအပေါ်၌ မြဲမြံစွာ တည်တံ့သူများ ဖြစ်ကြလေကုန်။ (သက်သေခံရာ၌လည်း) မိမိတို့ကိုယ်ကျိုးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊ မိဘနှစ်ပါးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊ ဆွေမျိုးနီးစပ်တို့နှင့် ဆန့်ကျင်သည်ဖြစ်စေ၊ (အသင်တို့သည်) အလ္လာဟ်အရှင်မြတ်ကိုသာ ထောက်ထား၍ (တိကျမှန်ကန်စွာ) သက်သေခံသူများပင် ဖြစ်ကြလေကုန်။ အကယ်၍ (အသင်တို့က) ဆန့်ကျင်၍ သက်သေထွက်ဆိုရမည့်သူသည် ချမ်းသာကြွယ်ဝသူပင်ဖြစ်စေ၊ ဆင်းရဲသူပင်ဖြစ်စေ (မည်သို့ပင်ဖြစ်စေကာမူ) အလ္လာဟ်အရှင်မြတ်သည် (အသင်တို့ထက်) ၎င်းတို့နှစ်ဦးလုံးနှင့် အနီးစပ်ဆုံးသောအရှင် ဖြစ်တော်မူပေ၏။ သို့ဖြစ်ပေရာ အသင်တို့သည် တရားမျှတမှုမှ တိမ်းစောင်းမသွားကြရန် စိတ်၏ အလိုဆန္ဒကို မလိုက်စားကြကုန်လင့်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (သက်သေခံရာတွင် လိမ်လည်) ကွေ့ကောက်ပြောဆကြပါလျှင်၊ သို့တည်းမဟုတ် (သက်သေခံခြင်းမှလုံးဝ) လွှဲဖယ် တိမ်းရှောင်ကြပါလျှင် ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို အကြွင်းမဲ့ သိမြင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။

စူရဟ် နိစာအ်-(၄:၁၃၅)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

၎င်းပြင် အသင်တို့သည် အကြင်လူမျိုးတစ်မျိုးကို မုန်းတီးခြင်းသည် အသင်တို့အား (တရာစည်းမျဉ်းကို) ကျူးလွန်ဖောက်ဖျက်ရန် လှုံ့ဆော်ရန်သည် မရှိစေရ။ ထိုလူမျိုးသည် (ဟုဒိုင်ဗီယဟ်တွင် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုသောနှစ်တွင်) အသင်တို့အား ကအ်ဗဟ်ကျောင်းတော်သို့ (သွားရောက်ခြင်း) မှ ပိတ်ပင်တားဆီးခဲ့ကြလေသည်။ ထို့ပြင်တဝ အသင်တို့သည် ကောင်းမှုကုသိုလ်ပြုရာ၌လည်းကောင်း၊ မကောင်းမှုဒုစရိုက်မှ ကြဉ်ရှောင်ရာ၌ လည်းကောင်း၊ အချင်းချင်း ကူညီယိုင်းပင်းကြလေကုန်။ သို့ရာတွင် ပြစ်မှုဒုစရိုက်ကို ပြုကျင့်ရာတွင်လည်းကောင်း၊ ကျူးကျော်စော်ကားရာတွင်လည်းကောင်း၊ အချင်းချင်း ယိုင်းပင်းကူညီ ခြင်းကို မပြုကြကုန်လင့်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် မလွဲဧကန် ပြင်းထန်စွာအပြစ်ပေးတော်မူသော အရှင်မြတ်ပင်တည်း။

စူရဟ် မာအိဒဟ်-(၅:၂)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အို-'မုအ်မင်န်' သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ် (၏ နှစ်သက်မှုရယူရန်) အလို့ငှာ ဖြောင့်မတ်တည်ကြည်သောသူများ၊ (သက်သေခံရာတွင်) တရားမျှတစွာ သက်သေခံသူများ ဖြစ်ကြလေကုန်။ ၎င်းပြင် မည်သည့်လူမျိုးတစ်မျိုးကိုမဆို မုန်းတီးခြင်းသည် အသင်တို့အား တရားမျှတမှုကိုမပြုဘဲနေကြရန် လှုံ့ဆော်သည်မရှိစေရ။ အသင်တို့သည် (မည်သည့်ကိစ္စမျိုး၌မဆို) တရားမျှတကြလေကုန်။ ယင်းတရားမျှတမှုသည်ကား ပြစ်မှုဒုစရိုက်တို့မှကြဉ်ရှောင်ခြင်းနှင့် အနီးစပ်ဆုံးပင်တည်း။

စူရဟ် မာအိဒဟ်-(၅:၈)

မျက်မှောက်ခေတ် လူသားတို့ရေးဆွဲထားသည့် ဥပဒေများနှင့် လူတို့လက်ခံထားသည့်အခြားဘာသာတရားတို့တွင် မိမိအတွက်ဖြစ်စေ၊ မိဘနှစ်ပါးအတွက်ဖြစ်စေ၊ ဆွေမျိုးသားချင်းတို့အတွက်ဖြစ်စေ မှန်ကန်စွာသက်သေခံရန်၊ မှန်ကန်သည့်စကားကိုသာပြောဆိုရန်နှင့် မိတ်ဆွေနှင့်ဖြစ်စေ၊ ရန်သူနှင့်ဖြစ်စေ တရားမျှတမှုရှိရန် အမိန့်ပေးထားခြင်းမျိုး သင်တွေ့နိုင်ပါမည်လော။

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သားသမီးများကြားတွင်တရားမျှတမှုရှိရန် အမိန့်ပေးထားတော်မူသည်။

အာမိရ်က ဆင့်ပြန်ခဲ့သည် နုအ်မာန်ဗင်န်ဗရှီးရ်(ရဿွိယလ္လာဟုအန်ဟုမာ)သည်တရားဟောစင်မြင့်ပေါ်တွင် ပြောကြားသည်ကို ကျွန်တော်ကြားသိခဲ့ရသည်။ ၎င်းကပြောသည်မှာ- ကျွန်တော်၏ဖခင်သည် ကျွန်တော့်အား လက်ဆောင်ပစ္စည်းတစ်ခုပေးခဲ့သည်။ (ကျွန်တော့်မိခင်) အမ်ရဟ်ဗင်သိရဝါဟဟ်က (ဖခင်အား) အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်အား သက်သေမထားသ၍ ကျွန်မ မကျေနပ်ပါ ဟုပြောခဲ့သည်။ထို့ကြောင့် ၎င်းကအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ထံသွား၍ ကျွန်တော်သည် အမ်ရဟ်ဘင်သိရဝါဟဟ်နှင့် ရခဲ့သည့်ကျွန်တော့်သားအားလက်ဆောင်ပစ္စည်းပေးခဲ့သည်။ ထိုအခါသူမက ကိုယ်တော့်အားသက်သေထားရန် ကျွန်တော့်အားပြောကြားခဲ့ပါသည်ဟု လျှောက်ထားခဲ့သည်။ ကိုယ်တော်က သင်၏သားသမီးအားလုံးအား ဤသို့လက်ဆောင်မျိုးပေးခဲ့ပါသလားဟု မေးမြန်းတော်မူသည်။ ၎င်းကမပေးခဲ့ပါဟု ဖြေကြားခဲ့သည်။ ထိုအခါကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သင်တို့အလ္လာဟ်အရှင်မြတ်ကို ကြောက်ကြပါ၊ သင်တို့၏သားသမီးများကြားတွင် တရားမျှတစွာဆောင်ရွက်ကြပါဟု မိန့်ကြားတော်မူသည်။ နုအ်မာန်ကဆက်လက်ပြောကြားသည်မှာ ဖခင်သည်ပြန်လာပြီး သူ၏လက်ဆောင်ပစ္စည်းအား ပြန်ယူလိုက်သည်။

(ဆွဟီးဟ် ဗုခါရီကျမ်း - ၂၅၈၇)

ထိုကြောင့် တရားမျှတမှုဖြင့်သာ လူများနှင့်တိုင်းပြည်များ၏ အရေးကိစ္စတို့ကိုဆောင်ရွက်နိုင်မည်ဖြစ်သည်။ တရားမျှတမှုမရှိဘဲ လူတို့သည် ၎င်းတို့၏ ဘာသာတရားများ၊ အသက်များ၊ သားသမီးများ၊ ဂုဏ်သိက္ခာများ၊ ဥစ္စာပစ္စည်းများနှင့် အရပ်ဒေသများတွင် လုံခြုံအေးချမ်းမှုကိုခံစားရမည် မဟုတ်ပေ။ ထို့ကြောင့်ပင် မက္ကဟ်ရှိကာဖိရ်များက မက္ကဟ်ရှိမွတ်စ်လင်များအား အကျပ်အတည်းဒုက္ခရောက်အောင်လုပ်ခဲ့သည့်အခါတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမွတ်စ်လင်တို့အား ဟဗ်ရှဟ်နိုင်ငံသို့(ဟိဂျရသ်)ရွှေ့ပြောင်းကြရန်အမိန့်ပေးတော်မူခဲ့ကြောင်း ကျွန်ုပ်တို့တွေ့ရပေသည်။ ထိုနိုင်ငံကိုရွေးချယ်ခဲ့ရခြင်းမှာ ယင်းနိုင်ငံတွင် တရားမျှတသည့်ဘုရင်တစ်ပါးရှိပြီး ၎င်းထံတွင်မည်သူမျှ မတရားပြုခြင်းမခံရသည့်အတွက်ကြောင့်ပင်ဖြစ်သည်။

၃၁။ အစ္စလာမ်သာသနာသည် အဖန်ဆင်းခံအားလုံးအား ကောင်းမွန်စွာကျင့်မူဆက်ဆံရန်အမိန့်ပေးထားပြီး၊ မြင့်မြတ်သောကိုယ်ကျင့်တရားနှင့် ကောင်းမြတ်သည့်အကျင့်သီလဘက်သို့ ဖိတ်ခေါ်ထားသည်။

အစ္စလာမ်သာသနာသည် အဖန်ဆင်းခံအားလုံးအား ကောင်းမွန်စွာကျင့်မူဆက်ဆံရန်အမိန့်ပေးထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မျှတရန်လည်းကောင်း၊ ကောင်းမွန်စွာကျင့်မူဆက်ဆံရန်လည်းကောင်း၊ ဆွေမျိုးနီးစပ်တို့ကို ပေးကမ်းရန်လည်းကောင်း အမိန့်ပေးတော်မူလေသည်။စူရဟ် နဟ်လ်-(၁၆:၉၀)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုသူတော်စင်များသည် စီးပွားတိုးတက်ချောင်လည်စွာရှိသောအချိန်အခါများ၌လည်းကောင်း၊ဆင်းရဲဒုက္ခရောက်ရှိသောအခါများ၌လည်းကောင်း (အချိန်အခါမရွေး)ပေးကမ်းစွန့်ကြဲလှူဒါန်းကြကုန်၏။(ထိုသူတော်စင်များသည်) အမျက်ဒေါသကို ချုပ်တည်းမျိုသိပ်သောသူများလည်းဖြစ်ကြကုန်၏။လူသားတို့အားခွင့်လွှတ်သူများလည်းဖြစ်ကြကုန်၏။စင်စစ်အလ္လာဟ်အရှင်မြတ်သည်(ယင်းသို့)ကောင်းမှုပြုလုပ်သောသူများအား နှစ်သက်တော်မူချေသတည်း။စူရဟ် အားလိအင်မ်ရာန်-(၃:၁၃၄)ရစူလ်တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -အလ္လာဟ်အရှင်မြတ်သည် ကိစ္စရပ်တိုင်းတွင် ကောင်းမွန်စွာကျင့်မူရန်သတ်မှတ်ပြဌာန်းထားသည်။ ထို့ကြောင့် သင်တို့သည် သတ်သည့်အခါ ကောင်းမွန်စွာဖြင့်သတ်ပါ။ သင်တို့(ဇဗဟ်)လှီးဖြတ်သည့်အခါ ကောင်းမွန်စွာဖြင့်လှီးဖြတ်ပါ။ အသင်တို့အနက်မှတစ်ဦးတစ်ယောက်သည် မိမိ၏ဓါးသွားကို ထက်မြအောင်ပြုပါ၊၎င်း၏သားကောင်အားနာကျင်မှု သက်သာအောင်ပြုလုပ်ပါ။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၁၉၅၅)အစ္စလာမ်သာသနာသည် မြင့်မြတ်သောကိုယ်ကျင့်တရားနှင့် ကောင်းမြတ်သည့်အကျင့်သီလဘက်သို့ ဖိတ်ခေါ်ထားသည်။ အလ္လာဟ်အရှင်မြတ်သည် လွန်လေပြီးသောကျမ်းဂန်များတွင် တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ဂုဏ်အရည်အချင်းနှင့်ပတ်သတ်၍ မိန့်ကြားတော်မူသည်မှာ-အကြင်သူတို့သည်မည်သည့် လူသား တစ်ဦးထံကမျှ စာပေပညာ သင်ယူခြင်း မရှိခဲ့သူ ဖြစ်သော ရစူလ်၊နဗီတမန်တော်မြတ်၏(အမိန့်တော်များ)ကို လိုက်နာကြကုန်၏။ ထိုသူတို့သည် ထိုရစူလ်၊နဗီတမန်တော်မြတ်(၏ဝိသေသဂုဏ်ထူးများ)ကိုမိမိတို့ထံရှိတောင်ရာတ်ကျမ်းတော်တွင်လည်းကောင်း၊အင်(န်)ဂျီလ်ကျမ်းတော်တွင်လည်းကောင်း၊ရေးသားပြီးဖြစ်သည်ကိုတွေ့ရှိကြလေသည်။ယင်းရစူလ်၊နဗီတမန်တော်မြတ်သည်ထိုသူတို့အားကောင်းမှုသုစရိုက်များကို(ပြုလုပ်ကြရန်)ညွှန်ကြားသည့်အပြင်မကောင်းမှုဒုစရိုက်များမှကြဉ်ရှောင်ကြရန်မြစ်တားလေသည်။၎င်းပြင်ထိုသူတို့အဖို့စင်ကြယ်သောအရာများကို(စားသုံး)ခွင့်ပြုကာမသန့်စင်သောအရာများကို၎င်းတို့အပေါ်၌(စားသုံးခြင်းမပြုကြရန်)တားမြစ်လေသည်။ထိုမှတစ်ပါးထိုသူတို့အပေါ်၌(ယခုတိုင်အောင်)တည်ရှိနေသောဝန်နှင့်လည်ကွင်းများ(အတုပ်အနှောင်များ)ကိုလည်း၎င်းတို့အပေါ်မှချ၍ပေးလေသည်။သို့ဖြစ်ပေရာအကြင်သူတို့သည်ထိုရစူလ်နဗီတမန်တော်မြတ်အားယုံကြည်ခဲ့ကြလေသည်။၎င်းပြင်ထိုရစူလ်နဗီတမန်တော်မြတ်အားကာကွယ်စောင့်ရှောက်ခဲ့ကြလေသည်။ထိုမှတစ်ပါးထိုရစူလ်နဗီတမန်တော်မြတ်အားကူညီရိုင်းပင်းခဲ့ကြလေသည်။ထို့ပြင်ထိုရစူလ်နဗီတမန်တော်မြတ်နှင့်အတူကျရောက်လာသော(ကုရ်အာန်ကျမ်းတော်မြတ်တည်းဟူသော)လင်းရောင်ခြည်ကိုလည်းလိုက်နာခဲ့ကြလေသည်။ထိုသူတို့သည်သာလျှင်အောင်မြင်သောသူများဖြစ်ကြကုန်သတည်း။စူရဟ် အအ်ရာဖ်-(၇:၁၅၇)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -အို- အာအိရှာဟ်(ရဿွိယလ္လာဟုအန်ဟာ) ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်နူးညံ့သိမ်မွေ့တော်မူသော အရှင်ဖြစ်တော်မူ၍ နူးညံ့သိမ့်မွေ့မှုကို နှစ်သက်တော်မူသည်။ နူးညံ့သိမ်မွေ့မှုအပေါ်ချီးမြှင့်ထားသည့် အကျိုးကုသိုလ်အား ခက်ထန်ကြမ်းတမ်းမှုနှင့် အခြားမည်သည့်အရာအတွက်မျှ ထိုကဲ့သို့ချီးမြှင့်ထားခြင်မျိုး မရှိပေ။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၂၅၃၉)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်တွင် မိခင်တို့၏အမိန့်ကိုဖီဆန်ခြင်း၊ သမီးများကိုအရှင်လတ်လတ်မြေမြှုပ်ခြင်း၊ ပေးရန်တာဝန်ရှိသည်ကိုမပေးခြင်း၊ မရထိုက်သည်ကိုတောင်းဆိုခြင်းတို့အား (ဟရာမ်)တားမြစ်ထားတော်မူထားသည်။ ထို့ပြင်အကျိုးမဲ့စကားပြောဆိုငြင်းခုံခြင်း၊ အမေးအမြန်းထူခြင်းနှင့် ဥစ္စာပစ္စည်းတို့အားဖြုန်းတီးပစ်ခြင်းတို့ကိုလည်း အရှင်မြတ်ကသင်တို့အတွက်မနှစ်မြို့ပေ။(ဆွဟီးဟ် ဗုခါရီကျမ်း - ၂၄၀၈)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -အသင်တို့သည် အီမာန်သက်ဝင်ယုံကြည်မှုမရှိသေးသမျှကာလပတ်လုံး ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်မဟုတ်ပေ။ အသင်တို့သည် အချင်းချင်း ချစ်ခင်မှုမရှိသေးသမျှကာလပတ်လုံး (ပြည့်ဝသည့်)မို့အ်မင်န်မဖြစ်နိုင်ပေ။ ငါကိုယ်တော်သည်အသင်တို့အား ကိစ္စရပ်တစ်ခုအား ညွှန်ပြရမည်လော၊ ၎င်းကိုပြုလုပ်ပါက အသင်တို့အချင်းချင်း ချစ်ခင်မှုရှိလာမည်ဖြစ်သည်။ အသင်တို့၏ကြားတွင် စလာမ်ကိုဖြန့်ချိကြပါ။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၅၄)

ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မျှတရန်လည်းကောင်း၊ ကောင်းမွန်စွာကျင့်မူဆက်ဆံရန်လည်းကောင်း၊ ဆွေမျိုးနီးစပ်တို့ကို ပေးကမ်းရန်လည်းကောင်း အမိန့်ပေးတော်မူလေသည်။

စူရဟ် နဟ်လ်-(၁၆:၉၀)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ထိုသူတော်စင်များသည် စီးပွားတိုးတက်ချောင်လည်စွာရှိသောအချိန်အခါများ၌လည်းကောင်း၊ဆင်းရဲဒုက္ခရောက်ရှိသောအခါများ၌လည်းကောင်း (အချိန်အခါမရွေး)ပေးကမ်းစွန့်ကြဲလှူဒါန်းကြကုန်၏။(ထိုသူတော်စင်များသည်) အမျက်ဒေါသကို ချုပ်တည်းမျိုသိပ်သောသူများလည်းဖြစ်ကြကုန်၏။လူသားတို့အားခွင့်လွှတ်သူများလည်းဖြစ်ကြကုန်၏။စင်စစ်အလ္လာဟ်အရှင်မြတ်သည်(ယင်းသို့)ကောင်းမှုပြုလုပ်သောသူများအား နှစ်သက်တော်မူချေသတည်း။

စူရဟ် အားလိအင်မ်ရာန်-(၃:၁၃၄)

ရစူလ်တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

အလ္လာဟ်အရှင်မြတ်သည် ကိစ္စရပ်တိုင်းတွင် ကောင်းမွန်စွာကျင့်မူရန်သတ်မှတ်ပြဌာန်းထားသည်။ ထို့ကြောင့် သင်တို့သည် သတ်သည့်အခါ ကောင်းမွန်စွာဖြင့်သတ်ပါ။ သင်တို့(ဇဗဟ်)လှီးဖြတ်သည့်အခါ ကောင်းမွန်စွာဖြင့်လှီးဖြတ်ပါ။ အသင်တို့အနက်မှတစ်ဦးတစ်ယောက်သည် မိမိ၏ဓါးသွားကို ထက်မြအောင်ပြုပါ၊၎င်း၏သားကောင်အားနာကျင်မှု သက်သာအောင်ပြုလုပ်ပါ။

(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၁၉၅၅)

အစ္စလာမ်သာသနာသည် မြင့်မြတ်သောကိုယ်ကျင့်တရားနှင့် ကောင်းမြတ်သည့်အကျင့်သီလဘက်သို့ ဖိတ်ခေါ်ထားသည်။ အလ္လာဟ်အရှင်မြတ်သည် လွန်လေပြီးသောကျမ်းဂန်များတွင် တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ဂုဏ်အရည်အချင်းနှင့်ပတ်သတ်၍ မိန့်ကြားတော်မူသည်မှာ-

အကြင်သူတို့သည်မည်သည့် လူသား တစ်ဦးထံကမျှ စာပေပညာ သင်ယူခြင်း မရှိခဲ့သူ ဖြစ်သော ရစူလ်၊နဗီတမန်တော်မြတ်၏(အမိန့်တော်များ)ကို လိုက်နာကြကုန်၏။ ထိုသူတို့သည် ထိုရစူလ်၊နဗီတမန်တော်မြတ်(၏ဝိသေသဂုဏ်ထူးများ)ကိုမိမိတို့ထံရှိတောင်ရာတ်ကျမ်းတော်တွင်လည်းကောင်း၊အင်(န်)ဂျီလ်ကျမ်းတော်တွင်လည်းကောင်း၊ရေးသားပြီးဖြစ်သည်ကိုတွေ့ရှိကြလေသည်။ယင်းရစူလ်၊နဗီတမန်တော်မြတ်သည်ထိုသူတို့အားကောင်းမှုသုစရိုက်များကို(ပြုလုပ်ကြရန်)ညွှန်ကြားသည့်အပြင်မကောင်းမှုဒုစရိုက်များမှကြဉ်ရှောင်ကြရန်မြစ်တားလေသည်။၎င်းပြင်ထိုသူတို့အဖို့စင်ကြယ်သောအရာများကို(စားသုံး)ခွင့်ပြုကာမသန့်စင်သောအရာများကို၎င်းတို့အပေါ်၌(စားသုံးခြင်းမပြုကြရန်)တားမြစ်လေသည်။ထိုမှတစ်ပါးထိုသူတို့အပေါ်၌(ယခုတိုင်အောင်)တည်ရှိနေသောဝန်နှင့်လည်ကွင်းများ(အတုပ်အနှောင်များ)ကိုလည်း၎င်းတို့အပေါ်မှချ၍ပေးလေသည်။သို့ဖြစ်ပေရာအကြင်သူတို့သည်ထိုရစူလ်နဗီတမန်တော်မြတ်အားယုံကြည်ခဲ့ကြလေသည်။၎င်းပြင်ထိုရစူလ်နဗီတမန်တော်မြတ်အားကာကွယ်စောင့်ရှောက်ခဲ့ကြလေသည်။ထိုမှတစ်ပါးထိုရစူလ်နဗီတမန်တော်မြတ်အားကူညီရိုင်းပင်းခဲ့ကြလေသည်။ထို့ပြင်ထိုရစူလ်နဗီတမန်တော်မြတ်နှင့်အတူကျရောက်လာသော(ကုရ်အာန်ကျမ်းတော်မြတ်တည်းဟူသော)လင်းရောင်ခြည်ကိုလည်းလိုက်နာခဲ့ကြလေသည်။ထိုသူတို့သည်သာလျှင်အောင်မြင်သောသူများဖြစ်ကြကုန်သတည်း။

စူရဟ် အအ်ရာဖ်-(၇:၁၅၇)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

အို- အာအိရှာဟ်(ရဿွိယလ္လာဟုအန်ဟာ) ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်နူးညံ့သိမ်မွေ့တော်မူသော အရှင်ဖြစ်တော်မူ၍ နူးညံ့သိမ့်မွေ့မှုကို နှစ်သက်တော်မူသည်။ နူးညံ့သိမ်မွေ့မှုအပေါ်ချီးမြှင့်ထားသည့် အကျိုးကုသိုလ်အား ခက်ထန်ကြမ်းတမ်းမှုနှင့် အခြားမည်သည့်အရာအတွက်မျှ ထိုကဲ့သို့ချီးမြှင့်ထားခြင်မျိုး မရှိပေ။

(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၂၅၃၉)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အပေါ်တွင် မိခင်တို့၏အမိန့်ကိုဖီဆန်ခြင်း၊ သမီးများကိုအရှင်လတ်လတ်မြေမြှုပ်ခြင်း၊ ပေးရန်တာဝန်ရှိသည်ကိုမပေးခြင်း၊ မရထိုက်သည်ကိုတောင်းဆိုခြင်းတို့အား (ဟရာမ်)တားမြစ်ထားတော်မူထားသည်။ ထို့ပြင်အကျိုးမဲ့စကားပြောဆိုငြင်းခုံခြင်း၊ အမေးအမြန်းထူခြင်းနှင့် ဥစ္စာပစ္စည်းတို့အားဖြုန်းတီးပစ်ခြင်းတို့ကိုလည်း အရှင်မြတ်ကသင်တို့အတွက်မနှစ်မြို့ပေ။

(ဆွဟီးဟ် ဗုခါရီကျမ်း - ၂၄၀၈)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

အသင်တို့သည် အီမာန်သက်ဝင်ယုံကြည်မှုမရှိသေးသမျှကာလပတ်လုံး ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်မဟုတ်ပေ။ အသင်တို့သည် အချင်းချင်း ချစ်ခင်မှုမရှိသေးသမျှကာလပတ်လုံး (ပြည့်ဝသည့်)မို့အ်မင်န်မဖြစ်နိုင်ပေ။ ငါကိုယ်တော်သည်အသင်တို့အား ကိစ္စရပ်တစ်ခုအား ညွှန်ပြရမည်လော၊ ၎င်းကိုပြုလုပ်ပါက အသင်တို့အချင်းချင်း ချစ်ခင်မှုရှိလာမည်ဖြစ်သည်။ အသင်တို့၏ကြားတွင် စလာမ်ကိုဖြန့်ချိကြပါ။

(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၅၄)

၃၂။ အစ္စလာမ်သာသနာသည် ချီးမွမ်းထိုက်သော ကိုယ်ကျင့်တရားများဖြစ်သည့်အမှန်တရားပြောဆိုခြင်း၊ သစ္စာရှိခြင်း၊ မကောင်းမှုမှစင်ကြယ်သန့်ရှင်းခြင်း၊အရှက်တရားရှိခြင်း၊ သတ္တိရှိခြင်း၊ ပေးကမ်းခြင်း၊ ရက်ရောခြင်း၊ လိုအပ်သူကိုကူညီခြင်း၊ ဒုက္ခရောက်သူကိုကယ်တင်ခြင်း၊ ဆာလောင်သူကိုကျွေးမွေးခြင်း၊ အိမ်နီးချင်းများအား ကောင်းမွန်စွာဆက်ဆံခြင်း၊ ဆွေမျိုးသားချင်းအဆက်အသွယ်ထားခြင်း၊ တိရစ္ဆာန်များကိုနူးညံ့စွာဆက်ဆံခြင်း အစရှိသည်တို့နှင့်ပတ်သက်၍အမိန့်ပေးထားသည်။

အစ္စလာမ်သာသနာသည် ချီးမွမ်းထိုက်သည့်ကိုယ်ကျင့်တရားများရှိရန် အမိန့်ပေးထားသည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်ကြားတော်မူသည်မှာ-ဧကန်အမှန်ပင် ငါကိုယ်တော်သည် ကောင်းမြတ်သည့်ကိုယ်ကျင့်တရားများကို ပြည့်စုံအောင်ပြုလုပ်ရန်အတွက် စေလွှတ်ခြင်းခံရသည်။(ဆွဟီးဟ်အဒဗွလ်မုဖ်ရဒ်ကျမ်း-၂၀၇)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -အသင်တို့အနက် ငါကိုယ်တော်အနှစ်သက်ဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့် အနီးဆုံးနေရာတွင်ရှိမည့်သူသည် သင်တို့ထဲတွင်ကိုယ်ကျင့်တရားအကောင်းဆုံးသူဖြစ်သည်။ အသင်တို့အနက် ငါကိုယ်တော်အမုန်းဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့်အဝေးဆုံးနေရာတွင်ရှိမည့်သူသည် အလွန်စကားများသူများ၊ လူအထင်ကြီးအောင်ပြောဆိုသူများနှင့် မုသဖိုင်းဟိကူးန်တို့ ဖြစ်ကြသည်။သာဝကကြီးများက ကျွန်တော်တို့သည် အလွန်စကားများသူများနှင့် လူအထင်ကြီးအောင်ပြောဆိုသူများဟူသည်ကို နားလည်ကြပါသည်။ မုသဖိုင်းဟိကူးန်ဆိုသည်မှာ အဘယ်ပါနည်းဟု မေးမြန်းခဲ့ကြသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မာနထောင်လွှားသူများဖြစ်သည် ဟုဖြေကြားတော်မူခဲ့သည်။(စိလ်စိလသွလ်ဆွဟီးဟဟ်ကျမ်း-၇၉၁)အဗ်ဒုလ္လာဟ်ဗင်န်အမရ်(ရဿွိယလ္လာဟုအန်ဟုမာ)ကပြောပြခဲ့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အရှက်သိက္ခာကင်းမဲ့သူ မဟုတ်သလိုညစ်ညမ်းသည့်စကားကို ပြောဆိုသူလည်းမဟုတ်ပေ။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ အသင်တို့အနက်အကောင်းဆုံးသူသည် ကိုယ်ကျင့်တရားအကောင်းဆုံးသူပင်ဖြစ်သည်။(ဆွဟီးဟ် ဗုခါရီကျမ်း - ၃၅၅၉)ထို့ပြင် အစ္စလာမ်သာသနာသည် မြင့်မြတ်သည့်ကိုယ်ကျင့်တရားနှင့် ကောင်းမြတ်သည့် အကျင့်သီလအားလုံးတို့အပေါ်တိုက်တွန်းထားသော အခြားသောအာယသ်တော်များနှင့် ဟဒီးစ်ဩဝါဒတော်များလည်း မြောက်များစွာရှိသည်။အစ္စလာမ်သာသနာက အမိန့်ပေးထားသည်များအနက်တစ်ချက်မှာ အမှန်တရားပြောဆိုခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်ကြားတော်မူသည်မှာ-သင်တို့သည် အမှန်တရားပြောဆိုခြင်းကို ဆုပ်ကိုင်ထားကြပါ။ အမှန်တရားသည်ကောင်းမှုဘက်သို့ လမ်းညွှန်ပေးသည်။ ကောင်းမှုသည် ဂျန္နသ်သုခဘုံသို့ လမ်းညွှန်ပေးသည်။ လူတစ်ဦးသည် အမြဲမှန်ကန်စွာပြောဆိုပြီး၊ အမှန်တရားကိုပြောဆိုခြင်းကို သူ၏အလေ့အထအဖြစ်ပြုလုပ်လိုက်ရာ နောက်ဆုံးအလ္လာဟ်အရှင်မြတ်ထံတော်တွင် အလွန်အမှန်ပြောသူဟူ၍ ရေးမှတ်ခြင်းခံရသည်။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၂၆၀၇)အစ္စလာမ်သာသနာက အမိန့်ပေးထားသည်များအနက် တစ်ချက်မှာ သစ္စာရှိခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ -(အို- မွတ်စ်လင်မ်အပေါင်းတို့) အလ္လာဟ်အရှင်မြတ်သည် ဧကန်စင်စစ် အသင်တို့အား (မိမိတို့ထံ သူတစ်ပါးက) အပ်နှံထားသောပစ္စည်းများကို ထိုပစ္စည်းရှင်များသို့ (ပြန်လည်) ပေးဆပ်ကြရန်လည်းကောင်းအမိန့်တော်ပေးတော်မူလေသည်။စူရဟ် နိစာအ်-(၄:၅၈)အစ္စလာမ်သာသနာက အမိန့်ပေးထားသည်များအနက်တစ်ချက်မှာ မကောင်းမှုများမှ ကင်းရှင်းစွာနေထိုင်ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ-သုံးဦးသောသူအား ကူညီရန်အလ္လာဟ်အရှင်မြတ်သည် တာဝန်ယူထားတော်မူသည်။ ၎င်းတို့ထဲတွင်ဖော်ပြထားသည်မှာ(ကာမေသုမိစ္ဆာစာရ)မကောင်းမှုမှ ရှောင်ကျဉ်ရန်အတွက် (နိကာဟ်) ထိမ်းမြားမှုပြုသောသူဖြစ်သည်။(စုနန်သိရ်မိဇီကျမ်း-၁၆၅၅)ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) တောင်းခဲ့သည့် ဒုအာဆုမွန်များထဲတွင် ထိုအချက်ပါဝင်သည်။ ကိုယ်တော်သည် ဤသို့တောင်းဆိုလေ့ရှိသည်။အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် အရှင်မြတ်ထံတော်မှ လမ်းမှန်တရား၊ သက္ကဝါအမိန့်နာခံပြီး အပြစ်ရှောင်ကြည်နိုင်စွမ်း၊ မကောင်းမှုမှစင်ကြယ်သန့်ရှင်းမှု၊ (အဖန်ဆင်းခံများထံမှ)လိုလားတောင့်တမှုကင်းခြင်း တို့အားတောင်းခံပါသည်။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၂၇၂၁)အစ္စလာမ်သာသနာက အမိန့်ပေးထားသည်များအနက် တစ်ချက်မှာ အရှက်တရားရှိခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ-အရှက်တရားသည် ကောင်းခြင်းကိုသာ ဆောင်ကြဉ်းပေးသည်။(ဆွဟီးဟ် ဗုခါရီကျမ်း - ၆၁၁၇)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -သာသနာတိုင်းတွင် ကိုယ်ကျင့်တရားကိုယ်စီရှိကြသည်။ အစ္စလာမ်သာသနာ၏ ကိုယ်ကျင့်တရားသည် အရှက်တရားပင်ဖြစ်သည်။(ဗိုင်ဟကီ၏ရှို့အဗွလ်အီမာန်ကျမ်း အတွဲ ၆/စာ၂၆၁၉)အစ္စလာမ်သာသနာက အမိန့်ပေးထားသည်များအနက် တစ်ချက်မှာ သတ္တိရှိခြင်းဖြစ်သည်။ အနပ်စ်(ရဿွိယလ္လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်။တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတို့အနက်အကောင်းဆုံး၊ သတ္တိအရှိဆုံးနှင့် အရက်ရောဆုံးဖြစ်သည်။ မဒီနဟ်မြို့သားတို့သည် ထိန့်လန့်စရာကိစ္စတစ်ခုဖြစ်ပေါ်ခဲ့သည့်အခါတွင် ကိုယ်တော်သည်မြင်းစီး၍ အားလုံးထက်အလျင်ရှေ့မှသွားတော်မူခဲ့သည်။(ဆွဟီးဟ် ဗုခါရီကျမ်း - ၂၈၂၀)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ထံတော်၌ သူရဲဘောကြောင်ခြင်းမှ ခိုလှုံခွင့်တောင်းခံခဲ့သည်။ ကိုယ်တော်သည် ဤသို့တောင်းဆိုလေ့ရှိသည်။အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် သူရဲဘောကြောင်ခြင်းမှ ကင်းဝေးရန်အရှင်မြတ်ထံခိုလှုံပါ၏။(ဆွဟီးဟ် ဗုခါရီကျမ်း - ၆၃၇၄)အစ္စလာမ်သာသနာက အမိန့်ပေးထားသည်များအနက်တစ်ချက်မှာ ပေးကမ်းခြင်းနှင့်ရက်ရောခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-မိမိတို့၏ ဥစ္စာပစ္စည်းများကို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ပေးကမ်းလှူဒါန်း သုံးစွဲသူတို့၏ (အလှူပစ္စည်းများသည်) အကြင်မျိုးစေ့ နှင့်အလားတူ၏။ ယင်းမျိုးစေ့သည် ကောက်နှံခုနှစ်နှံကို ပေါက်ရောက်စေ၏။ ထိုကောက်နှံအသီးသီးတို့တွင် အစေ့ပေါင်း တစ်ရာစီပါရှိလေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူတို့အဖို့ (ယင်းကဲ့သို့ပင်) ဆထက်ထမ်းပိုး တိုးပွားစေတော်မူလေသည်။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် ရက်ရောစွာ ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်း တို့ကိုအြွကင်းမရှိ သိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။စူရဟ် ဗကရဟ်-(၂:၂၆၁)ရက်ရောခြင်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကိုယ့်ကျင့်တရားပင်ဖြစ်သည်။ အစ်ဗနုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကောင်းမှုနှင့်ပတ်သက်၍ လူတို့အနက်အရက်ရောဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ရာမ်ဿွန်လတွင်ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ကိုယ်တော့အား လာရောက်တွေ့ဆုံသည့်အခါကိုယ်တော်သည် (အခြားအချိန်များထက်) အရက်ရောဆုံး ဖြစ်တော်မူသည်။ ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ရမ်ဿွန်လတစ်လလုံး ညတိုင်းတွင် ကိုယ်တော့်အား တွေ့ဆုံပြီး ကိုယ်တော်သည် ၎င်းအား ကျမ်းမြတ်ကုရ်အာန်ကို ဖတ်ပြတော်မူသည်။ ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ကိုယ်တော့အား လာရောက်တွေ့ဆုံသည့်အခါကိုယ်တော်သည် (လူသားအကျိုးပြု)ကောင်းမှုနှင့်ပတ်သက်၍ (အရှိန်အဟုန်ဖြင့်)စေလွှတ်ခြင်းခံရသည့်လေထက်ပင်ပို၍ ရက်ရောတော်မူသည်။(ဆွဟီးဟ် ဗုခါရီကျမ်း - ၁၉၀၂)အစ္စလာမ်သာသနာက အမိန့်ပေးထားသည့်အချက်များတွင် လိုအပ်သူကို ကူညီခြင်း၊ ဒုက္ခရောက်သူကိုကယ်တင်ခြင်း၊ ဆာလောင်သူကိုကျွေးမွေးခြင်း၊ အိမ်နီးချင်းများအား ကောင်းမွန်စွာဆက်ဆံခြင်း၊ ဆွေမျိုးသားချင်းအဆက်အသွယ်ထားခြင်းနှင့် တိရစ္ဆာန်များကို နူးညံ့စွာဆက်ဆံခြင်းတို့ပါဝင်သည်။အဗ်ဒုလ္လာဗင်န်အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)ကဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား အဘယ်အစ္စလာမ်သည်အကောင်းဆုံးပါနည်းဟု မေးမြန်းလျှောက်ခဲ့သည်။ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အစားအစာကျွေးမွေးခြင်း၊ မိမိသိသူဖြစ်စေ မသိသူဖြစ်စေ စလာမ်မေတ္တာပို့သခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။(ဆွဟီးဟ် ဗုခါရီကျမ်း - ၁၂)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ- လူတစ်ဦးသည်လမ်းပေါ်တွင် လမ်းလျှောက်နေစဉ်အလွန်အမင်း ရေငတ်လာခဲ့သည်။ ၎င်းသည်ရေတွင်းကိုတွေသဖြင့် ထိုထဲသို့ဆင်းကာရေသောက်ခဲ့သည်။ ထို့နောက်ပြန်ထွက်လာသည့်အခါ ရေငတ်သောကြောင့်စိုစွတ်နေသည့်မြေကြီးအားလျှာဖြင့်လျက်စားနေသည့် ခွေးတစ်ကောင်ကိုတွေ့လိုက်သဖြင့် ၎င်းကဤခွေးသည် ငါရေငတ်သကဲ့သို့ပင် အလွန်အမင်းရေငတ်နေသည်ဟုပြောကာ ရေတွင်းထဲသို့ဆင်းပြီး သူ၏(သားရေ)ခြေစွပ်အားရေဖြည့်ပြီးပါးစပ်ဖြင့်ကိုက်ကာ(အပေါ်တက်လာပြီး)ခွေးအား ရေတိုက်ခဲ့သည်။အလ္လာဟ်အရှင်မြတ်သည် သူ၏လုပ်ရပ်ကိုနှစ်သက်တော်မူပြီး ၎င်းအားခွင့်လွှတ်ချမ်းသာပေးတော်မူလိုက်သည်။ သာဝကကြီးများက အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကျွန်တော်တို့သည် တိရစ္ဆာန်များ(ကိုကောင်းကျိုးပြုခြင်း)တွင် ကုသိုလ်အကျိုးရရှိပါသလားဟု မေးမြန်းခဲ့ကြရာ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဟုတ်သည်စိုစွတ်သည့်အသဲရှိသော (သတ္တဝါ) တိုင်းအတွက် အကျိုးကုသိုလ်ရမည်ဟု ဖြေကြားခဲ့သည်။(ဆွဟီးဟ် အိစ်ဗ်နုဟိဗ္ဗာန်ကျမ်း-၅၄၄)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -မုဆိုးမနှင့် သူဆင်းရဲတို့အပေါ် (ပေးကမ်းသုံးစွဲရန်)ကြိုးပမ်းဆောင်ရွက်သူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်သူ သို့မဟုတ်ညတွင်ဆွလာသ်ဆောက်တည်ကာ နေ့တွင်(ဆွိယာမ်)ဥပုသ်စောင့်ထိန်းသူကဲ့သို့ဖြစ်သည်။(ဆွဟီးဟ် ဗုခါရီကျမ်း - ၅၃၅၃)အစ္စလာမ်သာသနာသည် ဆွေမျိုးသားချင်းတို့၏အခွင့်အရေးများကို အလေးအနက်ထားပြီး ဆွေမျိုးသားချင်းတို့နှင့် အဆက်အသွယ်ထားခြင်းအား တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-နဗီတမန်တော်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့နှင့် ၎င်းတို့ကိုယ်တိုင်ထက်ပင် ပိုမို၍နီးစပ်၏။၎င်းပြင် ထိုနဗီတမန်တော်မြတ်၏ ကြင်ရာတော်များသည်မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ မိခင်များပင် ဖြစ်ကြကုန်၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်၏ကျမ်းဂန်၌ သွေးရင်းသားရင်း တော်စပ်သူတို့မှာ အချင်းချင်း တစ်ဦးနှင့်တစ်ဦးအခြား မုအ်မင်န် သက်ဝင်ယုံကြည်သူ တို့ထက်လည်းကောင်း၊မုဟာဂျိရီန် မိမိတို့၏အိုးအိမ်စည်းစိမ်များကိုစွန့်ကာ (မက္ကာမြို့မှ) ရွှေ့ပြောင်းခဲ့ကြကုန်သော သူတို့ထက်လည်းကောင်း၊ပိုမို၍နီးစပ်သူများ ဖြစ်ကြကုန်၏။ သို့ရာတွင် အသင်တို့သည်မိမိတို့၏အဆွေခင်ပွန်းများအား တစ်စုံတစ်ရာ ကျေးဇူးပြုလိုကြသည်ရှိသော်(ပြုနိုင်ခွင့်ရှိ၏)။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ မှတ်တမ်းတော်၌ ရေးသားပြီးဖြစ်ချေသတည်း။စူရဟ် အဟ်ဇာဗ်-(၃၃:၆)ထို့ပြင် ဆွေမျိုးသားချင်းအဆက်အသွယ်ဖြတ်ခြင်းအား သတိပေးခြိမ်းခြောက်ထားပြီး ထိုလုပ်ရပ်အား ကမ္ဘာမြေပေါ်တွင်ပျက်ဆီးမှုများဖြစ်စေသည့် ပြစ်မှုတို့နှင့်အတူတွဲ၍ တင်ပြထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-သို့ဖြစ်ပေရာ အကယ်၍ အသင်တို့သည် (စစ်မက်တိုက်ခိုက်ခြင်းမှ) လွှဲရှောင်ခဲ့ကြသည်ရှိသော် ကမ္ဘာမြေဝယ် ဆူပူသောင်းကျန်းနိုင်ကြမည် ဟူ၍လည်းကောင်း၊ မိမိတို့ အချင်းချင်း သားချင်းတော်စပ်မှုကို ဖြတ်တောက်နိုင်ကြ မည်ဟူ၍လည်းကောင်း၊ မျှော်လင့်ကြလေသလော။(၂၂)ထိုသူတို့သည် အကြင်သူများပင်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့၏။ တစ်ဖန် ၎င်းတို့အား နားပင်းစေတော်မူခဲ့၏။ထို့ပြင် ၎င်းတို့၏မျက်စိများကို ကန်းစေတော်မူခဲ့၏။(၂၃)စူရဟ် မုဟမ္မဒ်-(၄၇:၂၂-၂၃)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ- ဆွေမျိုးသားချင်းအဆက်ဖြတ်သူသည် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်မဟုတ်ပေ။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၂၅၅၆)အဆက်အသွယ်ထားရန် တာဝန်ရှိသည့် သားချင်းတို့မှာ မိဘ၊ ညီအစ်ကို၊ အစ်မနှမ၊ ဘကြီးများ၊ အရီးများ၊ ဦးလေးများနှင့် အဒေါ်များဖြစ်သည်။အစ္စလာမ်သာသနာသည် အိမ်နီးချင်း၏ အခွင့်အရေးအား ကာဖိရ် (ဘာသာခြား) ပင်ဖြစ်လင့်ကစား အလေးအနက်ထားရန် တိုက်တွန်းထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထို့ပြင်အသင်တို့သည်အလ္လာဟ်အရှင်မြတ်အားခဝပ်ကိုးကွယ်ဆည်းကပ်ကြလေကုန်။၎င်းပြင်အသင်တို့သည်မည်သည့်တစ်စုံတစ်ရာကိုမျှထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ခြင်းကိုမပြုကြကုန်လင့်။ထိုမှတစ်ပါးတုံအသင်တို့သည်အမိအဘနှစ်ပါးတို့နှင့်လည်းကောင်း၊ဆွေမျိုးနီးစပ်တို့နှင့်လည်းကောင်း၊ဖမဲ့ကလေးတို့နှင့်လည်းကောင်း၊အထီးကျန်သူဆင်းရဲတို့နှင့်လည်းကောင်း၊(အိမ်ချင်း)နီးကပ်သော(တစ်နည်း)ဆွေမျိုးတော်စပ်သောအိမ်နီးချင်းတို့နှင့်လည်းကောင်း၊(အိမ်ချင်း)ဝေးလံသော(တစ်နည်း)ဆွေမျိုးတော်စပ်ခြင်းမရှိသောအိမ်နီးချင်းတို့နှင့်လည်းကောင်း၊(မိမိတို့နှင့်အတူနေထိုင်သွားလာကြကုန်သော)အပေါင်းအဖေါ်တို့နှင့်လည်းကောင်း၊ခရီးသည်တို့နှင့်လည်းကောင်း၊မိမိတို့၏လက်အောက်ဖြစ်သော(ဝါ)မိမိတို့ပိုင်ဆိုင်သောကြေးကျွန်တို့နှင့်လည်းကောင်း၊ကောင်းစွာဆက်ဆံပြုစုကြလေကုန်။ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည်မာနထောင်လွှားသောသူ၊ဝါကြွားပြောဆိုသောသူကိုနှစ်သက်တော်မူသည်မဟုတ်ပေ။စူရဟ် နိစာအ်-(၄:၃၆)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -ကောင်းကင်တမန်ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)က ငါကိုယ်တော်အား အိမ်နီးချင်းနှင့်ပတ်သက်၍ (ကောင်းမွန်စွာဆက်ဆံရန်)အမြဲမှာကြားလေ့ရှိရာ နောက်ဆုံးငါကိုယ်တော်သည် ၎င်း(ဂျိဗ်ရီလ်)က အိမ်နီးချင်းကိုပါ အမွေဆက်ဆက်ခံသူအဖြစ်သတ်မှတ်တော့မည်ဟူ၍ပင် ထင်ခဲ့မိသည်။(ဆွဟီးဟ်အဗူဒါဝူဒ်ကျမ်း ၅၁၅၂)

ဧကန်အမှန်ပင် ငါကိုယ်တော်သည် ကောင်းမြတ်သည့်ကိုယ်ကျင့်တရားများကို ပြည့်စုံအောင်ပြုလုပ်ရန်အတွက် စေလွှတ်ခြင်းခံရသည်။

(ဆွဟီးဟ်အဒဗွလ်မုဖ်ရဒ်ကျမ်း-၂၀၇)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

အသင်တို့အနက် ငါကိုယ်တော်အနှစ်သက်ဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့် အနီးဆုံးနေရာတွင်ရှိမည့်သူသည် သင်တို့ထဲတွင်ကိုယ်ကျင့်တရားအကောင်းဆုံးသူဖြစ်သည်။ အသင်တို့အနက် ငါကိုယ်တော်အမုန်းဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့်အဝေးဆုံးနေရာတွင်ရှိမည့်သူသည် အလွန်စကားများသူများ၊ လူအထင်ကြီးအောင်ပြောဆိုသူများနှင့် မုသဖိုင်းဟိကူးန်တို့ ဖြစ်ကြသည်။သာဝကကြီးများက ကျွန်တော်တို့သည် အလွန်စကားများသူများနှင့် လူအထင်ကြီးအောင်ပြောဆိုသူများဟူသည်ကို နားလည်ကြပါသည်။ မုသဖိုင်းဟိကူးန်ဆိုသည်မှာ အဘယ်ပါနည်းဟု မေးမြန်းခဲ့ကြသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မာနထောင်လွှားသူများဖြစ်သည် ဟုဖြေကြားတော်မူခဲ့သည်။

(စိလ်စိလသွလ်ဆွဟီးဟဟ်ကျမ်း-၇၉၁)

အဗ်ဒုလ္လာဟ်ဗင်န်အမရ်(ရဿွိယလ္လာဟုအန်ဟုမာ)ကပြောပြခဲ့သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အရှက်သိက္ခာကင်းမဲ့သူ မဟုတ်သလိုညစ်ညမ်းသည့်စကားကို ပြောဆိုသူလည်းမဟုတ်ပေ။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ အသင်တို့အနက်အကောင်းဆုံးသူသည် ကိုယ်ကျင့်တရားအကောင်းဆုံးသူပင်ဖြစ်သည်။

(ဆွဟီးဟ် ဗုခါရီကျမ်း - ၃၅၅၉)

ထို့ပြင် အစ္စလာမ်သာသနာသည် မြင့်မြတ်သည့်ကိုယ်ကျင့်တရားနှင့် ကောင်းမြတ်သည့် အကျင့်သီလအားလုံးတို့အပေါ်တိုက်တွန်းထားသော အခြားသောအာယသ်တော်များနှင့် ဟဒီးစ်ဩဝါဒတော်များလည်း မြောက်များစွာရှိသည်။

အစ္စလာမ်သာသနာက အမိန့်ပေးထားသည်များအနက်တစ်ချက်မှာ အမှန်တရားပြောဆိုခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ကမိန့်ကြားတော်မူသည်မှာ-

သင်တို့သည် အမှန်တရားပြောဆိုခြင်းကို ဆုပ်ကိုင်ထားကြပါ။ အမှန်တရားသည်ကောင်းမှုဘက်သို့ လမ်းညွှန်ပေးသည်။ ကောင်းမှုသည် ဂျန္နသ်သုခဘုံသို့ လမ်းညွှန်ပေးသည်။ လူတစ်ဦးသည် အမြဲမှန်ကန်စွာပြောဆိုပြီး၊ အမှန်တရားကိုပြောဆိုခြင်းကို သူ၏အလေ့အထအဖြစ်ပြုလုပ်လိုက်ရာ နောက်ဆုံးအလ္လာဟ်အရှင်မြတ်ထံတော်တွင် အလွန်အမှန်ပြောသူဟူ၍ ရေးမှတ်ခြင်းခံရသည်။

(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၂၆၀၇)

အစ္စလာမ်သာသနာက အမိန့်ပေးထားသည်များအနက် တစ်ချက်မှာ သစ္စာရှိခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ -

(အို- မွတ်စ်လင်မ်အပေါင်းတို့) အလ္လာဟ်အရှင်မြတ်သည် ဧကန်စင်စစ် အသင်တို့အား (မိမိတို့ထံ သူတစ်ပါးက) အပ်နှံထားသောပစ္စည်းများကို ထိုပစ္စည်းရှင်များသို့ (ပြန်လည်) ပေးဆပ်ကြရန်လည်းကောင်းအမိန့်တော်ပေးတော်မူလေသည်။

စူရဟ် နိစာအ်-(၄:၅၈)

အစ္စလာမ်သာသနာက အမိန့်ပေးထားသည်များအနက်တစ်ချက်မှာ မကောင်းမှုများမှ ကင်းရှင်းစွာနေထိုင်ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ-

သုံးဦးသောသူအား ကူညီရန်အလ္လာဟ်အရှင်မြတ်သည် တာဝန်ယူထားတော်မူသည်။ ၎င်းတို့ထဲတွင်ဖော်ပြထားသည်မှာ(ကာမေသုမိစ္ဆာစာရ)မကောင်းမှုမှ ရှောင်ကျဉ်ရန်အတွက် (နိကာဟ်) ထိမ်းမြားမှုပြုသောသူဖြစ်သည်။

(စုနန်သိရ်မိဇီကျမ်း-၁၆၅၅)

ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) တောင်းခဲ့သည့် ဒုအာဆုမွန်များထဲတွင် ထိုအချက်ပါဝင်သည်။ ကိုယ်တော်သည် ဤသို့တောင်းဆိုလေ့ရှိသည်။

အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် အရှင်မြတ်ထံတော်မှ လမ်းမှန်တရား၊ သက္ကဝါအမိန့်နာခံပြီး အပြစ်ရှောင်ကြည်နိုင်စွမ်း၊ မကောင်းမှုမှစင်ကြယ်သန့်ရှင်းမှု၊ (အဖန်ဆင်းခံများထံမှ)လိုလားတောင့်တမှုကင်းခြင်း တို့အားတောင်းခံပါသည်။

(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၂၇၂၁)

အစ္စလာမ်သာသနာက အမိန့်ပေးထားသည်များအနက် တစ်ချက်မှာ အရှက်တရားရှိခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ-

အရှက်တရားသည် ကောင်းခြင်းကိုသာ ဆောင်ကြဉ်းပေးသည်။

(ဆွဟီးဟ် ဗုခါရီကျမ်း - ၆၁၁၇)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

သာသနာတိုင်းတွင် ကိုယ်ကျင့်တရားကိုယ်စီရှိကြသည်။ အစ္စလာမ်သာသနာ၏ ကိုယ်ကျင့်တရားသည် အရှက်တရားပင်ဖြစ်သည်။

(ဗိုင်ဟကီ၏ရှို့အဗွလ်အီမာန်ကျမ်း အတွဲ ၆/စာ၂၆၁၉)

အစ္စလာမ်သာသနာက အမိန့်ပေးထားသည်များအနက် တစ်ချက်မှာ သတ္တိရှိခြင်းဖြစ်သည်။ အနပ်စ်(ရဿွိယလ္လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်။

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတို့အနက်အကောင်းဆုံး၊ သတ္တိအရှိဆုံးနှင့် အရက်ရောဆုံးဖြစ်သည်။ မဒီနဟ်မြို့သားတို့သည် ထိန့်လန့်စရာကိစ္စတစ်ခုဖြစ်ပေါ်ခဲ့သည့်အခါတွင် ကိုယ်တော်သည်မြင်းစီး၍ အားလုံးထက်အလျင်ရှေ့မှသွားတော်မူခဲ့သည်။

(ဆွဟီးဟ် ဗုခါရီကျမ်း - ၂၈၂၀)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ထံတော်၌ သူရဲဘောကြောင်ခြင်းမှ ခိုလှုံခွင့်တောင်းခံခဲ့သည်။ ကိုယ်တော်သည် ဤသို့တောင်းဆိုလေ့ရှိသည်။

အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးသည် သူရဲဘောကြောင်ခြင်းမှ ကင်းဝေးရန်အရှင်မြတ်ထံခိုလှုံပါ၏။

(ဆွဟီးဟ် ဗုခါရီကျမ်း - ၆၃၇၄)

အစ္စလာမ်သာသနာက အမိန့်ပေးထားသည်များအနက်တစ်ချက်မှာ ပေးကမ်းခြင်းနှင့်ရက်ရောခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

မိမိတို့၏ ဥစ္စာပစ္စည်းများကို အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ပေးကမ်းလှူဒါန်း သုံးစွဲသူတို့၏ (အလှူပစ္စည်းများသည်) အကြင်မျိုးစေ့ နှင့်အလားတူ၏။ ယင်းမျိုးစေ့သည် ကောက်နှံခုနှစ်နှံကို ပေါက်ရောက်စေ၏။ ထိုကောက်နှံအသီးသီးတို့တွင် အစေ့ပေါင်း တစ်ရာစီပါရှိလေသည်။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် မိမိနှစ်လိုတော်မူသော သူတို့အဖို့ (ယင်းကဲ့သို့ပင်) ဆထက်ထမ်းပိုး တိုးပွားစေတော်မူလေသည်။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် ရက်ရောစွာ ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်း တို့ကိုအြွကင်းမရှိ သိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။

စူရဟ် ဗကရဟ်-(၂:၂၆၁)

ရက်ရောခြင်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကိုယ့်ကျင့်တရားပင်ဖြစ်သည်။ အစ်ဗနုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကောင်းမှုနှင့်ပတ်သက်၍ လူတို့အနက်အရက်ရောဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ ရာမ်ဿွန်လတွင်ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ကိုယ်တော့အား လာရောက်တွေ့ဆုံသည့်အခါကိုယ်တော်သည် (အခြားအချိန်များထက်) အရက်ရောဆုံး ဖြစ်တော်မူသည်။ ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ရမ်ဿွန်လတစ်လလုံး ညတိုင်းတွင် ကိုယ်တော့်အား တွေ့ဆုံပြီး ကိုယ်တော်သည် ၎င်းအား ကျမ်းမြတ်ကုရ်အာန်ကို ဖတ်ပြတော်မူသည်။ ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)သည် ကိုယ်တော့အား လာရောက်တွေ့ဆုံသည့်အခါကိုယ်တော်သည် (လူသားအကျိုးပြု)ကောင်းမှုနှင့်ပတ်သက်၍ (အရှိန်အဟုန်ဖြင့်)စေလွှတ်ခြင်းခံရသည့်လေထက်ပင်ပို၍ ရက်ရောတော်မူသည်။

(ဆွဟီးဟ် ဗုခါရီကျမ်း - ၁၉၀၂)

အစ္စလာမ်သာသနာက အမိန့်ပေးထားသည့်အချက်များတွင် လိုအပ်သူကို ကူညီခြင်း၊ ဒုက္ခရောက်သူကိုကယ်တင်ခြင်း၊ ဆာလောင်သူကိုကျွေးမွေးခြင်း၊ အိမ်နီးချင်းများအား ကောင်းမွန်စွာဆက်ဆံခြင်း၊ ဆွေမျိုးသားချင်းအဆက်အသွယ်ထားခြင်းနှင့် တိရစ္ဆာန်များကို နူးညံ့စွာဆက်ဆံခြင်းတို့ပါဝင်သည်။

အဗ်ဒုလ္လာဗင်န်အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)ကဆင့်ပြန်ခဲ့သည်။ ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား အဘယ်အစ္စလာမ်သည်အကောင်းဆုံးပါနည်းဟု မေးမြန်းလျှောက်ခဲ့သည်။ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အစားအစာကျွေးမွေးခြင်း၊ မိမိသိသူဖြစ်စေ မသိသူဖြစ်စေ စလာမ်မေတ္တာပို့သခြင်းဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။

(ဆွဟီးဟ် ဗုခါရီကျမ်း - ၁၂)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ- လူတစ်ဦးသည်လမ်းပေါ်တွင် လမ်းလျှောက်နေစဉ်အလွန်အမင်း ရေငတ်လာခဲ့သည်။ ၎င်းသည်ရေတွင်းကိုတွေသဖြင့် ထိုထဲသို့ဆင်းကာရေသောက်ခဲ့သည်။ ထို့နောက်ပြန်ထွက်လာသည့်အခါ ရေငတ်သောကြောင့်စိုစွတ်နေသည့်မြေကြီးအားလျှာဖြင့်လျက်စားနေသည့် ခွေးတစ်ကောင်ကိုတွေ့လိုက်သဖြင့် ၎င်းကဤခွေးသည် ငါရေငတ်သကဲ့သို့ပင် အလွန်အမင်းရေငတ်နေသည်ဟုပြောကာ ရေတွင်းထဲသို့ဆင်းပြီး သူ၏(သားရေ)ခြေစွပ်အားရေဖြည့်ပြီးပါးစပ်ဖြင့်ကိုက်ကာ(အပေါ်တက်လာပြီး)ခွေးအား ရေတိုက်ခဲ့သည်။အလ္လာဟ်အရှင်မြတ်သည် သူ၏လုပ်ရပ်ကိုနှစ်သက်တော်မူပြီး ၎င်းအားခွင့်လွှတ်ချမ်းသာပေးတော်မူလိုက်သည်။ သာဝကကြီးများက အိုအလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကျွန်တော်တို့သည် တိရစ္ဆာန်များ(ကိုကောင်းကျိုးပြုခြင်း)တွင် ကုသိုလ်အကျိုးရရှိပါသလားဟု မေးမြန်းခဲ့ကြရာ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဟုတ်သည်စိုစွတ်သည့်အသဲရှိသော (သတ္တဝါ) တိုင်းအတွက် အကျိုးကုသိုလ်ရမည်ဟု ဖြေကြားခဲ့သည်။

(ဆွဟီးဟ် အိစ်ဗ်နုဟိဗ္ဗာန်ကျမ်း-၅၄၄)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

မုဆိုးမနှင့် သူဆင်းရဲတို့အပေါ် (ပေးကမ်းသုံးစွဲရန်)ကြိုးပမ်းဆောင်ရွက်သူသည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်တွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်သူ သို့မဟုတ်ညတွင်ဆွလာသ်ဆောက်တည်ကာ နေ့တွင်(ဆွိယာမ်)ဥပုသ်စောင့်ထိန်းသူကဲ့သို့ဖြစ်သည်။

(ဆွဟီးဟ် ဗုခါရီကျမ်း - ၅၃၅၃)

အစ္စလာမ်သာသနာသည် ဆွေမျိုးသားချင်းတို့၏အခွင့်အရေးများကို အလေးအနက်ထားပြီး ဆွေမျိုးသားချင်းတို့နှင့် အဆက်အသွယ်ထားခြင်းအား တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

နဗီတမန်တော်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့နှင့် ၎င်းတို့ကိုယ်တိုင်ထက်ပင် ပိုမို၍နီးစပ်၏။၎င်းပြင် ထိုနဗီတမန်တော်မြတ်၏ ကြင်ရာတော်များသည်မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ မိခင်များပင် ဖြစ်ကြကုန်၏။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်၏ကျမ်းဂန်၌ သွေးရင်းသားရင်း တော်စပ်သူတို့မှာ အချင်းချင်း တစ်ဦးနှင့်တစ်ဦးအခြား မုအ်မင်န် သက်ဝင်ယုံကြည်သူ တို့ထက်လည်းကောင်း၊မုဟာဂျိရီန် မိမိတို့၏အိုးအိမ်စည်းစိမ်များကိုစွန့်ကာ (မက္ကာမြို့မှ) ရွှေ့ပြောင်းခဲ့ကြကုန်သော သူတို့ထက်လည်းကောင်း၊ပိုမို၍နီးစပ်သူများ ဖြစ်ကြကုန်၏။ သို့ရာတွင် အသင်တို့သည်မိမိတို့၏အဆွေခင်ပွန်းများအား တစ်စုံတစ်ရာ ကျေးဇူးပြုလိုကြသည်ရှိသော်(ပြုနိုင်ခွင့်ရှိ၏)။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ မှတ်တမ်းတော်၌ ရေးသားပြီးဖြစ်ချေသတည်း။

စူရဟ် အဟ်ဇာဗ်-(၃၃:၆)

ထို့ပြင် ဆွေမျိုးသားချင်းအဆက်အသွယ်ဖြတ်ခြင်းအား သတိပေးခြိမ်းခြောက်ထားပြီး ထိုလုပ်ရပ်အား ကမ္ဘာမြေပေါ်တွင်ပျက်ဆီးမှုများဖြစ်စေသည့် ပြစ်မှုတို့နှင့်အတူတွဲ၍ တင်ပြထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

သို့ဖြစ်ပေရာ အကယ်၍ အသင်တို့သည် (စစ်မက်တိုက်ခိုက်ခြင်းမှ) လွှဲရှောင်ခဲ့ကြသည်ရှိသော် ကမ္ဘာမြေဝယ် ဆူပူသောင်းကျန်းနိုင်ကြမည် ဟူ၍လည်းကောင်း၊ မိမိတို့ အချင်းချင်း သားချင်းတော်စပ်မှုကို ဖြတ်တောက်နိုင်ကြ မည်ဟူ၍လည်းကောင်း၊ မျှော်လင့်ကြလေသလော။(၂၂)

ထိုသူတို့သည် အကြင်သူများပင်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့၏။ တစ်ဖန် ၎င်းတို့အား နားပင်းစေတော်မူခဲ့၏။ထို့ပြင် ၎င်းတို့၏မျက်စိများကို ကန်းစေတော်မူခဲ့၏။(၂၃)

စူရဟ် မုဟမ္မဒ်-(၄၇:၂၂-၂၃)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ- ဆွေမျိုးသားချင်းအဆက်ဖြတ်သူသည် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်မဟုတ်ပေ။

(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၂၅၅၆)

အဆက်အသွယ်ထားရန် တာဝန်ရှိသည့် သားချင်းတို့မှာ မိဘ၊ ညီအစ်ကို၊ အစ်မနှမ၊ ဘကြီးများ၊ အရီးများ၊ ဦးလေးများနှင့် အဒေါ်များဖြစ်သည်။

အစ္စလာမ်သာသနာသည် အိမ်နီးချင်း၏ အခွင့်အရေးအား ကာဖိရ် (ဘာသာခြား) ပင်ဖြစ်လင့်ကစား အလေးအနက်ထားရန် တိုက်တွန်းထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ထို့ပြင်အသင်တို့သည်အလ္လာဟ်အရှင်မြတ်အားခဝပ်ကိုးကွယ်ဆည်းကပ်ကြလေကုန်။၎င်းပြင်အသင်တို့သည်မည်သည့်တစ်စုံတစ်ရာကိုမျှထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ခြင်းကိုမပြုကြကုန်လင့်။ထိုမှတစ်ပါးတုံအသင်တို့သည်အမိအဘနှစ်ပါးတို့နှင့်လည်းကောင်း၊ဆွေမျိုးနီးစပ်တို့နှင့်လည်းကောင်း၊ဖမဲ့ကလေးတို့နှင့်လည်းကောင်း၊အထီးကျန်သူဆင်းရဲတို့နှင့်လည်းကောင်း၊(အိမ်ချင်း)နီးကပ်သော(တစ်နည်း)ဆွေမျိုးတော်စပ်သောအိမ်နီးချင်းတို့နှင့်လည်းကောင်း၊(အိမ်ချင်း)ဝေးလံသော(တစ်နည်း)ဆွေမျိုးတော်စပ်ခြင်းမရှိသောအိမ်နီးချင်းတို့နှင့်လည်းကောင်း၊(မိမိတို့နှင့်အတူနေထိုင်သွားလာကြကုန်သော)အပေါင်းအဖေါ်တို့နှင့်လည်းကောင်း၊ခရီးသည်တို့နှင့်လည်းကောင်း၊မိမိတို့၏လက်အောက်ဖြစ်သော(ဝါ)မိမိတို့ပိုင်ဆိုင်သောကြေးကျွန်တို့နှင့်လည်းကောင်း၊ကောင်းစွာဆက်ဆံပြုစုကြလေကုန်။ဧကန်စင်စစ်အလ္လာဟ်အရှင်မြတ်သည်မာနထောင်လွှားသောသူ၊ဝါကြွားပြောဆိုသောသူကိုနှစ်သက်တော်မူသည်မဟုတ်ပေ။

စူရဟ် နိစာအ်-(၄:၃၆)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

ကောင်းကင်တမန်ဂျိဗ်ရီလ်(အလိုင်ဟိစ္စလာမ်)က ငါကိုယ်တော်အား အိမ်နီးချင်းနှင့်ပတ်သက်၍ (ကောင်းမွန်စွာဆက်ဆံရန်)အမြဲမှာကြားလေ့ရှိရာ နောက်ဆုံးငါကိုယ်တော်သည် ၎င်း(ဂျိဗ်ရီလ်)က အိမ်နီးချင်းကိုပါ အမွေဆက်ဆက်ခံသူအဖြစ်သတ်မှတ်တော့မည်ဟူ၍ပင် ထင်ခဲ့မိသည်။

(ဆွဟီးဟ်အဗူဒါဝူဒ်ကျမ်း ၅၁၅၂)

၃၃။ အစ္စလာမ်သာသနာသည် ကောင်းမြတ်သည့် စားစရာနှင့် သောက်စရာများကိုစားသုံးခွင့်ပြုထားသည်။ ထို့ပြင်စိတ်နှလုံးသား၊ ခန္ဓာကိုယ်နှင့် အိမ်တို့အားသန့်ရှင်းစင်ကြယ်မှုရှိရန် အမိန့်ပေးထားသည်။ ထို့ကြောင့်ပင်(နိကာဟ်)ထိမ်းမြားခြင်းအားခွင့်ပြုထားခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)များအား ထိုကိစ္စရပ်တို့ကိုအမိန့်ပေးတော်မူထားသည့်အတိုင်း ၎င်းတို့ကလည်းကောင်းမြတ်သည့်အရာတိုင်းအား အမိန့်ပေးညွှန်ကြားတော်မူသည်။

အစ္စလာမ်သာသနာသည် ကောင်းမြတ်သည့် စားစရာနှင့် သောက်စရာများကို စားသုံးရန်ခွင့်ပြုထားသည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ-အို-လူသားအပေါင်းတို့ အလ္လာဟ်အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်တော်မူသောအရှင်ဖြစ်တော်မူပြီး သန့်ပြန့်စင်ကြယ်သည့်အရာကိုသာ လက်ခံတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်)များအား အမိန့်ပေးထားသည့်အရာကိုပင် မို့အ်မင်သက်ဝင်ယုံကြည်သူတို့ကိုလည်း အမိန့်ပေးတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အိုရစူလ်တမန်တော်အပေါင်းတို့၊အသင်တို့သည်(ဟလာလ်) စင်ကြယ်သန့်ရှင်းသောအရာများကို စားသုံးကြလေကုန်။ ၎င်းပြင်အသင်တို့သည် ကောင်းမြတ်သော အကျင့်သီလကိုကျင့်မူဆောက်တည်ကြလေကုန်။ ဧကန်အမှန် ငါအရှင်မြတ်သည် အသင်တို့ကျင့်မူကြသည်တို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။) ကုရ်အာန် (၂၃:၅၁) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-မုအ်မင်န် ယုံကြည်သူအပေါင်းတို့ အသင်တို့အား ငါအရှင်မြတ်ပေးသနားတော်မူသော ကောင်းမွန် သန့်ပြန့်သော အာဟာရများအနက်မှ အသင်တို့သည် (ကြိုက် နှစ်သက်ရာကို) စားသုံးကြကုန်။ ၎င်းအပြင် အကယ်၍ အသင် တို့သည် ထိုအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ကြကုန်။) ကုရ်အာန်(၂:၁၇၂) ထို့နောက်ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတစ်ဦးအကြောင်းတင်ပြခဲ့သည်။ ၎င်းသည်ခရီးသွားနေရာ ဆံပင်များဖွာလန်ကြဲနေပြီး ကိုယ်တွင်ဖုန်များလည်းလူးပေနေသည်။ ထိုသူသည်သူ၏လက်နှစ်ဖက်အားမိုးပေါ်သို့မြှောက်၍ အို-မွေးမြူးဖန်ဆင်းတော်မူသောအရှင်၊အို-မွေးမြူဖန်ဆင်းတော်မူသောအရှင်ဟု တောင်းဆုဒုအာပြုနေသည်။သို့သော် သူ၏အစားအစာသည်ဟရာမ်၊ သူ၏အဝတ်အစားသည်ဟရာမ်၊သူသောက်တာသည်ဟရာမ်ဖြစ်ပြီး ဟရာမ်ဖြင့်ပင်ဖွံ့ဖြိုးလာသည်ဖြစ်ရာသူ၏တောင်းဆုသည် အဘယ်သို့လက်ခံခြင်းခံရမည်နည်း။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၁၀၁၅)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အားဤသို့)မေးမြန်းပါလေ။(အချင်းတို့)အလ္လာဟ်အရှင်မြတ်သည်မိမိ၏ကျွန်များအဖို့ဖန်ဆင်းထားတော်မူသောတန်ဆာများကိုလည်းကောင်း၊သန့်စင်၍(ရသာအမြိုက်နှင့်ပြည့်စုံ)သောစားသောက်ဖွယ်ရာများကိုလည်းကောင်း၊မည်သူကဟရာမ်ဟူ၍တားမြစ်ခဲ့ပါသနည်း။(၎င်းပြင်အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ။(အချင်းတို့)ဤသည်တို့သည်အီမာန်သက်ဝင်ယုံကြည်သူတို့အဖို့ဤပစ္စုပ္ပန်လောကီဘဝ၌ရှိ၏။ရှင်ပြန်ထမည့်နေ့တွင်မူကား(၎င်းတို့အဖို့သာ)သီးသန့်ဖြစ်၏။ငါအရှင်မြတ်သည်ဤနည်းအတိုင်းပင်(မိမိ)ဒေသနာတော်များကိုသိနားလည်သူများအဖို့အသေးစိတ်၍ဖော်ပြတော်မူလေသတည်း။စူရဟ် အအ်ရာဖ်-(၇:၃၂)အစ္စလာမ်သာသနာသည် စိတ်နှလုံးသား၊ ခန္ဓာကိုယ်နှင့် အိမ်တို့အား သန့်ရှင်းစင်ကြယ်မှုရှိရန် အမိန့်ပေးထားသည်။ ထို့ကြောင့်ပင်(နိကာဟ်)ထိမ်းမြားခြင်းအားခွင့်ပြုထားခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)များအား ထိုကိစ္စရပ်တို့ကို အမိန့်ပေးတော်မူထားသည့်အတိုင်း ၎င်းတို့ကလည်း ကောင်းမြတ်သည့်အရာတိုင်းအား အမိန့်ပေးညွှန်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုမှတပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့ (အမျိုးအစားထဲ)မှပင် ဇနီးကြင်ရာ များကိုပြုလုပ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်အသင်တို့အဖို့ အသင်တို့၏ ဇနီး ကြင်ရာများမှ သား၊ မြေးတို့ကိုပြုလုပ်(ထွန်းကား) စေတော်မူခဲ့လေသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ စားသုံးကြရန် ကောင်းမွန်သောအရာများကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ သို့ပါလျက် ၎င်းတို့သည် အချည်းအနှီးသောအရာကို သက်ဝင်ယုံကြည်၍အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ငြင်းပယ်လျက်ရှိနေကြမည်လော။စူရဟ် နဟ်လ်-(၁၆:၇၂)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းပြင် အသင်သည် မိမိအဝတ်များကို(အညစ်အကြေးတို့မှ) စင်ကြယ်သန့်ရှင်းစေပါလေ၊(၄)ထို့ပြင် အသင်သည် ရုပ်တုများမှ လွတ်ကင်းစွာနေပါလေ။(၅)စူရဟ် မုဒ်ဒဆ်ဆိရ်-(၇၄:၄-၅)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -အကြင်သူ၏ နှလုံးသားထဲတွင်မြူမှုန်ခန့်မျှ မာနတရားရှိလျှင် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်မဟုတ်ပေ။ ထိုအခါပုဂ္ဂိုလ်တစ်ဦးက လူတစ်ဦးသည် သူ၏ အဝတ်အစားနှင့် ဖိနပ်တို့ကိုကောင်းမွန်စွာဝတ်ဆင်ခြင်းကို နှစ်သက်ပါသည်ဟုလျှောက်တင်ရာ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ- ဧကန်အမှန်ပင်အလ္လာဟ်အရှင်မြတ်သည် လှပတင့်တယ်သည့်အရှင်ဖြစ်တော်မူပြီး လှပတင့်တယ်ခြင်းကို နှစ်သက်တော်မူသည်။ မာနဟူသည်အမှန်ကိုလက်မခံခြင်းနှင့် လူတို့အားအထင်အမြင်သေးခြင်းပင်ဖြစ်သည်။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၉၁)

အို-လူသားအပေါင်းတို့ အလ္လာဟ်အရှင်မြတ်သည် သန့်ပြန့်စင်ကြယ်တော်မူသောအရှင်ဖြစ်တော်မူပြီး သန့်ပြန့်စင်ကြယ်သည့်အရာကိုသာ လက်ခံတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်)များအား အမိန့်ပေးထားသည့်အရာကိုပင် မို့အ်မင်သက်ဝင်ယုံကြည်သူတို့ကိုလည်း အမိန့်ပေးတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အိုရစူလ်တမန်တော်အပေါင်းတို့၊အသင်တို့သည်(ဟလာလ်) စင်ကြယ်သန့်ရှင်းသောအရာများကို စားသုံးကြလေကုန်။ ၎င်းပြင်အသင်တို့သည် ကောင်းမြတ်သော အကျင့်သီလကိုကျင့်မူဆောက်တည်ကြလေကုန်။ ဧကန်အမှန် ငါအရှင်မြတ်သည် အသင်တို့ကျင့်မူကြသည်တို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။) ကုရ်အာန် (၂၃:၅၁) အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-မုအ်မင်န် ယုံကြည်သူအပေါင်းတို့ အသင်တို့အား ငါအရှင်မြတ်ပေးသနားတော်မူသော ကောင်းမွန် သန့်ပြန့်သော အာဟာရများအနက်မှ အသင်တို့သည် (ကြိုက် နှစ်သက်ရာကို) စားသုံးကြကုန်။ ၎င်းအပြင် အကယ်၍ အသင် တို့သည် ထိုအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြပါလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်ကြကုန်။) ကုရ်အာန်(၂:၁၇၂) ထို့နောက်ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် လူတစ်ဦးအကြောင်းတင်ပြခဲ့သည်။ ၎င်းသည်ခရီးသွားနေရာ ဆံပင်များဖွာလန်ကြဲနေပြီး ကိုယ်တွင်ဖုန်များလည်းလူးပေနေသည်။ ထိုသူသည်သူ၏လက်နှစ်ဖက်အားမိုးပေါ်သို့မြှောက်၍ အို-မွေးမြူးဖန်ဆင်းတော်မူသောအရှင်၊အို-မွေးမြူဖန်ဆင်းတော်မူသောအရှင်ဟု တောင်းဆုဒုအာပြုနေသည်။သို့သော် သူ၏အစားအစာသည်ဟရာမ်၊ သူ၏အဝတ်အစားသည်ဟရာမ်၊သူသောက်တာသည်ဟရာမ်ဖြစ်ပြီး ဟရာမ်ဖြင့်ပင်ဖွံ့ဖြိုးလာသည်ဖြစ်ရာသူ၏တောင်းဆုသည် အဘယ်သို့လက်ခံခြင်းခံရမည်နည်း။

(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၁၀၁၅)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

(အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အားဤသို့)မေးမြန်းပါလေ။(အချင်းတို့)အလ္လာဟ်အရှင်မြတ်သည်မိမိ၏ကျွန်များအဖို့ဖန်ဆင်းထားတော်မူသောတန်ဆာများကိုလည်းကောင်း၊သန့်စင်၍(ရသာအမြိုက်နှင့်ပြည့်စုံ)သောစားသောက်ဖွယ်ရာများကိုလည်းကောင်း၊မည်သူကဟရာမ်ဟူ၍တားမြစ်ခဲ့ပါသနည်း။(၎င်းပြင်အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ။(အချင်းတို့)ဤသည်တို့သည်အီမာန်သက်ဝင်ယုံကြည်သူတို့အဖို့ဤပစ္စုပ္ပန်လောကီဘဝ၌ရှိ၏။ရှင်ပြန်ထမည့်နေ့တွင်မူကား(၎င်းတို့အဖို့သာ)သီးသန့်ဖြစ်၏။ငါအရှင်မြတ်သည်ဤနည်းအတိုင်းပင်(မိမိ)ဒေသနာတော်များကိုသိနားလည်သူများအဖို့အသေးစိတ်၍ဖော်ပြတော်မူလေသတည်း။

စူရဟ် အအ်ရာဖ်-(၇:၃၂)

အစ္စလာမ်သာသနာသည် စိတ်နှလုံးသား၊ ခန္ဓာကိုယ်နှင့် အိမ်တို့အား သန့်ရှင်းစင်ကြယ်မှုရှိရန် အမိန့်ပေးထားသည်။ ထို့ကြောင့်ပင်(နိကာဟ်)ထိမ်းမြားခြင်းအားခွင့်ပြုထားခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)များအား ထိုကိစ္စရပ်တို့ကို အမိန့်ပေးတော်မူထားသည့်အတိုင်း ၎င်းတို့ကလည်း ကောင်းမြတ်သည့်အရာတိုင်းအား အမိန့်ပေးညွှန်ကြားတော်မူသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ထိုမှတပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့ (အမျိုးအစားထဲ)မှပင် ဇနီးကြင်ရာ များကိုပြုလုပ်တော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်အသင်တို့အဖို့ အသင်တို့၏ ဇနီး ကြင်ရာများမှ သား၊ မြေးတို့ကိုပြုလုပ်(ထွန်းကား) စေတော်မူခဲ့လေသည်။ ထို့ပြင် အရှင်မြတ်သည် အသင်တို့ စားသုံးကြရန် ကောင်းမွန်သောအရာများကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ သို့ပါလျက် ၎င်းတို့သည် အချည်းအနှီးသောအရာကို သက်ဝင်ယုံကြည်၍အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ငြင်းပယ်လျက်ရှိနေကြမည်လော။

စူရဟ် နဟ်လ်-(၁၆:၇၂)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

၎င်းပြင် အသင်သည် မိမိအဝတ်များကို(အညစ်အကြေးတို့မှ) စင်ကြယ်သန့်ရှင်းစေပါလေ၊(၄)

ထို့ပြင် အသင်သည် ရုပ်တုများမှ လွတ်ကင်းစွာနေပါလေ။(၅)

စူရဟ် မုဒ်ဒဆ်ဆိရ်-(၇၄:၄-၅)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

အကြင်သူ၏ နှလုံးသားထဲတွင်မြူမှုန်ခန့်မျှ မာနတရားရှိလျှင် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်မဟုတ်ပေ။ ထိုအခါပုဂ္ဂိုလ်တစ်ဦးက လူတစ်ဦးသည် သူ၏ အဝတ်အစားနှင့် ဖိနပ်တို့ကိုကောင်းမွန်စွာဝတ်ဆင်ခြင်းကို နှစ်သက်ပါသည်ဟုလျှောက်တင်ရာ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ- ဧကန်အမှန်ပင်အလ္လာဟ်အရှင်မြတ်သည် လှပတင့်တယ်သည့်အရှင်ဖြစ်တော်မူပြီး လှပတင့်တယ်ခြင်းကို နှစ်သက်တော်မူသည်။ မာနဟူသည်အမှန်ကိုလက်မခံခြင်းနှင့် လူတို့အားအထင်အမြင်သေးခြင်းပင်ဖြစ်သည်။

(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၉၁)

၃၄။ အစ္စလာမ်သာသနာသည် မကောင်းမှုတို့၏ဇစ်မြစ်ဖြစ်သည့် အလ္လာဟ်အရှင်မြတ်အား(ရှိရ်က်)ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုပြုခြင်း၊ သွေဖည်ငြင်းပယ်ခြင်း၊ရုပ်တုများကိုခဝပ်ကိုးကွယ်ခြင်း၊ အသိပညာမရှိဘဲ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ပြောဆိုခြင်း၊ သားသမီးတို့ကိုသတ်ခြင်း၊ လေးစားအပ်သည့် အသက်ဇီဝန်ကိုသတ်ဖြတ်ခြင်း၊ မြေပထဝီ၌ပျက်စီးရာပျက်စီးကြောင်းပြုလုပ်ခြင်း၊ စုန်းပယောဂပြုစားခြင်း၊ ထင်ရှားသော သို့မဟုတ် လျှို့ဝှက်သော စက်ဆုပ်ရွံရှာဖွယ်ရာများပြုခြင်း၊ ကာမေသုမိစ္ဆာစာရကျူးလွန်ခြင်းနှင့် လိင်တူဆက်ဆံခြင်းတို့ကို တားမြစ်ထားသည်။ ထို့ပြင် အတိုး၊ အသေသားစားခြင်း၊ ရုပ်တုဆင်းတုများအတွက်ရည်ရွယ်၍ လှီးဖြတ်ထားသည့်အရာများ၊ ဝက်သားနှင့် အခြားသောမသန့်သည့်ညစ်ညမ်းသည့်အရာအားလုံးတို့မှ တားမြစ်ထားသည်။ ၎င်းအပြင်အဖမဲ့ကလေး၏ပစ္စည်းကိုစားခြင်း၊ အခြင်အတွယ်နှင့် အလေးခိုးခြင်း၊ ဆွေမျိုးသားချင်းအဆက်ဖြတ်ခြင်းတို့အား တားမြစ်ထားသည်။ ယင်းတားမြစ်ထားသည့်ကိစ္စရပ်အားလုံးတို့သည် (ဟရာမ်)မပြုပိုင်ကြောင်းကို နဗီ၊ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်)များအားလုံးထံတွင် တစ်ညီတစ်ညွတ်တည်းပင်ဖြစ်သည်။

အစ္စလာမ်သာသနာသည် မကောင်းမှုတို့၏ဇစ်မြစ်ဖြစ်သည့် အလ္လာဟ်အရှင်မြတ်အား(ရှိရ်က်)ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုပြုခြင်း၊ သွေဖည်ငြင်းပယ်ခြင်း၊ ရုပ်တုများကိုခဝပ်ကိုးကွယ်ခြင်း၊ အသိပညာမရှိဘဲအလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ပြောဆိုခြင်း၊ သားသမီးတို့ကိုသတ်ခြင်းတို့အား တားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်) အသင်သည် (ထိုသူများအားဤသို့)ပြောကြားကြပါလေ။ အသင်တို့လာကြကုန်၊ အသင်တို့၏အရှင်က အသင်တို့၏အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ထားတော်မူသော အရာများကို ကျွန်ုပ်ရွတ်ဖတ်ပြအံ့။ (ထိုအရာများ အား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍မည်သည့် အရာကိုမျှ မကိုးကွယ်ကြကုန်လင့်။ ၎င်းပြင်(အသင်တို့သည်) မိဘနှစ်ပါးနှင့် ကောင်းစွာဆက်ဆံခြင်း(ပြုကြကုန်)။၎င်းပြင် (အသင်တို့သည်) မိမိတို့၏သားသမီးများကို ဆင်းရဲမှုကြောင့် မသတ်ဖြတ်ကြကုန်လင့်။ ငါအရှင်မြတ်သည် အသင်တို့ကိုလည်းကောင်း၊ ထိုသူများကိုလည်းကောင်း၊ စားနပ်ရိက္ခာပေးတော်မူသည်။ ၎င်းပြင် အသင်တို့သည် ထင်ရှားသောသို့မဟုတ် လျှို့ဝှက်သော စက်ဆုပ်ရွံရှာရှက်ဖွယ်ရာ ယုတ်မာမှုများ၏အနီးသို့ပင် မချဉ်းကပ်ကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က (သတ်ဖြတ်ခြင်းမပြုရန်) ဟရာမ်ဟူ ၍တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကို မသတ်ဖြတ်ကြကုန်လင့်။ သို့ရာတွင် (အစ္စလာမ်) တရားတော်နှင့်အညီ(သတ်ဖြတ်ပိုင်ခွင့် ချွင်းချက်ရှိပေသည်)။ ထိုအရှင်မြတ်သည်အသင်တို့ သိနားလည်ကြရန်အလို့ငှာ အသင်တို့အား ဤသည်တို့ကို လေးနက်စွာ အမိန့်ချမှတ်တော်မူသည်။(၁၅၁)ထို့ပြင် အသင်တို့သည် ကောင်းမွန်သော နည်းလမ်းမှတစ်ပါး မိဘမဲ့ကလေးသူငယ်တို့၏ ဥစ္စာပစ္စည်း၏အပါးသို့ပင်၊ ၎င်းတို့လူလားမြောက်၊ အရွယ်ရောက်သည်အထိ မချဉ်းကပ်ရ၊ ထိုမှတစ်ပါး အသင်တို့သည် တောင်း၊ တင်းနှင့်အလေးများကို တရားမျှတစွာဖြင့် အပြည့်ချိန်တွယ်၍ ပေးကြရမည်။ငါအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုသူတတ်စွမ်းနိုင်သည်ထက် ပို၍ဝန်တင်တော်မူသည်မဟုတ်။ ထိုနည်းတူ အသင်တို့သည် (တစ်စုံတစ်ရာကို သက်သေခံ ရာ၌ဖြစ်စေ၊ စီရင်ဆုံးဖြတ်ရာ၌ဖြစ်စေ) စကားပြောဆိုသောအခါ(အပြောခံရသောသူသည် မိမိ)ဆွေရင်းသားရင်း ဖြစ်သည့်တိုင်အောင် တရားမျှတစွာ ပြောဆိုကြရမည်။ ထို့အတူ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသောကတိ သစ္စာကိုလည်းတည်ကြရမည်(ဖြစ်ပေသည်။) ထိုအရှင်မြတ်သည် အသင်တို့မှတ်သားနိုင်ခြင်းငှာ ဤသည့်(အချက်)တို့နှင့်စပ်လျဉ်း၍ အမိန့်ချမှတ်တော်မူလေသတည်း။(၁၅၂)စူရဟ် အန္နအာမ်-(၆:၁၅၁-၁၅၂)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်)အသင်သည်(ထိုသူတို့အားဤသို့)ပြောကြားပါဦး။(ဟယ်-အချင်းတို့)ငါ့အားမွေးမြူတော်မူသောအရှင်မြတ်သည်စက်ဆုပ်ဖွယ်ရာများအနက်မှထင်ရှားသောအရာများကိုလည်းကောင်း၊ဖုံးအုပ်၍နေသောအရာများကိုလည်းကောင်း၊ပြစ်မှုဒုစရိုက်များကိုလည်းကောင်း၊တို့အဖို့သာ)သီးသန့်ဖြစ်၏။ငါအရှင်မြတ်သည်ဤနည်းအတိုင်းမတရားသဖြင့်ညှဉ်းဆဲခြင်းကိုလည်းကောင်း၊အသင်တို့သည်အလ္လာဟ်အရှင်မြတ်ကမည်သည့်သက်သေသာဓကတစ်စုံတစ်ရာမျှချပေးတော်မူခြင်းမရှိခဲ့သောအရာကိုထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်(ကိုးကွယ်)ခြင်းကိုလည်းကောင်း၊အသင်တို့သည်မိမိတို့မသိနားမလည်သောအကြောင်းအရာများကိုထိုအရှင်မြတ်အပေါ်၌လီဆယ်ပြောဆိုခြင်းကိုလည်းကောင်း၊ဟရာမ်ဟူ၍တားမြစ်တော်မူခဲ့သည်သာတည်း။စူရဟ် အအ်ရာဖ်-(၇:၃၃)အစ္စလာမ်သာသနာသည် လေးစားအပ်သည့် အသက်ဇီဝန်ကို သတ်ဖြတ်ခြင်းအားတားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က တားမြစ်ပညတ်ထားတော်မူသော အသက်ဇီဝိန်ကို မှန်ကန်သော အကြောင်းမရှိဘဲလျက် သတ်ဖြတ်ခြင်း မပြုကြရချေ။စင်စစ်သော်ကား မတရားသဖြင့် သတ်ဖြတ်ခြင်း ခံရသောသူ၏ ပြောရေးဆိုခွင့်ရှိသောအမွေစားအမွေခံအား ဧကန်စင်စစ်ငါအရှင်မြတ်သည် အခွင့်အာဏာကို ချီးမြှင့်၍ထားတော်မူခဲ့လေသည်။ သို့ရာတွင် ယင်းအမွေစားအမွေခံသည် သတ်ဖြတ်မှုနှင့်စပ်လျဉ်း၍ စည်းကမ်းကို မကျူးလွန်ရချေ။ အကြောင်းသော်ကား ထိုအမွေ စားအမွေခံသည် (အလ္လာဟ်အရှင်မြတ်၏)ကူညီထောက်ခံမှုကို ရရှိပြီးဖြစ်သောကြောင့်ပင်တည်း။စူရဟ် အစ္စရာအ်-(၁၇:၃၃)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းပြင် အကြင်သူများပင်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်(တွဲဖက်၍)အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ ဟစ်ခေါ်တ သ(ကိုးကွယ်ဆည်းကပ်)ကြသည်မဟုတ်ပေ။ ၎င်းပြင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်က 'ဟရာမ်' ဟူ၍ တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကိုလည်း တရားသဖြင့်မှတစ်ပါး သတ်ဖြတ်ခြင်း မပြုကြပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကာမေသုမိစ္ဆာစာရကိုလည်း ကျူးလွန်းကြသည်မဟုတ်ပေ။ စင်စစ်သော်ကား မည်သူမဆို ထိုသည့်ပြစ်မှုများကိုကျူးလွန်ပါမူ ထိုသူသည် (အလွန်ကြီးလေးသော) ပြစ်ဒဏ်နှင့်တွေ့ကြုံရမည်သာ။စူရဟ် ဖွရ်ကာန်-(၂၅:၆၈)အစ္စလာမ်သာသနာသည် မြေပထဝီ၌ပျက်စီးရာပျက်စီးကြောင်းပြုလုပ်ခြင်းကိုတားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းပြင်အသင်တို့သည် ကမ္ဘာမြေပြင်ကို တင့်တယ်ကောင်းမွန်အောင်ပြုလုပ်ပြီးသည့်နောက် ထိုကမ္ဘာမြေပြင်၌ ပျက်စီးရာပျက်စီးကြောင်းကို မပြုလုပ်ကြကုန်လင့်။စူရဟ် အအ်ရာဖ်-(၇:၅၆)ရှုအိုက်ဗ်(အလိုင်ဟိစ္စလာမ်)သည် မိမိအမျိုးသားတို့အားပြောကြားခဲ့သည်ကို အလ္လာဟ်အရှင်မြတ်က ပြန်လည်အသိပေး မိန့်ကြားတော်မူထားသည်မှာ-(နဗီတမန်တော်)ရှုအိုက်ဗ်သည် (မိမိတို့အမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေ၏။ အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည်အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ အသင်တို့၌ အလ္လာဟ်အရှင်မြတ်အပြင် အခြားခဝပ်ကိုးကွယ်ရာဟူ၍အလျင်းမရှိပြီ။ အသင်တို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ ထင်ရှားလှစွာသောသက်သေသာဓကသည် အသင်တို့ထံရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာအသင်တို့သည် (ခွက်၊စလယ်၊တောင်းစသော)ပမာဏအခြင်အတွယ်(များ) ကိုလည်းကောင်း၊ အလေးချိန်(များ)ကိုလည်ကောင်း၊ ချိန်တွယ်ရာတွင် တရားမျှတစွာဖြင့်အပြည့်(ချိန်တွယ်၍) ပေးကြလေကုန်။၎င်းပြင်အသင်တို့သည် လူတို့အား၎င်းတို့၏ ဥစ္စာပစ္စည်းများကို မတရားသဖြင့်လျှော့၍ပေးခြင်းကိုလည်း မပြုကြကုန်လင့်။ ထို့ပြင်အသင်တို့သည် ကမ္ဘာမြေပြင်တင့်တယ်ကောင်းမွန်လာပြီးနောက် ထိုကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းများကို အသင်မပြုလုပ်ကြကုန်လင့်။ ဤသည်ကားအကယ်၍သာ အသင်တို့သည် မုအ်မင်န်သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အသင်တို့အဖို့အကောင်းဆုံးပင် ဖြစ်ချေသတည်း။စူရဟ် အအ်ရာဖ်-(၇:၈၅)အစ္စလာမ်သာသနာသည် စုန်းပယောဂပြုစားခြင်းအား တားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းအပြင် အသင်သည် မိမိလက်ယာလက်ထဲ၌ရှိသော(တောင်ဝှေး)ကို ပစ်ချပါလေ။ ယင်း(တောင်ဝှေး)သည်ထိုပဉ္စလက်ဆရာတို့ ကြံစည်ပြုလုပ်ထား သည်တို့ကိုဝါးမျိုလိမ့်မည်။ စင်စစ် ၎င်းတို့ကြံစည် ပြုလုပ်ခဲ့သမျှတို့သည် ပဉ္စလက်ဆရာ(တို့)၏ပရိယာယ် မျှသာဖြစ်ချေသည်။ အမှန်စင်စစ်ပဉ္စလက်ဆရာဟူ သည်မည်သည့်နေရာသို့ သွားခဲ့စေကာမူအောင်မြင် သည်ဟူ၍ကား မရှိချေ။စူရဟ် သွာဟာ-(၂၀:၆၉)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -အသင်တို့သည် ပျက်စီးဆုံးရှုံးစေမည့်အပြစ်ခုနှစ်မျိုးမှရှောင်ကြဉ်ကြပါ။ သာဝကကြီးများက ထိုအပြစ်များသည်အဘယ်အရာများပါနည်းဟု မေးလျှောက်ခဲ့ကြသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားသည်မှာ အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကိုယှဥ်တွဲကိုးကွယ်ခြင်း၊ စုန်းပယောဂဖြင့်ပြုစားခြင်း၊ အသက်တစ်ချောင်းအားမတရားသဖြင့်သတ်ဖြတ်ခြင်း၊ အတိုးစားခြင်း၊ အဖမဲ့ကလေး၏ပစ္စည်းဥစ္စာကိုစားခြင်း၊စစ်မြေပြင်မှထွက်ပြေးခြင်းနှင့် (မကောင်းမှုအပေါ်)အာရုံမထားသောအပြစ်ကင်းစင်သည့် မုအ်မင်န်အမျိုးသမီးအား (တရားမဝင်ကာမကျူးလွန်သည်ဟု) စွပ်စွဲခြင်းတို့ဖြစ်သည်။(ဆွဟီးဟ် ဗုခါရီကျမ်း - ၆၈၅၇)အစ္စလာမ်သာသနာသည် ထင်ရှားသော သို့မဟုတ် လျှို့ဝှက်သောစက်ဆုပ်ရွံရှာဖွယ်ရာများပြုခြင်း၊ ကာမေသုမိစ္ဆာစာရကျူးလွန်ခြင်း၊ လိင်တူဆက်ဆံခြင်းတို့အားတားမြစ်ထားသည်။ ထိုအကြောင်းအား ဤစာပိုဒ်၏အစပိုင်းတွင် တင်ပြထားပြီး ၎င်းတို့အား တားမြစ်ထားကြောင်း ဖော်ပြထားသောအာယသ်တော်များကိုလည်း တင်ပြခဲ့ပြီးဖြစ်သည်။ အစ္စလာမ်သာသနာသည် အတိုးအား တားမြစ်ပိတ်ပင်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို-ယုံကြည်သူ အပေါင်းတို့၊ အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြပါမူ၊ အလ္လာဟ်အရှင်မြတ်ကိုကြောက်ရွံ့လေးစား ရိုသေ ခန့်ညားကြကုန်၊ ၎င်းပြင် ကြွင်းကျန်လျက်ရှိသော အတိုးအညွန့်များကိုလည်း စွန့်လွှတ်ကြကုန်။(၂၇၈)တဖန် အကယ်၍သာ အသင်တို့သည် (အတိုးအညွန့် မစားသုံးအပ်ခြင်းနှင့် စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို မလိုက်နာ) မပြုလုပ်ခဲ့ကြပါမူ အလ္လာဟ်ရှင်မြတ်နှင့်လည်းကောင်း၊ ထို အရှင်မြတ်၏ ရစူလ်တမန်တော်(မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လာမ်)နှင့်လည်းကောင်း၊စစ်မက် ပြိုင်ဆိုင်တို က်ခိုက်ကြရန် အဆင်သင့်ရှိကြကုန်။ သို့ရာတွင် အကယ်၍သာ၊ အသင်တို့သည် နောင်တ တရားရရှိကာ(အတိုးအညွန့် စားသုံးခြင်းကို စွန့်လွှတ်၍ အလ္လာဟ်အရှင်မြတ်ဘက်သို့) ပြန်လှည့်ကြပါလျှင် အသင်တို့သည် မိမိတို့(ချေးငှားထားသော) ငွေရင်းများကို ပိုင်ဆိုင်ခွင့်ရှိကြကုန်၏။(မတည်ငွေရင်းများထက် ပိုမို၍ အတိုးအညွန့် မယူခြင်းအားဖြင့်) အသင်တို့သည် (သူတစ်ပါးကို) မတရား ဆုံးရှုံးနစ်နာစေကြမည်လည်းမဟုတ်၊ (မိမိတို့၏ မတည်ငွေရင်းများကို ပြန်လည်ရရှိခြင်း အားဖြင့် သူတစ်ပါးတို့၏) မတရားဆုံးရှုံး နစ်နာစေခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။(၂၇၉)စူရဟ် ဗကရဟ်-(၂:၂၇၈-၂၇၉)အလ္လာဟ်အရှင်မြတ်သည် အတိုးစားသူအား စစ်ကြေညာမည်ဟု ခြိမ်းခြောက်ထားသကဲ့သို့ အခြားပြစ်မှုများကို ကျူးလွန်သူအား ထိုသို့ ခြိမ်းခြောက်ထားခြင်းမျိုးမရှိပေ။ အဘယ်ကြောင့်ဆိုသော် အတိုးတွင် ဘာသာတရားများ၊ နိုင်ငံများ၊ ဥစ္စာပစ္စည်းများနှင့် လူများကို ထိခိုက်ပျက်စီးခြင်းများရှိသည့် အတွက်ကြောင့်ဖြစ်သည်။အစ္စလာမ်သာသနာသည် အသေသားစားခြင်း၊ ရုပ်တုဆင်းတုများအတွက်ရည်ရွယ်၍ လှီးဖြတ်ထားသည့်အရာများနှင့် ဝက်သားတို့ကိုတားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အလိုအလျောက်သေသော တိရစ္ဆာန်သည်လည်းကောင်း၊ သွေးသည်လည်းကောင်း၊ ဝက်တိရစ္ဆာန်၏ အသားသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုရည်စူးထားသော တိရစ္ဆာန်သည်လည်းကောင်း၊ လည်မျို (ညှစ်၍ဖြစ်စေ၊ လိမ်၍ဖြစ်စေ) သေရသော တိရစ္ဆာန်သည်လည်းကောင်း၊ ရိုက်နှက်၍ဖြစ်စေ၊ ထိခိုက်၍ဖြစ်စေ သေသောတိရစ္ဆာန်သည်လည်းကောင်း၊ မြင့်ရာမှကျ၍သေသော တိရစ္ဆာန်သည်လည်းကောင်း၊ ဦးချိုဖြင့်ဝှေ့ခတ်ခြင်းခံရ၍သေသော တိရစ္ဆာန်သည်လည်းကောင်း၊ (အသက်မထွက်မီ တရားတော်နှင့်အညီ) အသင်တို့ 'ဇဗဟ်'လှီးဖြတ်နိုင်ခဲ့သော တိရစ္ဆာန်များမှအပ သားရဲတိရစ္ဆာန်များ ကိုက်ခဲသတ်ဖြတ်ထားသော တိရစ္ဆာန်သည်လည်းကောင်း၊ အသင်တို့အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ထားပြီးဖြစ်လေပြီ။ ရုပ်ပွားဆင်းတုများထားရှိရာဌာနများတွင် ပူဇော်သက္ကာပြုရန် လှီးဖြတ်ထားသော တိရစ္ဆာန်များသည်လည်းကောင်း၊ မဲမြှားတို့ဖြင့် အသင်တို့ ဝေစုဝေပုံခွဲခြင်းသည်လည်းကောင်း၊ အသင်တို့အဖို့ (စားသုံးခြင်းမပြုကြရန်) 'ဟရာမ်' တားမြစ်ထားပြီး ဖြစ်ချေသည်။ ဤသည်တို့ကား ပြစ်မှုဒုစရိုက်များပင်တည်း။စူရဟ် မာအိဒဟ်-(၅:၃)အစ္စလာမ်သာသနာသည် အရက်သောက်ခြင်းနှင့် အခြားမသန့်ရှင်းသော၊ညစ်ညမ်းသောအရာအားလုံးမှ တားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို-'မုအ်မင်န်'သက်ဝင်ယုံကြည်သူအပေါင်းတို့ မုချဧကန် သေစာအရက်သည်လည်းကောင်း၊ လောင်းတမ်းကစားခြင်းသည်လည်းကောင်း၊ ရုပ်ထု၊ ဆင်းတု (အစရှိသည့်အရာ) များသည်လည်းကောင်း၊ မြှား (ဖြင့်ကံစမ်းခြင်း) သည်လည်းကောင်း အလွန် ဆိုးရွားညစ်ညမ်းလှသော အမှုကိစ္စများ၊'ရှိုင်တွာန်' အပြုအမူများသာလျှင်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို (ဆိုးရွားညစ်ညမ်းသောအရာ) ကို ရှောင်ကြဉ်ကြကုန်လော့။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြပေမည်။(၉၀)မုချဧကန် 'ရှိုင်တွာန်' မိစ္ဆာကောင်သည် သေစာအရက် (ကို သောက်စားစေခြင်း) ဖြင့်လည်းကောင်း၊ လောင်းတမ်းကစားစေခြင်းဖြင့်လည်းကောင်း၊ အသင်တို့၏စပ်ကြားဝယ် ရန်ငြိုးပွားမှုကိုလည်းကောင်း၊ မုန်းတီးမှုကိုလည်းကောင်း ဖန်တီးရန်နှင့် အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့သတိရခြင်းမှလည်းကောင်း၊ 'ဆွလာသ်' ဝတ်ပြုခြင်းမှလည်းကောင်း၊ ပိတ်ပင်တားဆီးရန်သာလျှင် ကြံစည်လျက်ရှိလေ၏။ သို့ဖြစ်ပေရာ အသင်တို့သည် (သေစာအရက်သောက်စားခြင်းနှင့် လောင်းတမ်းကစားခြင်းမှ) ရပ်စဲကြပါမည်လော။ (တစ်နည်း) ဤမှတစ်ပါး အခြားမဟုတ် 'ရှိုင်တွာန်' မိစ္ဆာကောင်သည် သေရည်သေရက်ဖြင့်လည်းကောင်း၊ အလောင်းအစားဖြင့်လည်းကောင်း၊ အသင်တို့စပ်ကြားတွင် ရန်ငြိုးပွားမှု၊ မုန်းထားမှုများကိုဖြစ်စေလို၏။ ၎င်းပြင် (ရှိုင်တွာန်သည်) အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသသတိရခြင်းမှလည်းကောင်း၊ 'ဆွလာသ်' ဝတ်ပြုခြင်းမှလည်းကောင်း ပိတ်ပင်တားဆီးလို၏။ သို့ဖြစ်ပေရာ အသင်တို့သည် ရပ်တံ့ကြမည်သူများ ဖြစ်ကြသလော။ (ရပ်တန့်ကြမည်လော) (ဝါ) ရပ်တန့်ကြလေကုန်။(၉၁)စူရဟ် မာအိဒဟ်-(၅:၉၀-၉၁)သောင်ရသ်ကျမ်းတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဂုဏ်အရည်အချင်းများ အနက်အချို့ကို အလ္လာဟ်အရှင်မြတ်က တင်ပြထားသည်မှာ ထိုတမန်တော်သည် နောက်လိုက်တို့အား ညစ်ညမ်းသည့်အရာများမှ ပိတ်ပင်တားဆီးတော်မူသည်။ ဤအကြောင်းအား စာပိုဒ်(၃၁)တွင် တင်ပြခဲ့ပြီးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အကြင်သူတို့သည်မည်သည့် လူသား တစ်ဦးထံကမျှ စာပေပညာ သင်ယူခြင်း မရှိခဲ့သူ ဖြစ်သော ရစူလ်၊နဗီတမန်တော်မြတ်၏(အမိန့်တော်များ)ကို လိုက်နာကြကုန်၏။ထိုသူတို့သည်ထိုရစူလ်၊နဗီတမန်တော်မြတ်(၏ဝိသေသဂုဏ်ထူးများ)ကိုမိမိတို့ထံရှိတောင်ရာတ်ကျမ်းတော်တွင်လည်းကောင်း၊အင်(န်)ဂျီလ်ကျမ်းတော်တွင်လည်းကောင်း၊ရေးသားပြီးဖြစ်သည်ကိုတွေ့ရှိကြလေသည်။ယင်းရစူလ်၊နဗီတမန်တော်မြတ်သည်ထိုသူတို့အားကောင်းမှုသုစရိုက်များကို(ပြုလုပ်ကြရန်)ညွှန်ကြားသည့်အပြင်မကောင်းမှုဒုစရိုက်များမှကြဉ်ရှောင်ကြရန်မြစ်တားလေသည်။၎င်းပြင်ထိုသူတို့အဖို့စင်ကြယ်သောအရာများကို(စားသုံး)ခွင့်ပြုကာမသန့်စင်သောအရာများကို၎င်းတို့အပေါ်၌(စားသုံးခြင်းမပြုကြရန်)တားမြစ်လေသည်။ထိုမှတစ်ပါးထိုသူတို့အပေါ်၌(ယခုတိုင်အောင်)တည်ရှိနေသောဝန်နှင့်လည်ကွင်းများ(အတုပ်အနှောင်များ)ကိုလည်း၎င်းတို့အပေါ်မှချ၍ပေးလေသည်။စူရဟ် အအ်ရာဖ်-(၇:၁၅၇)အစ္စလာမ်သာသနာသည် အဖမဲ့ကလေး၏ ဥစ္စာပစ္စည်းအားစားသောက်ခြင်းမှတားမြစ်ထားသည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထို့ပြင်တဝ အသင်တို့သည် အဖမဲ့ကလေးတို့အား ထိုသူတို့၏ ဥစ္စာပစ္စည်းများကို (သစ္စာရှိစွာဖြင့်) ပြန်၍ပေးကြကုန်လော့။ ၎င်းပြင် အသင်တို့သည် (မိမိတို့၏ပစ္စည်း) အညံ့ကို (အဖမဲ့တို့၏ပစ္စည်း) အကောင်းနှင့်လဲလှယ်ခြင်း မပြုကြကုန်လင့်။ ၎င်းပြင်အသင်တို့သည် ထိုအဖမဲ့ကလေးတို့၏ ဥစ္စာပစ္စည်းများကို မိမိတို့၏ဥစ္စာပစ္စည်းများနှင့် ရောနှောစားသုံးခြင်းကိုလည်း မပြုကြကုန်လင့်။ ယင်းကဲ့သို့ပြုမူခြင်းသည် စင်စစ်ဧကန်ကြီးစွာသော အပြစ်ပင်ဖြစ်ချေ၏။စူရဟ် နိစာအ်-(၄:၂)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-မုချဧကန်အကြင်သူများသည် ဖမဲ့ကလေးများ၏ ဥစ္စာပစ္စည်းများကိုမတရားသဖြင့်စားသုံးကြ၏။ မုချဧကန်ထိုသူများသည် မိမိတို့ဝမ်းတွင်းသို့မီး (ကျီမီးခဲ)ကိုသာလျှင် (ထည့်သွင်း)စားသုံးကြ၏။၎င်းပြင်ထိုသူများသည် မကြာမြင့်မီအတွင်း အလျှံပြောင်ပြောင်တောက်လောင်လျက်ရှိသော ငရဲသို့သက်ဆင်းဝင်ရောက်လာကြရပေမည်။စူရဟ် နိစာအ်-(၄:၁၀)အစ္စလာမ်သာသနာသည် အခြင်အတွယ်နှင့် အလေးခိုးခြင်းတို့အား တားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အလေး၊ တင်းတောင်း၊ ခွက်၊ စသည်ကို စဉ်းလဲသူတို့သည် ပျက်စီးကြရပေမည်။(၁)အကြင်သူတို့သည် သူတစ်ပါးထံမှ ခြင်တွယ်၍ ယူကြရသောအခါ အပြည့်(ခြင်၍)ရယူကြလေသည်။(၂)သို့ရာတွင် ၎င်းတို့သည် သူတစ်ပါးတို့အား ခြင်တွယ်၍သော်လည်းကောင်း၊ သူတစ်ပါးတို့အား ချိန်တွယ်၍သော်လည်းကောင်း၊ ပေးကြသောအခါ လျှော့၍ပေးကြလေသည်။(၃)၎င်းတို့သည် မိမိတို့မှာ ဧကန်အမှန် ရှင်ပြန်ထကြရမည့်သူများ ဖြစ်ကြသည်ကို မယုံကြည်ကြ လေသလော။(၄)စူရဟ် မုတွဖ်ဖိဖီန်-(၈၃:၁-၄)

(အို-နဗီတမန်တော်) အသင်သည် (ထိုသူများအားဤသို့)ပြောကြားကြပါလေ။ အသင်တို့လာကြကုန်၊ အသင်တို့၏အရှင်က အသင်တို့၏အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ထားတော်မူသော အရာများကို ကျွန်ုပ်ရွတ်ဖတ်ပြအံ့။ (ထိုအရာများ အား) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ယှဉ်တွဲ၍မည်သည့် အရာကိုမျှ မကိုးကွယ်ကြကုန်လင့်။ ၎င်းပြင်(အသင်တို့သည်) မိဘနှစ်ပါးနှင့် ကောင်းစွာဆက်ဆံခြင်း(ပြုကြကုန်)။၎င်းပြင် (အသင်တို့သည်) မိမိတို့၏သားသမီးများကို ဆင်းရဲမှုကြောင့် မသတ်ဖြတ်ကြကုန်လင့်။ ငါအရှင်မြတ်သည် အသင်တို့ကိုလည်းကောင်း၊ ထိုသူများကိုလည်းကောင်း၊ စားနပ်ရိက္ခာပေးတော်မူသည်။ ၎င်းပြင် အသင်တို့သည် ထင်ရှားသောသို့မဟုတ် လျှို့ဝှက်သော စက်ဆုပ်ရွံရှာရှက်ဖွယ်ရာ ယုတ်မာမှုများ၏အနီးသို့ပင် မချဉ်းကပ်ကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က (သတ်ဖြတ်ခြင်းမပြုရန်) ဟရာမ်ဟူ ၍တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကို မသတ်ဖြတ်ကြကုန်လင့်။ သို့ရာတွင် (အစ္စလာမ်) တရားတော်နှင့်အညီ(သတ်ဖြတ်ပိုင်ခွင့် ချွင်းချက်ရှိပေသည်)။ ထိုအရှင်မြတ်သည်အသင်တို့ သိနားလည်ကြရန်အလို့ငှာ အသင်တို့အား ဤသည်တို့ကို လေးနက်စွာ အမိန့်ချမှတ်တော်မူသည်။(၁၅၁)

ထို့ပြင် အသင်တို့သည် ကောင်းမွန်သော နည်းလမ်းမှတစ်ပါး မိဘမဲ့ကလေးသူငယ်တို့၏ ဥစ္စာပစ္စည်း၏အပါးသို့ပင်၊ ၎င်းတို့လူလားမြောက်၊ အရွယ်ရောက်သည်အထိ မချဉ်းကပ်ရ၊ ထိုမှတစ်ပါး အသင်တို့သည် တောင်း၊ တင်းနှင့်အလေးများကို တရားမျှတစွာဖြင့် အပြည့်ချိန်တွယ်၍ ပေးကြရမည်။ငါအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိုသူတတ်စွမ်းနိုင်သည်ထက် ပို၍ဝန်တင်တော်မူသည်မဟုတ်။ ထိုနည်းတူ အသင်တို့သည် (တစ်စုံတစ်ရာကို သက်သေခံ ရာ၌ဖြစ်စေ၊ စီရင်ဆုံးဖြတ်ရာ၌ဖြစ်စေ) စကားပြောဆိုသောအခါ(အပြောခံရသောသူသည် မိမိ)ဆွေရင်းသားရင်း ဖြစ်သည့်တိုင်အောင် တရားမျှတစွာ ပြောဆိုကြရမည်။ ထို့အတူ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသောကတိ သစ္စာကိုလည်းတည်ကြရမည်(ဖြစ်ပေသည်။) ထိုအရှင်မြတ်သည် အသင်တို့မှတ်သားနိုင်ခြင်းငှာ ဤသည့်(အချက်)တို့နှင့်စပ်လျဉ်း၍ အမိန့်ချမှတ်တော်မူလေသတည်း။(၁၅၂)

စူရဟ် အန္နအာမ်-(၆:၁၅၁-၁၅၂)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

(အို-နဗီတမန်တော်)အသင်သည်(ထိုသူတို့အားဤသို့)ပြောကြားပါဦး။(ဟယ်-အချင်းတို့)ငါ့အားမွေးမြူတော်မူသောအရှင်မြတ်သည်စက်ဆုပ်ဖွယ်ရာများအနက်မှထင်ရှားသောအရာများကိုလည်းကောင်း၊ဖုံးအုပ်၍နေသောအရာများကိုလည်းကောင်း၊ပြစ်မှုဒုစရိုက်များကိုလည်းကောင်း၊တို့အဖို့သာ)သီးသန့်ဖြစ်၏။ငါအရှင်မြတ်သည်ဤနည်းအတိုင်းမတရားသဖြင့်ညှဉ်းဆဲခြင်းကိုလည်းကောင်း၊အသင်တို့သည်အလ္လာဟ်အရှင်မြတ်ကမည်သည့်သက်သေသာဓကတစ်စုံတစ်ရာမျှချပေးတော်မူခြင်းမရှိခဲ့သောအရာကိုထိုအရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်(ကိုးကွယ်)ခြင်းကိုလည်းကောင်း၊အသင်တို့သည်မိမိတို့မသိနားမလည်သောအကြောင်းအရာများကိုထိုအရှင်မြတ်အပေါ်၌လီဆယ်ပြောဆိုခြင်းကိုလည်းကောင်း၊ဟရာမ်ဟူ၍တားမြစ်တော်မူခဲ့သည်သာတည်း။

စူရဟ် အအ်ရာဖ်-(၇:၃၃)

အစ္စလာမ်သာသနာသည် လေးစားအပ်သည့် အသက်ဇီဝန်ကို သတ်ဖြတ်ခြင်းအားတားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က တားမြစ်ပညတ်ထားတော်မူသော အသက်ဇီဝိန်ကို မှန်ကန်သော အကြောင်းမရှိဘဲလျက် သတ်ဖြတ်ခြင်း မပြုကြရချေ။စင်စစ်သော်ကား မတရားသဖြင့် သတ်ဖြတ်ခြင်း ခံရသောသူ၏ ပြောရေးဆိုခွင့်ရှိသောအမွေစားအမွေခံအား ဧကန်စင်စစ်ငါအရှင်မြတ်သည် အခွင့်အာဏာကို ချီးမြှင့်၍ထားတော်မူခဲ့လေသည်။ သို့ရာတွင် ယင်းအမွေစားအမွေခံသည် သတ်ဖြတ်မှုနှင့်စပ်လျဉ်း၍ စည်းကမ်းကို မကျူးလွန်ရချေ။ အကြောင်းသော်ကား ထိုအမွေ စားအမွေခံသည် (အလ္လာဟ်အရှင်မြတ်၏)ကူညီထောက်ခံမှုကို ရရှိပြီးဖြစ်သောကြောင့်ပင်တည်း။

စူရဟ် အစ္စရာအ်-(၁၇:၃၃)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

၎င်းပြင် အကြင်သူများပင်။ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်(တွဲဖက်၍)အခြားကိုးကွယ်ရာ တစ်စုံတစ်ရာကိုမျှ ဟစ်ခေါ်တ သ(ကိုးကွယ်ဆည်းကပ်)ကြသည်မဟုတ်ပေ။ ၎င်းပြင် ထိုသူများသည် အလ္လာဟ်အရှင်မြတ်က 'ဟရာမ်' ဟူ၍ တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကိုလည်း တရားသဖြင့်မှတစ်ပါး သတ်ဖြတ်ခြင်း မပြုကြပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ကာမေသုမိစ္ဆာစာရကိုလည်း ကျူးလွန်းကြသည်မဟုတ်ပေ။ စင်စစ်သော်ကား မည်သူမဆို ထိုသည့်ပြစ်မှုများကိုကျူးလွန်ပါမူ ထိုသူသည် (အလွန်ကြီးလေးသော) ပြစ်ဒဏ်နှင့်တွေ့ကြုံရမည်သာ။

စူရဟ် ဖွရ်ကာန်-(၂၅:၆၈)

အစ္စလာမ်သာသနာသည် မြေပထဝီ၌ပျက်စီးရာပျက်စီးကြောင်းပြုလုပ်ခြင်းကိုတားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

၎င်းပြင်အသင်တို့သည် ကမ္ဘာမြေပြင်ကို တင့်တယ်ကောင်းမွန်အောင်ပြုလုပ်ပြီးသည့်နောက် ထိုကမ္ဘာမြေပြင်၌ ပျက်စီးရာပျက်စီးကြောင်းကို မပြုလုပ်ကြကုန်လင့်။

စူရဟ် အအ်ရာဖ်-(၇:၅၆)

ရှုအိုက်ဗ်(အလိုင်ဟိစ္စလာမ်)သည် မိမိအမျိုးသားတို့အားပြောကြားခဲ့သည်ကို အလ္လာဟ်အရှင်မြတ်က ပြန်လည်အသိပေး မိန့်ကြားတော်မူထားသည်မှာ-

(နဗီတမန်တော်)ရှုအိုက်ဗ်သည် (မိမိတို့အမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေ၏။ အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည်အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ အသင်တို့၌ အလ္လာဟ်အရှင်မြတ်အပြင် အခြားခဝပ်ကိုးကွယ်ရာဟူ၍အလျင်းမရှိပြီ။ အသင်တို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်မှ ထင်ရှားလှစွာသောသက်သေသာဓကသည် အသင်တို့ထံရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာအသင်တို့သည် (ခွက်၊စလယ်၊တောင်းစသော)ပမာဏအခြင်အတွယ်(များ) ကိုလည်းကောင်း၊ အလေးချိန်(များ)ကိုလည်ကောင်း၊ ချိန်တွယ်ရာတွင် တရားမျှတစွာဖြင့်အပြည့်(ချိန်တွယ်၍) ပေးကြလေကုန်။၎င်းပြင်အသင်တို့သည် လူတို့အား၎င်းတို့၏ ဥစ္စာပစ္စည်းများကို မတရားသဖြင့်လျှော့၍ပေးခြင်းကိုလည်း မပြုကြကုန်လင့်။ ထို့ပြင်အသင်တို့သည် ကမ္ဘာမြေပြင်တင့်တယ်ကောင်းမွန်လာပြီးနောက် ထိုကမ္ဘာမြေပြင်ဝယ် ပျက်စီးရာပျက်စီးကြောင်းများကို အသင်မပြုလုပ်ကြကုန်လင့်။ ဤသည်ကားအကယ်၍သာ အသင်တို့သည် မုအ်မင်န်သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အသင်တို့အဖို့အကောင်းဆုံးပင် ဖြစ်ချေသတည်း။

စူရဟ် အအ်ရာဖ်-(၇:၈၅)

အစ္စလာမ်သာသနာသည် စုန်းပယောဂပြုစားခြင်းအား တားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

၎င်းအပြင် အသင်သည် မိမိလက်ယာလက်ထဲ၌ရှိသော(တောင်ဝှေး)ကို ပစ်ချပါလေ။ ယင်း(တောင်ဝှေး)သည်ထိုပဉ္စလက်ဆရာတို့ ကြံစည်ပြုလုပ်ထား သည်တို့ကိုဝါးမျိုလိမ့်မည်။ စင်စစ် ၎င်းတို့ကြံစည် ပြုလုပ်ခဲ့သမျှတို့သည် ပဉ္စလက်ဆရာ(တို့)၏ပရိယာယ် မျှသာဖြစ်ချေသည်။ အမှန်စင်စစ်ပဉ္စလက်ဆရာဟူ သည်မည်သည့်နေရာသို့ သွားခဲ့စေကာမူအောင်မြင် သည်ဟူ၍ကား မရှိချေ။

စူရဟ် သွာဟာ-(၂၀:၆၉)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

အသင်တို့သည် ပျက်စီးဆုံးရှုံးစေမည့်အပြစ်ခုနှစ်မျိုးမှရှောင်ကြဉ်ကြပါ။ သာဝကကြီးများက ထိုအပြစ်များသည်အဘယ်အရာများပါနည်းဟု မေးလျှောက်ခဲ့ကြသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားသည်မှာ အလ္လာဟ်အရှင်မြတ်နှင့်တစ်စုံတစ်ရာကိုယှဥ်တွဲကိုးကွယ်ခြင်း၊ စုန်းပယောဂဖြင့်ပြုစားခြင်း၊ အသက်တစ်ချောင်းအားမတရားသဖြင့်သတ်ဖြတ်ခြင်း၊ အတိုးစားခြင်း၊ အဖမဲ့ကလေး၏ပစ္စည်းဥစ္စာကိုစားခြင်း၊စစ်မြေပြင်မှထွက်ပြေးခြင်းနှင့် (မကောင်းမှုအပေါ်)အာရုံမထားသောအပြစ်ကင်းစင်သည့် မုအ်မင်န်အမျိုးသမီးအား (တရားမဝင်ကာမကျူးလွန်သည်ဟု) စွပ်စွဲခြင်းတို့ဖြစ်သည်။

(ဆွဟီးဟ် ဗုခါရီကျမ်း - ၆၈၅၇)

အစ္စလာမ်သာသနာသည် ထင်ရှားသော သို့မဟုတ် လျှို့ဝှက်သောစက်ဆုပ်ရွံရှာဖွယ်ရာများပြုခြင်း၊ ကာမေသုမိစ္ဆာစာရကျူးလွန်ခြင်း၊ လိင်တူဆက်ဆံခြင်းတို့အားတားမြစ်ထားသည်။ ထိုအကြောင်းအား ဤစာပိုဒ်၏အစပိုင်းတွင် တင်ပြထားပြီး ၎င်းတို့အား တားမြစ်ထားကြောင်း ဖော်ပြထားသောအာယသ်တော်များကိုလည်း တင်ပြခဲ့ပြီးဖြစ်သည်။ အစ္စလာမ်သာသနာသည် အတိုးအား တားမြစ်ပိတ်ပင်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အို-ယုံကြည်သူ အပေါင်းတို့၊ အကယ်၍ အသင်တို့သည် ယုံကြည်သူများဖြစ်ကြပါမူ၊ အလ္လာဟ်အရှင်မြတ်ကိုကြောက်ရွံ့လေးစား ရိုသေ ခန့်ညားကြကုန်၊ ၎င်းပြင် ကြွင်းကျန်လျက်ရှိသော အတိုးအညွန့်များကိုလည်း စွန့်လွှတ်ကြကုန်။(၂၇၈)

တဖန် အကယ်၍သာ အသင်တို့သည် (အတိုးအညွန့် မစားသုံးအပ်ခြင်းနှင့် စပ်လျဉ်း၍ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များကို မလိုက်နာ) မပြုလုပ်ခဲ့ကြပါမူ အလ္လာဟ်ရှင်မြတ်နှင့်လည်းကောင်း၊ ထို အရှင်မြတ်၏ ရစူလ်တမန်တော်(မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လာမ်)နှင့်လည်းကောင်း၊စစ်မက် ပြိုင်ဆိုင်တို က်ခိုက်ကြရန် အဆင်သင့်ရှိကြကုန်။ သို့ရာတွင် အကယ်၍သာ၊ အသင်တို့သည် နောင်တ တရားရရှိကာ(အတိုးအညွန့် စားသုံးခြင်းကို စွန့်လွှတ်၍ အလ္လာဟ်အရှင်မြတ်ဘက်သို့) ပြန်လှည့်ကြပါလျှင် အသင်တို့သည် မိမိတို့(ချေးငှားထားသော) ငွေရင်းများကို ပိုင်ဆိုင်ခွင့်ရှိကြကုန်၏။(မတည်ငွေရင်းများထက် ပိုမို၍ အတိုးအညွန့် မယူခြင်းအားဖြင့်) အသင်တို့သည် (သူတစ်ပါးကို) မတရား ဆုံးရှုံးနစ်နာစေကြမည်လည်းမဟုတ်၊ (မိမိတို့၏ မတည်ငွေရင်းများကို ပြန်လည်ရရှိခြင်း အားဖြင့် သူတစ်ပါးတို့၏) မတရားဆုံးရှုံး နစ်နာစေခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။(၂၇၉)

စူရဟ် ဗကရဟ်-(၂:၂၇၈-၂၇၉)

အလ္လာဟ်အရှင်မြတ်သည် အတိုးစားသူအား စစ်ကြေညာမည်ဟု ခြိမ်းခြောက်ထားသကဲ့သို့ အခြားပြစ်မှုများကို ကျူးလွန်သူအား ထိုသို့ ခြိမ်းခြောက်ထားခြင်းမျိုးမရှိပေ။ အဘယ်ကြောင့်ဆိုသော် အတိုးတွင် ဘာသာတရားများ၊ နိုင်ငံများ၊ ဥစ္စာပစ္စည်းများနှင့် လူများကို ထိခိုက်ပျက်စီးခြင်းများရှိသည့် အတွက်ကြောင့်ဖြစ်သည်။

အစ္စလာမ်သာသနာသည် အသေသားစားခြင်း၊ ရုပ်တုဆင်းတုများအတွက်ရည်ရွယ်၍ လှီးဖြတ်ထားသည့်အရာများနှင့် ဝက်သားတို့ကိုတားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အလိုအလျောက်သေသော တိရစ္ဆာန်သည်လည်းကောင်း၊ သွေးသည်လည်းကောင်း၊ ဝက်တိရစ္ဆာန်၏ အသားသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုရည်စူးထားသော တိရစ္ဆာန်သည်လည်းကောင်း၊ လည်မျို (ညှစ်၍ဖြစ်စေ၊ လိမ်၍ဖြစ်စေ) သေရသော တိရစ္ဆာန်သည်လည်းကောင်း၊ ရိုက်နှက်၍ဖြစ်စေ၊ ထိခိုက်၍ဖြစ်စေ သေသောတိရစ္ဆာန်သည်လည်းကောင်း၊ မြင့်ရာမှကျ၍သေသော တိရစ္ဆာန်သည်လည်းကောင်း၊ ဦးချိုဖြင့်ဝှေ့ခတ်ခြင်းခံရ၍သေသော တိရစ္ဆာန်သည်လည်းကောင်း၊ (အသက်မထွက်မီ တရားတော်နှင့်အညီ) အသင်တို့ 'ဇဗဟ်'လှီးဖြတ်နိုင်ခဲ့သော တိရစ္ဆာန်များမှအပ သားရဲတိရစ္ဆာန်များ ကိုက်ခဲသတ်ဖြတ်ထားသော တိရစ္ဆာန်သည်လည်းကောင်း၊ အသင်တို့အပေါ်၌ ဟရာမ်ဟူ၍ တားမြစ်ထားပြီးဖြစ်လေပြီ။ ရုပ်ပွားဆင်းတုများထားရှိရာဌာနများတွင် ပူဇော်သက္ကာပြုရန် လှီးဖြတ်ထားသော တိရစ္ဆာန်များသည်လည်းကောင်း၊ မဲမြှားတို့ဖြင့် အသင်တို့ ဝေစုဝေပုံခွဲခြင်းသည်လည်းကောင်း၊ အသင်တို့အဖို့ (စားသုံးခြင်းမပြုကြရန်) 'ဟရာမ်' တားမြစ်ထားပြီး ဖြစ်ချေသည်။ ဤသည်တို့ကား ပြစ်မှုဒုစရိုက်များပင်တည်း။

စူရဟ် မာအိဒဟ်-(၅:၃)

အစ္စလာမ်သာသနာသည် အရက်သောက်ခြင်းနှင့် အခြားမသန့်ရှင်းသော၊ညစ်ညမ်းသောအရာအားလုံးမှ တားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အို-'မုအ်မင်န်'သက်ဝင်ယုံကြည်သူအပေါင်းတို့ မုချဧကန် သေစာအရက်သည်လည်းကောင်း၊ လောင်းတမ်းကစားခြင်းသည်လည်းကောင်း၊ ရုပ်ထု၊ ဆင်းတု (အစရှိသည့်အရာ) များသည်လည်းကောင်း၊ မြှား (ဖြင့်ကံစမ်းခြင်း) သည်လည်းကောင်း အလွန် ဆိုးရွားညစ်ညမ်းလှသော အမှုကိစ္စများ၊'ရှိုင်တွာန်' အပြုအမူများသာလျှင်ဖြစ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ထို (ဆိုးရွားညစ်ညမ်းသောအရာ) ကို ရှောင်ကြဉ်ကြကုန်လော့။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြပေမည်။(၉၀)

မုချဧကန် 'ရှိုင်တွာန်' မိစ္ဆာကောင်သည် သေစာအရက် (ကို သောက်စားစေခြင်း) ဖြင့်လည်းကောင်း၊ လောင်းတမ်းကစားစေခြင်းဖြင့်လည်းကောင်း၊ အသင်တို့၏စပ်ကြားဝယ် ရန်ငြိုးပွားမှုကိုလည်းကောင်း၊ မုန်းတီးမှုကိုလည်းကောင်း ဖန်တီးရန်နှင့် အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့သတိရခြင်းမှလည်းကောင်း၊ 'ဆွလာသ်' ဝတ်ပြုခြင်းမှလည်းကောင်း၊ ပိတ်ပင်တားဆီးရန်သာလျှင် ကြံစည်လျက်ရှိလေ၏။ သို့ဖြစ်ပေရာ အသင်တို့သည် (သေစာအရက်သောက်စားခြင်းနှင့် လောင်းတမ်းကစားခြင်းမှ) ရပ်စဲကြပါမည်လော။ (တစ်နည်း) ဤမှတစ်ပါး အခြားမဟုတ် 'ရှိုင်တွာန်' မိစ္ဆာကောင်သည် သေရည်သေရက်ဖြင့်လည်းကောင်း၊ အလောင်းအစားဖြင့်လည်းကောင်း၊ အသင်တို့စပ်ကြားတွင် ရန်ငြိုးပွားမှု၊ မုန်းထားမှုများကိုဖြစ်စေလို၏။ ၎င်းပြင် (ရှိုင်တွာန်သည်) အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသသတိရခြင်းမှလည်းကောင်း၊ 'ဆွလာသ်' ဝတ်ပြုခြင်းမှလည်းကောင်း ပိတ်ပင်တားဆီးလို၏။ သို့ဖြစ်ပေရာ အသင်တို့သည် ရပ်တံ့ကြမည်သူများ ဖြစ်ကြသလော။ (ရပ်တန့်ကြမည်လော) (ဝါ) ရပ်တန့်ကြလေကုန်။(၉၁)

စူရဟ် မာအိဒဟ်-(၅:၉၀-၉၁)

သောင်ရသ်ကျမ်းတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ဂုဏ်အရည်အချင်းများ အနက်အချို့ကို အလ္လာဟ်အရှင်မြတ်က တင်ပြထားသည်မှာ ထိုတမန်တော်သည် နောက်လိုက်တို့အား ညစ်ညမ်းသည့်အရာများမှ ပိတ်ပင်တားဆီးတော်မူသည်။ ဤအကြောင်းအား စာပိုဒ်(၃၁)တွင် တင်ပြခဲ့ပြီးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အကြင်သူတို့သည်မည်သည့် လူသား တစ်ဦးထံကမျှ စာပေပညာ သင်ယူခြင်း မရှိခဲ့သူ ဖြစ်သော ရစူလ်၊နဗီတမန်တော်မြတ်၏(အမိန့်တော်များ)ကို လိုက်နာကြကုန်၏။ထိုသူတို့သည်ထိုရစူလ်၊နဗီတမန်တော်မြတ်(၏ဝိသေသဂုဏ်ထူးများ)ကိုမိမိတို့ထံရှိတောင်ရာတ်ကျမ်းတော်တွင်လည်းကောင်း၊အင်(န်)ဂျီလ်ကျမ်းတော်တွင်လည်းကောင်း၊ရေးသားပြီးဖြစ်သည်ကိုတွေ့ရှိကြလေသည်။ယင်းရစူလ်၊နဗီတမန်တော်မြတ်သည်ထိုသူတို့အားကောင်းမှုသုစရိုက်များကို(ပြုလုပ်ကြရန်)ညွှန်ကြားသည့်အပြင်မကောင်းမှုဒုစရိုက်များမှကြဉ်ရှောင်ကြရန်မြစ်တားလေသည်။၎င်းပြင်ထိုသူတို့အဖို့စင်ကြယ်သောအရာများကို(စားသုံး)ခွင့်ပြုကာမသန့်စင်သောအရာများကို၎င်းတို့အပေါ်၌(စားသုံးခြင်းမပြုကြရန်)တားမြစ်လေသည်။ထိုမှတစ်ပါးထိုသူတို့အပေါ်၌(ယခုတိုင်အောင်)တည်ရှိနေသောဝန်နှင့်လည်ကွင်းများ(အတုပ်အနှောင်များ)ကိုလည်း၎င်းတို့အပေါ်မှချ၍ပေးလေသည်။

စူရဟ် အအ်ရာဖ်-(၇:၁၅၇)

အစ္စလာမ်သာသနာသည် အဖမဲ့ကလေး၏ ဥစ္စာပစ္စည်းအားစားသောက်ခြင်းမှတားမြစ်ထားသည်။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ထို့ပြင်တဝ အသင်တို့သည် အဖမဲ့ကလေးတို့အား ထိုသူတို့၏ ဥစ္စာပစ္စည်းများကို (သစ္စာရှိစွာဖြင့်) ပြန်၍ပေးကြကုန်လော့။ ၎င်းပြင် အသင်တို့သည် (မိမိတို့၏ပစ္စည်း) အညံ့ကို (အဖမဲ့တို့၏ပစ္စည်း) အကောင်းနှင့်လဲလှယ်ခြင်း မပြုကြကုန်လင့်။ ၎င်းပြင်အသင်တို့သည် ထိုအဖမဲ့ကလေးတို့၏ ဥစ္စာပစ္စည်းများကို မိမိတို့၏ဥစ္စာပစ္စည်းများနှင့် ရောနှောစားသုံးခြင်းကိုလည်း မပြုကြကုန်လင့်။ ယင်းကဲ့သို့ပြုမူခြင်းသည် စင်စစ်ဧကန်ကြီးစွာသော အပြစ်ပင်ဖြစ်ချေ၏။

စူရဟ် နိစာအ်-(၄:၂)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

မုချဧကန်အကြင်သူများသည် ဖမဲ့ကလေးများ၏ ဥစ္စာပစ္စည်းများကိုမတရားသဖြင့်စားသုံးကြ၏။ မုချဧကန်ထိုသူများသည် မိမိတို့ဝမ်းတွင်းသို့မီး (ကျီမီးခဲ)ကိုသာလျှင် (ထည့်သွင်း)စားသုံးကြ၏။၎င်းပြင်ထိုသူများသည် မကြာမြင့်မီအတွင်း အလျှံပြောင်ပြောင်တောက်လောင်လျက်ရှိသော ငရဲသို့သက်ဆင်းဝင်ရောက်လာကြရပေမည်။

စူရဟ် နိစာအ်-(၄:၁၀)

အစ္စလာမ်သာသနာသည် အခြင်အတွယ်နှင့် အလေးခိုးခြင်းတို့အား တားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အလေး၊ တင်းတောင်း၊ ခွက်၊ စသည်ကို စဉ်းလဲသူတို့သည် ပျက်စီးကြရပေမည်။(၁)

အကြင်သူတို့သည် သူတစ်ပါးထံမှ ခြင်တွယ်၍ ယူကြရသောအခါ အပြည့်(ခြင်၍)ရယူကြလေသည်။(၂)

သို့ရာတွင် ၎င်းတို့သည် သူတစ်ပါးတို့အား ခြင်တွယ်၍သော်လည်းကောင်း၊ သူတစ်ပါးတို့အား ချိန်တွယ်၍သော်လည်းကောင်း၊ ပေးကြသောအခါ လျှော့၍ပေးကြလေသည်။(၃)

၎င်းတို့သည် မိမိတို့မှာ ဧကန်အမှန် ရှင်ပြန်ထကြရမည့်သူများ ဖြစ်ကြသည်ကို မယုံကြည်ကြ လေသလော။(၄)

စူရဟ် မုတွဖ်ဖိဖီန်-(၈၃:၁-၄)

အစ္စလာမ်သာသနာသည် ဆွေမျိုးသားချင်း အဆက်ဖြတ်ခြင်းအား တားမြစ်ထားသည်။ ဤသို့တားမြစ်ကြောင်းညွှန်ပြထားသည့် အာယသ်တော်များနှင့် ဟဒီးစ်ဩဝါဒတော်များကို စာပိုဒ်(၃၁)တွင် တင်ပြခဲ့ပြီးဖြစ်သည်။ ဤတားမြစ်ထားသည့် ကိစ္စရပ်အားလုံးတို့သည် (ဟရာမ်)မပြုပိုင်ကြောင်းကို နဗီ၊ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်)များ အားလုံးထံတွင် တစ်ညီတစ်ညွတ်တည်းပင်ဖြစ်သည်။

၃၅။ အစ္စလာမ်သာသနာသည် မကောင်းသည့် ကိုယ်ကျင့်တရားဖြစ်သော မုသားပြောခြင်း၊ လိမ်လည်လှည့်စားခြင်း၊ ကတိဖျက်ခြင်း၊ အလွဲသုံးစားပြုခြင်း၊ လှည့်ဖြားခြင်း၊ မနာလိုဖြစ်ခြင်း၊ မကောင်းကြံစည်ခြင်း၊ ခိုးခြင်း၊ ကျူးကျော်စော်ကားခြင်း၊ မတရားမှုပြုခြင်းနှင့် အခြားမကောင်းသည့် ကိုယ်ကျင့်တရားတိုင်းမှ တားမြစ်ထားသည်။

အစ္စလာမ်သာသနာသည် မကောင်းသည့် ကိုယ်ကျင့်တရားအားလုံးမှ တားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းပြင် (အို-ချစ်သား) အသင်သည် လူတို့ရှေ့ဝယ် မိမိမျက်နှာကို စူ၍မထားလေနှင့်။ (လူတို့ဘက်မှ မိမိမျက်နှာကို မလွှဲပါလေနှင့်၊) ထို့ပြင် အသင်သည် ပထဝီမြေဝယ်မော်ကြွားလျက်လမ်းမလျှောက်လေနှင့်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် မည်သည့်စိတ် နေမြင့်သူ၊ အထင်ကြီးသူ၊ ဝါကြွားသူ၊ ဂုဏ်မောက်သူ တို့ကို နှစ်သက်တော်မူသည်မဟုတ်ပေ။စူရဟ် လွတ်က်မာန်-(၃၁:၁၈)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -အသင်တို့အနက်ငါကိုယ်တော် အနှစ်သက်ဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့် အနီးဆုံးနေရာတွင်ရှိမည့်သူသည် သင်တို့ထဲတွင် ကိုယ်ကျင့်တရားအကောင်းဆုံးသူဖြစ်သည်။ အသင်တို့အနက် ငါကိုယ်တော်အမုန်းဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့်အဝေးဆုံးနေရာတွင်ရှိမည့်သူသည် အလွန်စကားများသူများ၊ လူအထင်ကြီးအောင်ပြောဆိုသူများနှင့် မုသဖိုင်းဟိကူးန် တို့ဖြစ်ကြသည်။ သာဝကကြီးများက ကျွန်တော်တို့သည် အလွန်စကားများသူများနှင့် လူအထင်ကြီးအောင်ပြောဆိုသူများဟူသည်ကို နားလည်ကြပါသည်။ မုသဖိုင်းဟိကူးန်ဆိုသည်မှာ အဘယ်ပါနည်းဟုမေးမြန်းခဲ့ကြသည်။ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မာနထောင်လွှားသူများဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။(စိလ်စိလသွလ်ဆွဟီးဟဟ်ကျမ်း-၇၉၁)အစ္စလာမ်သာသနာသည် မုသားပြောခြင်းအားတားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းကျူးလွန်သော လွန်စွာ မုသားပြောဆိုသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူသည် မဟုတ်ပေ။စူရဟ် ဂါဖိရ်-(၄၀:၂၈)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ -အသင်တို့သည် မုသားမှရှောင်ကြဉ်ကြပါ။ အမှန်ပင် မုသားသည်မကောင်းမှုဘက်သို့လမ်းပြပြီး မကောင်းမှုသည် ဂျဟန္နမ်ငရဲသို့လမ်းပြသည်။ လူတစ်ဦးသည်အမြဲမုသားပြောပြီး မုသားပြောခြင်းအား အလေ့အထအဖြစ်ပြုလုပ်ခဲ့ရာ နောက်ဆုံးအလ္လာဟ်အရှင်မြတ်ထံတွင် အလွန်မုသားပြောသူဟု ရေးမှတ်ခြင်းခံရသည်။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၂၆၀၇)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -(မုနာဖိက်) မွတ်စ်လင်မ်အယောင်ဆောင်၏ လက္ခဏာသုံးခုရှိသည်။(၁)စကားပြောသည့်အခါ လိမ်လည်သည်။ (၂)ကတိပြုသည့်အခါ ဖောက်ဖျက်သည်။ (၃)ယုံကြည်အပ်နှံခြင်းခံရသည့်အခါ အလွဲသုံးစားပြုသည်။(ဆွဟီးဟ် ဗုခါရီကျမ်း - ၆၀၉၅)အစ္စလာမ်သာသနာသည် လိမ်လည်လှည့်စားခြင်းအား တားမြစ်ထားသည်။ဟဒီးစ်တော်တွင်လာရှိသည်မှာ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အသီးအနှံစေ့အပုံအနားမှဖြတ်သွားခဲ့သည်။ကိုယ်တော်သည် မိမိလက်တော်ကိုထို(သီးနှံစေ့အပုံ)သို့ ထည့်ကြည့်လိုက်ရာလက်ချောင်းများစိုစွတ်သွားသဖြင့် ဆိုင်ရှင်အား ဒါဘာဖြစ်တာလဲဟု မေးတော်မူခဲ့သည်။၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ရစူလ် မိုးရေစိုသွားခြင်းဖြစ်ပါသည်ဟု ဖြေကြားခဲ့သည်။ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သင်သည်၎င်း(စိုနေသည်အစေ့)တို့ကို လူတို့မြင်နိုင်ရန် သီးနှံစေ့များ၏အပေါ်တွင် အဘယ်ကြောင့် မထားသနည်း။ မည်သူမဆို လိမ်လည်လှည့်စားပါ ထိုသူသည် ငါကိုယ်တော်၏ (နောက်လိုက်သားတို့) အနက်မှမဟုတ်ပေ ဟုမိန့်ကြားတော်မူသည်။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၁၀၂)အစ္စလာမ်သာသနာသည် ကတိဖျက်ခြင်း၊ အလွဲသုံးစားပြုခြင်းနှင့် လှည့်ဖြားခြင်းတို့အား တားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ စောင့်ထိမ်းအပ်သော တာဝန်ဝတ္တရားများကိုလည်းကောင်း၊ ရစူလ်တမန်တော်နှင့်ပတ်သက်၍ စောင့်ထိမ်းအပ်သော တာဝန်ဝတ္တရားများကိုလည်းကောင်း၊ အလွဲသုံးစားမပြုကြကုန်လင့်။ထိုနည်းတူ စွာ အသင်တို့သည် မိမိတို့ယုံကြည်အပ်နှံခြင်း ခံကြရသောကိစ္စများကိုလည်း သစ္စာအလွဲသုံးစားမပြုကြကုန်လင့်။အမှန်မှာ အသင်တို့သည် (အလွဲသုံးစားပြုခြင်းဖြင့် ဖြစ်ပေါ်လာမည့်ဆုံးရှုံးမှုများနှင့် အလွဲသုံးစားပြုခြင်းသည် ဟရာမ်ဖြစ်သည်ကို)အသိပင် ဖြစ်ကြပေသည်။စူရဟ် အန်ဖာလ်-(၈:၂၇)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(ထိုပညာရှင်များကား) အကြင်သူများတည်း၊ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ပဋိညာဉ်ခံဝန်ချက်ကို ကျေပြွန်စွာဆောင်ရွက်ကြပေသည်။ ထို့ပြင် (ယင်း)ပဋိညာဉ်ခံဝန်ချက်ကို မဖောက်ဖျက်ကြပေ။ မချိုးဖောက်ကြပေ။စူရဟ် ရအဒ်-(၁၃:၂၀)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် စစ်တပ်များထွက်ခွါသည့်အခါတွင် မှာကြားလေ့ရှိသည်မှာ-သင်တို့သည်တိုက်ခိုက်ကြပါ၊(သုံ့ပန်းပစ္စည်းများကို)အလွဲသုံးစားမပြုကြနှင့်၊ ကတိမချိုးဖျက်ကြနှင့်၊ ကိုယ်လက်အစိတ်အပိုင်းများကို ဖြတ်တောက်ခြင်းမပြုကြနှင့်၊ ကလေးသူငယ်များကိုသတ်ဖြတ်ခြင်းမပြုကြနှင့်။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၁၇၃၁)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -လူတစ်ဦးတွင် အကျင့်စရိုက်လေးခုရှိလျှင် ၎င်းသည် မွတ်စ်လင်မ်အယောင်ဆောင်(မုနာဖိက်) အစစ်ပင်ဖြစ်သည်။ ထိုအကျင့်စရိုက်များအနက် အကျင့်စရိုက်တစ်ခုရှိသူသည် ယင်းအားမစွန့်လွှတ်သေးအမျှ သူ့တွင်မုနာဖိက်၏ အကျင့်စရိုက်တစ်ခုရှိနေမည်ဖြစ်သည်။ (၎င်းတို့မှာ)ယုံကြည်အပ်နှံခြင်းခံရသည့်အခါအလွဲသုံးစားပြုသည်၊ စကားပြောသည့်အခါလိမ်လည်သည်၊ ကတိပြုသည့်အခါ ဖောက်ဖျက်သည်၊ ခိုက်ရန်ဖြစ်သည့်အခါရုန့်ရင်းကြမ်းတမ်းစွာဆဲဆိုသည်။(ဆွဟီးဟ် ဗုခါရီကျမ်း - ၃၄)အစ္စလာမ်သာသနာသည် မနာလိုခြင်းကိုတားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-သို့တည်းမဟုတ်၊ ၎င်း (ယဟူဒီတို့သည်) အလ္လာဟ်အရှင်မြတ်က မိမိကျေးဇူးတော်အနက်မှ အခြားသူတို့အား ချီးမြှင့်ပေးသနားတော်မူသော အရာများနှင့်စပ်လျဉ်း၍ မနာလိုကြလေသလော။ သို့ဖြစ်လျှင် ငါအရှင်မြတ်သည် (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏ အဆက်အနွယ်အား ကျမ်းဂန်ကိုလည်းကောင်း၊ ဉာဏ်ပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့သည့်အပြင်၊ ငါအရှင်မြတ်သည် ၎င်းတို့အား ကြီးကျယ်လှစွာသော (အုပ်ချုပ်မှု) ဩဇာအာဏာကိုလည်း ချီးမြှင့်ပေးသနားတော်မူခဲ့လေသတည်း။စူရဟ် နိစာအ်-(၄:၅၄)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ်မှာမူကား ကျမ်းဂန် ရရှိကြကုန်သော(ယဟူဒီဘာသာဝင်များ) အနက်မှမြောက်မြားစွာသော သူတို့သည်၊ ထင်ရှားခဲ့ပြီး အမှန်သည် ယင်းသူတို့အဘို့ နောက်သော်မှပင် မိမိတို့စိတ်တွင်း၌ ထားရှိကြကုန်သော မနာလို ဝန်တို ငြူစူခြင်း သဘောများကြောင့် အသင်တို့အား 'မုစ်လင်မ်'ဘဝမှတဖန် ကာဖိရ်ဘဝသို့ ပြန်လည် ပို့ဆောင်လိုကြသည်။ သို့ဖြစ်ငြားသော် လည်း၊ အလ္လာဟ် အရှင်မြတ်အထံတော်မှ အမိန့်တော် ကျရောက်လာသည့်တိုင်အောင် အသင်တို့သည်၊ ခန္တီ တရားကို အမြဲထား၍ ယင်းသူတို့အား လျစ်လျူရှုကာ ခွင့်လွှတ်နေကြကုန်။ ဧကန်မုချ အလ္လာဟ် အရှင်မြတ် သည် အရာခပ်သိမ်းတို့ အပေါ်ဝယ် စွမ်းဆောင် နိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်တည်း။စူရဟ် ဗကရဟ်-(၂:၁၀၉)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ-အသင်တို့အလျင်ရှိခဲ့ကြသော အွမ္မသ်သားတို့၏ရောဂါဖြစ်သည့် မနာလိုခြင်းနှင့် ရန်ငြိုးထားခြင်းတို့သည် သင်တို့ထဲသို့တဖြည်းဖြည်းဝင်ရောက်လာမည်။ ထိုရောဂါသည် ပြောင်စင်အောင်ပြုလုပ်ပစ်သည့်အရာဖြစ်သည်။ ၎င်းသည်ဆံပင်ကို ပြောင်စင်အောင်ပြုသည်ဟု ငါကိုယ်တော်ပြောလိုခြင်းမဟုတ်ဘဲ သာသနာအား(ဖျက်ဆီးပစ်ခြင်း)ကိုဆိုလိုသည်။ အကြင်အရှင်မြတ်၏လက်တော်တွင် ငါကိုယ်တော်၏အသက်ဇီဝိန်ရှိသည် ထိုအရှင်မြတ်အားတိုင်တည်၍ပြောမည်။အသင်တို့သည် အီမာန်သက်ဝင်ယုံကြည်မှုမရှိသေးသမျှ ကာလပတ်လုံး ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်မဟုတ်ပေ။ အသင်တို့သည် အချင်းချင်း ချစ်ခင်မှုမရှိသေးသမျှကာလပတ်လုံး (ပြည့်ဝသည့်)မုအ်မင်န် မဖြစ်နိုင်ပေ။ ငါကိုယ်တော်သည် အသင်တို့အား ကိစ္စရပ်တစ်ခုကို အသိပေးရမည်လော၊ ၎င်းအားပြုလုပ်ပါက အသင်တို့အချင်းချင်း ချစ်ခင်မှုကိုခိုင်မာစေမည်ဖြစ်သည်။ ၎င်းမှာ အသင်တို့ကြားတွင် စလာမ် ကိုဖြန့်ချီကြပါ။(စုနန်သိရ်မိဇီကျမ်း-၂၅၁၀)အစ္စလာမ်သာသနာသည် မကောင်းကြံစည်ခြင်းကို တားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းပြင် ထိုနည်းနှင်နှင် ငါအရှင်မြတ်သည် မြို့ရွာတိုင်းတွင် ထိုမြို့ရွာများ၏ အကြီးအကဲများကို မကောင်းကြံစည်ကြရန် ပြစ်မှုကျူးလွန်သူများ ဖြစ်စေတော်မူခဲ့၏။အမှန်သော်ကား ယင်းသူတို့သည် မိမိတို့ ကိုယ်နှင့်ဆန့်ကျင်၍သာ မကောင်းကြံစည်ကြသည်။ သို့ရာတွင် ယင်းသူတို့သည်(ဤသည်ကိုပင်) မသိနားမလည်ကြချေ။စူရဟ် အန္နအာမ်-(၆:၁၂၃)အလ္လာဟ်အရှင်မြတ်က အသိပေးမိန့်ကြားထားသည်မှာ ရဟူဒီတို့သည် မစီးဟ်(အလိုင်ဟိစ္စလာမ်)ယေရှုအား သတ်ရန်ကြိုးစားခဲ့ကြပြီး အကြံစည်များပြုလုပ်ခဲ့ကြသည်။ သို့သော်အလ္လာဟ်အရှင်မြတ်သည် မစီးဟ်(အလိုင်ဟိစ္စလာမ်)အားလွတ်မြောက်ရန် ၎င်းတို့အပေါ်ပြန်လည်ကြံစည်တော်မူခဲ့သည်။မကောင်းသည့်အကြံအစည်သည် ထိုသို့မကောင်းကြံစည်သူမှလွဲ၍ မည်သူမျှမထိခိုက်ကြောင်းကို အလ္လာဟ်အရှင်မြတ်က ရှင်းလင်းမိန့်ကြားတော်မူထားသည်။တဖန်(နဗီတမန်တော်)အီစာ(အလိုင်ဟစ္စလာမ်)သည် ယင်း(အစ္စရာအီလီမျိုးနွယ်)များဘက်မှ သွေဖည်ငြင်းဆန်မှုကို တွေ့သိရသောအခါ အကျွန်ုပ်အားအလ္လာဟ်အသျှင်မြတ်၏ လမ်းစဉ်၌ကူညီစောင်မမည့်သူမည်သူများရှိကြပါသနည်းဟု မေးမြန်းလေသည်။(ထိုရောကာလ)ဟဝါရီများက ကျွန်တာ်မျိုးတို့သည်အလ္လာဟ်အရှင်(၏သာသနာတော်ကို) ကူညီသောသူများဖြစ်ကြပါသည်။ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကြပါပြီ။သို့ဖြစ်ပါ၍အသင်(နဗီတမန်တော်ကိုယ်တိုင်)ပင်ကျွန်တော်မျိုးတို့သည် အမိန့်နာခံသောသူများဖြစ်ကြောင်း သက်သေခံတော်မူပါဟုပြောဆိုကြကုန်၏။(၅၂)(ထို့နောက်ယင်းဟဝါရီတို့က) အို-ကျွန်တော်မျိုးတို့၏အရှင်မြတ်၊ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထုတ်ပြန်ပို့ချတော်မူသော အမိန့်တော်များကို ယုံကြည်၍(အရှင်မြတ်စေလွှတ်တော်မူသော) ရစူလ်တမန်တော်[အီစာ(အလိုင်ဟစ္စလာမ်)၏ ဩဝါဒများကို(လည်းတသွေမတိမ်း)] လိုက်နာကြပါပြီ။ သို့ဖြစ်ပါ၍အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား သက်သေခံသူအပေါင်းနှင့်အတူ ရေးမှတ်တော်မူပါ(ဟုအလ္လာဟ်အရှင်မြတ်အထံတော်၌ ဆက်လက်၍ ဆုတောင်းပတ္ထနာပြုကြကုန်သတည်း)(၅၃)ယင်း(အစ္စရာအီလီမျိုးနွယ်တို့အနက် တမန်တော်အီစာအားမယုံကြည်သော) သူတို့သည်လည်း [နဗီတမန်တော်အီစာ(အလိုင်ဟစ္စလာမ်)ကိုသတ်ဖြတ်ကြရန်အလို့ငှာ ပရိယာယ်မာယာဝေဝုစ်အားဖြင့်] လိမ္မာပါးနပ်စွာကြံစည်ခဲ့ကြ၏။အလ္လာဟ်အရှင်မြတ်သည်လည်း [နဗီတမန်တော်အီစာ(အလိုင်ဟစ္စလာမ်)အား ယင်းသူတို့၏ဘေးရန်ခပ်သိမ်းတို့မှ ကင်းလွတ်စေတော်မူခြင်းငှာ] ပရိယာယ်ဝေဝုစ်ဖြင့်ပင် ကြံဆောင်တော်မူခဲ့လေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် ပရိယာယ်ဝေဝုစ်ဖြင့်ကြံဆောင်သူများထက် အကောင်းဆုံး ကြံဆောင်တော်မူနိုင်သောအသျှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။(၅၄)တရံရောအခါဝယ် အလ္လာဟ်အရှင်မြတ်က အို-အီစာ(အသင်သည်မည်သို့မျှစိုးရိမ်ကြောင့်ကြခြင်းမရှိလေနှင့်) မုချဧကန်ငါအရှင်မြတ်သည်အသင့်ကိုသတ်မှတ်ထားသောအချိန်၌) သေစေတော်မူအံ့။ ၎င်းပြင်အသင့်အားမိမိအထံတော်(ကောင်းကင်ဘုံ)သို့ ပင့်မယူတော်မူအံ့။၎င်းပြင်မယုံမကြည်သွေဖည်ငြင်းပယ်သော ကာဖိရ်တို့(၏စွပ်စွဲချက်တို့)မှ သန့်ရှင်းစင်ကြယ်၍ လွတ်ကင်းစေတော်မူအံ့။ ၎င်းပြင်အသင်၏ဩဝါဒကိုလိုက်နာသူတို့အား (အသင့်ကို)မယုံမကြည်ငြင်းဆန်သော ကာဖိရ်တို့အထက်ဝယ် ကိယာမတ်နေ့အထိလွှမ်းမိုးစေတော်မူအံ့။ ပြီးနောက်တဖန်အသင်တို့၏(နောက်ဆုံး) ပြန်လည်ရာစခန်းသည် ငါအရှင်မြတ်၏အထံတော်တွင် ရှိနေပေရာငါအရှင်မြတ်သည် အသင်တို့အချင်းချင်း အကွဲအလွဲရှိခဲ့သောကိစ္စများနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော်မူအံ့။(၅၅)စူရဟ် အားလိအင်မ်ရာန်-(၃:၅၂-၅၅)အလ္လာဟ်အရှင်မြတ်က အသိပေးမိန့်ကြားထားသည်မှာ တမန်တော် ဆွာလေဟ်(အလိုင်ဟိစ္စလာမ်) ၏အမျိုးသားတို့သည် ၎င်းအားသတ်ရန် ရည်ရွယ်ကာကြံစည်ခဲ့ကြသည်။ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ပြန်လည်ကြံစည်တော်မူခဲ့ပြီး ၎င်းတို့နှင့် ၎င်းတို့၏အမျိုးသားများအားလုံးကို သေကြေပျက်စီးစေတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းတို့က ပြောဆို(တိုင်ပင်)ခဲ့ကြကုန်၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ထိုဆွာလိဟ်အားလည်းကောင်း၊ ထိုဆွာလိဟ်နှင့် ပတ်သက်သော သူတို့အားလည်းကောင်း၊ ညဉ့်အချိန်၌ သွားရောက်သတ်ဖြတ်ရန် ကျိန်ဆိုခဲ့ကြလေသည်။ ပြီးနောက် ထိုဆွာလိဟ်၏ အမွေစားအမွေခံတို့အား ၎င်းနှင့်ပက်သက်သောသူများ အသတ်ခံကြရသောအချိန်တွင် ကျွန်ုပ်တို့ တွေ့မြင်ခဲ့ကြသည် မဟုတ်ပေ။ ထို့ပြင် ဧကန်မလွဲ ကျွန်ုပ်တို့သည် သစ္စာဝါဒီများပင် ဖြစ်ကြသည်ဟု ပြောဆိုကြမည့်အကြောင်း အချင်းချင်း ပြောဆိုခဲ့ကြလေသည်။(၄၉)စင်စစ် ၎င်းတို့သည် အကြံအစည်တစ်ခုကို လျှို့ဝှက်ကြံစည်ခဲ့ကြကုန်၏။ ထိုနည်းတူစွာ ငါအရှင်မြတ်သည်လည်း အကြံအစည်တစ်ခုကို ကြံစည်တော်မူခဲ့၏။ စင်စစ်၎င်းတို့သည် (ဤသည်ကို) မသိကြပေ။(၅၀)သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊)အသင်သည် ၎င်းတို့၏အကြံအစည်၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံဖြစ်ခဲ့သည်ကို ရှုပါလေ။ ဧကန်မုချ ငါအရှင်မြတ်သည် ထိုသူတို့အားလည်းကောင်း၊ ထိုသူတို့၏အမျိုးသားတို့အားလည်းကောင်း၊ အားလုံးကိုပင် ဖျက်ဆီးတော်မူခဲ့ပေသည်။(၅၁)စူရဟ် နမ်လ်-(၂၇:၄၉-၅၁)အစ္စလာမ်သာသနာသည် ခိုးခြင်းအားတားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူသည်မှာ-(ဇိနာ)တရားမဝင်ကာမကျူးလွန်သူသည် ၎င်းဇိနာကျူးလွန်နေချိန်တွင် မုအ်မင်န်မဟုတ်ပေ၊ ခိုးသူသည် ၎င်းခိုးမှုကျူးလွန်နေချိန်တွင် မုအ်မင်န်မဟုတ်ပေ၊ အရက်သောက်သူသည် ၎င်းအရက်သောက်နေချိန်တွင် မုအ်မင်န်မဟုတ်ပေ၊ထို့နောက်တွင်(သောင်ဗဟ်)အမှားဝန်ချရန် အခွင့်အလမ်းရှိနေသေးသည်။(ဆွဟီးဟ် ဗုခါရီကျမ်း -၆၈၁၀)အစ္စလာမ်သာသနာသည် ကျူးကျော်စော်ကားမှုမှ တားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မျှတရန်လည်းကောင်း၊ ကောင်းမွန်စွာကျင့်မူဆက်ဆံရန်လည်း ကောင်း၊ဆွေမျိုးနီးစပ်တို့ကို ပေးကမ်းရန်လည်းကောင်း၊ အမိန့်ပေးတော်မူလေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ထင်ရှားစွာသောစက်ဆုပ်ရွံ့ရှာဖွယ်များမှလည်းကောင်း၊ မကောင်းမှုများမှလည်းကောင်း၊ မတရားမှုများမှလည်းကောင်း၊ မြစ်တားတော်မူလေသည်။ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ သတိရကြအံ့သောငှာ သတိပေး နှိုးဆော်တော် မူပေသတည်း။စူရဟ် နဟ်လ်-(၁၆:၉၀)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -အလ္လာဟ်အရှင်မြတ်သည် အသင်တို့တစ်ဦးကိုတစ်ဦး ကျူးကျော်စော်ကားခြင်းနှင့် ဝါကြွားခြင်း မရှိကြတော့သည်အထိ အပြန်အလှန်ရိုကျိုးမှုထားကြရန် ငါကိုယ်တော်အားဗျာဒိတ်တော်ပို့ချခဲ့သည်။(ဆွဟီးဟ်အဗူဒါဝူဒ်ကျမ်း ၄၈၉၅)အစ္စလာမ်သာသနာသည် မတရားမှုမှတားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းပြင်အလ္လာဟ်အရှင်မြတ်သည် မတော်မတရားကျူးလွန်စော်ကားသူတို့အား နှစ်သက်တော်မူသည်မဟုတ်ချေ။စူရဟ် အားလိအင်မ်ရာန်-(၃:၅၇)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အမှန်စင်စစ်သော်ကား (ထိုကဲ့သို့သော) မတရားသော သူတို့သည် (မည်သည့်အခါမျှ) အောင်မြင်ကြမည် မဟုတ်ပေ။စူရဟ် အန္နအာမ်-(၆:၂၁)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-သို့ရာတွင် မတရားသော သူတို့အဖို့မှာမူကား၊ ထိုအရှင်မြတ်သည် နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်တော်ကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူပြီး ဖြစ်ပေသည်တကား။စူရဟ် အင်န်စာန်-(၇၆:၃၁)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -သုံးဦးသောသူ၏ တောင်းဆုဒုအာသည် ပယ်ချခြင်းမခံရပေ (၁)တရားမျှတသည့်ခေါင်းဆောင် (၂)ဆွီယာမ်ဥပုသ်စောင့်ထိန်းသူ ဥပုသ်ထွက်သည်အထိ၊(၃)မတရားညှင်းပန်းခြင်းခံရသူ ၎င်းသူ၏တောင်းဆုသည် မိုးတိမ်များပေါ်သို့ယူဆောင်ခြင်းခံရပြီး ၎င်းတောင်းဆုအတွက်မိုးကောင်းကင်၏ တံခါးများဖွင့်ထားမည်။မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်က မိမိ၏ဂုဏ်သိက္ခာအား သက်သေထားတော်မူပြီးမိန့်ကြားမည်မှာ အချိန်ကာလအနည်းငယ်ကြာပြီးလျှင်ဖြစ်စေ ငါအရှင်မြတ်သည် သင့်အားမုချကူညီစောင်မတော်မူမည်။(မွတ်စ်လင်မ်ကျမ်းတွင်စာသားအနည်းငယ်ကွဲပြား၍အတိုချုံးလာရှိသည်-၂၇၄၉)(သိရ်မိဇီကျမ်း-၂၅၂၆)စာသားအနည်းငယ်ကွဲပြားသည်။(အဟ်မဒ်ကျမ်း-၈၀၄၃) ၎င်းကျမ်းပါစာသားအတိုင်းဖြစ်သည်။တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)အား ယီမင်နိုင်ငံသို့စေလွှတ်သည့်အခါ မှာကြားတော်မူသည်မှာ-သင်သည် မတရားညှင်းပန်းနှိပ်စက်ခြင်းခံရသူ၏ မကောင်းဆုတောင်ခြင်း ကို ကြောက်ရွံ့ပါ။ အမှန်တကယ်ပင် ၎င်းတောင်းဆုနှင့် အလ္လာဟ်အရှင်မြတ်၏ကြားတွင်မည်သည့် အတားအဆီးမျှမရှိပေ။(ဆွဟီးဟ် ဗုခါရီကျမ်း - ၁၄၉၆)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -ကောင်းစွာသတိပြုကြလေကုန်၊ မည်သူမဆိုကတိပြုလုပ်ထားသူအား မတရားပြုမည် သို့မဟုတ်(၎င်း၏အခွင့်အရေးအား)လျော့နည်းအောင်ပြုမည်။သို့မဟုတ် ၎င်းအား သူတတ်စွမ်းနိုင်သည်ထက် ပို၍တာဝန်ပေးမည်။ သို့မဟုတ် ၎င်းမကျေနပ်ဘဲ သူ့ထံမှတစ်စုံတစ်ရာရယူမည်ဆိုလျင် ကိယာမသ်နေ့၌ ငါကိုယ်တော်သည် ထိုသူအတွက်အငြင်းဝင်ပေးမည့်သူဖြစ်သည်။(စုနန်အဗူဒါဝုဒ်ကျမ်း -၃၀၅၂)သင်မြင်တွေ့သည့်အတိုင်းပင် အစ္စလာမ်သာသနာသည် မကောင်းသည့်ကိုယ်ကျင့်တရားနှင့် မတရားသည့်ဆက်ဆံရေးတိုင်းမှ တားမြစ်ထားသည်။

၎င်းပြင် (အို-ချစ်သား) အသင်သည် လူတို့ရှေ့ဝယ် မိမိမျက်နှာကို စူ၍မထားလေနှင့်။ (လူတို့ဘက်မှ မိမိမျက်နှာကို မလွှဲပါလေနှင့်၊) ထို့ပြင် အသင်သည် ပထဝီမြေဝယ်မော်ကြွားလျက်လမ်းမလျှောက်လေနှင့်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် မည်သည့်စိတ် နေမြင့်သူ၊ အထင်ကြီးသူ၊ ဝါကြွားသူ၊ ဂုဏ်မောက်သူ တို့ကို နှစ်သက်တော်မူသည်မဟုတ်ပေ။

စူရဟ် လွတ်က်မာန်-(၃၁:၁၈)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

အသင်တို့အနက်ငါကိုယ်တော် အနှစ်သက်ဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့် အနီးဆုံးနေရာတွင်ရှိမည့်သူသည် သင်တို့ထဲတွင် ကိုယ်ကျင့်တရားအကောင်းဆုံးသူဖြစ်သည်။ အသင်တို့အနက် ငါကိုယ်တော်အမုန်းဆုံးနှင့် ကိယာမသ်နေ့တွင် ငါကိုယ်တော်နှင့်အဝေးဆုံးနေရာတွင်ရှိမည့်သူသည် အလွန်စကားများသူများ၊ လူအထင်ကြီးအောင်ပြောဆိုသူများနှင့် မုသဖိုင်းဟိကူးန် တို့ဖြစ်ကြသည်။ သာဝကကြီးများက ကျွန်တော်တို့သည် အလွန်စကားများသူများနှင့် လူအထင်ကြီးအောင်ပြောဆိုသူများဟူသည်ကို နားလည်ကြပါသည်။ မုသဖိုင်းဟိကူးန်ဆိုသည်မှာ အဘယ်ပါနည်းဟုမေးမြန်းခဲ့ကြသည်။ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မာနထောင်လွှားသူများဖြစ်သည်ဟု ဖြေကြားတော်မူခဲ့သည်။

(စိလ်စိလသွလ်ဆွဟီးဟဟ်ကျမ်း-၇၉၁)

အစ္စလာမ်သာသနာသည် မုသားပြောခြင်းအားတားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် စည်းကမ်းကျူးလွန်သော လွန်စွာ မုသားပြောဆိုသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူသည် မဟုတ်ပေ။

စူရဟ် ဂါဖိရ်-(၄၀:၂၈)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ -

အသင်တို့သည် မုသားမှရှောင်ကြဉ်ကြပါ။ အမှန်ပင် မုသားသည်မကောင်းမှုဘက်သို့လမ်းပြပြီး မကောင်းမှုသည် ဂျဟန္နမ်ငရဲသို့လမ်းပြသည်။ လူတစ်ဦးသည်အမြဲမုသားပြောပြီး မုသားပြောခြင်းအား အလေ့အထအဖြစ်ပြုလုပ်ခဲ့ရာ နောက်ဆုံးအလ္လာဟ်အရှင်မြတ်ထံတွင် အလွန်မုသားပြောသူဟု ရေးမှတ်ခြင်းခံရသည်။

(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၂၆၀၇)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

(မုနာဖိက်) မွတ်စ်လင်မ်အယောင်ဆောင်၏ လက္ခဏာသုံးခုရှိသည်။(၁)စကားပြောသည့်အခါ လိမ်လည်သည်။ (၂)ကတိပြုသည့်အခါ ဖောက်ဖျက်သည်။ (၃)ယုံကြည်အပ်နှံခြင်းခံရသည့်အခါ အလွဲသုံးစားပြုသည်။

(ဆွဟီးဟ် ဗုခါရီကျမ်း - ၆၀၉၅)

အစ္စလာမ်သာသနာသည် လိမ်လည်လှည့်စားခြင်းအား တားမြစ်ထားသည်။

ဟဒီးစ်တော်တွင်လာရှိသည်မှာ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အသီးအနှံစေ့အပုံအနားမှဖြတ်သွားခဲ့သည်။ကိုယ်တော်သည် မိမိလက်တော်ကိုထို(သီးနှံစေ့အပုံ)သို့ ထည့်ကြည့်လိုက်ရာလက်ချောင်းများစိုစွတ်သွားသဖြင့် ဆိုင်ရှင်အား ဒါဘာဖြစ်တာလဲဟု မေးတော်မူခဲ့သည်။၎င်းက အို-အလ္လာဟ်အရှင်မြတ်၏ရစူလ် မိုးရေစိုသွားခြင်းဖြစ်ပါသည်ဟု ဖြေကြားခဲ့သည်။ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သင်သည်၎င်း(စိုနေသည်အစေ့)တို့ကို လူတို့မြင်နိုင်ရန် သီးနှံစေ့များ၏အပေါ်တွင် အဘယ်ကြောင့် မထားသနည်း။ မည်သူမဆို လိမ်လည်လှည့်စားပါ ထိုသူသည် ငါကိုယ်တော်၏ (နောက်လိုက်သားတို့) အနက်မှမဟုတ်ပေ ဟုမိန့်ကြားတော်မူသည်။

(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၁၀၂)

အစ္စလာမ်သာသနာသည် ကတိဖျက်ခြင်း၊ အလွဲသုံးစားပြုခြင်းနှင့် လှည့်ဖြားခြင်းတို့အား တားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ စောင့်ထိမ်းအပ်သော တာဝန်ဝတ္တရားများကိုလည်းကောင်း၊ ရစူလ်တမန်တော်နှင့်ပတ်သက်၍ စောင့်ထိမ်းအပ်သော တာဝန်ဝတ္တရားများကိုလည်းကောင်း၊ အလွဲသုံးစားမပြုကြကုန်လင့်။ထိုနည်းတူ စွာ အသင်တို့သည် မိမိတို့ယုံကြည်အပ်နှံခြင်း ခံကြရသောကိစ္စများကိုလည်း သစ္စာအလွဲသုံးစားမပြုကြကုန်လင့်။အမှန်မှာ အသင်တို့သည် (အလွဲသုံးစားပြုခြင်းဖြင့် ဖြစ်ပေါ်လာမည့်ဆုံးရှုံးမှုများနှင့် အလွဲသုံးစားပြုခြင်းသည် ဟရာမ်ဖြစ်သည်ကို)အသိပင် ဖြစ်ကြပေသည်။

စူရဟ် အန်ဖာလ်-(၈:၂၇)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

(ထိုပညာရှင်များကား) အကြင်သူများတည်း၊ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ပဋိညာဉ်ခံဝန်ချက်ကို ကျေပြွန်စွာဆောင်ရွက်ကြပေသည်။ ထို့ပြင် (ယင်း)ပဋိညာဉ်ခံဝန်ချက်ကို မဖောက်ဖျက်ကြပေ။ မချိုးဖောက်ကြပေ။

စူရဟ် ရအဒ်-(၁၃:၂၀)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် စစ်တပ်များထွက်ခွါသည့်အခါတွင် မှာကြားလေ့ရှိသည်မှာ-

သင်တို့သည်တိုက်ခိုက်ကြပါ၊(သုံ့ပန်းပစ္စည်းများကို)အလွဲသုံးစားမပြုကြနှင့်၊ ကတိမချိုးဖျက်ကြနှင့်၊ ကိုယ်လက်အစိတ်အပိုင်းများကို ဖြတ်တောက်ခြင်းမပြုကြနှင့်၊ ကလေးသူငယ်များကိုသတ်ဖြတ်ခြင်းမပြုကြနှင့်။

(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၁၇၃၁)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

လူတစ်ဦးတွင် အကျင့်စရိုက်လေးခုရှိလျှင် ၎င်းသည် မွတ်စ်လင်မ်အယောင်ဆောင်(မုနာဖိက်) အစစ်ပင်ဖြစ်သည်။ ထိုအကျင့်စရိုက်များအနက် အကျင့်စရိုက်တစ်ခုရှိသူသည် ယင်းအားမစွန့်လွှတ်သေးအမျှ သူ့တွင်မုနာဖိက်၏ အကျင့်စရိုက်တစ်ခုရှိနေမည်ဖြစ်သည်။ (၎င်းတို့မှာ)ယုံကြည်အပ်နှံခြင်းခံရသည့်အခါအလွဲသုံးစားပြုသည်၊ စကားပြောသည့်အခါလိမ်လည်သည်၊ ကတိပြုသည့်အခါ ဖောက်ဖျက်သည်၊ ခိုက်ရန်ဖြစ်သည့်အခါရုန့်ရင်းကြမ်းတမ်းစွာဆဲဆိုသည်။

(ဆွဟီးဟ် ဗုခါရီကျမ်း - ၃၄)

အစ္စလာမ်သာသနာသည် မနာလိုခြင်းကိုတားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

သို့တည်းမဟုတ်၊ ၎င်း (ယဟူဒီတို့သည်) အလ္လာဟ်အရှင်မြတ်က မိမိကျေးဇူးတော်အနက်မှ အခြားသူတို့အား ချီးမြှင့်ပေးသနားတော်မူသော အရာများနှင့်စပ်လျဉ်း၍ မနာလိုကြလေသလော။ သို့ဖြစ်လျှင် ငါအရှင်မြတ်သည် (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏ အဆက်အနွယ်အား ကျမ်းဂန်ကိုလည်းကောင်း၊ ဉာဏ်ပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့သည့်အပြင်၊ ငါအရှင်မြတ်သည် ၎င်းတို့အား ကြီးကျယ်လှစွာသော (အုပ်ချုပ်မှု) ဩဇာအာဏာကိုလည်း ချီးမြှင့်ပေးသနားတော်မူခဲ့လေသတည်း။

စူရဟ် နိစာအ်-(၄:၅၄)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

စင်စစ်မှာမူကား ကျမ်းဂန် ရရှိကြကုန်သော(ယဟူဒီဘာသာဝင်များ) အနက်မှမြောက်မြားစွာသော သူတို့သည်၊ ထင်ရှားခဲ့ပြီး အမှန်သည် ယင်းသူတို့အဘို့ နောက်သော်မှပင် မိမိတို့စိတ်တွင်း၌ ထားရှိကြကုန်သော မနာလို ဝန်တို ငြူစူခြင်း သဘောများကြောင့် အသင်တို့အား 'မုစ်လင်မ်'ဘဝမှတဖန် ကာဖိရ်ဘဝသို့ ပြန်လည် ပို့ဆောင်လိုကြသည်။ သို့ဖြစ်ငြားသော် လည်း၊ အလ္လာဟ် အရှင်မြတ်အထံတော်မှ အမိန့်တော် ကျရောက်လာသည့်တိုင်အောင် အသင်တို့သည်၊ ခန္တီ တရားကို အမြဲထား၍ ယင်းသူတို့အား လျစ်လျူရှုကာ ခွင့်လွှတ်နေကြကုန်။ ဧကန်မုချ အလ္လာဟ် အရှင်မြတ် သည် အရာခပ်သိမ်းတို့ အပေါ်ဝယ် စွမ်းဆောင် နိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်တည်း။

စူရဟ် ဗကရဟ်-(၂:၁၀၉)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ-

အသင်တို့အလျင်ရှိခဲ့ကြသော အွမ္မသ်သားတို့၏ရောဂါဖြစ်သည့် မနာလိုခြင်းနှင့် ရန်ငြိုးထားခြင်းတို့သည် သင်တို့ထဲသို့တဖြည်းဖြည်းဝင်ရောက်လာမည်။ ထိုရောဂါသည် ပြောင်စင်အောင်ပြုလုပ်ပစ်သည့်အရာဖြစ်သည်။ ၎င်းသည်ဆံပင်ကို ပြောင်စင်အောင်ပြုသည်ဟု ငါကိုယ်တော်ပြောလိုခြင်းမဟုတ်ဘဲ သာသနာအား(ဖျက်ဆီးပစ်ခြင်း)ကိုဆိုလိုသည်။ အကြင်အရှင်မြတ်၏လက်တော်တွင် ငါကိုယ်တော်၏အသက်ဇီဝိန်ရှိသည် ထိုအရှင်မြတ်အားတိုင်တည်၍ပြောမည်။အသင်တို့သည် အီမာန်သက်ဝင်ယုံကြည်မှုမရှိသေးသမျှ ကာလပတ်လုံး ဂျန္နသ်သုခဘုံသို့ဝင်ရောက်ရမည်မဟုတ်ပေ။ အသင်တို့သည် အချင်းချင်း ချစ်ခင်မှုမရှိသေးသမျှကာလပတ်လုံး (ပြည့်ဝသည့်)မုအ်မင်န် မဖြစ်နိုင်ပေ။ ငါကိုယ်တော်သည် အသင်တို့အား ကိစ္စရပ်တစ်ခုကို အသိပေးရမည်လော၊ ၎င်းအားပြုလုပ်ပါက အသင်တို့အချင်းချင်း ချစ်ခင်မှုကိုခိုင်မာစေမည်ဖြစ်သည်။ ၎င်းမှာ အသင်တို့ကြားတွင် စလာမ် ကိုဖြန့်ချီကြပါ။

(စုနန်သိရ်မိဇီကျမ်း-၂၅၁၀)

အစ္စလာမ်သာသနာသည် မကောင်းကြံစည်ခြင်းကို တားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

၎င်းပြင် ထိုနည်းနှင်နှင် ငါအရှင်မြတ်သည် မြို့ရွာတိုင်းတွင် ထိုမြို့ရွာများ၏ အကြီးအကဲများကို မကောင်းကြံစည်ကြရန် ပြစ်မှုကျူးလွန်သူများ ဖြစ်စေတော်မူခဲ့၏။အမှန်သော်ကား ယင်းသူတို့သည် မိမိတို့ ကိုယ်နှင့်ဆန့်ကျင်၍သာ မကောင်းကြံစည်ကြသည်။ သို့ရာတွင် ယင်းသူတို့သည်(ဤသည်ကိုပင်) မသိနားမလည်ကြချေ။

စူရဟ် အန္နအာမ်-(၆:၁၂၃)

အလ္လာဟ်အရှင်မြတ်က အသိပေးမိန့်ကြားထားသည်မှာ ရဟူဒီတို့သည် မစီးဟ်(အလိုင်ဟိစ္စလာမ်)ယေရှုအား သတ်ရန်ကြိုးစားခဲ့ကြပြီး အကြံစည်များပြုလုပ်ခဲ့ကြသည်။ သို့သော်အလ္လာဟ်အရှင်မြတ်သည် မစီးဟ်(အလိုင်ဟိစ္စလာမ်)အားလွတ်မြောက်ရန် ၎င်းတို့အပေါ်ပြန်လည်ကြံစည်တော်မူခဲ့သည်။မကောင်းသည့်အကြံအစည်သည် ထိုသို့မကောင်းကြံစည်သူမှလွဲ၍ မည်သူမျှမထိခိုက်ကြောင်းကို အလ္လာဟ်အရှင်မြတ်က ရှင်းလင်းမိန့်ကြားတော်မူထားသည်။

တဖန်(နဗီတမန်တော်)အီစာ(အလိုင်ဟစ္စလာမ်)သည် ယင်း(အစ္စရာအီလီမျိုးနွယ်)များဘက်မှ သွေဖည်ငြင်းဆန်မှုကို တွေ့သိရသောအခါ အကျွန်ုပ်အားအလ္လာဟ်အသျှင်မြတ်၏ လမ်းစဉ်၌ကူညီစောင်မမည့်သူမည်သူများရှိကြပါသနည်းဟု မေးမြန်းလေသည်။(ထိုရောကာလ)ဟဝါရီများက ကျွန်တာ်မျိုးတို့သည်အလ္လာဟ်အရှင်(၏သာသနာတော်ကို) ကူညီသောသူများဖြစ်ကြပါသည်။ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကြပါပြီ။သို့ဖြစ်ပါ၍အသင်(နဗီတမန်တော်ကိုယ်တိုင်)ပင်ကျွန်တော်မျိုးတို့သည် အမိန့်နာခံသောသူများဖြစ်ကြောင်း သက်သေခံတော်မူပါဟုပြောဆိုကြကုန်၏။(၅၂)

(ထို့နောက်ယင်းဟဝါရီတို့က) အို-ကျွန်တော်မျိုးတို့၏အရှင်မြတ်၊ကျွန်တော်မျိုးတို့သည် အရှင်မြတ်ထုတ်ပြန်ပို့ချတော်မူသော အမိန့်တော်များကို ယုံကြည်၍(အရှင်မြတ်စေလွှတ်တော်မူသော) ရစူလ်တမန်တော်[အီစာ(အလိုင်ဟစ္စလာမ်)၏ ဩဝါဒများကို(လည်းတသွေမတိမ်း)] လိုက်နာကြပါပြီ။ သို့ဖြစ်ပါ၍အရှင်မြတ်သည်ကျွန်တော်မျိုးတို့အား သက်သေခံသူအပေါင်းနှင့်အတူ ရေးမှတ်တော်မူပါ(ဟုအလ္လာဟ်အရှင်မြတ်အထံတော်၌ ဆက်လက်၍ ဆုတောင်းပတ္ထနာပြုကြကုန်သတည်း)(၅၃)

ယင်း(အစ္စရာအီလီမျိုးနွယ်တို့အနက် တမန်တော်အီစာအားမယုံကြည်သော) သူတို့သည်လည်း [နဗီတမန်တော်အီစာ(အလိုင်ဟစ္စလာမ်)ကိုသတ်ဖြတ်ကြရန်အလို့ငှာ ပရိယာယ်မာယာဝေဝုစ်အားဖြင့်] လိမ္မာပါးနပ်စွာကြံစည်ခဲ့ကြ၏။အလ္လာဟ်အရှင်မြတ်သည်လည်း [နဗီတမန်တော်အီစာ(အလိုင်ဟစ္စလာမ်)အား ယင်းသူတို့၏ဘေးရန်ခပ်သိမ်းတို့မှ ကင်းလွတ်စေတော်မူခြင်းငှာ] ပရိယာယ်ဝေဝုစ်ဖြင့်ပင် ကြံဆောင်တော်မူခဲ့လေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် ပရိယာယ်ဝေဝုစ်ဖြင့်ကြံဆောင်သူများထက် အကောင်းဆုံး ကြံဆောင်တော်မူနိုင်သောအသျှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။(၅၄)

တရံရောအခါဝယ် အလ္လာဟ်အရှင်မြတ်က အို-အီစာ(အသင်သည်မည်သို့မျှစိုးရိမ်ကြောင့်ကြခြင်းမရှိလေနှင့်) မုချဧကန်ငါအရှင်မြတ်သည်အသင့်ကိုသတ်မှတ်ထားသောအချိန်၌) သေစေတော်မူအံ့။ ၎င်းပြင်အသင့်အားမိမိအထံတော်(ကောင်းကင်ဘုံ)သို့ ပင့်မယူတော်မူအံ့။၎င်းပြင်မယုံမကြည်သွေဖည်ငြင်းပယ်သော ကာဖိရ်တို့(၏စွပ်စွဲချက်တို့)မှ သန့်ရှင်းစင်ကြယ်၍ လွတ်ကင်းစေတော်မူအံ့။ ၎င်းပြင်အသင်၏ဩဝါဒကိုလိုက်နာသူတို့အား (အသင့်ကို)မယုံမကြည်ငြင်းဆန်သော ကာဖိရ်တို့အထက်ဝယ် ကိယာမတ်နေ့အထိလွှမ်းမိုးစေတော်မူအံ့။ ပြီးနောက်တဖန်အသင်တို့၏(နောက်ဆုံး) ပြန်လည်ရာစခန်းသည် ငါအရှင်မြတ်၏အထံတော်တွင် ရှိနေပေရာငါအရှင်မြတ်သည် အသင်တို့အချင်းချင်း အကွဲအလွဲရှိခဲ့သောကိစ္စများနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်တော်မူအံ့။(၅၅)

စူရဟ် အားလိအင်မ်ရာန်-(၃:၅၂-၅၅)

အလ္လာဟ်အရှင်မြတ်က အသိပေးမိန့်ကြားထားသည်မှာ တမန်တော် ဆွာလေဟ်(အလိုင်ဟိစ္စလာမ်) ၏အမျိုးသားတို့သည် ၎င်းအားသတ်ရန် ရည်ရွယ်ကာကြံစည်ခဲ့ကြသည်။ ထို့ကြောင့်အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ပြန်လည်ကြံစည်တော်မူခဲ့ပြီး ၎င်းတို့နှင့် ၎င်းတို့၏အမျိုးသားများအားလုံးကို သေကြေပျက်စီးစေတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

၎င်းတို့က ပြောဆို(တိုင်ပင်)ခဲ့ကြကုန်၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ ထိုဆွာလိဟ်အားလည်းကောင်း၊ ထိုဆွာလိဟ်နှင့် ပတ်သက်သော သူတို့အားလည်းကောင်း၊ ညဉ့်အချိန်၌ သွားရောက်သတ်ဖြတ်ရန် ကျိန်ဆိုခဲ့ကြလေသည်။ ပြီးနောက် ထိုဆွာလိဟ်၏ အမွေစားအမွေခံတို့အား ၎င်းနှင့်ပက်သက်သောသူများ အသတ်ခံကြရသောအချိန်တွင် ကျွန်ုပ်တို့ တွေ့မြင်ခဲ့ကြသည် မဟုတ်ပေ။ ထို့ပြင် ဧကန်မလွဲ ကျွန်ုပ်တို့သည် သစ္စာဝါဒီများပင် ဖြစ်ကြသည်ဟု ပြောဆိုကြမည့်အကြောင်း အချင်းချင်း ပြောဆိုခဲ့ကြလေသည်။(၄၉)

စင်စစ် ၎င်းတို့သည် အကြံအစည်တစ်ခုကို လျှို့ဝှက်ကြံစည်ခဲ့ကြကုန်၏။ ထိုနည်းတူစွာ ငါအရှင်မြတ်သည်လည်း အကြံအစည်တစ်ခုကို ကြံစည်တော်မူခဲ့၏။ စင်စစ်၎င်းတို့သည် (ဤသည်ကို) မသိကြပေ။(၅၀)

သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊)အသင်သည် ၎င်းတို့၏အကြံအစည်၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံဖြစ်ခဲ့သည်ကို ရှုပါလေ။ ဧကန်မုချ ငါအရှင်မြတ်သည် ထိုသူတို့အားလည်းကောင်း၊ ထိုသူတို့၏အမျိုးသားတို့အားလည်းကောင်း၊ အားလုံးကိုပင် ဖျက်ဆီးတော်မူခဲ့ပေသည်။(၅၁)

စူရဟ် နမ်လ်-(၂၇:၄၉-၅၁)

အစ္စလာမ်သာသနာသည် ခိုးခြင်းအားတားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူသည်မှာ-

(ဇိနာ)တရားမဝင်ကာမကျူးလွန်သူသည် ၎င်းဇိနာကျူးလွန်နေချိန်တွင် မုအ်မင်န်မဟုတ်ပေ၊ ခိုးသူသည် ၎င်းခိုးမှုကျူးလွန်နေချိန်တွင် မုအ်မင်န်မဟုတ်ပေ၊ အရက်သောက်သူသည် ၎င်းအရက်သောက်နေချိန်တွင် မုအ်မင်န်မဟုတ်ပေ၊ထို့နောက်တွင်(သောင်ဗဟ်)အမှားဝန်ချရန် အခွင့်အလမ်းရှိနေသေးသည်။

(ဆွဟီးဟ် ဗုခါရီကျမ်း -၆၈၁၀)

အစ္စလာမ်သာသနာသည် ကျူးကျော်စော်ကားမှုမှ တားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် မျှတရန်လည်းကောင်း၊ ကောင်းမွန်စွာကျင့်မူဆက်ဆံရန်လည်း ကောင်း၊ဆွေမျိုးနီးစပ်တို့ကို ပေးကမ်းရန်လည်းကောင်း၊ အမိန့်ပေးတော်မူလေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ထင်ရှားစွာသောစက်ဆုပ်ရွံ့ရှာဖွယ်များမှလည်းကောင်း၊ မကောင်းမှုများမှလည်းကောင်း၊ မတရားမှုများမှလည်းကောင်း၊ မြစ်တားတော်မူလေသည်။ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့ သတိရကြအံ့သောငှာ သတိပေး နှိုးဆော်တော် မူပေသတည်း။

စူရဟ် နဟ်လ်-(၁၆:၉၀)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

အလ္လာဟ်အရှင်မြတ်သည် အသင်တို့တစ်ဦးကိုတစ်ဦး ကျူးကျော်စော်ကားခြင်းနှင့် ဝါကြွားခြင်း မရှိကြတော့သည်အထိ အပြန်အလှန်ရိုကျိုးမှုထားကြရန် ငါကိုယ်တော်အားဗျာဒိတ်တော်ပို့ချခဲ့သည်။

(ဆွဟီးဟ်အဗူဒါဝူဒ်ကျမ်း ၄၈၉၅)

အစ္စလာမ်သာသနာသည် မတရားမှုမှတားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

၎င်းပြင်အလ္လာဟ်အရှင်မြတ်သည် မတော်မတရားကျူးလွန်စော်ကားသူတို့အား နှစ်သက်တော်မူသည်မဟုတ်ချေ။

စူရဟ် အားလိအင်မ်ရာန်-(၃:၅၇)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အမှန်စင်စစ်သော်ကား (ထိုကဲ့သို့သော) မတရားသော သူတို့သည် (မည်သည့်အခါမျှ) အောင်မြင်ကြမည် မဟုတ်ပေ။

စူရဟ် အန္နအာမ်-(၆:၂၁)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

သို့ရာတွင် မတရားသော သူတို့အဖို့မှာမူကား၊ ထိုအရှင်မြတ်သည် နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်တော်ကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူပြီး ဖြစ်ပေသည်တကား။

စူရဟ် အင်န်စာန်-(၇၆:၃၁)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

သုံးဦးသောသူ၏ တောင်းဆုဒုအာသည် ပယ်ချခြင်းမခံရပေ (၁)တရားမျှတသည့်ခေါင်းဆောင် (၂)ဆွီယာမ်ဥပုသ်စောင့်ထိန်းသူ ဥပုသ်ထွက်သည်အထိ၊(၃)မတရားညှင်းပန်းခြင်းခံရသူ ၎င်းသူ၏တောင်းဆုသည် မိုးတိမ်များပေါ်သို့ယူဆောင်ခြင်းခံရပြီး ၎င်းတောင်းဆုအတွက်မိုးကောင်းကင်၏ တံခါးများဖွင့်ထားမည်။မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်က မိမိ၏ဂုဏ်သိက္ခာအား သက်သေထားတော်မူပြီးမိန့်ကြားမည်မှာ အချိန်ကာလအနည်းငယ်ကြာပြီးလျှင်ဖြစ်စေ ငါအရှင်မြတ်သည် သင့်အားမုချကူညီစောင်မတော်မူမည်။

(မွတ်စ်လင်မ်ကျမ်းတွင်စာသားအနည်းငယ်ကွဲပြား၍အတိုချုံးလာရှိသည်-၂၇၄၉)(သိရ်မိဇီကျမ်း-၂၅၂၆)စာသားအနည်းငယ်ကွဲပြားသည်။(အဟ်မဒ်ကျမ်း-၈၀၄၃) ၎င်းကျမ်းပါစာသားအတိုင်းဖြစ်သည်။

တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)အား ယီမင်နိုင်ငံသို့စေလွှတ်သည့်အခါ မှာကြားတော်မူသည်မှာ-

သင်သည် မတရားညှင်းပန်းနှိပ်စက်ခြင်းခံရသူ၏ မကောင်းဆုတောင်ခြင်း ကို ကြောက်ရွံ့ပါ။ အမှန်တကယ်ပင် ၎င်းတောင်းဆုနှင့် အလ္လာဟ်အရှင်မြတ်၏ကြားတွင်မည်သည့် အတားအဆီးမျှမရှိပေ။

(ဆွဟီးဟ် ဗုခါရီကျမ်း - ၁၄၉၆)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

ကောင်းစွာသတိပြုကြလေကုန်၊ မည်သူမဆိုကတိပြုလုပ်ထားသူအား မတရားပြုမည် သို့မဟုတ်(၎င်း၏အခွင့်အရေးအား)လျော့နည်းအောင်ပြုမည်။သို့မဟုတ် ၎င်းအား သူတတ်စွမ်းနိုင်သည်ထက် ပို၍တာဝန်ပေးမည်။ သို့မဟုတ် ၎င်းမကျေနပ်ဘဲ သူ့ထံမှတစ်စုံတစ်ရာရယူမည်ဆိုလျင် ကိယာမသ်နေ့၌ ငါကိုယ်တော်သည် ထိုသူအတွက်အငြင်းဝင်ပေးမည့်သူဖြစ်သည်။

(စုနန်အဗူဒါဝုဒ်ကျမ်း -၃၀၅၂)

သင်မြင်တွေ့သည့်အတိုင်းပင် အစ္စလာမ်သာသနာသည် မကောင်းသည့်ကိုယ်ကျင့်တရားနှင့် မတရားသည့်ဆက်ဆံရေးတိုင်းမှ တားမြစ်ထားသည်။

၃၆။ အစ္စလာမ်သာသနာသည် ငွေကြေးဖြင့်ရောင်းဝယ်မှုကဏ္ဍတွင် အတိုးစားခြင်း၊ လှည့်ဖျားခြင်း၊ မတရားပြုခြင်း၊ လိမ်လည်လှည့်စားခြင်း၊ လူ့အဖွဲ့အစည်းများ၊ လူများ၊ လူတစ်ဦးချင်း၏ အထွေထွေထိခိုက်နစ်နာမှုနှင့် ဘေးအန္တရာယ်ဖြစ်စေသောအရာများကို တားမြစ်ထားသည်။

အစ္စလာမ်သာသနာသည် ငွေကြေးဖြင့်ရောင်းဝယ်မှုကဏ္ဍတွင် အတိုးစားခြင်း၊လှည့်ဖျားခြင်း၊ မတရားပြုခြင်း၊ လိမ်လည်လှည့်စားခြင်း၊ လူ့အဖွဲ့အစည်းများ၊ လူများ၊ လူတစ်ဦးချင်း၏ အထွေထွေထိခိုက်နစ်နာမှုနှင့် ဘေးအန္တရာယ်ဖြစ်စေသောအရာများကိုတားမြစ်ထားသည်။ဤစာပိုဒ်၏အစပိုင်းတွင်ဖော်ပြခဲ့သော အာယသ်တော်များနှင့် ဟဒီးစ်ဩဝါဒတော်များတွင် အတိုးစားခြင်း၊ မတရားပြုခြင်း၊ လိမ်လည်လှည့်စားခြင်း၊ ကမ္ဘာမြေပြင်တွင်ပျက်စီးရာပျက်စီးကြောင်းပြုလုပ်ခြင်းတို့အား တားမြစ်ထားကြောင်းတင်ပြခဲ့ပြီးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-မုအ်မင်န် သက်ဝင်ယုံကြည်သူ ယောက်ျား၊မိန်းမများအား၊ ၎င်းတို့တစ်စုံတစ်ရာကို ကျူးလွန်ကြသည် မရှိဘဲလျက် စိတ်ဒုက္ခပေးကြသောသူတို့မှာမူကား မတရားယိုးစွပ်မှုကိုလည်းကောင်း၊ ထင်ရှားစွာသော ပြစ်မှုကိုလည်းကောင်း၊ထမ်းဆောင်ခဲ့ကြကုန်သတည်း၊စူရဟ် အဟ်ဇာဗ်-(၃၃:၅၈)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-မည်သူမဆို ကောင်းမြတ်သောအကျင့်သီလကိုကျင့်မူဆောက်တည်ပါလျှင် မိမိအကျိုးငှာကျင့်မူ ဆောက်တည်ခြင်းပင် ဖြစ်ပေသည်။ ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုကိုပြုလုပ်သည်ရှိသော်(ယင်းမကောင်းမှု၏ဆိုးကျိုးမှာ) ၎င်း၏အပေါ်၌သာကျရောက်မည်ဖြစ်၏။ အမှန်စင်စစ်သော်ကား အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်ကျွန်တို့အပေါ်ဝယ် နှိပ်စက်ကလူ ပြုတော်မူသောအရှင် မဟုတ်ပေတကား။စူရဟ် ဖွတ်စ်စွိလသ်-(၄၁:၄၆)ဟဒီးစ်တော်တွင်လာရှိသည်မှာ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိကိုယ်မိမိ ထိခိုက်နစ်နာအောင်ပြုခြင်းနှင့် အခြားသူကို ထိခိုက်နစ်နာအောင်ပြုခြင်းတို့ မပြုလုပ်ရဟု ဆုံးဖြတ်ထားတော်မူသည်။(စုနန်အဗူဒါဝုဒ်ကျမ်း )အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် နောင်တမလွန်ဘဝအပေါ် သက်ဝင်ယုံကြည်လျှင် ထိုသူသည်မိမိ၏အိမ်နားနီးချင်းအား ဒုက္ခမပေးရ၊အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် နောင်တမလွန်ဘဝအပေါ်သက်ဝင်ယုံကြည်လျှင် ထိုသူသည်မိမိ၏ဧည့်သည်ကို ဂုဏ်ပေး၍ဆက်ဆံပါ၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် နောင်တမလွန်ဘဝအပေါ် သက်ဝင်ယုံကြည်လျှင် ထိုသူသည် ကောင်းသောစကားကိုပြောပါ (သို့မဟုတ်)တိတ်တိတ်နေပါ၊ အခြားဆင့်ပြန်ချက်တစ်ရပ်တွင် မိမိ၏အိမ်နီးချင်းအား ကောင်းမွန်စွာဆက်ဆံပါဟုလာရှိသည်။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၄၇)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -ကြောင်တစ်ကောင်အတွက်ကြောင့် အမျိုးသမီးတစ်ဦးသည်အပြစ်ပေးခြင်းခံခဲ့ရသည်။ သူမသည် ထိုကြောင်းအားသေဆုံးသည်အထိ ချုပ်နှောင်ထားသည့်အတွက်(ဂျဟန္နမ်)ငရဲသို့ဝင်ခဲ့ရလေသည်။၎င်းအားချုပ်နှောင်ထားစဉ် အစာရေစာတိုက်ကျွေးခြင်းမပြုသလို မြေကြီးမှပိုးမွှားများအားစားနိုင်ရန်အတွက်လည်း မလွှတ်ပေးခဲ့ပေ။(ဆွဟီးဟ် ဗုခါရီကျမ်း - ၃၄၈၂)ဤသည် ကြောင်တစ်ကောင်အား ဒုက္ခရောက်အောင်ပြုသူ၏ ပြစ်ဒဏ်ဖြစ်လျှင် လူသားအား ဒုက္ခရောက်အောင်ပြုလုပ်သူ၏ အပြစ်သည် အဘယ်သို့ဖြစ်မည်နည်း။အိဗ်နုအုမရ်က ဆင့်ပြန်ခဲ့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် (မင်န်ဗရ်)တရားဟောစင်မြင့်ပေါ်တက်၍ အသံကျယ်ကျယ်ဖြင့်ဟစ်ခေါ်ပြီးမိန့်ကြားတော်မူသည်မှာ-အို-နုတ်လျှာဖြင့်သာ အစ္စလာမ်ကိုလက်ခံပြီး နှလုံးထဲ၌(အီမာန်)မရောက်သေးသူအပေါင်းတို့ မွတ်စ်လင်မ်တို့အားဒုက္ခမပေးလေနှင့် အရှက်မခွဲကြလေနှင့် ၎င်းတို့၏ ချွတ်ယွင်းချက် အားနည်းချက်တို့ကို ရှာဖွေဖော်ထုတ်ခြင်း မပြုကြလေနှင့် အဘယ်ကြောင့်ဆိုသော် ဧကန်မုချအကြင်သူသည် မိမိမွတ်စ်လင်မ်ညီနောင်၏ ချွတ်ယွင်းချက်တို့ကို ရှာဖွေဖေါ်ထုတ်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ ချွတ်ယွင်းချက်များကို ရှာဖွေဖေါ်ထုတ်တော်မူလိမ့်မည်။ အရှင်မြတ်ကအကြင်သူ၏ ချွတ်ယွင်းချက်များကိုရှာဖွေဖေါ်ထုတ်ပြီဆိုလျှင် ထိုသူသည်အိမ်တွင်းပုန်းနေလျှက်ပင် အရှက်တကွဲအကျိုးနည်း ဖြစ်ပေလိမ့်မည်။ တစ်နေ့တွင်အိဗ်နုအုမရ်က ကအ်ဗဟ်ကျောင်းတော်ဘက်သို့ ကြည့်ပြီးပြောသည်မှာ သင်သည် အဘယ်မျှကြီးကျယ်ပြီး မြင့်မြတ်လိုက်ပါသနည်း။ သို့သော်(မုအ်မင်န်)သက်ဝင်ယုံကြည်သူသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် သင့်ထက်ပို၍ ကြီးကျယ်မြင့်မြတ်လှပေသည်။(သိရ်မိဇီကျမ်း-၂၀၃၂၊အိဗ်နုဟိဗ္ဗာန်ကျမ်း-၅၇၆၃)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ -အကြင်သူသည်အလ္လာဟ်အရှင်မြတ်နှင့် နောင်တမလွန်ဘဝအပေါ်သက်ဝင်ယုံကြည်လျှင် ထိုသူသည်မိမိ၏ အိမ်နားနီးချင်းအား ဒုက္ခမပေးရ၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် နောင်တမလွန်ဘဝအပေါ် သက်ဝင်ယုံကြည်လျှင် ထိုသူသည်မိမိ၏ဧည့်သည်ကို ဂုဏ်ပေး၍ဆက်ဆံပါ၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် နောင်တမလွန်ဘဝအပေါ် သက်ဝင်ယုံကြည်လျှင် ထိုသူသည် ကောင်းသောစကားကိုပြောပါ (သို့မဟုတ်) တိတ်တိတ်နေပါ။(ဆွဟီးဟ် ဗုခါရီကျမ်း - ၆၀၁၈)အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူသည်မှာ မရှိဆင်းရဲနွမ်းပါးသူ မည်သူဖြစ်သနည်းဆိုသည်ကို အသင်တို့သိကြပါသလော၊ သာဝကကြီးများက လျှောက်တင်ကြသည်မှာ ကျွန်ုပ်တို့ထံ၌လောကီ၏ဥစ္စာပစ္စည်းနှင့် ပိုက်ဆံငွေကြေးမရှိသူကိုခေါ်ကြပါသည်။ထိုအခါတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်၏(အွမ္မသ်)နောက်လိုက်သားတို့အနက် မရှိဆင်းရဲနွမ်းပါးသူသည် ထိုသူဖြစ်သည် အကြင်သူသည် ကိယာမသ်နေ့၌မြောက်မြားစွာသော ဆွိယာမ်ဥပုသ်၊ ဆွလာသ်၊ ဇကာသ်းစသည်တို့အပြင် အခြားသောကောင်းမှုများကိုလည်း ယူဆောင်လာမည်။ (သို့ရာတွင်၎င်းသူ၏ အခြေအနေသည် ဤသို့ဖြစ်မည်။)ထိုသူသည် တစ်ဦးဦးကိုမတရားဆဲဆိုခဲ့သည်။ တစ်ဦးတစ်ယောက်အား စွပ်စွဲခဲ့သည်၊ တစ်ဦးတစ်ယောက်၏ ဥစ္စာပစ္စည်းကိုမတရားယူခဲ့သည်ဖြစ်ရာ ထိုသူ့အားထိုင်စေတော်မူပြီး မတရားပြုခံခဲ့ရသူအထဲမှ တစ်ဦးကိုခေါ်၍ ၎င်းခံခဲ့ရသည်နှင့်အညီအမျှဖြစ်သော ကောင်းမှုကို မတရားပြုသူ၏ ကောင်းမှုမှ အစားပေးလျှော်စေမည်ဖြစ်သည်။ ၎င်းသူသည်အခြားသူများကိုလည်း ထိုအတိုင်းပင် အစားပေး လျော်ရမည်ဖြစ်သည်။ သို့ရှိရာ ၎င်းသူသည်အခြားသူများကို ထိုသို့အစားပေးလျှော်ခြင်းမပြီးဆုံးမီ မိမိ၏ ကောင်းမှုများ ကုန်ခမ်းသွားပါက ၎င်းမတရားပြုကျင့်ခံရသူများ၏ အပြစ်အကုသိုလ်များကို လက်ခံယူခြင်းအားဖြင့် ထပ်မံ၍ အစားပေးလျော်ခြင်းပြုရမည်။အဆုံးတွင် ထိုသူသည် ဂျဟန္နမ်ငရဲသို့ ပြစ်ချခြင်းခံရမည်။(မွတ်စ်လင်မ်ကျမ်း-၂၅၈၁)(သိရ်မိဇီကျမ်း-၂၄၁၈)(အဟ်မဒ်ကျမ်း-၈၀၂၉)၎င်း၏စာသားအတိုင်းဖြစ်သည်။အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ-သစ်ကိုင်းတစ်ကိုင်းသည် လမ်းပေါ်တွင်ရှိပြီး လူတို့အား ဒုက္ခဖြစ်စေသည်။ သို့ရှိရာလူတစ်ဦးသည် ၎င်းအား ဖယ်ရှားလိုက်သည့်အတွက် ထိုသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရခဲ့သည်။(ဗုခါရီကျမ်း-၆၅၂)၎င်း၏အဓိပ္ပါယ်အတိုင်းဖြစ်သည်။ (မွတ်စ်လင်မ်ကျမ်း-၁၉၁၄)၎င်းကျမ်းတွင်လဲအလားတူလာရှိသည်။(အိဗ်နုမာဂျဟ်-၃၆၈၂)(အဟ်မဒ်ကျမ်း-၁၀၄၃၂)၎င်းနှစ်ကျမ်း၏စာသားအတိုင်းဖြစ်သည်။ လမ်းပေါ်ရှိဒုက္ခဖြစ်စေသည့်အရာကိုဖယ်ရှားခြင်းဖြင့် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ခွင့်ရသည်ဆိုလျှင်၊ လူတို့အားဒုက္ခပေးသူးနှင့် လူတို့၏ဘဝကိုဖျက်ဆီးသူအား မည်မျှအပြစ်ပေးသင့်သည်ဟု သင်ထင်ပါသနည်း။

ဤစာပိုဒ်၏အစပိုင်းတွင်ဖော်ပြခဲ့သော အာယသ်တော်များနှင့် ဟဒီးစ်ဩဝါဒတော်များတွင် အတိုးစားခြင်း၊ မတရားပြုခြင်း၊ လိမ်လည်လှည့်စားခြင်း၊ ကမ္ဘာမြေပြင်တွင်ပျက်စီးရာပျက်စီးကြောင်းပြုလုပ်ခြင်းတို့အား တားမြစ်ထားကြောင်းတင်ပြခဲ့ပြီးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

မုအ်မင်န် သက်ဝင်ယုံကြည်သူ ယောက်ျား၊မိန်းမများအား၊ ၎င်းတို့တစ်စုံတစ်ရာကို ကျူးလွန်ကြသည် မရှိဘဲလျက် စိတ်ဒုက္ခပေးကြသောသူတို့မှာမူကား မတရားယိုးစွပ်မှုကိုလည်းကောင်း၊ ထင်ရှားစွာသော ပြစ်မှုကိုလည်းကောင်း၊ထမ်းဆောင်ခဲ့ကြကုန်သတည်း၊

စူရဟ် အဟ်ဇာဗ်-(၃၃:၅၈)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

မည်သူမဆို ကောင်းမြတ်သောအကျင့်သီလကိုကျင့်မူဆောက်တည်ပါလျှင် မိမိအကျိုးငှာကျင့်မူ ဆောက်တည်ခြင်းပင် ဖြစ်ပေသည်။ ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုကိုပြုလုပ်သည်ရှိသော်(ယင်းမကောင်းမှု၏ဆိုးကျိုးမှာ) ၎င်း၏အပေါ်၌သာကျရောက်မည်ဖြစ်၏။ အမှန်စင်စစ်သော်ကား အသင့်အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်ကျွန်တို့အပေါ်ဝယ် နှိပ်စက်ကလူ ပြုတော်မူသောအရှင် မဟုတ်ပေတကား။

စူရဟ် ဖွတ်စ်စွိလသ်-(၄၁:၄၆)

ဟဒီးစ်တော်တွင်လာရှိသည်မှာ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိကိုယ်မိမိ ထိခိုက်နစ်နာအောင်ပြုခြင်းနှင့် အခြားသူကို ထိခိုက်နစ်နာအောင်ပြုခြင်းတို့ မပြုလုပ်ရဟု ဆုံးဖြတ်ထားတော်မူသည်။

(စုနန်အဗူဒါဝုဒ်ကျမ်း )

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် နောင်တမလွန်ဘဝအပေါ် သက်ဝင်ယုံကြည်လျှင် ထိုသူသည်မိမိ၏အိမ်နားနီးချင်းအား ဒုက္ခမပေးရ၊အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် နောင်တမလွန်ဘဝအပေါ်သက်ဝင်ယုံကြည်လျှင် ထိုသူသည်မိမိ၏ဧည့်သည်ကို ဂုဏ်ပေး၍ဆက်ဆံပါ၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် နောင်တမလွန်ဘဝအပေါ် သက်ဝင်ယုံကြည်လျှင် ထိုသူသည် ကောင်းသောစကားကိုပြောပါ (သို့မဟုတ်)တိတ်တိတ်နေပါ၊ အခြားဆင့်ပြန်ချက်တစ်ရပ်တွင် မိမိ၏အိမ်နီးချင်းအား ကောင်းမွန်စွာဆက်ဆံပါဟုလာရှိသည်။

(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၄၇)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

ကြောင်တစ်ကောင်အတွက်ကြောင့် အမျိုးသမီးတစ်ဦးသည်အပြစ်ပေးခြင်းခံခဲ့ရသည်။ သူမသည် ထိုကြောင်းအားသေဆုံးသည်အထိ ချုပ်နှောင်ထားသည့်အတွက်(ဂျဟန္နမ်)ငရဲသို့ဝင်ခဲ့ရလေသည်။၎င်းအားချုပ်နှောင်ထားစဉ် အစာရေစာတိုက်ကျွေးခြင်းမပြုသလို မြေကြီးမှပိုးမွှားများအားစားနိုင်ရန်အတွက်လည်း မလွှတ်ပေးခဲ့ပေ။

(ဆွဟီးဟ် ဗုခါရီကျမ်း - ၃၄၈၂)

ဤသည် ကြောင်တစ်ကောင်အား ဒုက္ခရောက်အောင်ပြုသူ၏ ပြစ်ဒဏ်ဖြစ်လျှင် လူသားအား ဒုက္ခရောက်အောင်ပြုလုပ်သူ၏ အပြစ်သည် အဘယ်သို့ဖြစ်မည်နည်း။အိဗ်နုအုမရ်က ဆင့်ပြန်ခဲ့သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် (မင်န်ဗရ်)တရားဟောစင်မြင့်ပေါ်တက်၍ အသံကျယ်ကျယ်ဖြင့်ဟစ်ခေါ်ပြီးမိန့်ကြားတော်မူသည်မှာ-

အို-နုတ်လျှာဖြင့်သာ အစ္စလာမ်ကိုလက်ခံပြီး နှလုံးထဲ၌(အီမာန်)မရောက်သေးသူအပေါင်းတို့ မွတ်စ်လင်မ်တို့အားဒုက္ခမပေးလေနှင့် အရှက်မခွဲကြလေနှင့် ၎င်းတို့၏ ချွတ်ယွင်းချက် အားနည်းချက်တို့ကို ရှာဖွေဖော်ထုတ်ခြင်း မပြုကြလေနှင့် အဘယ်ကြောင့်ဆိုသော် ဧကန်မုချအကြင်သူသည် မိမိမွတ်စ်လင်မ်ညီနောင်၏ ချွတ်ယွင်းချက်တို့ကို ရှာဖွေဖေါ်ထုတ်လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ ချွတ်ယွင်းချက်များကို ရှာဖွေဖေါ်ထုတ်တော်မူလိမ့်မည်။ အရှင်မြတ်ကအကြင်သူ၏ ချွတ်ယွင်းချက်များကိုရှာဖွေဖေါ်ထုတ်ပြီဆိုလျှင် ထိုသူသည်အိမ်တွင်းပုန်းနေလျှက်ပင် အရှက်တကွဲအကျိုးနည်း ဖြစ်ပေလိမ့်မည်။ တစ်နေ့တွင်အိဗ်နုအုမရ်က ကအ်ဗဟ်ကျောင်းတော်ဘက်သို့ ကြည့်ပြီးပြောသည်မှာ သင်သည် အဘယ်မျှကြီးကျယ်ပြီး မြင့်မြတ်လိုက်ပါသနည်း။ သို့သော်(မုအ်မင်န်)သက်ဝင်ယုံကြည်သူသည် အလ္လာဟ်အရှင်မြတ်ထံတော်တွင် သင့်ထက်ပို၍ ကြီးကျယ်မြင့်မြတ်လှပေသည်။

(သိရ်မိဇီကျမ်း-၂၀၃၂၊အိဗ်နုဟိဗ္ဗာန်ကျမ်း-၅၇၆၃)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ -

အကြင်သူသည်အလ္လာဟ်အရှင်မြတ်နှင့် နောင်တမလွန်ဘဝအပေါ်သက်ဝင်ယုံကြည်လျှင် ထိုသူသည်မိမိ၏ အိမ်နားနီးချင်းအား ဒုက္ခမပေးရ၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် နောင်တမလွန်ဘဝအပေါ် သက်ဝင်ယုံကြည်လျှင် ထိုသူသည်မိမိ၏ဧည့်သည်ကို ဂုဏ်ပေး၍ဆက်ဆံပါ၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့် နောင်တမလွန်ဘဝအပေါ် သက်ဝင်ယုံကြည်လျှင် ထိုသူသည် ကောင်းသောစကားကိုပြောပါ (သို့မဟုတ်) တိတ်တိတ်နေပါ။

(ဆွဟီးဟ် ဗုခါရီကျမ်း - ၆၀၁၈)

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)ကဆင့်ပြန်ခဲ့သည်တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူသည်မှာ မရှိဆင်းရဲနွမ်းပါးသူ မည်သူဖြစ်သနည်းဆိုသည်ကို အသင်တို့သိကြပါသလော၊ သာဝကကြီးများက လျှောက်တင်ကြသည်မှာ ကျွန်ုပ်တို့ထံ၌လောကီ၏ဥစ္စာပစ္စည်းနှင့် ပိုက်ဆံငွေကြေးမရှိသူကိုခေါ်ကြပါသည်။ထိုအခါတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်ုပ်၏(အွမ္မသ်)နောက်လိုက်သားတို့အနက် မရှိဆင်းရဲနွမ်းပါးသူသည် ထိုသူဖြစ်သည် အကြင်သူသည် ကိယာမသ်နေ့၌မြောက်မြားစွာသော ဆွိယာမ်ဥပုသ်၊ ဆွလာသ်၊ ဇကာသ်းစသည်တို့အပြင် အခြားသောကောင်းမှုများကိုလည်း ယူဆောင်လာမည်။ (သို့ရာတွင်၎င်းသူ၏ အခြေအနေသည် ဤသို့ဖြစ်မည်။)ထိုသူသည် တစ်ဦးဦးကိုမတရားဆဲဆိုခဲ့သည်။ တစ်ဦးတစ်ယောက်အား စွပ်စွဲခဲ့သည်၊ တစ်ဦးတစ်ယောက်၏ ဥစ္စာပစ္စည်းကိုမတရားယူခဲ့သည်ဖြစ်ရာ ထိုသူ့အားထိုင်စေတော်မူပြီး မတရားပြုခံခဲ့ရသူအထဲမှ တစ်ဦးကိုခေါ်၍ ၎င်းခံခဲ့ရသည်နှင့်အညီအမျှဖြစ်သော ကောင်းမှုကို မတရားပြုသူ၏ ကောင်းမှုမှ အစားပေးလျှော်စေမည်ဖြစ်သည်။ ၎င်းသူသည်အခြားသူများကိုလည်း ထိုအတိုင်းပင် အစားပေး လျော်ရမည်ဖြစ်သည်။ သို့ရှိရာ ၎င်းသူသည်အခြားသူများကို ထိုသို့အစားပေးလျှော်ခြင်းမပြီးဆုံးမီ မိမိ၏ ကောင်းမှုများ ကုန်ခမ်းသွားပါက ၎င်းမတရားပြုကျင့်ခံရသူများ၏ အပြစ်အကုသိုလ်များကို လက်ခံယူခြင်းအားဖြင့် ထပ်မံ၍ အစားပေးလျော်ခြင်းပြုရမည်။အဆုံးတွင် ထိုသူသည် ဂျဟန္နမ်ငရဲသို့ ပြစ်ချခြင်းခံရမည်။

(မွတ်စ်လင်မ်ကျမ်း-၂၅၈၁)(သိရ်မိဇီကျမ်း-၂၄၁၈)(အဟ်မဒ်ကျမ်း-၈၀၂၉)၎င်း၏စာသားအတိုင်းဖြစ်သည်။

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်မှာ-

သစ်ကိုင်းတစ်ကိုင်းသည် လမ်းပေါ်တွင်ရှိပြီး လူတို့အား ဒုက္ခဖြစ်စေသည်။ သို့ရှိရာလူတစ်ဦးသည် ၎င်းအား ဖယ်ရှားလိုက်သည့်အတွက် ထိုသူသည် ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ခွင့်ရခဲ့သည်။

(ဗုခါရီကျမ်း-၆၅၂)၎င်း၏အဓိပ္ပါယ်အတိုင်းဖြစ်သည်။ (မွတ်စ်လင်မ်ကျမ်း-၁၉၁၄)၎င်းကျမ်းတွင်လဲအလားတူလာရှိသည်။(အိဗ်နုမာဂျဟ်-၃၆၈၂)(အဟ်မဒ်ကျမ်း-၁၀၄၃၂)၎င်းနှစ်ကျမ်း၏စာသားအတိုင်းဖြစ်သည်။ လမ်းပေါ်ရှိဒုက္ခဖြစ်စေသည့်အရာကိုဖယ်ရှားခြင်းဖြင့် ဂျန္နသ်သုခဘုံသို့ဝင်ရောက်ခွင့်ရသည်ဆိုလျှင်၊ လူတို့အားဒုက္ခပေးသူးနှင့် လူတို့၏ဘဝကိုဖျက်ဆီးသူအား မည်မျှအပြစ်ပေးသင့်သည်ဟု သင်ထင်ပါသနည်း။

၃၇။ အစ္စလာမ်သာသနာသည် အသိဉာဏ်အားထိန်းသိမ်းရန်နှင့် အရက်သောက်ခြင်းကဲ့သို့ အသိဉာဏ်အား ဖျက်စီးပြစ်သည့်အရာတိုင်းကို တားမြစ်ရန်အတွက်ရောက်ရှိလာခဲ့သည်။ အစ္စလာမ်သာသနာသည် အသိဉာဏ်၏အဆင့်အတန်းကို မြှင့်တင်ပေးခဲ့ပြီး ၎င်းကို သာသနာအား လိုက်နာကျင့်သုံးရန် တာဝန်ပေးအပ်းခြင်းခံရမှု၏ ပင်မဝင်ရိုးအဖြစ်သတ်မှတ်ထားသည်။ ထို့ပြင်အသိဉာဏ်အား ဒဏ္ဍာရီယုံတမ်းနှင့် ရုပ်တုဆင်းတုကိုးကွယ်မှုတို့၏ ချုပ်နှောင်ပိတ်ပင်ထားမှုများမှ လွတ်မြောက်စေခဲ့သည်။ အစ္စလာမ်သာသနာတွင် သီးခြားလူတန်းစားတစ်ခုနှင့်သာ သက်ဆိုင်သည့် လျှို့ဝှက်ချက်များ သို့မဟုတ် အမိန့်ပြဌာန်းချက်များ ဟူ၍မရှိပါ။ ၎င်းပြင်အစ္စလာမ်၏ အမိန့်ပညတ်ချက်များနှင့် ဥပဒေပြဌာန်းချက်များ အားလုံးသည် မှန်ကန်သော အသိဉာဏ်နှင့် ကိုက်ညီမှုရှိပြီး၊ ၎င်းသည် တရားမျှတမှုနှင့် ဥာဏ်အမြော်အမြင်ရှိမှုတို့နှင့်လည်း ကိုက်ညီသည်။

အစ္စလာမ်သာသနာသည် အသိဉာဏ်အား ထိန်းသိမ်းရန်နှင့် ထိုအသိဉာဏ်၏ အဆင့်အတန်းကို မြှင့်တင်ပေးရန် ရောက်ရှိလာခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဧကန်မလွဲ နား၊ မျက်စိ၊စိတ်နှလုံး ဤအသီးသီးတို့သည် ၎င်းအသီးသီးတို့နှင့် စပ်လျဉ်း၍စုံစမ်းမေးမြန်းခြင်းကို ခံရမည်သာတည်း။စူရဟ် အစ္စရာအ်-(၁၇:၃၆)လူသားတို့အပေါ်တွင် မိမိ၏အသိဉာဏ်ကိုထိန်းသိမ်းရန်တာဝန်ရှိသည်။ ထို့ကြောင့် အစ္စလာမ်သာသနာသည် အရက်နှင့်မူးယစ်ဆေးဝါးများကို တားမြစ်ပိတ်ပင်ခဲ့သည်။ အရက်သည်(ဟရာမ်)တားမြစ်ပိတ်ပင်ထားကြောင်းစာပိုဒ်(၃၄)တွင် တင်ပြခဲ့ပြီးဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်၏မြောက်များစွာသော အာယသ်တော်များတွင် အလ္လာဟ်အရှင်မြတ်၏မိန့်ကြားချက်ဖြစ်သည့်(သို့မှသာလျှင် အသင်တို့သည် သိနားလည်ကြပေမည်။)ဖြင့်အဆုံးသတ်ထားသည်။စူရဟ် ဗကရဟ်-(၂:၂၄၂)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ်သော်ကား မျက်မှောက်လောကီဘဝ၏အသက်တာသည် (စိတ်ပြေလက်ပျောက်) ကစားခုန်စားမှုသာဖြစ်၏။ သို့ရာတွင် နောင်တမလွန်ဘဝ၏ ဘုံဗိမာန်သည်ကား(နောင်တမလွန်ဘဝ၌ရှိသောဘုံဗိမာန်သည်ကား)ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်သော သူတို့အဖို့ အလွန်ကောင်းပေသည်။အသင် တို့သည် (ဤမျှပင်) နားမလည်ကြလေသလော။စူရဟ် အန္နအာမ်-(၆:၃၂)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းကျမ်းဂန်ကိုအသင်တို့နားလည်အံ့သောငှာ (စကားအဖွဲ့အနွဲ့ အသုံးအနှုန်းအလွန်ကောင်းသော) ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် အရဗီဘာသာစာပေဖြင့် ချပေးသနားတော်မူခဲ့၏။စူရဟ် ယူဆွဖ်-(၁၂:၂)ထို့ပြင် အသိဉာဏ်ရှိသူများသာ လမ်းမှန်တရားနှင့် ဉာဏ်မြော်မြင်မှ အကျိုးခံစားရနိုင်မည်ဖြစ်ပြီး ၎င်းတို့သည် ဉာဏ်ရှင်များဖြစ်ကြောင်းကို အလ္လာဟ်အရှင်မြတ်က ရှင်းလင်းတင်ပြထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုအရှင်မြတ်သည် မိမိနှစ်လိုတော်မူသောသူများ ကိုသာ ဉာဏ်ပညာ အမြော်အမြင်ကို ပေးသနားတော်မူလေသည်။ အမှန်စင်စစ်သော်ကား ဉာဏ်ပညာ အမြော်အမြင်ကို ပေးသနားတော်မူခြင်း ခံရသောသူသည် အလွန်တရာမျှ များပြားလှသော ဂုဏ်ကျေးဇူးတော်ကို ပေးသနားတော်မူခြင်းခံရသော သူတည်း။ သို့ရာတွင် စူးစမ်းဆင်ခြင်သော နိသမ္မ ဉာဏ်ရှင်များမှအပ လူတိုင်း သတိသံဝေဂတရားရရှိသည်မဟုတ်ပေ။စူရဟ် ဗကရဟ်-(၂:၂၆၉)ထို့ကြောင့် အစ္စလာမ်သာသနာသည် အသိဉာဏ်အား သာသနာကို လိုက်နာကျင့်သုံးရန် တာဝန်ပေးအပ်ခြင်းခံရမှု၏ ပင်မဝင်ရိုးအဖြစ်သတ်မှတ်ထားသည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ-သုံးဦးသောသူသည် အပြစ်အကုသိုလ်ရေးမှတ်ခြင်းမခံရပေ။ (၁)အိပ်ပျော်နေသူသည်အိပ်ရာမှနိုးလာသည်အထိ၊ (၂)အရွယ်မရောက်သေးသောသူသည်အရွယ်ရောက်လာသည်အထိ၊ (၃)ရူးသွပ်နေသူသည်အသိညဏ်ကောင်းလာသည်အထိဖြစ်သည်။(ဗုခါရီကျမ်း ဟဒီးစ်အမှတ်- ၅၂၆၉ မတိုင်မီတွင် မုအလ်လက် အားပြောသူကိုဖော်ပြသည့်ပုံစံဖြင့်တင်ပြထားသည်။) (အဗူဒါဝူဒ်ကျမ်း-၄၄၀၂တွင် မောင်စူလ်အနေဖြင့်ဆင့်ပြန်ထားသည်။)၎င်း၏စာသားအတိုင်းဖြစ်သည်။(သိရ်မိဇီကျမ်း-၁၄၂၃) (နစာအီ၏စုနန်ကုဗ်ရာကျမ်း -၇၃၄၆) (မွတ်စ်နဒ်အဟ်မဒ်ကျမ်း-၉၅၆)တွင်စာသားအနည်းငယ်ကွဲပြားသည်။(အိဗ်နုမာဂျဟ်ကျမ်း-၂၀၄၂)တွင် အကျဉ်းချုပ်ဖော်ပြထားသည်။အစ္စလာမ်သာသနာသည် အသိဉာဏ်အား အယူသီးမှုများနှင့် ရုပ်တုဆင်းတုကိုးကွယ်မှု၏ချုပ်နှောင်ပိတ်ပင်ထားမှုမှ လွှတ်မြောက်စေခဲ့သည်။ လွန်လေပြီးသောလူမျိုးစုများသည် ဒဏ္ဍာရီယုံတမ်းများကို ဆုပ်ကိုင်ထားပြီး၊ အလ္လာဟ်အရှင်မြတ်ထံမှရောက်ရှိလာသော အမှန်တရားအား ငြင်းပယ်ခြင်းတို့နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်က အသိပေးမိန့်ကြားတော်မူသည်မှာ-၎င်းပြင် ထိုနည်းတူစွာ ငါအရှင်မြတ်သည် မည်သည့်မြို့ရွာ၌မဆို သတိပေးနှိုးဆော်သူ(နဗီတမန်တော်)တစ်ပါးပါးကို စေလွှတ်တော်မူခဲ့တိုင်း ယင်းမြို့ရွာမှ စည်းစိမ်ရှင်တို့က(ဤသို့) ပြောဆိုခဲ့ကြ သည်သာ၊ "စင်စစ်ဧကန် ကျွန်ုပ်တို့သည်မိမိတို့၏အဘ၊ ဘိုး၊ ဘေးတို့အား သာသနာ့ လမ်းစဉ်တစ်ခုပေါ်၌ တွေ့ရှိခဲ့ကြပါ၏။ မုချဧကန် ကျွန်ုပ်တို့သည် ၎င်းတို့၏ ခြေရာများပေါ်၌ လိုက်ကြသူများပင် ဖြစ်ကြပါ၏"။စူရဟ် ဇုခ်ရုဖ်-(၄၃:၂၃)အိဗ်ရာဟီမ်ခလီလ်(အလိုင်ဟိစ္စလာမ်)သည် မိမိ၏အမျိုးသားများအား ပြောကြားခဲ့သည်ကို အလ္လာဟ်အရှင်မြတ်က ပြန်လည်အသိပေးမိန့်ကြားတော်မူသည်မှာ-အသင်တို့ စွဲလမ်းကိုးကွယ်လျှက်ရှိကြကုန်သော ဤရုပ်တုများကား အဘယ်သို့သောအရာများနည်း။(၅၂)ထိုအမျိုးသားတို့က ကျွန်ုပ်တို့သည် မိမိတို့၏အဘ၊ဘိုးဘေးတို့အား ဤရုပ်တုများကိုကိုးကွယ်သူများအဖြစ် တွေ့ရှိခဲ့ကြသည်ဟု ပြောဆို(ဖြေကြား) ခဲ့ကြလေသည်။(၅၃)စူရဟ် အန်ဗိယာအ်-(၂၁:၅၂-၅၃)အစ္စလာမ်သာသနာသည် ရောက်ရှိလာခဲ့ပြီး၊ လူသားတို့အား ရုပ်တုဆင်းတုများကိုခဝပ်ကိုးကွယ်ခြင်းနှင့် ဘိုးဘေးဘီဘင်များထံမှအမွေဆက်ခံထားသည့် ဒဏ္ဍာရီယုံတမ်းများကိုစွန့်လွှတ်ကာ ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်)များ၏ လမ်းစဉ်ကို လျှောက်လမ်းရန်အတွက် အမိန့်ပေးခဲ့သည်။အစ္စလာမ်သာသနာတွင် သီးခြားလူတန်းစားတစ်ခုနှင့်သာ သက်ဆိုင်သည့် လျှို့ဝှက်ချက်များ သို့မဟုတ် အမိန့်ပြဌာန်းချက်များဟူ၍ မရှိပေ။တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ညီဝမ်းကွဲတော်စပ်သောသမက်ဖြစ်သူ သာဝကကြီးအလီဗင်န်အဗီသွာလိဗ်(ရဿွိယလ္လာဟုအန်ဟု)သည်မေးမြန်းခြင်းခံရသည်မှာ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်သည် အသင်တို့အတွက် သီးသန့်တစ်စုံတစ်ရာချီးမြှင့်ပေးခဲ့ခြင်းရှိပါသလား။ ထိုအခါသာဝကကြီးအလီ(ရဿွိယလ္လာဟုအန်ဟု)က အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်သည် လူသားအားလုံးအတွက် သတ်မှတ်ထားသည့်အရာမှလွဲ၍ ကျွန်တော်တို့အတွက် သီးသန့်သတ်မှတ်ချီးမြှင့်ခဲ့သည့်အရာဟူ၍မရှိပါ။ သို့သော်ကျွန်တော်၏ဓါးရိုးထဲတွင်ရှိသော ဤအရာသာရှိပါသည်ဟူ၍ ဖြေကြားခဲ့သည်။ ၎င်းနောက် ထိုထဲမှ စာရေးသားထားသည့် စာရွက်တစ်ပိုင်းကို ထုတ်လိုက်သည်။ ၎င်းထဲတွင်ပါရှိသည်မှာ (၁) အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာအတွက်သားကောင်လှီးဖြတ်သူအား အလ္လာဟ်အရှင်မြတ်သည် (လအ်နသ်) ကျိန်ဆဲတော်မူ၏။ (၂) မြေယာနယ်နိမိတ်အမှတ်အသားများအားခိုးသူကို အလ္လာဟ်အရှင်မြတ်သည်ကျိန်ဆဲတော်မူ၏။ (၃) မိဘနှစ်ပါးကို ကျိန်စာပို့သူအပေါ် အလ္လာဟ်အရှင်မြတ်သည် ကျိန်ဆဲတော်မူ၏။ (၄) ဗိဒ်အသ်တရားသစ်တီထွင်သူအား ခိုလုံခွင့်ပေးသူအပေါ် အလ္လာဟ်အရှင်မြတ်သည် ကျိန်ဆဲတော်မူ၏။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၁၉၇၈)အစ္စလာမ်၏အမိန့်ပညတ်ချက်များနှင့် ဥပဒေပြဌာန်းချက်များအားလုံးသည်မှန်ကန်သောအသိဉာဏ်နှင့် ကိုက်ညီမှုရှိပြီး၊ ၎င်းသည် တရားမျှတမှုနှင့် ဥာဏ်မြော်မြင်ရှိမှုတို့၏တောင်းဆိုချက်နှင့်လည်း ကိုက်ညီပေသည်။

ဧကန်မလွဲ နား၊ မျက်စိ၊စိတ်နှလုံး ဤအသီးသီးတို့သည် ၎င်းအသီးသီးတို့နှင့် စပ်လျဉ်း၍စုံစမ်းမေးမြန်းခြင်းကို ခံရမည်သာတည်း။

စူရဟ် အစ္စရာအ်-(၁၇:၃၆)

လူသားတို့အပေါ်တွင် မိမိ၏အသိဉာဏ်ကိုထိန်းသိမ်းရန်တာဝန်ရှိသည်။ ထို့ကြောင့် အစ္စလာမ်သာသနာသည် အရက်နှင့်မူးယစ်ဆေးဝါးများကို တားမြစ်ပိတ်ပင်ခဲ့သည်။ အရက်သည်(ဟရာမ်)တားမြစ်ပိတ်ပင်ထားကြောင်းစာပိုဒ်(၃၄)တွင် တင်ပြခဲ့ပြီးဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်၏မြောက်များစွာသော အာယသ်တော်များတွင် အလ္လာဟ်အရှင်မြတ်၏မိန့်ကြားချက်ဖြစ်သည့်

(သို့မှသာလျှင် အသင်တို့သည် သိနားလည်ကြပေမည်။)ဖြင့်အဆုံးသတ်ထားသည်။

စူရဟ် ဗကရဟ်-(၂:၂၄၂)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

စင်စစ်သော်ကား မျက်မှောက်လောကီဘဝ၏အသက်တာသည် (စိတ်ပြေလက်ပျောက်) ကစားခုန်စားမှုသာဖြစ်၏။ သို့ရာတွင် နောင်တမလွန်ဘဝ၏ ဘုံဗိမာန်သည်ကား(နောင်တမလွန်ဘဝ၌ရှိသောဘုံဗိမာန်သည်ကား)ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်သော သူတို့အဖို့ အလွန်ကောင်းပေသည်။အသင် တို့သည် (ဤမျှပင်) နားမလည်ကြလေသလော။

စူရဟ် အန္နအာမ်-(၆:၃၂)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ဧကန်မလွဲ ငါအရှင်မြတ်သည် ယင်းကျမ်းဂန်ကိုအသင်တို့နားလည်အံ့သောငှာ (စကားအဖွဲ့အနွဲ့ အသုံးအနှုန်းအလွန်ကောင်းသော) ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် အရဗီဘာသာစာပေဖြင့် ချပေးသနားတော်မူခဲ့၏။

စူရဟ် ယူဆွဖ်-(၁၂:၂)

ထို့ပြင် အသိဉာဏ်ရှိသူများသာ လမ်းမှန်တရားနှင့် ဉာဏ်မြော်မြင်မှ အကျိုးခံစားရနိုင်မည်ဖြစ်ပြီး ၎င်းတို့သည် ဉာဏ်ရှင်များဖြစ်ကြောင်းကို အလ္လာဟ်အရှင်မြတ်က ရှင်းလင်းတင်ပြထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ထိုအရှင်မြတ်သည် မိမိနှစ်လိုတော်မူသောသူများ ကိုသာ ဉာဏ်ပညာ အမြော်အမြင်ကို ပေးသနားတော်မူလေသည်။ အမှန်စင်စစ်သော်ကား ဉာဏ်ပညာ အမြော်အမြင်ကို ပေးသနားတော်မူခြင်း ခံရသောသူသည် အလွန်တရာမျှ များပြားလှသော ဂုဏ်ကျေးဇူးတော်ကို ပေးသနားတော်မူခြင်းခံရသော သူတည်း။ သို့ရာတွင် စူးစမ်းဆင်ခြင်သော နိသမ္မ ဉာဏ်ရှင်များမှအပ လူတိုင်း သတိသံဝေဂတရားရရှိသည်မဟုတ်ပေ။

စူရဟ် ဗကရဟ်-(၂:၂၆၉)

ထို့ကြောင့် အစ္စလာမ်သာသနာသည် အသိဉာဏ်အား သာသနာကို လိုက်နာကျင့်သုံးရန် တာဝန်ပေးအပ်ခြင်းခံရမှု၏ ပင်မဝင်ရိုးအဖြစ်သတ်မှတ်ထားသည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ-

သုံးဦးသောသူသည် အပြစ်အကုသိုလ်ရေးမှတ်ခြင်းမခံရပေ။ (၁)အိပ်ပျော်နေသူသည်အိပ်ရာမှနိုးလာသည်အထိ၊ (၂)အရွယ်မရောက်သေးသောသူသည်အရွယ်ရောက်လာသည်အထိ၊ (၃)ရူးသွပ်နေသူသည်အသိညဏ်ကောင်းလာသည်အထိဖြစ်သည်။

(ဗုခါရီကျမ်း ဟဒီးစ်အမှတ်- ၅၂၆၉ မတိုင်မီတွင် မုအလ်လက် အားပြောသူကိုဖော်ပြသည့်ပုံစံဖြင့်တင်ပြထားသည်။) (အဗူဒါဝူဒ်ကျမ်း-၄၄၀၂တွင် မောင်စူလ်အနေဖြင့်ဆင့်ပြန်ထားသည်။)၎င်း၏စာသားအတိုင်းဖြစ်သည်။(သိရ်မိဇီကျမ်း-၁၄၂၃) (နစာအီ၏စုနန်ကုဗ်ရာကျမ်း -၇၃၄၆) (မွတ်စ်နဒ်အဟ်မဒ်ကျမ်း-၉၅၆)တွင်စာသားအနည်းငယ်ကွဲပြားသည်။(အိဗ်နုမာဂျဟ်ကျမ်း-၂၀၄၂)တွင် အကျဉ်းချုပ်ဖော်ပြထားသည်။

အစ္စလာမ်သာသနာသည် အသိဉာဏ်အား အယူသီးမှုများနှင့် ရုပ်တုဆင်းတုကိုးကွယ်မှု၏ချုပ်နှောင်ပိတ်ပင်ထားမှုမှ လွှတ်မြောက်စေခဲ့သည်။ လွန်လေပြီးသောလူမျိုးစုများသည် ဒဏ္ဍာရီယုံတမ်းများကို ဆုပ်ကိုင်ထားပြီး၊ အလ္လာဟ်အရှင်မြတ်ထံမှရောက်ရှိလာသော အမှန်တရားအား ငြင်းပယ်ခြင်းတို့နှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်က အသိပေးမိန့်ကြားတော်မူသည်မှာ-

၎င်းပြင် ထိုနည်းတူစွာ ငါအရှင်မြတ်သည် မည်သည့်မြို့ရွာ၌မဆို သတိပေးနှိုးဆော်သူ(နဗီတမန်တော်)တစ်ပါးပါးကို စေလွှတ်တော်မူခဲ့တိုင်း ယင်းမြို့ရွာမှ စည်းစိမ်ရှင်တို့က(ဤသို့) ပြောဆိုခဲ့ကြ သည်သာ၊ "စင်စစ်ဧကန် ကျွန်ုပ်တို့သည်မိမိတို့၏အဘ၊ ဘိုး၊ ဘေးတို့အား သာသနာ့ လမ်းစဉ်တစ်ခုပေါ်၌ တွေ့ရှိခဲ့ကြပါ၏။ မုချဧကန် ကျွန်ုပ်တို့သည် ၎င်းတို့၏ ခြေရာများပေါ်၌ လိုက်ကြသူများပင် ဖြစ်ကြပါ၏"။

စူရဟ် ဇုခ်ရုဖ်-(၄၃:၂၃)

အိဗ်ရာဟီမ်ခလီလ်(အလိုင်ဟိစ္စလာမ်)သည် မိမိ၏အမျိုးသားများအား ပြောကြားခဲ့သည်ကို အလ္လာဟ်အရှင်မြတ်က ပြန်လည်အသိပေးမိန့်ကြားတော်မူသည်မှာ-

အသင်တို့ စွဲလမ်းကိုးကွယ်လျှက်ရှိကြကုန်သော ဤရုပ်တုများကား အဘယ်သို့သောအရာများနည်း။(၅၂)

ထိုအမျိုးသားတို့က ကျွန်ုပ်တို့သည် မိမိတို့၏အဘ၊ဘိုးဘေးတို့အား ဤရုပ်တုများကိုကိုးကွယ်သူများအဖြစ် တွေ့ရှိခဲ့ကြသည်ဟု ပြောဆို(ဖြေကြား) ခဲ့ကြလေသည်။(၅၃)

စူရဟ် အန်ဗိယာအ်-(၂၁:၅၂-၅၃)

အစ္စလာမ်သာသနာသည် ရောက်ရှိလာခဲ့ပြီး၊ လူသားတို့အား ရုပ်တုဆင်းတုများကိုခဝပ်ကိုးကွယ်ခြင်းနှင့် ဘိုးဘေးဘီဘင်များထံမှအမွေဆက်ခံထားသည့် ဒဏ္ဍာရီယုံတမ်းများကိုစွန့်လွှတ်ကာ ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်)များ၏ လမ်းစဉ်ကို လျှောက်လမ်းရန်အတွက် အမိန့်ပေးခဲ့သည်။

အစ္စလာမ်သာသနာတွင် သီးခြားလူတန်းစားတစ်ခုနှင့်သာ သက်ဆိုင်သည့် လျှို့ဝှက်ချက်များ သို့မဟုတ် အမိန့်ပြဌာန်းချက်များဟူ၍ မရှိပေ။

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ညီဝမ်းကွဲတော်စပ်သောသမက်ဖြစ်သူ သာဝကကြီးအလီဗင်န်အဗီသွာလိဗ်(ရဿွိယလ္လာဟုအန်ဟု)သည်မေးမြန်းခြင်းခံရသည်မှာ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်သည် အသင်တို့အတွက် သီးသန့်တစ်စုံတစ်ရာချီးမြှင့်ပေးခဲ့ခြင်းရှိပါသလား။ ထိုအခါသာဝကကြီးအလီ(ရဿွိယလ္လာဟုအန်ဟု)က အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်သည် လူသားအားလုံးအတွက် သတ်မှတ်ထားသည့်အရာမှလွဲ၍ ကျွန်တော်တို့အတွက် သီးသန့်သတ်မှတ်ချီးမြှင့်ခဲ့သည့်အရာဟူ၍မရှိပါ။ သို့သော်ကျွန်တော်၏ဓါးရိုးထဲတွင်ရှိသော ဤအရာသာရှိပါသည်ဟူ၍ ဖြေကြားခဲ့သည်။ ၎င်းနောက် ထိုထဲမှ စာရေးသားထားသည့် စာရွက်တစ်ပိုင်းကို ထုတ်လိုက်သည်။ ၎င်းထဲတွင်ပါရှိသည်မှာ (၁) အလ္လာဟ်အရှင်မြတ်မှအပ အခြားတစ်စုံတစ်ရာအတွက်သားကောင်လှီးဖြတ်သူအား အလ္လာဟ်အရှင်မြတ်သည် (လအ်နသ်) ကျိန်ဆဲတော်မူ၏။ (၂) မြေယာနယ်နိမိတ်အမှတ်အသားများအားခိုးသူကို အလ္လာဟ်အရှင်မြတ်သည်ကျိန်ဆဲတော်မူ၏။ (၃) မိဘနှစ်ပါးကို ကျိန်စာပို့သူအပေါ် အလ္လာဟ်အရှင်မြတ်သည် ကျိန်ဆဲတော်မူ၏။ (၄) ဗိဒ်အသ်တရားသစ်တီထွင်သူအား ခိုလုံခွင့်ပေးသူအပေါ် အလ္လာဟ်အရှင်မြတ်သည် ကျိန်ဆဲတော်မူ၏။

(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၁၉၇၈)

အစ္စလာမ်၏အမိန့်ပညတ်ချက်များနှင့် ဥပဒေပြဌာန်းချက်များအားလုံးသည်မှန်ကန်သောအသိဉာဏ်နှင့် ကိုက်ညီမှုရှိပြီး၊ ၎င်းသည် တရားမျှတမှုနှင့် ဥာဏ်မြော်မြင်ရှိမှုတို့၏တောင်းဆိုချက်နှင့်လည်း ကိုက်ညီပေသည်။

၃၈။ လမ်းမှားနေသောဘာသာတရားတို့၏နောက်လိုက်များသည် ထိုဘာသာတရားတို့၌ရှိသော ရှေ့နောက်မညီညွတ်မှုများ၊ အသိဉာဏ်က လက်မခံနိုင်သည့်ကိစ္စရပ်များကို သေချာနားလည်သဘောပေါက်ခြင်းမရှိလျှင် ဘာသာရေးခေါင်းဆောင်များသည် နောက်လိုက်တို့အား သာသနာသည် အသိဉာဏ်ထက်မြင့်မားသည်။ ထိုကြောင့် သာသနာကိုအသိဉာဏ်ဖြင့်နားလည်ရန် မဖြစ်နိုင်သလို အသေးစိတ်သဘောပေါက်ရန်လည်း မဖြစ်နိုင်ဟုဆိုကာ ဇဝေဇဝါဖြစ်အောင်ပြုလုပ်ကြသည်။ အစ္စလာမ်သည် ဘာသာတရားအား အသိဉာဏ်ကိုလမ်းဖွင့်ပေးသည့်အလင်းရောင်အဖြစ် သတ်မှတ်ထားသည်။ လမ်းမှားနေသောဘာသာတရားတို့၏ခေါင်းဆောင်များသည် လူတို့အားအသိဉာဏ်ကို အသုံးချခြင်းမှတားဆီးကား ၎င်းတို့ကိုသာ မျက်စိစုံမှိတ်ပြီး လိုက်နာစေချင်ကြသည်။ အစ္စလာမ်သာသနာသည် လူသားအားသူဆောင်ရွက်နေသည့် ကိစ္စရပ်များ၏အရှိတရားကိုသိနားလည်စေရန်အတွက် အသိဉာဏ်အားနိုးကြားစေလိုသည်။

လမ်းမှားနေသောဘာသာတရားတို့၏နောက်လိုက်များသည် ထိုဘာသာတရားတို့၌ရှိသော ရှေ့နောက်မညီညွတ်မှုများ၊ အသိဉာဏ်ကလက်မခံနိုင်သည့်ကိစ္စရပ်များကိုသေချာနားလည်သဘောပေါက်ခြင်းမရှိလျှင် ဘာသာရေးခေါင်းဆောင်များသည် နောက်လိုက်တို့အားသာသနာသည် အသိဉာဏ်ထက်မြင့်မားသည်။ထိုကြောင့် သာသနာကိုအသိဉာဏ်ဖြင့်နားလည်ရန် မဖြစ်နိုင်သလို အသေးစိတ်သဘောပေါက်ရန်လည်း မဖြစ်နိုင်ဟုဆိုကာ ဇဝေဇဝါဖြစ်အောင်ပြုလုပ်ကြသည်။ အစ္စလာမ်သည် ဘာသာတရားအား အသိဉာဏ်ကိုလမ်းဖွင့်ပေးသည့်အလင်းရောင်အဖြစ် သတ်မှတ်ထားသည်။ လမ်းမှားနေသောဘာသာတရားတို့၏ခေါင်းဆောင်များသည် လူတို့အားအသိဉာဏ်ကို အသုံးချခြင်းမှတားဆီးကာ ၎င်းတို့ကိုသာမျက်စိစုံမှိတ်ပြီး လိုက်နာစေချင်ကြသည်။ အစ္စလာမ်သာသနာသည် လူသားအားသူဆောင်ရွက်နေသည့် ကိစ္စရပ်များ၏အရှိတရားကို စဥ်းစားတွေးတောကာ နားလည်နိုင်စေရန်အတွက် အသိဉာဏ်အားနိုးကြားစေလိုသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် မိမိအမိန့်တော်များအနက်မှ ရူဟ်တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်တော်မူခဲ့၏။ အသင်သည် ကျမ်းဂန်ဒေသနာတော်ဟူသည် အဘယ်နည်းဟူ၍ လည်းကောင်း၊အီမာန်သက်ဝင်ယုံကြည်မှုဟူသည် အဘယ်နည်းဟူ၍လည်းကောင်း၊ သိရှိခဲ့သည်မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်သည်ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို လင်းရောင်ခြည်ပြုလုပ်တော်မူ၍ ထိုလင်းရောင်ခြည်ဖြင့် ငါအရှင်မြတ်သည် မိမိကျွန်တို့ အနက်မှ မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်တော်မူ၏။ ၎င်းပြင် ဧကန်မလွဲ သင်သည် ဖြောင့်မတ်သောတရားလမ်းကို အမှန်ပင် ညွှန်ပြလျက် ရှိ၏။စူရဟ် ရှုရာ-(၄၂:၅၂)အလ္လာဟ်အရှင်မြတ်၏(ဝဟီ)ဗျာဒိတ်တော်တွင် အထောက်အထားများ၊ သက် သေများပါရှိပြီး ၎င်းတို့သည် မှန်ကန်ကောင်းမွန်သည့်အသိဉာဏ်ကညွှန်ပြနေသောယုံကြည်ရန်နှင့် သိနားလည်ရန် လိုအပ်သည့်အမှန်တရားများဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို- လူခပ်သိမ်းတို့၊ အသင်တို့အား မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ အသင်တို့ထံသို့ ခိုင်လုံသောသက်သေသာဓကတစ်ရပ် (ဖြစ်သော နဗီတမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဧကန်မလွဲ ရောက်ရှိလာခဲ့ချေပြီ။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှားလှစွာသော အလင်းရောင် (ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်) ကိုလည်း ချပေးသနားတော်မူခဲ့ချေပြီ။စူရဟ် နိစာအ်-(၄:၁၇၄)သို့ရှိရာ အလ္လာဟ်အရှင်မြတ်သည် လူသားများကိုလမ်းမှန်တရား၊ အသိပညာနှင့်အမှန်တရားတို့၏အလင်းရောင်တွင် ရှင်သန်နေထိုင်ရန်လိုလားတော်မူပြီး၊ ရှိုင်တွာန်မိစ္ဆာများနှင့် အခြားသောခဝပ်ကိုးကွယ်ခံရသောအရာများသည် လူသားများကို(ကုဖ်ရ်)သွေဖည်ငြင်းပယ်ခြင်း၊ အသိဉာဏ်မဲ့ခြင်းနှင့် လမ်းမှားခြင်း၏အမိုက်မှောင်များတွင် ရှိနေစေလိုကြသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အလ္လာဟ်အရှင်မြတ်သည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့ကို (အထူး ကြည့်ရှုစောင်မ တော်မူသော)အဆွေခင်ပွန်းပင်တည်း။ ထိုအရှင်မြတ်သည် ယင်းယုံကြည်သူအပေါင်းတို့ကို (“ကုဖ်ရ်"တည်းဟူသော) အမိုက်မှောင်များအတွင်းမှ (အစ္စလာမ်တည်းဟူသော) အလင်းရောင်သို့ထုတ်ယူ ပို့ဆောင်တော်မူလေသည်။ သို့ရာတွင် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့၏ အဆွေခင်ပွန်း များမှာမူကားရှိုင်တွာန်များပင်တည်း။ ယင်းရှိုင်တွာန်များ သည် ထိုသူတို့အား(အစ္စလာမ်တည်းဟူသော) အလင်းရောင်မှ “ကုဖ်ရ်" တည်းဟူသော အဝိဇ္ဇာ အမိုက်မှောင်အတွင်းသို့ ပို့ဆောင်ကြကုန်၏။ကုရ်အာန်(၂:၂၅၇)

ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် မိမိအမိန့်တော်များအနက်မှ ရူဟ်တည်းဟူသော ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ပြန်တော်မူခဲ့၏။ အသင်သည် ကျမ်းဂန်ဒေသနာတော်ဟူသည် အဘယ်နည်းဟူ၍ လည်းကောင်း၊အီမာန်သက်ဝင်ယုံကြည်မှုဟူသည် အဘယ်နည်းဟူ၍လည်းကောင်း၊ သိရှိခဲ့သည်မဟုတ်ပေ။ သို့ရာတွင် ငါအရှင်မြတ်သည်ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို လင်းရောင်ခြည်ပြုလုပ်တော်မူ၍ ထိုလင်းရောင်ခြည်ဖြင့် ငါအရှင်မြတ်သည် မိမိကျွန်တို့ အနက်မှ မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်တော်မူ၏။ ၎င်းပြင် ဧကန်မလွဲ သင်သည် ဖြောင့်မတ်သောတရားလမ်းကို အမှန်ပင် ညွှန်ပြလျက် ရှိ၏။

စူရဟ် ရှုရာ-(၄၂:၅၂)

အလ္လာဟ်အရှင်မြတ်၏(ဝဟီ)ဗျာဒိတ်တော်တွင် အထောက်အထားများ၊ သက် သေများပါရှိပြီး ၎င်းတို့သည် မှန်ကန်ကောင်းမွန်သည့်အသိဉာဏ်ကညွှန်ပြနေသောယုံကြည်ရန်နှင့် သိနားလည်ရန် လိုအပ်သည့်အမှန်တရားများဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အို- လူခပ်သိမ်းတို့၊ အသင်တို့အား မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ အသင်တို့ထံသို့ ခိုင်လုံသောသက်သေသာဓကတစ်ရပ် (ဖြစ်သော နဗီတမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဧကန်မလွဲ ရောက်ရှိလာခဲ့ချေပြီ။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့ထံသို့ ထင်ရှားလှစွာသော အလင်းရောင် (ဖြစ်သော ကုရ်အာန်ကျမ်းတော်မြတ်) ကိုလည်း ချပေးသနားတော်မူခဲ့ချေပြီ။

စူရဟ် နိစာအ်-(၄:၁၇၄)

သို့ရှိရာ အလ္လာဟ်အရှင်မြတ်သည် လူသားများကိုလမ်းမှန်တရား၊ အသိပညာနှင့်အမှန်တရားတို့၏အလင်းရောင်တွင် ရှင်သန်နေထိုင်ရန်လိုလားတော်မူပြီး၊ ရှိုင်တွာန်မိစ္ဆာများနှင့် အခြားသောခဝပ်ကိုးကွယ်ခံရသောအရာများသည် လူသားများကို(ကုဖ်ရ်)သွေဖည်ငြင်းပယ်ခြင်း၊ အသိဉာဏ်မဲ့ခြင်းနှင့် လမ်းမှားခြင်း၏အမိုက်မှောင်များတွင် ရှိနေစေလိုကြသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အလ္လာဟ်အရှင်မြတ်သည် ယုံကြည်ခြင်း သဒ္ဓါတရားထားရှိသူ အပေါင်းတို့ကို (အထူး ကြည့်ရှုစောင်မ တော်မူသော)အဆွေခင်ပွန်းပင်တည်း။ ထိုအရှင်မြတ်သည် ယင်းယုံကြည်သူအပေါင်းတို့ကို (“ကုဖ်ရ်"တည်းဟူသော) အမိုက်မှောင်များအတွင်းမှ (အစ္စလာမ်တည်းဟူသော) အလင်းရောင်သို့ထုတ်ယူ ပို့ဆောင်တော်မူလေသည်။ သို့ရာတွင် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့၏ အဆွေခင်ပွန်း များမှာမူကားရှိုင်တွာန်များပင်တည်း။ ယင်းရှိုင်တွာန်များ သည် ထိုသူတို့အား(အစ္စလာမ်တည်းဟူသော) အလင်းရောင်မှ “ကုဖ်ရ်" တည်းဟူသော အဝိဇ္ဇာ အမိုက်မှောင်အတွင်းသို့ ပို့ဆောင်ကြကုန်၏။

ကုရ်အာန်(၂:၂၅၇)

၃၉။ အစ္စလာမ်သာသနာသည် မှန်ကန်သောအသိပညာကို ဂုဏ်ပေးထားပြီးဘက်လိုက်မှုကင်းသော သုတေသနပြုခြင်းကိုအားပေးသည်။ ထိုနည်းတူ မိမိတို့ကိုယ်နှင့် မိမိတို့ပတ်ဝန်းကျင်ရှိအရာများအား စဉ်းစားသုံးသပ်ခြင်း၊ စူးစမ်းလေ့လာခြင်းတို့ကို ပြုလုပ်ရန် ဖိတ်ခေါ်ထားသည်။ မှန်ကန်သည့်သိပ္ပံဆိုင်ရာရလဒ်များသည် အစ္စလာမ်သာသနာနှင့်ဆန့်ကျင်နေခြင်းမရှိပေ။

အစ္စလာမ်သာသနာသည် မှန်ကန်သော အသိပညာကိုဂုဏ်ပေးထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် "နေရာချဲ့ပေးကြလေကုန်" ဟု ပြောဆိုခြင်းကို ခံကြရလေသောအခါ နေရာချဲ၍ ပေးကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ နေရာချဲ့ပေးတော်မူမည်။ ထိုနည်းတူစွာ အသင်တို့သည် "မတ်တတ်ထကြလေကုန်" ဟု ပြောဆိုခြင်းကို ခံကြရလေသောအခါ မတ်တတ်ထကြလေကုန်။ အရှင်မြတ်သည် အသင်တို့အနက် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား လည်းကောင်း၊ အသိပညာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့အား လည်းကောင်း၊ အဆင့်အတန်းများစွာ မြှင့်တင်ပေးတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။စူရဟ် မုဂျာဒလဟ် (၅၈:၁၁)အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးသက်သေခံချက်နှင့် ပတ်သက်၍ ပညာရှင်သုခမိန်တို့၏ သက်သေခံချက်ကို အရှင်မြတ်၏သက်သေခံချက်၊ အရှင်မြတ်၏ကောင်းကင်တမန်တို့၏ သက်သေခံချက်တို့နှင့် အတူပူးတွဲ၍ တင်ပြထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အလ္လာဟ်အရှင်မြတ်သည် မိမိမှတပါးအခြားခဝပ်ကိုးကွယ်ရာအရှင်မရှိကြောင်း(မိမိကိုယ်တော်တိုင်)သက်သေခံတော်မူ၏။ ထိုနည်းတူစွာ၊ မလာအိကဟ်ကောင်းကင်တမန်များနှင့် ပညာရှင်သုခမိန်အပေါင်းတို့သည်လည်း(မိမိတို့၏အကျင့်အမူများဖြင့် သက်သေခံခဲ့ကြလေပြီ) ထိုအရှင်မြတ်သည် တရားမျှတစွာစီမံအုပ်ချုပ်လျက်ရှိတော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် ခဝပ်ကိုးကွယ်ရာအရှင်ဖြစ်တော်မူ၍ ထိုအရှင်မြတ်မှတစ်ပါးခဝပ်ကိုးကွယ်ရာအရှင်ဟူ၍အလျင်းမရှိပြီ။ (ထိုအရှင်မြတ်သည်)တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော်မူသောအရှင်၊ အကျိုးအကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင်တည်း။စူရဟ် အားလိအင်မ်ရာန်-(၃:၁၈)ဤသည် အစ္စလာမ်သာသနာတွင် ပညာရှင်များ၏အဆင့်အတန်းကို တင်ပြထားခြင်းဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် မိမိ၏နဗီတမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား (အိလ်မ်)ပညာမှလွဲ၍ အခြားမည်သည့်အရာကိုမျှ တိုးပွားလာအောင်တောင်းဆိုရန် အမိန့်ပေးထားခြင်းမရှိပေ။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းပြင် အသင်သည် အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး၌ အသိပညာကို တိုးပွားစေတော်မူပါ ဟု လျှောက်ထား (အသနားခံ)ပါလေ။စူရဟ် သွာဟာ-(၂၀:၁၁၄)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ-အကြင်သူသည် အစ္စလာမ်သာသနာ့အသိပညာများကိုရှာဖွေဆည်းပူးရန် အတွက်လမ်းတစ်ခုပေါ်လျှောက်လမ်းလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းသူအား ဂျန္နသ်သို့ဝင်ရောက်ရန်လမ်းကို လွယ်ကူစေမည်ဖြစ်သည်။ ကောင်းကင်တမန်များကလည်း ဤသို့ပညာရှာဖွေဆည်းပူးနေသူအား ကျေနပ်နှစ်သက်သဖြင့် ၎င်းတို့၏အတောင်ပံများကိုခင်းပေးကြသည်။ ထိုအာလင်မ်သာသနာ့ပညာရှင်အတွက် မိုးနှင့်မြေပထဝီရှိအဖန်ဆင်းခံများနှင့် ရေထဲမှငါးများပင်မကျန်အားလုံးက ၎င်းသူအတွက်လွတ်ငြိမ်းချမ်းသာခွင့်ရရန် ဆုတောင်းပေးနေကြသည်။ ဧကန်မုချလမင်းသည် ကြယ်တာရာများအားလုံးထက် သာပိုမွန်မြတ်သကဲ့သို့ပင် အာလင်မ်သာသနာ့ပညာရှင်သည် အာဗစ်ဒ်တရားအားထုတ်သူထက် ပို၍ထူးကဲမွန်မြတ်ကြပေသည်။ ၎င်းပြင် အာလင်မ်သာသနာ့ပညာရှင်များသည် နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)များ၏ အမွေစားအမွေခံများဖြစ်ကြပေသည်။ ၎င်းနဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)များသည် ရွှေ၊ ငွေကိုအမွေအဖြစ်မထားခဲ့ကြဘဲ အိလ်မ်သာသနာ့ပညာကိုသာ အမွေအဖြစ်ထားခဲ့ကြပေသည်။ အကြင်သူသည် အိလ်မ်သာသနာ့အသိပညာကို ရှာဖွေစုဆောင်းခဲ့ပါမူ ၎င်းသူသည် (ဤအမွေအနှစ်များကို) ဝေစုအပြည့်အဝရလိုက်ခြင်းပင်ဖြစ်သည်။(အဗူဒါဝူဒ်ကျမ်း-၃၆၄၁) (သိရ်မိဇီကျမ်း-၂၆၈၂) (အိဗ်နုမာဂျဟ်ကျမ်း-၂၂၃) ၎င်း၏စာသားအတိုင်းဖြစ်သည်။ (အဟ်မဒ်ကျမ်း-၂၁၇၁၅)အစ္စလာမ်သာသနာသည် မှန်ကန်သောအသိပညာကို ဂုဏ်ပေးထားပြီး ဘက်လိုက်မှုကင်းသောသုတေသနပြုခြင်းကို အားပေးသည်။ ထိုနည်းတူ မိမိတို့ကိုယ်နှင့်မိမိပတ်ဝန်းကျင်ရှိ အရာများအား စဉ်းစားသုံးသပ်ခြင်း၊ စူးစမ်းလေ့လာခြင်းတို့ကိုပြုလုပ်ရန်ဖိတ်ခေါ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-မကြာမြင့်မီပင် ငါအရှင်မြတ်သည် ထိုသူတို့ အားမိုးကုပ်စက်ဝိုင်းများ၌လည်းကောင်း၊ ထိုသူတို့၏ ကိုယ်များ၌လည်းကောင်း၊ မိမိသက်သေလက္ခဏာတော်များကို ပြတော်မူမည်။ နောက်ဆုံးတွင် ၎င်းတို့၌ ဧကန်စင်စစ် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)မှန်ကန်ကြောင်း သိသာထင်ရှား၍လာပေမည်။ (အို-နဗီတမန်တော်၊)အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင် (အသင့်အဖို့) လုံလောက်တော်မူသည် မဟုတ်လော။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို မြင်တော်မူ သော အသိသက်သေပင် ဖြစ်တော်မူစူရဟ် ဖွတ်စ်စွိလသ်-(၄၁:၅၃)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုသူတို့သည်မိုးကောင်းကင်များနှင့်ကမ္ဘာမြေဝယ်(အလ္လာဟ်အရှင်မြတ်၏)အာဏာစက်တော်ကိုလည်းကောင်း၊အလ္လာဟ်အရှင်မြတ်ဖန်ဆင်းတော်မူသော(သက်ရှိသက်မဲ့)အရာဝတ္ထုအလုံးစုံတို့ကိုလည်းကောင်း၊မိမိတို့(သေဆုံးရန်)သတ်မှတ်ထားပြီးဖြစ်သောကာလအပိုင်းအခြားသည်နီးကပ်လာပြီဖြစ်သည်ကိုလည်းကောင်း၊မတွေးမမြင်မဆင်ခြင်မသုံးသပ်ကြလေသလော။၎င်းတို့သည်ဤ(ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ပြီး)နောက်မည်သည့်စကားကိုယုံကြည်ကြပါဦးမည်နည်း။စူရဟ် အအ်ရာဖ်-(၇:၁၈၅)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-၎င်းတို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာခြင်း မပြုခဲ့ကြလေသလော၊ သို့လှည့်လည် သွားလာကြလျှင်၊ ၎င်းတို့သည် မိမိတို့အလျင်ရှိခဲ့ကြသော ရှေးလူဟောင်းတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံဖြစ်ခဲ့သည်ကို တွေ့မြင်ကြပေမည်။ ထိုရှေးလူဟောင်းတို့သည် ၎င်းတို့ထက် ခွန်အားဗလ ကြီးမားတောင့်တင်းသူများ ဖြစ်ခဲ့ကြသည့်ပြင် ၎င်းတို့သည်မြေကို ဤသူများ စည်ပင်သာယာအောင် ပြုလုပ်ကြသည်ထက် အလွန်များပြားစွာ ပိုမိုထွန်ယက် စိုက်ပျိုး၍ စည်ပင်သာယာအောင်ပြုလုပ်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့ထံသို့(လည်း) ၎င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားလှစွာသော သက်သေလက္ခဏာ တန်ခိုးပြာဋိဟာများနှင့်တကွ ရောက်ရှိလာခဲ့ကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မတရား နှိပ်စက်ညှဉ်းဆဲတော်မူခဲ့သည် မဟုတ်ပေ။သို့ရာတွင် ၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်ကို မတရား နှိပ်စက်ညှဉ်းပမ်းခဲ့ကြပေသည်။စူရဟ် ရူးမ်-(၃၀:၉)မှန်ကန်သည့်သိပ္ပံဆိုင်ရာရလဒ်များသည် အစ္စလာမ်သာသနာနှင့်ဆန့်ကျင်နေခြင်းမရှိပေ။ အကြောင်းအရာတစ်ခုကို ပမာတင်ပြရသော် လွန်ခဲ့သောနှစ်ပေါင်း (၁၄၀၀) မတိုင်မီက ကျမ်းမြတ်ကုရ်အာန်က အသေးစိတ်ရှင်းပြခဲ့သည့်ကိစ္စအား ခေတ်သစ်သိပ္ပံပညာက နောက်မှသိလာခဲ့သည်။ သိပ္ပံရလဒ်များသည် ကြီးကျယ်လှသည့်ကျမ်းတော်မြတ်ကုရ်အာန်နှင့် ကိုက်ညီမှုရှိနေသည်။ ၎င်းအကြောင်းအရာမှာ မိခင်၏ဝမ်းဗိုက်တွင်း၌ သန္ဓေသားကို ဖန်ဆင်းခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-မချွတ်မလွဲ ငါအရှင်မြတ်သည် လူသားကို ရွှံ့မြေ ၏ အဆီအနှစ်ဖြင့်ဖန်ဆင်းတော် မူခဲ့၏။(၁၂)ထို့နောက် ငါအရှင်မြတ်သည် ထိုလူသား(၏ အဆက်အနွယ်)ကို လုံခြုံသောနေရာတစ်ခု (သားအိမ်တွင်း)၌ ကလလရေကြည် ဖြစ်စေတော်မူခဲ့၏။(၁၃)ထို့နောက် ငါအရှင်မြတ်သည် ယင်း ကလလရေကြည်ကို သွေးခဲအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းသွေးခဲကို အသားတုံးအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းအသားတုံးကို အရိုးများအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ ထို့နောက် ငါအရှင် မြတ်သည် ယင်းအရိုးများကို အသားဖြင့် တန်ဆာဆင်မြန်း၍ ပေးတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်း(အသားဖြင့် ဆင်မြန်းပြီးဖြစ်သောအရိုးများ)ကို အခြားဖန်ဆင်းအပ်သော အရာတစ်ခုအဖြစ် ဖြစ်ပေါ်၍လာစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ အကောင်းဆုံးသော ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် အဘယ်မျှ ထူးကဲမြင့်မြတ်လှဘိပါသနည်း။(၁၄)စူရဟ် မုအ်မိနူးန်-(၂၃:၁၂-၁၄)

အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် "နေရာချဲ့ပေးကြလေကုန်" ဟု ပြောဆိုခြင်းကို ခံကြရလေသောအခါ နေရာချဲ၍ ပေးကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ နေရာချဲ့ပေးတော်မူမည်။ ထိုနည်းတူစွာ အသင်တို့သည် "မတ်တတ်ထကြလေကုန်" ဟု ပြောဆိုခြင်းကို ခံကြရလေသောအခါ မတ်တတ်ထကြလေကုန်။ အရှင်မြတ်သည် အသင်တို့အနက် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား လည်းကောင်း၊ အသိပညာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရသောသူတို့အား လည်းကောင်း၊ အဆင့်အတန်းများစွာ မြှင့်တင်ပေးတော်မူပေမည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

စူရဟ် မုဂျာဒလဟ် (၅၈:၁၁)

အလ္လာဟ်အရှင်မြတ်သည် အကြီးကျယ်ဆုံးသက်သေခံချက်နှင့် ပတ်သက်၍ ပညာရှင်သုခမိန်တို့၏ သက်သေခံချက်ကို အရှင်မြတ်၏သက်သေခံချက်၊ အရှင်မြတ်၏ကောင်းကင်တမန်တို့၏ သက်သေခံချက်တို့နှင့် အတူပူးတွဲ၍ တင်ပြထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အလ္လာဟ်အရှင်မြတ်သည် မိမိမှတပါးအခြားခဝပ်ကိုးကွယ်ရာအရှင်မရှိကြောင်း(မိမိကိုယ်တော်တိုင်)သက်သေခံတော်မူ၏။ ထိုနည်းတူစွာ၊ မလာအိကဟ်ကောင်းကင်တမန်များနှင့် ပညာရှင်သုခမိန်အပေါင်းတို့သည်လည်း(မိမိတို့၏အကျင့်အမူများဖြင့် သက်သေခံခဲ့ကြလေပြီ) ထိုအရှင်မြတ်သည် တရားမျှတစွာစီမံအုပ်ချုပ်လျက်ရှိတော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် ခဝပ်ကိုးကွယ်ရာအရှင်ဖြစ်တော်မူ၍ ထိုအရှင်မြတ်မှတစ်ပါးခဝပ်ကိုးကွယ်ရာအရှင်ဟူ၍အလျင်းမရှိပြီ။ (ထိုအရှင်မြတ်သည်)တန်ခိုးအာနုဘော်ဖြင့်လွှမ်းမိုးတော်မူသောအရှင်၊ အကျိုးအကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင်တည်း။

စူရဟ် အားလိအင်မ်ရာန်-(၃:၁၈)

ဤသည် အစ္စလာမ်သာသနာတွင် ပညာရှင်များ၏အဆင့်အတန်းကို တင်ပြထားခြင်းဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် မိမိ၏နဗီတမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား (အိလ်မ်)ပညာမှလွဲ၍ အခြားမည်သည့်အရာကိုမျှ တိုးပွားလာအောင်တောင်းဆိုရန် အမိန့်ပေးထားခြင်းမရှိပေ။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

၎င်းပြင် အသင်သည် အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး၌ အသိပညာကို တိုးပွားစေတော်မူပါ ဟု လျှောက်ထား (အသနားခံ)ပါလေ။

စူရဟ် သွာဟာ-(၂၀:၁၁၄)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ-

အကြင်သူသည် အစ္စလာမ်သာသနာ့အသိပညာများကိုရှာဖွေဆည်းပူးရန် အတွက်လမ်းတစ်ခုပေါ်လျှောက်လမ်းလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းသူအား ဂျန္နသ်သို့ဝင်ရောက်ရန်လမ်းကို လွယ်ကူစေမည်ဖြစ်သည်။ ကောင်းကင်တမန်များကလည်း ဤသို့ပညာရှာဖွေဆည်းပူးနေသူအား ကျေနပ်နှစ်သက်သဖြင့် ၎င်းတို့၏အတောင်ပံများကိုခင်းပေးကြသည်။ ထိုအာလင်မ်သာသနာ့ပညာရှင်အတွက် မိုးနှင့်မြေပထဝီရှိအဖန်ဆင်းခံများနှင့် ရေထဲမှငါးများပင်မကျန်အားလုံးက ၎င်းသူအတွက်လွတ်ငြိမ်းချမ်းသာခွင့်ရရန် ဆုတောင်းပေးနေကြသည်။ ဧကန်မုချလမင်းသည် ကြယ်တာရာများအားလုံးထက် သာပိုမွန်မြတ်သကဲ့သို့ပင် အာလင်မ်သာသနာ့ပညာရှင်သည် အာဗစ်ဒ်တရားအားထုတ်သူထက် ပို၍ထူးကဲမွန်မြတ်ကြပေသည်။ ၎င်းပြင် အာလင်မ်သာသနာ့ပညာရှင်များသည် နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)များ၏ အမွေစားအမွေခံများဖြစ်ကြပေသည်။ ၎င်းနဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)များသည် ရွှေ၊ ငွေကိုအမွေအဖြစ်မထားခဲ့ကြဘဲ အိလ်မ်သာသနာ့ပညာကိုသာ အမွေအဖြစ်ထားခဲ့ကြပေသည်။ အကြင်သူသည် အိလ်မ်သာသနာ့အသိပညာကို ရှာဖွေစုဆောင်းခဲ့ပါမူ ၎င်းသူသည် (ဤအမွေအနှစ်များကို) ဝေစုအပြည့်အဝရလိုက်ခြင်းပင်ဖြစ်သည်။

(အဗူဒါဝူဒ်ကျမ်း-၃၆၄၁) (သိရ်မိဇီကျမ်း-၂၆၈၂) (အိဗ်နုမာဂျဟ်ကျမ်း-၂၂၃) ၎င်း၏စာသားအတိုင်းဖြစ်သည်။ (အဟ်မဒ်ကျမ်း-၂၁၇၁၅)

အစ္စလာမ်သာသနာသည် မှန်ကန်သောအသိပညာကို ဂုဏ်ပေးထားပြီး ဘက်လိုက်မှုကင်းသောသုတေသနပြုခြင်းကို အားပေးသည်။ ထိုနည်းတူ မိမိတို့ကိုယ်နှင့်မိမိပတ်ဝန်းကျင်ရှိ အရာများအား စဉ်းစားသုံးသပ်ခြင်း၊ စူးစမ်းလေ့လာခြင်းတို့ကိုပြုလုပ်ရန်ဖိတ်ခေါ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

မကြာမြင့်မီပင် ငါအရှင်မြတ်သည် ထိုသူတို့ အားမိုးကုပ်စက်ဝိုင်းများ၌လည်းကောင်း၊ ထိုသူတို့၏ ကိုယ်များ၌လည်းကောင်း၊ မိမိသက်သေလက္ခဏာတော်များကို ပြတော်မူမည်။ နောက်ဆုံးတွင် ၎င်းတို့၌ ဧကန်စင်စစ် ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)မှန်ကန်ကြောင်း သိသာထင်ရှား၍လာပေမည်။ (အို-နဗီတမန်တော်၊)အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည်ပင် (အသင့်အဖို့) လုံလောက်တော်မူသည် မဟုတ်လော။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို မြင်တော်မူ သော အသိသက်သေပင် ဖြစ်တော်မူ

စူရဟ် ဖွတ်စ်စွိလသ်-(၄၁:၅၃)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ထိုသူတို့သည်မိုးကောင်းကင်များနှင့်ကမ္ဘာမြေဝယ်(အလ္လာဟ်အရှင်မြတ်၏)အာဏာစက်တော်ကိုလည်းကောင်း၊အလ္လာဟ်အရှင်မြတ်ဖန်ဆင်းတော်မူသော(သက်ရှိသက်မဲ့)အရာဝတ္ထုအလုံးစုံတို့ကိုလည်းကောင်း၊မိမိတို့(သေဆုံးရန်)သတ်မှတ်ထားပြီးဖြစ်သောကာလအပိုင်းအခြားသည်နီးကပ်လာပြီဖြစ်သည်ကိုလည်းကောင်း၊မတွေးမမြင်မဆင်ခြင်မသုံးသပ်ကြလေသလော။၎င်းတို့သည်ဤ(ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ပြီး)နောက်မည်သည့်စကားကိုယုံကြည်ကြပါဦးမည်နည်း။

စူရဟ် အအ်ရာဖ်-(၇:၁၈၅)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

၎င်းတို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာခြင်း မပြုခဲ့ကြလေသလော၊ သို့လှည့်လည် သွားလာကြလျှင်၊ ၎င်းတို့သည် မိမိတို့အလျင်ရှိခဲ့ကြသော ရှေးလူဟောင်းတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံဖြစ်ခဲ့သည်ကို တွေ့မြင်ကြပေမည်။ ထိုရှေးလူဟောင်းတို့သည် ၎င်းတို့ထက် ခွန်အားဗလ ကြီးမားတောင့်တင်းသူများ ဖြစ်ခဲ့ကြသည့်ပြင် ၎င်းတို့သည်မြေကို ဤသူများ စည်ပင်သာယာအောင် ပြုလုပ်ကြသည်ထက် အလွန်များပြားစွာ ပိုမိုထွန်ယက် စိုက်ပျိုး၍ စည်ပင်သာယာအောင်ပြုလုပ်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့ထံသို့(လည်း) ၎င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားလှစွာသော သက်သေလက္ခဏာ တန်ခိုးပြာဋိဟာများနှင့်တကွ ရောက်ရှိလာခဲ့ကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မတရား နှိပ်စက်ညှဉ်းဆဲတော်မူခဲ့သည် မဟုတ်ပေ။သို့ရာတွင် ၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်ကို မတရား နှိပ်စက်ညှဉ်းပမ်းခဲ့ကြပေသည်။

စူရဟ် ရူးမ်-(၃၀:၉)

မှန်ကန်သည့်သိပ္ပံဆိုင်ရာရလဒ်များသည် အစ္စလာမ်သာသနာနှင့်ဆန့်ကျင်နေခြင်းမရှိပေ။ အကြောင်းအရာတစ်ခုကို ပမာတင်ပြရသော် လွန်ခဲ့သောနှစ်ပေါင်း (၁၄၀၀) မတိုင်မီက ကျမ်းမြတ်ကုရ်အာန်က အသေးစိတ်ရှင်းပြခဲ့သည့်ကိစ္စအား ခေတ်သစ်သိပ္ပံပညာက နောက်မှသိလာခဲ့သည်။ သိပ္ပံရလဒ်များသည် ကြီးကျယ်လှသည့်ကျမ်းတော်မြတ်ကုရ်အာန်နှင့် ကိုက်ညီမှုရှိနေသည်။ ၎င်းအကြောင်းအရာမှာ မိခင်၏ဝမ်းဗိုက်တွင်း၌ သန္ဓေသားကို ဖန်ဆင်းခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

မချွတ်မလွဲ ငါအရှင်မြတ်သည် လူသားကို ရွှံ့မြေ ၏ အဆီအနှစ်ဖြင့်ဖန်ဆင်းတော် မူခဲ့၏။(၁၂)

ထို့နောက် ငါအရှင်မြတ်သည် ထိုလူသား(၏ အဆက်အနွယ်)ကို လုံခြုံသောနေရာတစ်ခု (သားအိမ်တွင်း)၌ ကလလရေကြည် ဖြစ်စေတော်မူခဲ့၏။(၁၃)

ထို့နောက် ငါအရှင်မြတ်သည် ယင်း ကလလရေကြည်ကို သွေးခဲအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းသွေးခဲကို အသားတုံးအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းအသားတုံးကို အရိုးများအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်၏။ ထို့နောက် ငါအရှင် မြတ်သည် ယင်းအရိုးများကို အသားဖြင့် တန်ဆာဆင်မြန်း၍ ပေးတော်မူခဲ့၏။ ထို့နောက် ငါအရှင်မြတ်သည် ယင်း(အသားဖြင့် ဆင်မြန်းပြီးဖြစ်သောအရိုးများ)ကို အခြားဖန်ဆင်းအပ်သော အရာတစ်ခုအဖြစ် ဖြစ်ပေါ်၍လာစေတော်မူခဲ့၏။ သို့ဖြစ်ပေရာ အကောင်းဆုံးသော ဖန်ဆင်းတော်မူသော အလ္လာဟ်အရှင်မြတ်သည် အဘယ်မျှ ထူးကဲမြင့်မြတ်လှဘိပါသနည်း။(၁၄)

စူရဟ် မုအ်မိနူးန်-(၂၃:၁၂-၁၄)

၄၀။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်သက်ဝင်ယုံကြည်ပြီး အမိန့်နာခံကာထိုအရှင်မြတ်၏ရစူလ်တမန်တော်များကို မှန်ကန်ကြောင်းထောက်ခံမှသာ အလ္လာဟ်အရှင်မြတ်သည် ၎င်း၏ကျင့်ဆောင်မှုများလက်ခံပြီး နောင်တမလွန်တွင်လည်းအကျိုးကုသိုလ်ချီးမြှင့်မည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိသတ်မှတ်ပြဌာန်းထားသည့်ခဝပ်ကိုးကွယ်မှုများကိုသာ လက်ခံတော်မူမည်ဖြစ်သဖြင့်လူသားသည် အလ္လာဟ်အရှင်မြတ်ကို သွေဖည်ငြင်းပယ်ပြီး အရှင်မြတ်ချီးမြှင့်မည့်ဆုလာဘ်များကို အဘယ်ကဲ့သို့မျှော်လင့်နေပါသနည်း။ ထို့ပြင် မည်သူမဆို နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)အပေါင်းနှင့် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ရစူလ်တမန်တော်ဖြစ်ခြင်းကို သက်ဝင်ယုံကြည်မှသာလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏အီမာန်သက်ဝင်ယုံကြည်မှုကို လက်ခံတော်မူမည်ဖြစ်သည်။

မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်သက်ဝင်ယုံကြည်ပြီး အမိန့်နာခံကာထိုအရှင်မြတ်၏ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်)များကို မှန်ကန်ကြောင်းထောက်ခံမှသာ အလ္လာဟ်အရှင်မြတ်သည် ၎င်း၏ကျင့်ဆောင်မှုများကို လက်ခံပြီးနောင်တမလွန်တွင်လည်း အကျိုးကုသိုလ်ချီးမြှင့်မည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-မည်သူမဆို ဤလောက၏စည်းစိမ်ကို ရည်စူးခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူအားဤလောက၌ပင် ငါအရှင်မြတ် အလိုရှိတော်မူသောအရာကို ငါအရှင်မြတ် အလိုရှိတော်မူသောသူအား အဆောတလျင် ပေးတော်မူ၏။ ထို့နောက်ထိုသူအဖို့ ဂျဟန္နမ်ငရဲဘုံကို (အဆင်သင့်) ပြုလုပ်၍ထားတော်မူ၏။ ထိုသူသည် ယင်းဂျဟန္နမ်ငရဲဘုံသို့ ပြစ်တင်ကဲ့ရဲ့ခြင်းခံရလျက်၊ နှင်ထုတ်ခြင်းခံရလျက် ဝင်ရောက်ရမည်သာတည်း။(၁၈)သို့ရာတွင် မည်သူမဆို တမလွန်ဘဝကို ရည်စူးခဲ့သော်၊ ၎င်းပြင် ထိုသူသည် တမလွန်ဘဝနှင့်လျော်ညီသောကြိုးစားမှုကိုလည်း အပတ်တကုတ် အားထုတ်ကြိုးစားခဲ့သော်၊ထိုမှတစ်ပါး ၎င်းသည် မုအ်မင်န်သက်ဝင်ယုံကြည်သူလည်းဖြစ်ခဲ့သော်၊ ထိုကဲ့သို့သောသူတို့၏ ကြိုးပမ်းမှုကား သဘောတူလက်ခံပြီးဖြစ်အံ့သတည်း။(၁၉)စူရဟ် အစ္စရာအ်-(၁၇:၁၈-၁၉)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-သို့ဖြစ်ပေရာ မည်သူမဆို ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူအံ့။ ၎င်းပြင် ထိုသူသည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူလည်းဖြစ်အံ့။ သို့ဖြစ်လျှင် ထိုသူ၏ကြိုးပမ်းအားထုတ်မှုသည် ပယ်ရှားခြင်းခံရမည် မဟုတ်ပေ။မချွတ်ဧကန် ငါအရှင်မြတ်သည် ယင်းအားထုတ်မှုကို ရေးသားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။စူရဟ် အန်ဗိယာအ်-(၂၁:၉၄)အလ္လာဟ်အရှင်မြတ်သည် မိမိသတ်မှတ်ပြဌာန်းထားသည့် ခဝပ်ကိုးကွယ်မှုများကိုသာ လက်ခံတော်မူမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-သို့ဖြစ်ပေရာ မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တွေ့ဆုံရန် မျှော်လင့်လျက် ရှိသောသူသည်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ရပေမည်။ ၎င်းပြင် ထိုသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အားခဝပ်ကိုးကွယ်ရာ၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် တွဲဖက်ယှဉ်တွဲ (ကိုးကွယ်)ခြင်းမပြုရချေ။စူရဟ် ကဟ်ဖ်-(၁၈:၁၁၀)အလ္လာဟ်အရှင်မြတ်ကရှင်းပြထားတော်မူသည်မှာ ကောင်းမှုတစ်ခုသည် အရှင်မြတ်၏ပြဌာန်းချက်နှင့်ကိုက်ညီမှုရှိရမည်။ ထို့ပြင် ၎င်းကောင်းမှုအားပြုကျင့်သောသူသည် အလ္လာဟ်အရှင်မြတ်ကိုသက်ဝင်ယုံကြည်ပြီး အရှင်မြတ်၏ နဗီ၊ ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်)တို့ကို မှန်ကန်ကြောင်းထောက်ခံကာ မိမိပြုကျင့်သောကောင်းမှုကို အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းအတွက်ရည်စူး၍ ကျင့်ဆောင်မှသာလျှင် ထိုကောင်းမှုသည် မှန်ကန်မှုရှိမည်ဖြစ်သည်။အကြင်သူ၏ကောင်းမှုသည် တင်ပြထားသည့်အချက်များနှင့်မကိုက်ညီပါက ၎င်းနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထို့ပြင် ငါအရှင်မြတ်သည် (ထိုနေ့တွင်) ၎င်းတို့ပြုလုပ်ခဲ့ကြသော အပြုအမူများဘက်သို့ လှည့်တော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် ယင်းအပြုအမူများကို ကြဲဖြန့်ထားသော မြူမှုန့်များ ဖြစ်စေတော်မူမည်။စူရဟ် ဖုရ်ကာန်(၂၅:၂၃)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုနေ့တွင် များစွာသော(သူတို့၏) မျက်နှာများမှာ ညှိုးငယ်လျက် ရှိကြပေမည်။(၂)ပင်ပန်းကြီးစွာ လုပ်ကိုင်(မှုကြောင့်) မောပန်းလျက် ရှိကြပေမည်။(၃)၎င်းတို့သည် အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော မီးထဲသို့ ဝင်ရောက်ကြရပေမည်။(၄)စူရဟ် ဂါရှိယဟ်-(၈၈:၄-၂)ထိုမျက်နှာများသည် ပင်ပန်းကြီးစွာလုပ်ကိုင်မှုကြောင့်ညှိုးငယ်ပြီး မောပန်းလျက်ရှိနေကြသည်။ သို့သော် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ညွှန်ကြားထားသည့်အတိုင်းမကျင့်ဆောင်ကြသည့်အခါ ၎င်းတို့ပြန်လှည့်ရမည့်နေရာသည် ဂျဟန္နမ်ငရဲဘုံဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အလ္လာဟ်ရှင်မြတ်ပြဌာန်းထားသည့်အတိုင်း မကျင့်ဆောင်ခဲ့သောကြောင့်ဖြစ်သည်။ ထို့ပြင်၎င်းတို့သည်မှားယွင်းသောခဝပ်ကိုးကွယ်မှုများကို ပြုကျင့်ခဲ့ကြပြီး၊ ၎င်းတို့အတွက်မှားယွင်းနေသော သာသနာများကို တီထွင်ပေးခဲ့ကြသော လမ်းမှားနေသည့်ခေါင်းဆောင်များနောက်သို့လိုက်ခဲ့ကြသည်။ လက်ခံသဘောတူခြင်းခံရသည့်ကောင်းမှုဟူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ယူဆောင်လာသည့်(သာသနာ့လမ်းစဉ်)နှင့် ကိုက်ညီမှုရှိသည့်ကောင်းမှုကိုဆိုလိုသည်။ လူသားသည်အလ္လာဟ်အရှင်မြတ်ကို သွေဖည်ငြင်းပယ်ပြီး အရှင်မြတ်ချီးမြှင့်မည့်ဆုလာဘ်များကို အဘယ်ကဲ့သို့မျှော်လင့်နေပါသနည်း။ထို့ပြင် မည်သူမဆို နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)အပေါင်းနှင့် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ရစူလ်တမန်တော်ဖြစ်ခြင်းကို သက်ဝင်ယုံကြည်မှသာလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏အီမာန်သက်ဝင်ယုံကြည်မှုကို လက်ခံတော်မူမည်ဖြစ်သည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ အချို့သောအထောက်အထားများကို စာပိုဒ်(၂၀)တွင် တင်ပြခဲ့ပြီးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ရစူလ်တမန်တော် (မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိထံသို့ မိမိအားမွေးမြူ တော်မူသောအရှင်မြတ်၏အထံတော်မှ ထုတ်ပြန်ပို့ချ သော(ကုရ် အာန်ကျမ်းမြတ်)ကို ယုံကြည်လေပြီ။ ထိုနည်းတူစွာ (မုအ်မင်န်)ယုံကြည်သူအပေါင်းတို့သည်လည်း ယုံကြည်ကြသည်။ [ယင်းရစူလ်တမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်တကွ ယုံကြည်သူ' ခပ်သိမ်းသူတို့သည် (တဆူတည်း ဖြစ်တော်မူသော) အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ (မလာအိကဟ်)အပါး တော် စေတမန်တော်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ ကျမ်းဂန်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ် တမန်တော်အပေါင်းတို့ကို လည်းကောင်း၊ ယုံကြည်ကြကုန်၏၊ (ထို့ပြင်ယင်းသူတို့က) ကျွနတော်မျိုးတို့သည် ထို အသျှင်မြတ်၏ ရစူလ်တမန်တော်အပေါင်းတို့အနက် မည်သည့် ရစူလ်တမန်တော်တပါးကိုမျှခွဲခြားခြင်း မပြုကြပါ။ (အားလုံးကိုယုံကြည်ပါသည် ဟုပြောဆိုကြကုန်၏။)ထိုမှတစ်ပါးတုံ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌) “ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏အမိန့်တော်များကို) ကြားနာ ကြ ပါပြီ။ ထို့ပြင်တဝ (ကြားနာသည့်အတိုင်း) လိုက်နာကြ ပါပြီ။ အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသော အသျှင် (ကျွန်တော်မျိုးတို့သည် အပြစ်များမှ) အသျှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တာ်မူခြင်းကိုသာ (ထာဝစဉ် လိုလားတောင့်တကြပါ သည်)။ တဖန်(ကျွန်တော်မျိုးတို့၏ ပြန်လည်ရောက်ရှိရာ)နောက်ဆုံး စခန်းသည် လည်း အရှင်မြတ်၏ အထံတော်၌ပင် ဖြစ်ပါသည်" ဟုလျှောက်ထား ပန်ကြားကြလေသတည်း။စူရဟ် ဗကရဟ်-(၂:၂၈၅)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-အို- သက်ဝင်ယုံကြည်သူ (မုအ်မင်န်) အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (မုဟမ္မဒ်) ကိုလည်းကောင်း၊ ထိုအရှင်မြတ်က မိမိ၏ရစူလ်တမေန်တော်မြတ် (မုဟမ္မဒ်) အပေါ်၌ ထုတ်ပြန်ပို့ချတော်မူခဲ့သော (ကုရ်အာန်) ကျမ်းတော်မြတ်ကိုလည်းကောင်း၊ (ယင်းကုရ်အာန် ကျမ်းတော်မြတ်) အလျင် ထုတ်ပြန်ပို့ချတော်မူခဲ့သော ကျမ်းတော် (များ) ကိုလည်းကောင်း ယုံကြည်ကြလေကုန်။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ 'မလာအိကဟ်' အပါးတော် စေတမန်များကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကျမ်းဂန်များကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ 'ရစူလ်' တမန်တော်များကိုသော်လည်းကောင်း၊ နောက်ဆုံးနေ့ကိုသော်လည်းကောင်း ငြင်းပယ်ခဲ့ပါလျှင် ထိုသူသည် အလွန် ကမ်းလှမ်းဝေးကွာသောလမ်းမှားသို့ မချွတ်ဧကန် ရောက်ရှိခဲ့ချေပြီ၊စူရဟ် နိစာအ်-(၄:၁၃၆)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုမှတစ်ပါးတုံ(ပြန်လည်အောင့်မေ့သတိရကြကုန်၊)တရံရောအခါဝယ်အလ္လာဟ်အရှင်မြတ်သည်နဗီတမန်တော်များထံမှပဋိညာဉ်ဝန်ခံချက်ကို(ဤသို့)ယူတော်မူလေသည်။(အို-နဗီတမန်အပေါင်းတို့)ဧကန်မလွဲငါအရှင်မြတ်သည်အသင်တို့အားကျမ်းဂန်ကို၏လည်းကောင်း၊ဉာဏ်ပညာအမြော်အမြင်ကိုလည်းကောင်း၊ပေးသနားတော်မူပြီးနောက်အသင်တို့လက်ဝယ်ရှိနှင့်ပြီးဖြစ်သောကျမ်းဂန်များကိုထောက်ခံသောရစူလ်တမန်တော်တစ်ပါးပါးသည်အသင်တို့ထံရောက်လတ်သော်အသင်တို့သည်ထိုရစူလ်တမန်တော်ကို(မိမိတို့စိတ်တွင်းမှ)မုချယုံကြည်ကြပေမည်။၎င်းပြင်ထိုရစူလ်တမန်တော်ကို(ကာယကံမြောက်လည်း)အားပေးကူညီကြပေမည်။ထို့နောက်အလ္လာဟ်အရှင်မြတ်က(အို-နဗီတမန်တော်အပေါင်းတို့)အသင်တို့သည်ဝန်ခံကြပြီလော။ယင်းကိစ္စနှင့်စပ်လျဉ်း၍အသင်တို့သည်ငါအရှင်မြတ်၏ပဋိညာဉ်တော်ကိုလည်းလက်ခံကြပြီလောဟုမေးမြန်းတော်မူ၏။(ထိုအခါနဗီတမန်တော်အပေါင်းတို့က)ကျွန်တော်မျိုးတို့သည်ဝန်ခံကြပါပြီဟုတင်လျှောက်ကြလေသည်။(ထိုအခါအလ္လာဟ်အရှင်မြတ်က)သို့ဖြစ်လျှင်အသင်တို့သည်(ဤပဋိညာဉ်ဝန်ခံချက်နှင့်စပ်လျဉ်း၍)အသိသက်သေများဖြစ်ကြကုန်။ငါအရှင်မြတ်သည်လည်းအသင်တို့နှင့်အတူအသိသက်သေများအနက်အပါအဝင်ဖြစ်တော်မူသည်ဟုမိန့်ကြားတော်မူလေသတည်း။စူရဟ် အားလိအင်မ်ရာန်-(၃:၈၁)

မည်သူမဆို ဤလောက၏စည်းစိမ်ကို ရည်စူးခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူအားဤလောက၌ပင် ငါအရှင်မြတ် အလိုရှိတော်မူသောအရာကို ငါအရှင်မြတ် အလိုရှိတော်မူသောသူအား အဆောတလျင် ပေးတော်မူ၏။ ထို့နောက်ထိုသူအဖို့ ဂျဟန္နမ်ငရဲဘုံကို (အဆင်သင့်) ပြုလုပ်၍ထားတော်မူ၏။ ထိုသူသည် ယင်းဂျဟန္နမ်ငရဲဘုံသို့ ပြစ်တင်ကဲ့ရဲ့ခြင်းခံရလျက်၊ နှင်ထုတ်ခြင်းခံရလျက် ဝင်ရောက်ရမည်သာတည်း။(၁၈)

သို့ရာတွင် မည်သူမဆို တမလွန်ဘဝကို ရည်စူးခဲ့သော်၊ ၎င်းပြင် ထိုသူသည် တမလွန်ဘဝနှင့်လျော်ညီသောကြိုးစားမှုကိုလည်း အပတ်တကုတ် အားထုတ်ကြိုးစားခဲ့သော်၊ထိုမှတစ်ပါး ၎င်းသည် မုအ်မင်န်သက်ဝင်ယုံကြည်သူလည်းဖြစ်ခဲ့သော်၊ ထိုကဲ့သို့သောသူတို့၏ ကြိုးပမ်းမှုကား သဘောတူလက်ခံပြီးဖြစ်အံ့သတည်း။(၁၉)

စူရဟ် အစ္စရာအ်-(၁၇:၁၈-၁၉)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

သို့ဖြစ်ပေရာ မည်သူမဆို ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူအံ့။ ၎င်းပြင် ထိုသူသည် "မုအ်မင်န်" သက်ဝင်ယုံကြည်သူလည်းဖြစ်အံ့။ သို့ဖြစ်လျှင် ထိုသူ၏ကြိုးပမ်းအားထုတ်မှုသည် ပယ်ရှားခြင်းခံရမည် မဟုတ်ပေ။မချွတ်ဧကန် ငါအရှင်မြတ်သည် ယင်းအားထုတ်မှုကို ရေးသားတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

စူရဟ် အန်ဗိယာအ်-(၂၁:၉၄)

အလ္လာဟ်အရှင်မြတ်သည် မိမိသတ်မှတ်ပြဌာန်းထားသည့် ခဝပ်ကိုးကွယ်မှုများကိုသာ လက်ခံတော်မူမည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

သို့ဖြစ်ပေရာ မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှင့်တွေ့ဆုံရန် မျှော်လင့်လျက် ရှိသောသူသည်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ရပေမည်။ ၎င်းပြင် ထိုသူသည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အားခဝပ်ကိုးကွယ်ရာ၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် တွဲဖက်ယှဉ်တွဲ (ကိုးကွယ်)ခြင်းမပြုရချေ။

စူရဟ် ကဟ်ဖ်-(၁၈:၁၁၀)

အလ္လာဟ်အရှင်မြတ်ကရှင်းပြထားတော်မူသည်မှာ ကောင်းမှုတစ်ခုသည် အရှင်မြတ်၏ပြဌာန်းချက်နှင့်ကိုက်ညီမှုရှိရမည်။ ထို့ပြင် ၎င်းကောင်းမှုအားပြုကျင့်သောသူသည် အလ္လာဟ်အရှင်မြတ်ကိုသက်ဝင်ယုံကြည်ပြီး အရှင်မြတ်၏ နဗီ၊ ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်)တို့ကို မှန်ကန်ကြောင်းထောက်ခံကာ မိမိပြုကျင့်သောကောင်းမှုကို အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းအတွက်ရည်စူး၍ ကျင့်ဆောင်မှသာလျှင် ထိုကောင်းမှုသည် မှန်ကန်မှုရှိမည်ဖြစ်သည်။အကြင်သူ၏ကောင်းမှုသည် တင်ပြထားသည့်အချက်များနှင့်မကိုက်ညီပါက ၎င်းနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ထို့ပြင် ငါအရှင်မြတ်သည် (ထိုနေ့တွင်) ၎င်းတို့ပြုလုပ်ခဲ့ကြသော အပြုအမူများဘက်သို့ လှည့်တော်မူမည်။ ထို့နောက် ငါအရှင်မြတ်သည် ယင်းအပြုအမူများကို ကြဲဖြန့်ထားသော မြူမှုန့်များ ဖြစ်စေတော်မူမည်။

စူရဟ် ဖုရ်ကာန်(၂၅:၂၃)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ထိုနေ့တွင် များစွာသော(သူတို့၏) မျက်နှာများမှာ ညှိုးငယ်လျက် ရှိကြပေမည်။(၂)

ပင်ပန်းကြီးစွာ လုပ်ကိုင်(မှုကြောင့်) မောပန်းလျက် ရှိကြပေမည်။(၃)

၎င်းတို့သည် အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော မီးထဲသို့ ဝင်ရောက်ကြရပေမည်။(၄)

စူရဟ် ဂါရှိယဟ်-(၈၈:၄-၂)

ထိုမျက်နှာများသည် ပင်ပန်းကြီးစွာလုပ်ကိုင်မှုကြောင့်ညှိုးငယ်ပြီး မောပန်းလျက်ရှိနေကြသည်။ သို့သော် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်ညွှန်ကြားထားသည့်အတိုင်းမကျင့်ဆောင်ကြသည့်အခါ ၎င်းတို့ပြန်လှည့်ရမည့်နေရာသည် ဂျဟန္နမ်ငရဲဘုံဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အလ္လာဟ်ရှင်မြတ်ပြဌာန်းထားသည့်အတိုင်း မကျင့်ဆောင်ခဲ့သောကြောင့်ဖြစ်သည်။ ထို့ပြင်၎င်းတို့သည်မှားယွင်းသောခဝပ်ကိုးကွယ်မှုများကို ပြုကျင့်ခဲ့ကြပြီး၊ ၎င်းတို့အတွက်မှားယွင်းနေသော သာသနာများကို တီထွင်ပေးခဲ့ကြသော လမ်းမှားနေသည့်ခေါင်းဆောင်များနောက်သို့လိုက်ခဲ့ကြသည်။ လက်ခံသဘောတူခြင်းခံရသည့်ကောင်းမှုဟူသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ယူဆောင်လာသည့်(သာသနာ့လမ်းစဉ်)နှင့် ကိုက်ညီမှုရှိသည့်ကောင်းမှုကိုဆိုလိုသည်။ လူသားသည်အလ္လာဟ်အရှင်မြတ်ကို သွေဖည်ငြင်းပယ်ပြီး အရှင်မြတ်ချီးမြှင့်မည့်ဆုလာဘ်များကို အဘယ်ကဲ့သို့မျှော်လင့်နေပါသနည်း။

ထို့ပြင် မည်သူမဆို နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)အပေါင်းနှင့် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ရစူလ်တမန်တော်ဖြစ်ခြင်းကို သက်ဝင်ယုံကြည်မှသာလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏အီမာန်သက်ဝင်ယုံကြည်မှုကို လက်ခံတော်မူမည်ဖြစ်သည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ အချို့သောအထောက်အထားများကို စာပိုဒ်(၂၀)တွင် တင်ပြခဲ့ပြီးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ရစူလ်တမန်တော် (မုဟမ္မဒ် ဆွာလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မိမိထံသို့ မိမိအားမွေးမြူ တော်မူသောအရှင်မြတ်၏အထံတော်မှ ထုတ်ပြန်ပို့ချ သော(ကုရ် အာန်ကျမ်းမြတ်)ကို ယုံကြည်လေပြီ။ ထိုနည်းတူစွာ (မုအ်မင်န်)ယုံကြည်သူအပေါင်းတို့သည်လည်း ယုံကြည်ကြသည်။ [ယင်းရစူလ်တမန်တော် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့်တကွ ယုံကြည်သူ' ခပ်သိမ်းသူတို့သည် (တဆူတည်း ဖြစ်တော်မူသော) အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ (မလာအိကဟ်)အပါး တော် စေတမန်တော်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ ကျမ်းဂန်အပေါင်းတို့ကိုလည်းကောင်း၊ထိုအရှင်မြတ်၏ရစူလ် တမန်တော်အပေါင်းတို့ကို လည်းကောင်း၊ ယုံကြည်ကြကုန်၏၊ (ထို့ပြင်ယင်းသူတို့က) ကျွနတော်မျိုးတို့သည် ထို အသျှင်မြတ်၏ ရစူလ်တမန်တော်အပေါင်းတို့အနက် မည်သည့် ရစူလ်တမန်တော်တပါးကိုမျှခွဲခြားခြင်း မပြုကြပါ။ (အားလုံးကိုယုံကြည်ပါသည် ဟုပြောဆိုကြကုန်၏။)ထိုမှတစ်ပါးတုံ ယင်းသူတို့သည် (အလ္လာဟ်အရှင်မြတ်အထံတော်၌) “ကျွန်တော်မျိုးတို့သည် (အရှင်မြတ်၏အမိန့်တော်များကို) ကြားနာ ကြ ပါပြီ။ ထို့ပြင်တဝ (ကြားနာသည့်အတိုင်း) လိုက်နာကြ ပါပြီ။ အို-ကျွန်တော်မျိုးတို့အားမွေးမြူတော်မူသော အသျှင် (ကျွန်တော်မျိုးတို့သည် အပြစ်များမှ) အသျှင်မြတ်၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနား တာ်မူခြင်းကိုသာ (ထာဝစဉ် လိုလားတောင့်တကြပါ သည်)။ တဖန်(ကျွန်တော်မျိုးတို့၏ ပြန်လည်ရောက်ရှိရာ)နောက်ဆုံး စခန်းသည် လည်း အရှင်မြတ်၏ အထံတော်၌ပင် ဖြစ်ပါသည်" ဟုလျှောက်ထား ပန်ကြားကြလေသတည်း။

စူရဟ် ဗကရဟ်-(၂:၂၈၅)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

အို- သက်ဝင်ယုံကြည်သူ (မုအ်မင်န်) အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် (မုဟမ္မဒ်) ကိုလည်းကောင်း၊ ထိုအရှင်မြတ်က မိမိ၏ရစူလ်တမေန်တော်မြတ် (မုဟမ္မဒ်) အပေါ်၌ ထုတ်ပြန်ပို့ချတော်မူခဲ့သော (ကုရ်အာန်) ကျမ်းတော်မြတ်ကိုလည်းကောင်း၊ (ယင်းကုရ်အာန် ကျမ်းတော်မြတ်) အလျင် ထုတ်ပြန်ပို့ချတော်မူခဲ့သော ကျမ်းတော် (များ) ကိုလည်းကောင်း ယုံကြည်ကြလေကုန်။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ 'မလာအိကဟ်' အပါးတော် စေတမန်များကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ ကျမ်းဂန်များကိုသော်လည်းကောင်း၊ ထိုအရှင်မြတ်၏ 'ရစူလ်' တမန်တော်များကိုသော်လည်းကောင်း၊ နောက်ဆုံးနေ့ကိုသော်လည်းကောင်း ငြင်းပယ်ခဲ့ပါလျှင် ထိုသူသည် အလွန် ကမ်းလှမ်းဝေးကွာသောလမ်းမှားသို့ မချွတ်ဧကန် ရောက်ရှိခဲ့ချေပြီ၊

စူရဟ် နိစာအ်-(၄:၁၃၆)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ထိုမှတစ်ပါးတုံ(ပြန်လည်အောင့်မေ့သတိရကြကုန်၊)တရံရောအခါဝယ်အလ္လာဟ်အရှင်မြတ်သည်နဗီတမန်တော်များထံမှပဋိညာဉ်ဝန်ခံချက်ကို(ဤသို့)ယူတော်မူလေသည်။(အို-နဗီတမန်အပေါင်းတို့)ဧကန်မလွဲငါအရှင်မြတ်သည်အသင်တို့အားကျမ်းဂန်ကို၏လည်းကောင်း၊ဉာဏ်ပညာအမြော်အမြင်ကိုလည်းကောင်း၊ပေးသနားတော်မူပြီးနောက်အသင်တို့လက်ဝယ်ရှိနှင့်ပြီးဖြစ်သောကျမ်းဂန်များကိုထောက်ခံသောရစူလ်တမန်တော်တစ်ပါးပါးသည်အသင်တို့ထံရောက်လတ်သော်အသင်တို့သည်ထိုရစူလ်တမန်တော်ကို(မိမိတို့စိတ်တွင်းမှ)မုချယုံကြည်ကြပေမည်။၎င်းပြင်ထိုရစူလ်တမန်တော်ကို(ကာယကံမြောက်လည်း)အားပေးကူညီကြပေမည်။ထို့နောက်အလ္လာဟ်အရှင်မြတ်က(အို-နဗီတမန်တော်အပေါင်းတို့)အသင်တို့သည်ဝန်ခံကြပြီလော။ယင်းကိစ္စနှင့်စပ်လျဉ်း၍အသင်တို့သည်ငါအရှင်မြတ်၏ပဋိညာဉ်တော်ကိုလည်းလက်ခံကြပြီလောဟုမေးမြန်းတော်မူ၏။(ထိုအခါနဗီတမန်တော်အပေါင်းတို့က)ကျွန်တော်မျိုးတို့သည်ဝန်ခံကြပါပြီဟုတင်လျှောက်ကြလေသည်။(ထိုအခါအလ္လာဟ်အရှင်မြတ်က)သို့ဖြစ်လျှင်အသင်တို့သည်(ဤပဋိညာဉ်ဝန်ခံချက်နှင့်စပ်လျဉ်း၍)အသိသက်သေများဖြစ်ကြကုန်။ငါအရှင်မြတ်သည်လည်းအသင်တို့နှင့်အတူအသိသက်သေများအနက်အပါအဝင်ဖြစ်တော်မူသည်ဟုမိန့်ကြားတော်မူလေသတည်း။

စူရဟ် အားလိအင်မ်ရာန်-(၃:၈၁)

၄၁။ အလ္လာဟ်အရှင်မြတ်မိန့်မှာချက်များအားလုံး၏ ရည်ရွယ်ချက်ပန်းတိုင်မှာ စစ်မှန်သည့်သာသနာဖြင့် လူသားကိုမြှင့်တင်ပေးရန်ဖြစ်သည်။ ထို့ကြောင့်လူသားသည် စကြာဝဠာအပေါင်းအား မွေးမြူဖန်ဆင်းတော်မူသည့် အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်သက်သက်သာဖြစ်သွားပြီး၊ လူသား၊ ရုပ်ဝါဒနှင့်၊ ဒဏ္ဍာရီယုံတမ်းတို့၏ကျေးကျွန်ဖြစ်ခြင်းမှလွတ်မြောက်းစေသည်။ အစ္စလာမ်သာသနာသည် သင်မြင်တွေ့သည့်အတိုင်းပင် လူပုဂ္ဂိုလ်တို့အား ၎င်းတို့၏အဆင့်အတန်းထက်ကျော်လွန်၍ အထွတ်အမြတ်ထားခြင်းလည်းမပြုသလို ခဝပ်ကိုးကွယ်ခြင်းခံထိုက်သူများ၊ ကိုးကွယ်ခံဘုရားများဟူ၍လည်း မသတ်မှတ်ပေ။

အလ္လာဟ်အရှင်မြတ်မိန့်မှာချက်များအားလုံး၏ ရည်ရွယ်ချက်ပန်းတိုင်မှာ စစ်မှန်သည့်သာသနာဖြင့်လူသားကို မြှင့်တင်ပေးရန်ဖြစ်သည်။ ထို့ကြောင့်လူသားသည်စကြာဝဠာအပေါင်းအားမွေးမြူဖန်ဆင်းတော်မူသည့် အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်သက်သက်သာဖြစ်သွားသည်။ အစ္စလာမ်သာသနာသည် လူသားအား ရုပ်ဝါဒနှင့်၊ ဒဏ္ဍာရီယုံတမ်းတို့၏ကျေးကျွန်ဖြစ်ခြင်းမှ လွတ်မြောက်းစေသည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ-ရွှေဒင်္ဂါး၏ကျေးကျွန်၊ ငွေဒင်္ဂါး၏ကျေးကျွန် ကတ္တီပါ၊သိုးမွေးဂွမ်းထည်တို့၏ ကျေးကျွန်တို့ပျက်စီးပါစေ။ အကယ်၍ ၎င်းတို့သည် ရရှိလျှင်ကျေနပ်သွားကြပြီး၊ မရရှိလျှင်မကျေနပ်ကြပေ။(ဆွဟီးဟ် ဗုခါရီကျမ်း - ၆၄၃၅)မှန်ကန်ဖြောင့်မတ်၍ အလယ်အလတ်ကြသူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သူ့ကိုမျှ ခယရိုကျိုးမည် မဟုတ်ပေ။ထို့ပြင် ဥစ္စာပစ္စည်း၊ ဂုဏ်အဆင့်အတန်း၊ ရာထူးအာဏာနှင့် မျိုးနွယ်တို့ကလည်း ၎င်းတို့၏ကျွန်အဖြစ်မပြုလုပ်နိုင်ပေ။ ဤတင်ပြမည့်အဖြစ်အပျက်တွင် လူတို့ထံသို့ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များမကျရောက်မီ ၎င်းတို့၏အခြေအနေနှင့် ကျရောက်ပြီးနောက်ပိုင်း ၎င်းတို့၏အခြေအနေ မည်သို့ဖြစ်သွားကြောင်း စာဖတ်သူအတွက်ပေါ်လွင်လာမည်ဖြစ်သည်။ပထမဦးဆုံးမွတ်စ်လင်မ်များသည် အီသီယိုးပီးယားနိုင်ငံသို့ (ဟိဂ်ျရသ်) ရွှေ့ပြောင်းသောအခါ အီသီယိုပီးယား၏ ဘုရင်(ထိုခေတ်အခါ၏)နဂျာရှီက ၎င်းတို့အား မေးမြန်းခဲ့သည်မှာဤသည်မည်ကဲ့သို့သော သာသနာနည်း။ အကြင်သာသနာကြောင့်သင်တို့သည် မိမိတို့၏အမျိုးသားများနှင့်ခွဲခဲ့ကြရသည်။ ငါ့၏သာသနာနှင့် ဤလူမျိုးများအနက်တစ်ဦးဦး၏ သာသနာသို့လည်း သင်တို့မဝင်ရောက်ကြချေ။အဘူတွာလိဗ်၏ သားဂျအ်ဖရ်က ၎င်းအားပြောပြသည်မှာ-အို-ဘုရင်မင်းမြတ် ကျွန်ုပ်တို့သည် အမိုက်ခေတ်တွင်ရုပ်တုဆင်းတုများကို ကိုးကွယ်ခဲ့ကြသူများ၊ အသေသားစားကြသူများ၊ စက်ဆုပ်ရွံရှာဖွယ်ရာများကိုပြုလုပ်ကြသူများ၊ ဆွေမျိုးအဆက်ဖြတ်ကြသူများ၊ အိမ်နီးချင်းအားဒုက္ခပေးသူများ၊ ကျွန်တော်တို့အနက်အင်အားကြီးသူသည် အင်အားနည်းသူအားအနိုင်အထက်ပြုကြသော လူမျိုးစုဖြစ်ခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်သည်ကျွန်တော်တို့ထံ ကျွန်တော်တို့ထဲမှ ရစူလ်တမန်တော်တစ်ပါးစေလွှတ်ခဲ့သည့်အချိန်ထိ ထိုအတိုင်းပင် ရှိနေခဲ့ကြသည်။ ကျွန်တော်တို့သည် ထိုရစူလ်တမန်တော်၏ မျိုးရိုး၊ မှန်ကန်ဖြောင့်မတ်ခြင်း၊ သစ္စာတရားရှိခြင်း၊ အပြစ်မှရှောင်ကြဉ်ခြင်းတို့ကိုသိရှိကြပါသည်။သို့ရှိရာ ထိုတမန်တော်သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏ဘိုးဘေးများက အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်နေကြသည့် ကျောက်တုံးများ၊ ရုပ်တုဆင်းတုများကို စွန့်လွှတ်ရန်ဖိတ်ခေါ်ခဲ့သည်။ ၎င်းနောက်ကျွန်တော်တို့ကို အမှန်ပြောရန်၊ သစ္စာရှိရန်၊ဆွေမျိုးသားချင်းအဆက်ထားရန်၊ အိမ်နီးချင်းတို့နှင့် ကောင်းမွန်စွာဆက်ဆံရန်အမိန့်ပေးခဲ့သည်။၎င်းနောက် မကောင်းမှုများနှင့် သတ်ဖြတ်ခြင်းတို့ကို တားဆီးခဲ့သည်။ ထို့ပြင်ကျွန်တော်တို့အား စက်ဆုပ်ရွံရှာဖွယ်ရာများပြုလုပ်ခြင်း၊ မုသားပြောခြင်း၊ အဖမဲ့ကလေး၏ ဥစ္စာပစ္စည်းကိုစားခြင်း၊ အပြစ်ကင်းစင်သောအမျိုးသမီးအား(ကာမေသုမိစ္ဆာစာရကျူးလွန်သည်ဟု)စွပ်စွဲခြင်းတို့မှ တားမြစ်ခဲ့သည်။ ၎င်းနောက်ကျွန်တော်တို့ကို အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်အားမည်သည့်တစ်စုံတစ်ရာနှင့်မျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုရန်၊ ဆွလာသ်ဆောက်တည်ရန်၊ ဇကာသ်ပေးဆောင်ရန်နှင့် ဆွိယာမ်ဥပုသ်စောင့်ထိန်းရန် အမိန့်ပေးခဲ့သည်။ဆင့်ပြန်သူကပြောပြသည်မှာ ၎င်းသည်ဆက်လက်၍ အစ္စလာမ်၏ကိစ္စရပ်များကို ဘုရင့်အားတင်ပြခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့သည် ယင်းတမန်တော်အား ထောက်ခံခဲ့ပြီး၊ (အီမာန်) သက်ဝင်ယုံကြည်ကာ ထိုတမန်တော်ယူဆောင်လာခဲ့သည့် အရာအားလုံးအပေါ်နောက်လိုက်ခဲ့ကြသည်။ သို့ရှိရာ ကျွန်တော်တို့သည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်ခဲ့ကြပြီး ထိုအရှင်မြတ်အား မည်သည့်အရာနှင့်မျှ ယှဉ်တွဲကိုးကွယ်ခြင်း မပြုကြပေ။ ထိုတမန်တော်က ကျွန်တော်တို့အတွက်(ဟရာမ်)မပြုပိုင်ဟု သတ်မှတ်လိုက်သောအရာကို ကျွန်တော်တို့(ဟရာမ်)ဟူ၍ လည်းကောင်း၊ (ဟလာလ်) ပြုပိုင်သည်ဟု သတ်မှတ်လိုက်သောအရာကို ကျွန်တော်တို့(ဟလာလ်) ဟူ၍လည်းကောင်း လက်ခံခဲ့ကြသည်။(အဟ်မဒ်ကျမ်း-၁၇၄၀)တွင်ဆင့်ပြန်ချက် အနည်းငယ်မျှကွဲလွဲသည်။ (ဟိလ်ယတုလ်အောင်လီယာအ်ကျမ်း-အတွဲ၁၊စာ ၁၁၅)တွင် အဗူနအီးမ်ကအတိုချုံး၍တင်ပြထားသည်။အစ္စလာမ်သာသနာသည် သင်မြင်တွေ့သည့်အတိုင်းပင် လူပုဂ္ဂိုလ်တို့အား ၎င်းတို့၏အဆင့်အတန်းထက်ကျော်လွန်၍ အထွတ်အမြတ်ထားခြင်းလည်းမပြုသလို ခဝပ်ကိုးကွယ်မှုကို ခံထိုက်သူများ၊ ကိုးကွယ်ခံဘုရားများဟူ၍လည်း မသတ်မှတ်ပေ။အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီ)အသင်သည်(ယဟူဒီနှင့်ခရစ်ယာန်တို့အား)ပြောကြားပါလေ၊အို-ကျမ်းဂန်ရရှိသူအပေါင်းတို့၊အသင်တို့သည်အကျွန်ုပ်တို့နှင့်အသင်တို့ကြား၌(အားလုံးလက်ခံထားသည့်)တူညီသောစကားဘက်သို့လာကြကုန်၊(ထိုစကားသည်ကား)ငါတို့သည်အလ္လာဟ်အရှင်မြတ်မှတစ်ပါးအခြားမည်သည့်အရာကိုမျှမခဝပ်မကိုးကွယ်ခြင်း၊ငါတို့သည်တစ်စုံတစ်ခုသောအရာကိုမျှထိုအရှင်မြတ်နှင့်တွဲဖက်ယှဉ်ဖက်ဟူ၍မပြုခြင်း၊ငါတို့အနက်အချို့သည်အလ္လာဟ်အရှင်မြတ်ကိုဖဲကြဉ်၍အချို့သောသူများကိုမွေးမြူတော်မူသောအရှင်များဟူ၍မပြုလုပ်ခြင်း(ပင်တည်း)(ယင်းကဲ့သို့ဖိတ်ခေါ်ပြီးသည့်နောက်သော်မှပင်)အကယ်၍ထိုသူတို့သည်သွေဖည်ကျောခိုင်းသွားကြပါမူ(အို-မုစ်လင်မ်အပေါင်းတို့)အသင်တို့က(ထိုသူတို့အား၊အချင်းတို့)ကျွန်ုပ်တို့သည်(အလ္လာဟ်အရှင်မြတ်၏)အမိန့်တော်များကိုမုချနာခံသောမုစ်လင်မ်များပင်ဖြစ်ကြောင်းအသင်တို့ကိုယ်တိုင်သက်သေခံကြကုန်ဟုပြောဆိုကြကုန်လော့။စူရဟ် အားလိအင်မ်ရာန်-(၃:၆၄)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုနည်းတူစွာယင်း(ကဲ့သို့ချီးမြှင့်ခြင်းခံရသော)သူကအသင်တို့အားမလာအိကဟ်အပါးတော်စေတမန်များကိုလည်းကောင်း၊ဗီတမန်တော်များကိုလည်းကောင်း၊(မိမိတို့အား)မွေးမြူတော်မူသောအသျှင်များအဖြစ်ပြုလုပ်ကြရန်လည်း(မည်သည့်အခါမျှ)ညွှန်ကြားမည်မဟုတ်ပေ။အသင်တို့(မွတ်စ်လင်မ်)အမိန့်နာခံသောသူများဖြစ်ကြပြီးနောက်ထို(နဗီအဖြစ်ချီးမြှင့်ခြင်းခံရသော)သူသည်အသင်တို့အားသွေဖည်ငြင်းပယ်ရန်ညွှန်ကြားပါမည်လော။စူရဟ် အားလိအင်မ်ရာန်-(၃:၈၀)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -နဆ်ွရာနီတို့သည် မရ်ယမ်၏ သားတော်(တမန်တော်အီစာ) (အလိုင်ဟိစ္စလာမ်) အားအတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ကြသကဲ့သို့ အသင်တို့သည် ငါကိုယ်တော်အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ခြင်းမပြုကြနှင့်။ ငါကိုယ်တော်သည်အရှင်မြတ်၏ကျေးကျွန်သာဖြစ်သည်။ ထို့ကြောင့်ငါကိုယ်တော်အား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်သည် ဟူ၍သာ သင်တို့ပြောကြလေကုန်။(ဆွဟီးဟ် ဗုခါရီကျမ်း - ၃၄၄၅)

ရွှေဒင်္ဂါး၏ကျေးကျွန်၊ ငွေဒင်္ဂါး၏ကျေးကျွန် ကတ္တီပါ၊သိုးမွေးဂွမ်းထည်တို့၏ ကျေးကျွန်တို့ပျက်စီးပါစေ။ အကယ်၍ ၎င်းတို့သည် ရရှိလျှင်ကျေနပ်သွားကြပြီး၊ မရရှိလျှင်မကျေနပ်ကြပေ။

(ဆွဟီးဟ် ဗုခါရီကျမ်း - ၆၄၃၅)

မှန်ကန်ဖြောင့်မတ်၍ အလယ်အလတ်ကြသူသည် အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သူ့ကိုမျှ ခယရိုကျိုးမည် မဟုတ်ပေ။ထို့ပြင် ဥစ္စာပစ္စည်း၊ ဂုဏ်အဆင့်အတန်း၊ ရာထူးအာဏာနှင့် မျိုးနွယ်တို့ကလည်း ၎င်းတို့၏ကျွန်အဖြစ်မပြုလုပ်နိုင်ပေ။ ဤတင်ပြမည့်အဖြစ်အပျက်တွင် လူတို့ထံသို့ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များမကျရောက်မီ ၎င်းတို့၏အခြေအနေနှင့် ကျရောက်ပြီးနောက်ပိုင်း ၎င်းတို့၏အခြေအနေ မည်သို့ဖြစ်သွားကြောင်း စာဖတ်သူအတွက်ပေါ်လွင်လာမည်ဖြစ်သည်။

ပထမဦးဆုံးမွတ်စ်လင်မ်များသည် အီသီယိုးပီးယားနိုင်ငံသို့ (ဟိဂ်ျရသ်) ရွှေ့ပြောင်းသောအခါ အီသီယိုပီးယား၏ ဘုရင်(ထိုခေတ်အခါ၏)နဂျာရှီက ၎င်းတို့အား မေးမြန်းခဲ့သည်မှာ

ဤသည်မည်ကဲ့သို့သော သာသနာနည်း။ အကြင်သာသနာကြောင့်သင်တို့သည် မိမိတို့၏အမျိုးသားများနှင့်ခွဲခဲ့ကြရသည်။ ငါ့၏သာသနာနှင့် ဤလူမျိုးများအနက်တစ်ဦးဦး၏ သာသနာသို့လည်း သင်တို့မဝင်ရောက်ကြချေ။

အဘူတွာလိဗ်၏ သားဂျအ်ဖရ်က ၎င်းအားပြောပြသည်မှာ-

အို-ဘုရင်မင်းမြတ် ကျွန်ုပ်တို့သည် အမိုက်ခေတ်တွင်ရုပ်တုဆင်းတုများကို ကိုးကွယ်ခဲ့ကြသူများ၊ အသေသားစားကြသူများ၊ စက်ဆုပ်ရွံရှာဖွယ်ရာများကိုပြုလုပ်ကြသူများ၊ ဆွေမျိုးအဆက်ဖြတ်ကြသူများ၊ အိမ်နီးချင်းအားဒုက္ခပေးသူများ၊ ကျွန်တော်တို့အနက်အင်အားကြီးသူသည် အင်အားနည်းသူအားအနိုင်အထက်ပြုကြသော လူမျိုးစုဖြစ်ခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်သည်ကျွန်တော်တို့ထံ ကျွန်တော်တို့ထဲမှ ရစူလ်တမန်တော်တစ်ပါးစေလွှတ်ခဲ့သည့်အချိန်ထိ ထိုအတိုင်းပင် ရှိနေခဲ့ကြသည်။ ကျွန်တော်တို့သည် ထိုရစူလ်တမန်တော်၏ မျိုးရိုး၊ မှန်ကန်ဖြောင့်မတ်ခြင်း၊ သစ္စာတရားရှိခြင်း၊ အပြစ်မှရှောင်ကြဉ်ခြင်းတို့ကိုသိရှိကြပါသည်။သို့ရှိရာ ထိုတမန်တော်သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် ကျွန်ုပ်တို့နှင့်ကျွန်ုပ်တို့၏ဘိုးဘေးများက အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်နေကြသည့် ကျောက်တုံးများ၊ ရုပ်တုဆင်းတုများကို စွန့်လွှတ်ရန်ဖိတ်ခေါ်ခဲ့သည်။ ၎င်းနောက်ကျွန်တော်တို့ကို အမှန်ပြောရန်၊ သစ္စာရှိရန်၊ဆွေမျိုးသားချင်းအဆက်ထားရန်၊ အိမ်နီးချင်းတို့နှင့် ကောင်းမွန်စွာဆက်ဆံရန်အမိန့်ပေးခဲ့သည်။၎င်းနောက် မကောင်းမှုများနှင့် သတ်ဖြတ်ခြင်းတို့ကို တားဆီးခဲ့သည်။ ထို့ပြင်ကျွန်တော်တို့အား စက်ဆုပ်ရွံရှာဖွယ်ရာများပြုလုပ်ခြင်း၊ မုသားပြောခြင်း၊ အဖမဲ့ကလေး၏ ဥစ္စာပစ္စည်းကိုစားခြင်း၊ အပြစ်ကင်းစင်သောအမျိုးသမီးအား(ကာမေသုမိစ္ဆာစာရကျူးလွန်သည်ဟု)စွပ်စွဲခြင်းတို့မှ တားမြစ်ခဲ့သည်။ ၎င်းနောက်ကျွန်တော်တို့ကို အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်အားမည်သည့်တစ်စုံတစ်ရာနှင့်မျှ ယှဉ်တွဲကိုးကွယ်ခြင်းမပြုရန်၊ ဆွလာသ်ဆောက်တည်ရန်၊ ဇကာသ်ပေးဆောင်ရန်နှင့် ဆွိယာမ်ဥပုသ်စောင့်ထိန်းရန် အမိန့်ပေးခဲ့သည်။ဆင့်ပြန်သူကပြောပြသည်မှာ ၎င်းသည်ဆက်လက်၍ အစ္စလာမ်၏ကိစ္စရပ်များကို ဘုရင့်အားတင်ပြခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့သည် ယင်းတမန်တော်အား ထောက်ခံခဲ့ပြီး၊ (အီမာန်) သက်ဝင်ယုံကြည်ကာ ထိုတမန်တော်ယူဆောင်လာခဲ့သည့် အရာအားလုံးအပေါ်နောက်လိုက်ခဲ့ကြသည်။ သို့ရှိရာ ကျွန်တော်တို့သည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ကိုးကွယ်ခဲ့ကြပြီး ထိုအရှင်မြတ်အား မည်သည့်အရာနှင့်မျှ ယှဉ်တွဲကိုးကွယ်ခြင်း မပြုကြပေ။ ထိုတမန်တော်က ကျွန်တော်တို့အတွက်(ဟရာမ်)မပြုပိုင်ဟု သတ်မှတ်လိုက်သောအရာကို ကျွန်တော်တို့(ဟရာမ်)ဟူ၍ လည်းကောင်း၊ (ဟလာလ်) ပြုပိုင်သည်ဟု သတ်မှတ်လိုက်သောအရာကို ကျွန်တော်တို့(ဟလာလ်) ဟူ၍လည်းကောင်း လက်ခံခဲ့ကြသည်။

(အဟ်မဒ်ကျမ်း-၁၇၄၀)တွင်ဆင့်ပြန်ချက် အနည်းငယ်မျှကွဲလွဲသည်။ (ဟိလ်ယတုလ်အောင်လီယာအ်ကျမ်း-အတွဲ၁၊စာ ၁၁၅)တွင် အဗူနအီးမ်ကအတိုချုံး၍တင်ပြထားသည်။

အစ္စလာမ်သာသနာသည် သင်မြင်တွေ့သည့်အတိုင်းပင် လူပုဂ္ဂိုလ်တို့အား ၎င်းတို့၏အဆင့်အတန်းထက်ကျော်လွန်၍ အထွတ်အမြတ်ထားခြင်းလည်းမပြုသလို ခဝပ်ကိုးကွယ်မှုကို ခံထိုက်သူများ၊ ကိုးကွယ်ခံဘုရားများဟူ၍လည်း မသတ်မှတ်ပေ။

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

(အို-နဗီ)အသင်သည်(ယဟူဒီနှင့်ခရစ်ယာန်တို့အား)ပြောကြားပါလေ၊အို-ကျမ်းဂန်ရရှိသူအပေါင်းတို့၊အသင်တို့သည်အကျွန်ုပ်တို့နှင့်အသင်တို့ကြား၌(အားလုံးလက်ခံထားသည့်)တူညီသောစကားဘက်သို့လာကြကုန်၊(ထိုစကားသည်ကား)ငါတို့သည်အလ္လာဟ်အရှင်မြတ်မှတစ်ပါးအခြားမည်သည့်အရာကိုမျှမခဝပ်မကိုးကွယ်ခြင်း၊ငါတို့သည်တစ်စုံတစ်ခုသောအရာကိုမျှထိုအရှင်မြတ်နှင့်တွဲဖက်ယှဉ်ဖက်ဟူ၍မပြုခြင်း၊ငါတို့အနက်အချို့သည်အလ္လာဟ်အရှင်မြတ်ကိုဖဲကြဉ်၍အချို့သောသူများကိုမွေးမြူတော်မူသောအရှင်များဟူ၍မပြုလုပ်ခြင်း(ပင်တည်း)(ယင်းကဲ့သို့ဖိတ်ခေါ်ပြီးသည့်နောက်သော်မှပင်)အကယ်၍ထိုသူတို့သည်သွေဖည်ကျောခိုင်းသွားကြပါမူ(အို-မုစ်လင်မ်အပေါင်းတို့)အသင်တို့က(ထိုသူတို့အား၊အချင်းတို့)ကျွန်ုပ်တို့သည်(အလ္လာဟ်အရှင်မြတ်၏)အမိန့်တော်များကိုမုချနာခံသောမုစ်လင်မ်များပင်ဖြစ်ကြောင်းအသင်တို့ကိုယ်တိုင်သက်သေခံကြကုန်ဟုပြောဆိုကြကုန်လော့။

စူရဟ် အားလိအင်မ်ရာန်-(၃:၆၄)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ထိုနည်းတူစွာယင်း(ကဲ့သို့ချီးမြှင့်ခြင်းခံရသော)သူကအသင်တို့အားမလာအိကဟ်အပါးတော်စေတမန်များကိုလည်းကောင်း၊ဗီတမန်တော်များကိုလည်းကောင်း၊(မိမိတို့အား)မွေးမြူတော်မူသောအသျှင်များအဖြစ်ပြုလုပ်ကြရန်လည်း(မည်သည့်အခါမျှ)ညွှန်ကြားမည်မဟုတ်ပေ။အသင်တို့(မွတ်စ်လင်မ်)အမိန့်နာခံသောသူများဖြစ်ကြပြီးနောက်ထို(နဗီအဖြစ်ချီးမြှင့်ခြင်းခံရသော)သူသည်အသင်တို့အားသွေဖည်ငြင်းပယ်ရန်ညွှန်ကြားပါမည်လော။

စူရဟ် အားလိအင်မ်ရာန်-(၃:၈၀)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

နဆ်ွရာနီတို့သည် မရ်ယမ်၏ သားတော်(တမန်တော်အီစာ) (အလိုင်ဟိစ္စလာမ်) အားအတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ကြသကဲ့သို့ အသင်တို့သည် ငါကိုယ်တော်အား အတိုင်းထက်အလွန် ကြည်ညိုအမွှမ်းတင်ခြင်းမပြုကြနှင့်။ ငါကိုယ်တော်သည်အရှင်မြတ်၏ကျေးကျွန်သာဖြစ်သည်။ ထို့ကြောင့်ငါကိုယ်တော်အား အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်နှင့် အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်သည် ဟူ၍သာ သင်တို့ပြောကြလေကုန်။

(ဆွဟီးဟ် ဗုခါရီကျမ်း - ၃၄၄၅)

၄၂။ အလ္လာဟ်အရှင်မြတ်သည် အစ္စလာမ်သာသနာတွင် သောင်ဗဟ် အမှားဝန်ချတောင်းပန်ခြင်းကို သတ်မှတ်ပြဌာန်းထားသည်။ သောင်ဗဟ်ဟူသည် လူသားသည်မိမိ၏ဖန်ဆင်းရှင်ထံသို့ ပြန်လှည့်ခြင်းနှင့်အပြစ်အကုသိုလ်အား စွန့်လွတ်ခြင်းဖြစ်သည်။ ထို့ပြင် အစ္စလာမ်သာသနာသည် (အစ္စလာမ်လက်မခံမီ)အလျင်က ကျူးလွန်ခဲ့သော အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်။ သောင်ဗဟ်အမှားဝန်ချတောင်းပန်ခြင်းသည် သောင်ဗဟ် မပြုမီအလျင်က ကျူးလွန်ခဲ့သော အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်။ ထို့ကြောင့် လူသားသည် မည်သူတစ်ဦးတစ်ယောက်၏ ရှေ့မှောက်တွင်မျှ မိမိအမှားကို အသိပေးဝန်ခံရန် မလိုအပ်ပေ။

အလ္လာဟ်အရှင်မြတ်သည် အစ္စလာမ်သာသနာတွင် သောင်ဗဟ်အမှားဝန်ချတောင်းပန်ခြင်းကို သတ်မှတ်ပြဌာန်းထားသည်။ သောင်ဗဟ်ဟူသည် လူသားသည်မိမိ၏ဖန်ဆင်းရှင်ထံသို့ ပြန်လှည့်ခြင်းနှင့် အပြစ်အကုသိုလ်အား စွန့်လွှတ်ခြင်းဖြစ်သည်။ထို့ပြင် အို- 'မုအ်မင်န်' သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အောင်မြင်မှုရရှိကြ အံ့သောငှာ အသင်တို့အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ဝန်ချတောင်းပန်ကြလေကုန်။စူရဟ် နူရ်-(၂၄:၃၁)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-မုချဧကန် အလ္လာဟ်အရှင်မြတ်သည်ပင် မိမိကျွန်များ၏ ဝန်ချတောင်းပန်ချက်ကို သဘောတူ လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုအရှင်မြတ်သည်ပင် အလှူဒါနဝတ္ထုပစ္စည်းများကို လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုသူများ မသိကြလေသလော။ ဧကန်အမှန် ထိုအရှင်မြတ်သည်ပင်(မိမိကျွန်များ၏)ဝန်ချတောင်းပန်ချက်ကို အလွန်တရာသဘောတူ လက်ခံတော်မူသောအရှင်၊ (၎င်းတို့အပေါ်၌)အလွန်တရာ သနားကြင်နာညှာတာတော် မူသောအရှင်ဖြစ်တော်မူပေသည်။စူရဟ် သောင်ဗဟ်-(၉:၁၀၄)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ်သော်ကား ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိ ကျွန်များ၏ဝန်ချတောင်းပန်ခြင်းကို လက်ခံတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ပြစ်မှုဒုစရိုက်တို့ကို ခွင့်လွှတ်တော်မူ၏။ ထိုမှတစ်ပါးထိုအရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှတို့ကို သိတော်မူ၏။စူရဟ် ရှုရာ-(၄၂:၂၅)အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိ၏မုအ်မင်န်ကျေးကျွန်၏ အမှားဝန်ချတောင်းပန်ခြင်းနှင့် စပ်လျဉ်း၍ ထိုပုဂ္ဂိုလ်ထက်ပင်ပို၍ ဝမ်းမြောက်ပျော်ရွင်တော်မူသည်။ ယင်းပုဂ္ဂိုလ်သည် နေထိုင်ရန်မဖြစ်နိုင်ဘဲ သေကျေပျက်စီးစေနိုင်သော မြေနေရာတစ်ခုတွင်ရှိနေပြီး ၎င်းနဲ့အတူ သူ၏အစီးအနင်းပါရှိပြီး ထိုပေါ်တွင်စားစရာသောက်စရာများလည်းရှိသည်။ ၎င်းနောက်ထိုသူသည် အိပ်မောကျခဲ့ပြီး အိပ်ရာမှနိုးထလာသောအခါ ယင်းအစီးအနင်းသည်မရှိတော့ပေ။ ထို့ကြောင့်၎င်းအားရှာဖွေရင်း ရေဆာလာခဲ့သည်။ ထို့နောက် သူကငါအလျင်ရှိခဲ့သည့် နေရာသို့ပြန်သွားပြီး သေဆုံးသည်အထိ အိပ်ဆက်မည်ဟု ပြောကြားခဲ့သည်။ ထို့နောက်သေဆုံးရန်အတွက်သူ၏ ဦးခေါင်းအားလက်မောင်းပေါ်တွင် တင်လိုက်၏။ ထို့နောက် အိပ်ရာမှပြန်လည်နိုးထလာသောအခါ အစီးအနင်းသည် အစားအသောက်၊ရိက္ခာများနှင့်တကွ သူထံရောက်ရှိနေသည်။ အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်ကျေးကျွန်၏ အမှားဝန်ချတောင်းပန်ခြင်းကို ထိုသို့ရိက္ခာနှင့်အစီးအနင်းပြန်လည်ရရှိလာသူ၏ ပျော်ရွှင်မှုထက် ပို၍ပျော်ရွှင်တော်မူသည်။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၂၇၄၄)အစ္စလာမ်သာသနာသည်(အစ္စလာမ်လက်မခံမီ)အလျင်က ကျူးလွန်ခဲ့သော အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်။ သောင်ဗဟ် အမှားဝန်ချတောင်းပန်ခြင်းသည် သောင်ဗဟ် မပြုမီအလျင်က ကျူးလွန်ခဲ့သော အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်) အသင်သည် မယုံမကြည်သွေဖည်ငြင်းပယ်သောလူတို့အား (ဤသို့)ပြောကြားပါလေ။၎င်းတို့သည် အကယ်၍သာ (မယုံမကြည် သွေဖည်ငြင်းပယ်ခြင်းမှ) ရပ်စဲကြပါမူ၊ လွန်လေပြီးသော ပြစ်မှုဒုစရိုက်တို့သည်၎င်းတို့အဖို့ ခွင့်လွှတ်ပြီးဖြစ်ချေမည်။ သို့ရာတွင် အကယ်၍သာ၎င်းတို့သည် ထပ်မံ၍ ပြုလုပ်ကြပါလျှင်၊ ဧကန်မလွဲ ရှေးသူဟောင်းတို့နှင့် ပတ်သက်သော (ငါအရှင်မြတ်၏) စည်းကမ်းဥပဒေသည်လည်း လွန်ခဲ့ပြီး ဖြစ်ချေသတည်း။စူရဟ် အန်ဖာလ်-(၈:၃၈)အလ္လာဟ်အရှင်မြတ်သည် (နဆ်ွရာနီ)ခရစ်ယာန်တို့အားဝန်ချတောင်းပန်ရန် ဖိတ်ခေါ်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်ဝယ် ဝန်ချတောင်းပန်ခြင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံခြင်းကိုလည်းကောင်း မပြုကြလေသလော။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာမျှ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။စူရဟ် မာအိဒဟ်-(၅:၇၄)အလ္လာဟ်အရှင်မြတ်သည် အမိန့်ဖီဆန်သူများနှင့် အကုသိုလ်ကျူးလွန်သူများအားလုံးကို သောင်ဗဟ် အမှားဝန်ချတောင်းပန်ရန်အတွက် တိုက်တွန်းနှိုးဆော်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-(အို-နဗီတမန်တော်) အသင်သည်(ငါအရှင်မြတ်၏ကိုယ်စား) ပြောကြားပါလေ။ အို-မိမိတို့ အပေါ်၌ အလွန်အမင်း လွန်ကျူးခဲ့ကြကုန်သော ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် မကင်းမဲ့ကြကုန်လင့်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပြစ်မှုအလုံးစုံတို့ကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပေမည်။ စင်စစ်ဧကန် ထိုအရှင်မြတ်သည်ပင် အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသောအရှင် အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။စူရဟ် ဇုမရ်-(၃၉:၅၃)အမရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟု)က အစ္စလာမ်သာသနာကိုလက်ခံရန် သန္နိဌာန်ချလိုက်သည့်အခါ အစ္စလာမ်လက်မခံမီအလျင်ကကျူးလွန်ခဲ့သော အပြစ်များ ခွင့်လွှတ်ခြင်းမခံရမည်ကို စိုးရိမ်နေခဲ့သည်။ အမရ်ဗင်န်အာဆ်ွက ဤဖြစ်ရပ်ကို ပြန်လည်ပြောပြသည်မှာ-အလ္လာဟ်အရှင်မြတ်သည် ကျွန်တော့်နှလုံးသားထဲ၌အစ္စလာမ်ကို ထည့်ပေးခဲ့သည့်အခါတွင် ၎င်းကဆက်၍ပြောပြသည်မှာ ကျွန်တော်သည်(ဘိုင်အသ်)ကတိသစ္စာပြုရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံရောက်လာခဲ့သည်။သို့ဖြစ်၍ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏လက်ကို ကျွန်ုပ်ဘက်သို့ ဖြန့်ပေးတော်မူခဲ့သည်။ ထိုအခါ ကျွန်တော်က အို-အလ္လာဟ်အရှင်မြတ်၏ရစူလ် ကျွန်တော်၏အလျင်က အပြစ်များကို ခွင့်လွှတ်ချမ်းသာပေးမှသာ ကိုယ်တော့အား ကတိသစ္စာပြုပါမည်ဟု ပြောကြားခဲ့သည်။ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်တော့်အားမိန့်ကြားသည်မှာ အို-အမရ် သင်မသိလေသလော၊ ဧကန်အမှန်ပင်(ဟိဂ်ျရသ်)ရွှေ့ပြောင်းခြင်းသည် ၎င်းအလျင်က ကျူးလွန်ခဲ့သော အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်။ အို-အမရ် သင်မသိလေသလော ဧကန်အမှန်ပင် အစ္စလာမ်သာသနာသည် (အစ္စလာမ်လက်မခံမီ)အလျင်က ကျူးလွန်ခဲ့သော အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်။(မွတ်စ်လင်မ်ကျမ်း-၁၂၁)တွင်လည်း အလားတူပို၍ ရှည်လျားစွာဆင့်ပြန်ထားသည်။ (အဟ်မဒ်ကျမ်း-၁၇၈၂၇)၎င်း၏စာသားအတိုင်းဖြစ်သည်။

ထို့ပြင် အို- 'မုအ်မင်န်' သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အောင်မြင်မှုရရှိကြ အံ့သောငှာ အသင်တို့အားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ဝန်ချတောင်းပန်ကြလေကုန်။

စူရဟ် နူရ်-(၂၄:၃၁)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

မုချဧကန် အလ္လာဟ်အရှင်မြတ်သည်ပင် မိမိကျွန်များ၏ ဝန်ချတောင်းပန်ချက်ကို သဘောတူ လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုအရှင်မြတ်သည်ပင် အလှူဒါနဝတ္ထုပစ္စည်းများကို လက်ခံတော်မူသည်ကိုလည်းကောင်း၊ ထိုသူများ မသိကြလေသလော။ ဧကန်အမှန် ထိုအရှင်မြတ်သည်ပင်(မိမိကျွန်များ၏)ဝန်ချတောင်းပန်ချက်ကို အလွန်တရာသဘောတူ လက်ခံတော်မူသောအရှင်၊ (၎င်းတို့အပေါ်၌)အလွန်တရာ သနားကြင်နာညှာတာတော် မူသောအရှင်ဖြစ်တော်မူပေသည်။

စူရဟ် သောင်ဗဟ်-(၉:၁၀၄)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

စင်စစ်သော်ကား ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ပင် ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိ ကျွန်များ၏ဝန်ချတောင်းပန်ခြင်းကို လက်ခံတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ပြစ်မှုဒုစရိုက်တို့ကို ခွင့်လွှတ်တော်မူ၏။ ထိုမှတစ်ပါးထိုအရှင်မြတ်သည် အသင်တို့ပြုလုပ်သမျှတို့ကို သိတော်မူ၏။

စူရဟ် ရှုရာ-(၄၂:၂၅)

အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကမိန့်ကြားတော်မူခဲ့သည်မှာ -

ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိ၏မုအ်မင်န်ကျေးကျွန်၏ အမှားဝန်ချတောင်းပန်ခြင်းနှင့် စပ်လျဉ်း၍ ထိုပုဂ္ဂိုလ်ထက်ပင်ပို၍ ဝမ်းမြောက်ပျော်ရွင်တော်မူသည်။ ယင်းပုဂ္ဂိုလ်သည် နေထိုင်ရန်မဖြစ်နိုင်ဘဲ သေကျေပျက်စီးစေနိုင်သော မြေနေရာတစ်ခုတွင်ရှိနေပြီး ၎င်းနဲ့အတူ သူ၏အစီးအနင်းပါရှိပြီး ထိုပေါ်တွင်စားစရာသောက်စရာများလည်းရှိသည်။ ၎င်းနောက်ထိုသူသည် အိပ်မောကျခဲ့ပြီး အိပ်ရာမှနိုးထလာသောအခါ ယင်းအစီးအနင်းသည်မရှိတော့ပေ။ ထို့ကြောင့်၎င်းအားရှာဖွေရင်း ရေဆာလာခဲ့သည်။ ထို့နောက် သူကငါအလျင်ရှိခဲ့သည့် နေရာသို့ပြန်သွားပြီး သေဆုံးသည်အထိ အိပ်ဆက်မည်ဟု ပြောကြားခဲ့သည်။ ထို့နောက်သေဆုံးရန်အတွက်သူ၏ ဦးခေါင်းအားလက်မောင်းပေါ်တွင် တင်လိုက်၏။ ထို့နောက် အိပ်ရာမှပြန်လည်နိုးထလာသောအခါ အစီးအနင်းသည် အစားအသောက်၊ရိက္ခာများနှင့်တကွ သူထံရောက်ရှိနေသည်။ အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်ကျေးကျွန်၏ အမှားဝန်ချတောင်းပန်ခြင်းကို ထိုသို့ရိက္ခာနှင့်အစီးအနင်းပြန်လည်ရရှိလာသူ၏ ပျော်ရွှင်မှုထက် ပို၍ပျော်ရွှင်တော်မူသည်။

(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၂၇၄၄)

အစ္စလာမ်သာသနာသည်(အစ္စလာမ်လက်မခံမီ)အလျင်က ကျူးလွန်ခဲ့သော အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်။ သောင်ဗဟ် အမှားဝန်ချတောင်းပန်ခြင်းသည် သောင်ဗဟ် မပြုမီအလျင်က ကျူးလွန်ခဲ့သော အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

(အို-နဗီတမန်တော်) အသင်သည် မယုံမကြည်သွေဖည်ငြင်းပယ်သောလူတို့အား (ဤသို့)ပြောကြားပါလေ။၎င်းတို့သည် အကယ်၍သာ (မယုံမကြည် သွေဖည်ငြင်းပယ်ခြင်းမှ) ရပ်စဲကြပါမူ၊ လွန်လေပြီးသော ပြစ်မှုဒုစရိုက်တို့သည်၎င်းတို့အဖို့ ခွင့်လွှတ်ပြီးဖြစ်ချေမည်။ သို့ရာတွင် အကယ်၍သာ၎င်းတို့သည် ထပ်မံ၍ ပြုလုပ်ကြပါလျှင်၊ ဧကန်မလွဲ ရှေးသူဟောင်းတို့နှင့် ပတ်သက်သော (ငါအရှင်မြတ်၏) စည်းကမ်းဥပဒေသည်လည်း လွန်ခဲ့ပြီး ဖြစ်ချေသတည်း။

စူရဟ် အန်ဖာလ်-(၈:၃၈)

အလ္လာဟ်အရှင်မြတ်သည် (နဆ်ွရာနီ)ခရစ်ယာန်တို့အားဝန်ချတောင်းပန်ရန် ဖိတ်ခေါ်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်ဝယ် ဝန်ချတောင်းပန်ခြင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံခြင်းကိုလည်းကောင်း မပြုကြလေသလော။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာမျှ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။

စူရဟ် မာအိဒဟ်-(၅:၇၄)

အလ္လာဟ်အရှင်မြတ်သည် အမိန့်ဖီဆန်သူများနှင့် အကုသိုလ်ကျူးလွန်သူများအားလုံးကို သောင်ဗဟ် အမှားဝန်ချတောင်းပန်ရန်အတွက် တိုက်တွန်းနှိုးဆော်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

(အို-နဗီတမန်တော်) အသင်သည်(ငါအရှင်မြတ်၏ကိုယ်စား) ပြောကြားပါလေ။ အို-မိမိတို့ အပေါ်၌ အလွန်အမင်း လွန်ကျူးခဲ့ကြကုန်သော ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် မကင်းမဲ့ကြကုန်လင့်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပြစ်မှုအလုံးစုံတို့ကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပေမည်။ စင်စစ်ဧကန် ထိုအရှင်မြတ်သည်ပင် အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသောအရှင် အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။

စူရဟ် ဇုမရ်-(၃၉:၅၃)

အမရ်ဗင်န်အာဆ်ွ(ရဿွိယလ္လာဟုအန်ဟု)က အစ္စလာမ်သာသနာကိုလက်ခံရန် သန္နိဌာန်ချလိုက်သည့်အခါ အစ္စလာမ်လက်မခံမီအလျင်ကကျူးလွန်ခဲ့သော အပြစ်များ ခွင့်လွှတ်ခြင်းမခံရမည်ကို စိုးရိမ်နေခဲ့သည်။ အမရ်ဗင်န်အာဆ်ွက ဤဖြစ်ရပ်ကို ပြန်လည်ပြောပြသည်မှာ-

အလ္လာဟ်အရှင်မြတ်သည် ကျွန်တော့်နှလုံးသားထဲ၌အစ္စလာမ်ကို ထည့်ပေးခဲ့သည့်အခါတွင် ၎င်းကဆက်၍ပြောပြသည်မှာ ကျွန်တော်သည်(ဘိုင်အသ်)ကတိသစ္စာပြုရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံရောက်လာခဲ့သည်။သို့ဖြစ်၍ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိ၏လက်ကို ကျွန်ုပ်ဘက်သို့ ဖြန့်ပေးတော်မူခဲ့သည်။ ထိုအခါ ကျွန်တော်က အို-အလ္လာဟ်အရှင်မြတ်၏ရစူလ် ကျွန်တော်၏အလျင်က အပြစ်များကို ခွင့်လွှတ်ချမ်းသာပေးမှသာ ကိုယ်တော့အား ကတိသစ္စာပြုပါမည်ဟု ပြောကြားခဲ့သည်။ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ကျွန်တော့်အားမိန့်ကြားသည်မှာ အို-အမရ် သင်မသိလေသလော၊ ဧကန်အမှန်ပင်(ဟိဂ်ျရသ်)ရွှေ့ပြောင်းခြင်းသည် ၎င်းအလျင်က ကျူးလွန်ခဲ့သော အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်။ အို-အမရ် သင်မသိလေသလော ဧကန်အမှန်ပင် အစ္စလာမ်သာသနာသည် (အစ္စလာမ်လက်မခံမီ)အလျင်က ကျူးလွန်ခဲ့သော အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်။

(မွတ်စ်လင်မ်ကျမ်း-၁၂၁)တွင်လည်း အလားတူပို၍ ရှည်လျားစွာဆင့်ပြန်ထားသည်။ (အဟ်မဒ်ကျမ်း-၁၇၈၂၇)၎င်း၏စာသားအတိုင်းဖြစ်သည်။

၄၃။ အစ္စလာမ်သာသနာတော်တွင် အလ္လာဟ်အရှင်မြတ်နှင့် လူသား၏ကြားတွင် တိုက်ရိုက်ဆက်သွယ်နိုင်သည်။ ထို့ကြောင့် အသင်နှင့် အလ္လာဟ်အရှင်မြတ်ကြားတွင် မည်သူတစ်ဦးတစ်ယောက်မျှ ကြားခံအဖြစ်မလိုအပ်ပေ။ အစ္စလာမ်သာသနာသည် ကျွန်ုပ်တို့အား လူသားကို ကိုးကွယ်ရာအရှင်အဖြစ်လည်းကောင်း၊အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းတော်မူခြင်းနှင့် ခဝပ်ကိုးကွယ်ခြင်းခံထိုက်မှု၌ ဖက်စပ်ပါဝင်သူများအဖြစ် သတ်မှတ်ခြင်းမှလည်းကောင်း တားမြစ်ထားသည်။

အစ္စလာမ်သာသနာတော်တွင် လူသား၏အပြစ်များအတွက် အခြားတစ်ဦးတစ်ယောက်၏ ရှေ့မှောက်တွင်အသိပေးဝန်ခံရန် မလိုအပ်ပေ။ အစ္စလာမ်သာသနာတော်တွင် အလ္လာဟ်အရှင်မြတ်နှင့် လူသားကြားတွင်တိုက်ရိုက်ဆက်သွယ်နိုင်သည်။ ထို့ကြောင့်အသင်နှင့် အလ္လာဟ်အရှင်မြတ်ကြားတွင် မည်သူတစ်ဦးတစ်ယောက်မျှကြားခံအဖြစ်မလိုအပ်ပေ။ စာပိုဒ်(၃၆)တွင်တင်ပြခဲ့သည့်အတိုင်းပင်အလ္လာဟ်အရှင်မြတ်သည် လူသားအားလုံးအား မိမိဘက်သို့ပြန်လှည့်ကြရန် ဖိတ်ခေါ်ထားသည်။ထိုအတိုင်းပင် လူသားတို့အားနဗီတမန်တော်များနှင့် ကောင်းကင်တမန်များအား အရှင်မြတ်နှင့် ကျေးကျွန်များကြားတွင် အကြောင်းခံများအဖြစ် သတ်မှတ်ခြင်းမှလည်းတားမြစ်ထားသည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုနည်းတူစွာယင်း(ကဲ့သို့ချီးမြှင့်ခြင်းခံရသော)သူကအသင်တို့အားမလာအိကဟ်အပါးတော်စေတမန်များကိုလည်းကောင်း၊ဗီတမန်တော်များကိုလည်းကောင်း၊(မိမိတို့အား)မွေးမြူတော်မူသောအသျှင်များအဖြစ်ပြုလုပ်ကြရန်လည်း(မည်သည့်အခါမျှ)ညွှန်ကြားမည်မဟုတ်ပေ။အသင်တို့(မွတ်စ်လင်မ်)အမိန့်နာခံသောသူများဖြစ်ကြပြီးနောက်ထို(နဗီအဖြစ်ချီးမြှင့်ခြင်းခံရသော)သူသည်အသင်တို့အားသွေဖည်ငြင်းပယ်ရန်ညွှန်ကြားပါမည်လော။စူရဟ် အားလိအင်မ်ရာန်-(၃:၈၀)အသင်မြင်တွေ့သည့်အတိုင်းပင် အစ္စလာမ်သာသနာသည် ကျွန်ုပ်တို့အား လူသားကို ကိုးကွယ်ရာ အရှင်အဖြစ်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ဖန်ဆင်းတော်မူခြင်းနှင့် ခဝပ်ကိုးကွယ်ခြင်းခံထိုက်မှု၌ ဖက်စပ်ပါဝင်သူများအဖြစ် သတ်မှတ်ခြင်းမှလည်းကောင်း တားမြစ်ထားသည်။ (နဆ်ွရာနီ)ခရစ်ယာန်များနှင့်ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုသူတို့သည် မိမိတို့၏ တရားဟောဆရာ တို့ကိုလည်း ကောင်း၊ ဘုန်းကြီး ရဟန်းတို့ကိုလည်းကောင်း၊ 'မရ်ယမ်'၏သားတော်'မစီဟ်'ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ (မိမိတို့၏)အရှင်သခင်များ ပြုလုပ်ထားခဲ့ကြလေသည်။အမှန်စင်စစ်သော်ကား ထိုသူတို့သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ရန်အမိန့်ပေးတေ်မူခြင်းကို ခံခဲ့ကြရလေသည်။ ထို(တစ်ဆူတည်းသော)အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍အလျှင်းမရှိပြီ။ ထိုအရှင်မြတ်သည် ၎င်းတို့တွဲဖက် နှိုင်းယှဉ်(ကိုးကွယ်)ကြသည်တို့မှ(လုံးဝ) သန့်ရှင်းစင်ကြယ်တော်မူချေသတည်း။စူရဟ် သောင်ဗဟ်-(၉:၃၁)(ကာဖိရ်)သွေဖည်ငြင်းပယ်သူတို့က အလ္လာဟ်အရှင်မြတ်နှင့် ၎င်းတို့ကြားတွင် ကြားခံများသတ်မှတ်ခြင်းအား အလ္လာဟ်အရှင်မြတ်သည် လက်မခံဘဲပယ်ချတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-သတိပြုကြလေကုန်။ သန့်သန့်ဖြစ်သော ဆည်းကပ်ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။သို့ရာတွင် အကြင်သူတို့သည် ထိုအရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်သူများ ပြုလုပ်ခဲ့ကြပြီးလျှင် ၎င်းတို့သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်ထံတော်ပါးသို့ နီးကပ်စေကြရန်သာလျှင် ကျွန်ုပ်တို့သည် ၎င်းတို့အား ဆည်းကပ်ကိုးကွယ်ကြသည်(ဟုဆိုကြကုန်၏)။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ကိယာမတ်နေ့တွင်) ၎င်းတို့အချင်းချင်း သဘောကွဲလွဲ ငြင်းခုံလျက်ရှိကြသော အရေးကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့အကြားဝယ် စီရင် ဆုံးဖြတ်တော်မူပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မုသာဝါဒီဖြစ်သူ လွန်စွာ ကျေးဇူးကန်းသူအား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည် မဟုတ်ပေ။စူရဟ် ဇုမရ်-(၃၉:၃)အလ္လာဟ်အရှင်မြတ်သည် (အမိုက်ခေတ်ရှိ) ရုပ်တုကိုးကွယ်သူတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြထားသည်မှာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့် မိမိတို့၏ကြားတွင် ကြားခံများသတ်မှတ်ကာ ယင်းတို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်အောင် ပြုလုပ်ပေးသည်ဟု ပြောဆိုခဲ့ကြသည်။အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား နဗီတမန်တော်များနှင့်ကောင်းကင်တမန်များကို အလ္လာဟ်အရှင်မြတ်နှင့်ကျေးကျွန်များကြားတွင် ကြားခံများအဖြစ် သတ်မှတ်ခြင်းမှ တားမြစ်ထားသည်ဆိုလျှင် အခြားအရာများသည်ပို၍ပင် တားမြစ်ချက်၌ပါဝင်ပေသည်။ နဗီ၊ ရစူလ်(အလိုင်ဟိမုစ္စလာမ်)တို့အား အဘယ်ကဲ့သို့ကြားခံများအဖြစ် သတ်မှတ်ကြပါသနည်း။ နဗီ၊ ရစူလ်(အလိုင်ဟိမုစ္စလာမ်)များသည် ၎င်းတို့ကိုယ်တိုင်ပင် အလ္လာဟ်အရှင်မြတ်ထံနီးကပ်မှုရယူရန်အစောတလျင် အပြိုင်အဆိုင်ကြိုးပမ်းအားထုတ်ကြသူများဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် နဗီ၊ ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်)တို့၏ အခြေအနေနှင့်ပတ်သက်ပြီး အသိပေးမိန့်ကြားတော်မူထားသည်မှာ-ဧကန်အမှန် ထို(နဗီတမန်တော်)တို့သည် ကောင်းမှုသုစရိုက်များကို ဆောလျင်စွာ ပြုလုပ်တတ်သူများ ဖြစ်ခဲ့ကြကုန်၏။ ထို့ပြင် ငါအရှင်မြတ်အား စိတ်ပါဝင်စားစွာလည်းကောင်း၊ ကြောက်ရွံ့စွာလည်းကောင်း၊ ဟစ်ခေါ်တသလေ့ ရှိခဲ့ကြကုန်၏။ ထိုမှတစ်ပါး၎င်းတို့သည် ငါအရှင်မြတ်အား ကျိုးနွံသူများလည်း ဖြစ်ခဲ့ကြကုန်သတည်း။စူရဟ် အန်ဗိယာအ်-(၂၁:၉၀)အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဤသူတို့သည် ယင်းကာဖိရ်တို့ ဟစ်ခေါ်လျက်ရှိကြသောသူများပင်၊ ထိုသူတို့သည် မိမိတို့အနက် မည်သူသည်(ထိုအရှင်မြတ်နှင့်) အနီးကပ်ဆုံးဖြစ်အံ့နည်းဟူ၍ မိမိတို့အားဖန်ဆင်းတော်မူသောအရှင်မြတ် အထံတော်သို့ ချဉ်းကပ်မှုကိုရှာဖွေဆည်းပူးလျက် ရှိကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ထိုအရှင်မြတ်၏ကရုဏာတော်ကိုလည်း မျှော်လင့်လျှက်ရှိကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ထိုအရှင်မြတ်၏ပြစ်ဒဏ်ကိုလည်းကြောက်ရွံ့ စိုးရိမ်လျက်ရှိကြကုန်၏။ ဧကန်မလွဲ အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ပြစ်ဒဏ်သည်အလွန်ကြောက်မက်ဖွယ်ပင် ဖြစ်ချေသတည်း။စူရဟ် အစ္စရာအ်-(၁၇:၅၇)ဆိုလိုသည်မှာ-အလ္လာဟ်အရှင်မြတ်မှအပ အသင်တို့ဟစ်ခေါ်နေကြသော နဗီတမန်တော်များနှင့် သူမွန်သူမြတ်များသည် အမှန်စင်စစ် ၎င်းတို့ကိုယ်၌က အလ္လာဟ်အရှင်မြတ်ထံတော်ပါးသို့ နီးကပ်မှုရယူနေကြသူများဖြစ်ပြီး၊ အရှင်မြတ်၏ ကရုဏာတော်ကို မျှော်ကိုးကြသူများ၊ အရှင်မြတ်၏ ပြစ်ဒဏ်ကိုကြောက်ရွံ့ကြသူများဖြစ်ကြသည်။ ထို့ကြောင့်ပင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အပြင် ဟစ်ခေါ်တသခြင်းခံရသူများ အဘယ်မှာလျင် ဖြစ်နိုင်မည်နည်း။

ထိုနည်းတူစွာယင်း(ကဲ့သို့ချီးမြှင့်ခြင်းခံရသော)သူကအသင်တို့အားမလာအိကဟ်အပါးတော်စေတမန်များကိုလည်းကောင်း၊ဗီတမန်တော်များကိုလည်းကောင်း၊(မိမိတို့အား)မွေးမြူတော်မူသောအသျှင်များအဖြစ်ပြုလုပ်ကြရန်လည်း(မည်သည့်အခါမျှ)ညွှန်ကြားမည်မဟုတ်ပေ။အသင်တို့(မွတ်စ်လင်မ်)အမိန့်နာခံသောသူများဖြစ်ကြပြီးနောက်ထို(နဗီအဖြစ်ချီးမြှင့်ခြင်းခံရသော)သူသည်အသင်တို့အားသွေဖည်ငြင်းပယ်ရန်ညွှန်ကြားပါမည်လော။

စူရဟ် အားလိအင်မ်ရာန်-(၃:၈၀)

အသင်မြင်တွေ့သည့်အတိုင်းပင် အစ္စလာမ်သာသနာသည် ကျွန်ုပ်တို့အား လူသားကို ကိုးကွယ်ရာ အရှင်အဖြစ်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ဖန်ဆင်းတော်မူခြင်းနှင့် ခဝပ်ကိုးကွယ်ခြင်းခံထိုက်မှု၌ ဖက်စပ်ပါဝင်သူများအဖြစ် သတ်မှတ်ခြင်းမှလည်းကောင်း တားမြစ်ထားသည်။ (နဆ်ွရာနီ)ခရစ်ယာန်များနှင့်ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ထိုသူတို့သည် မိမိတို့၏ တရားဟောဆရာ တို့ကိုလည်း ကောင်း၊ ဘုန်းကြီး ရဟန်းတို့ကိုလည်းကောင်း၊ 'မရ်ယမ်'၏သားတော်'မစီဟ်'ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အားစွန့်၍ (မိမိတို့၏)အရှင်သခင်များ ပြုလုပ်ထားခဲ့ကြလေသည်။အမှန်စင်စစ်သော်ကား ထိုသူတို့သည် တစ်ဆူတည်းသော ကိုးကွယ်ရာအရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ရန်အမိန့်ပေးတေ်မူခြင်းကို ခံခဲ့ကြရလေသည်။ ထို(တစ်ဆူတည်းသော)အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ရာ အရှင်ဟူ၍အလျှင်းမရှိပြီ။ ထိုအရှင်မြတ်သည် ၎င်းတို့တွဲဖက် နှိုင်းယှဉ်(ကိုးကွယ်)ကြသည်တို့မှ(လုံးဝ) သန့်ရှင်းစင်ကြယ်တော်မူချေသတည်း။

စူရဟ် သောင်ဗဟ်-(၉:၃၁)

(ကာဖိရ်)သွေဖည်ငြင်းပယ်သူတို့က အလ္လာဟ်အရှင်မြတ်နှင့် ၎င်းတို့ကြားတွင် ကြားခံများသတ်မှတ်ခြင်းအား အလ္လာဟ်အရှင်မြတ်သည် လက်မခံဘဲပယ်ချတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

သတိပြုကြလေကုန်။ သန့်သန့်ဖြစ်သော ဆည်းကပ်ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။သို့ရာတွင် အကြင်သူတို့သည် ထိုအရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်သူများ ပြုလုပ်ခဲ့ကြပြီးလျှင် ၎င်းတို့သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်ထံတော်ပါးသို့ နီးကပ်စေကြရန်သာလျှင် ကျွန်ုပ်တို့သည် ၎င်းတို့အား ဆည်းကပ်ကိုးကွယ်ကြသည်(ဟုဆိုကြကုန်၏)။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ကိယာမတ်နေ့တွင်) ၎င်းတို့အချင်းချင်း သဘောကွဲလွဲ ငြင်းခုံလျက်ရှိကြသော အရေးကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့အကြားဝယ် စီရင် ဆုံးဖြတ်တော်မူပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မုသာဝါဒီဖြစ်သူ လွန်စွာ ကျေးဇူးကန်းသူအား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည် မဟုတ်ပေ။

စူရဟ် ဇုမရ်-(၃၉:၃)

အလ္လာဟ်အရှင်မြတ်သည် (အမိုက်ခေတ်ရှိ) ရုပ်တုကိုးကွယ်သူတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြထားသည်မှာ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်နှင့် မိမိတို့၏ကြားတွင် ကြားခံများသတ်မှတ်ကာ ယင်းတို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်အောင် ပြုလုပ်ပေးသည်ဟု ပြောဆိုခဲ့ကြသည်။

အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား နဗီတမန်တော်များနှင့်ကောင်းကင်တမန်များကို အလ္လာဟ်အရှင်မြတ်နှင့်ကျေးကျွန်များကြားတွင် ကြားခံများအဖြစ် သတ်မှတ်ခြင်းမှ တားမြစ်ထားသည်ဆိုလျှင် အခြားအရာများသည်ပို၍ပင် တားမြစ်ချက်၌ပါဝင်ပေသည်။ နဗီ၊ ရစူလ်(အလိုင်ဟိမုစ္စလာမ်)တို့အား အဘယ်ကဲ့သို့ကြားခံများအဖြစ် သတ်မှတ်ကြပါသနည်း။ နဗီ၊ ရစူလ်(အလိုင်ဟိမုစ္စလာမ်)များသည် ၎င်းတို့ကိုယ်တိုင်ပင် အလ္လာဟ်အရှင်မြတ်ထံနီးကပ်မှုရယူရန်အစောတလျင် အပြိုင်အဆိုင်ကြိုးပမ်းအားထုတ်ကြသူများဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် နဗီ၊ ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်)တို့၏ အခြေအနေနှင့်ပတ်သက်ပြီး အသိပေးမိန့်ကြားတော်မူထားသည်မှာ-

ဧကန်အမှန် ထို(နဗီတမန်တော်)တို့သည် ကောင်းမှုသုစရိုက်များကို ဆောလျင်စွာ ပြုလုပ်တတ်သူများ ဖြစ်ခဲ့ကြကုန်၏။ ထို့ပြင် ငါအရှင်မြတ်အား စိတ်ပါဝင်စားစွာလည်းကောင်း၊ ကြောက်ရွံ့စွာလည်းကောင်း၊ ဟစ်ခေါ်တသလေ့ ရှိခဲ့ကြကုန်၏။ ထိုမှတစ်ပါး၎င်းတို့သည် ငါအရှင်မြတ်အား ကျိုးနွံသူများလည်း ဖြစ်ခဲ့ကြကုန်သတည်း။

စူရဟ် အန်ဗိယာအ်-(၂၁:၉၀)

အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ဤသူတို့သည် ယင်းကာဖိရ်တို့ ဟစ်ခေါ်လျက်ရှိကြသောသူများပင်၊ ထိုသူတို့သည် မိမိတို့အနက် မည်သူသည်(ထိုအရှင်မြတ်နှင့်) အနီးကပ်ဆုံးဖြစ်အံ့နည်းဟူ၍ မိမိတို့အားဖန်ဆင်းတော်မူသောအရှင်မြတ် အထံတော်သို့ ချဉ်းကပ်မှုကိုရှာဖွေဆည်းပူးလျက် ရှိကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ထိုအရှင်မြတ်၏ကရုဏာတော်ကိုလည်း မျှော်လင့်လျှက်ရှိကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ထိုအရှင်မြတ်၏ပြစ်ဒဏ်ကိုလည်းကြောက်ရွံ့ စိုးရိမ်လျက်ရှိကြကုန်၏။ ဧကန်မလွဲ အသင့်အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ပြစ်ဒဏ်သည်အလွန်ကြောက်မက်ဖွယ်ပင် ဖြစ်ချေသတည်း။

စူရဟ် အစ္စရာအ်-(၁၇:၅၇)

ဆိုလိုသည်မှာ-အလ္လာဟ်အရှင်မြတ်မှအပ အသင်တို့ဟစ်ခေါ်နေကြသော နဗီတမန်တော်များနှင့် သူမွန်သူမြတ်များသည် အမှန်စင်စစ် ၎င်းတို့ကိုယ်၌က အလ္လာဟ်အရှင်မြတ်ထံတော်ပါးသို့ နီးကပ်မှုရယူနေကြသူများဖြစ်ပြီး၊ အရှင်မြတ်၏ ကရုဏာတော်ကို မျှော်ကိုးကြသူများ၊ အရှင်မြတ်၏ ပြစ်ဒဏ်ကိုကြောက်ရွံ့ကြသူများဖြစ်ကြသည်။ ထို့ကြောင့်ပင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အပြင် ဟစ်ခေါ်တသခြင်းခံရသူများ အဘယ်မှာလျင် ဖြစ်နိုင်မည်နည်း။

၄၄။ ဤစာအုပ်၏အဆုံးတွင် ကျွန်တော်တို့မှတ်သားထားရမည့်အချက်မှာ လူတို့သည် ခေတ်ကာလများ၊ လူမျိုးများ၊ နိုင်ငံများပေါ်မူတည်ပြီး ကွဲပြားခြားနားကြသည်။ ထို့ပြင်လူ့အဖွဲ့အစည်းတစ်ခုလုံးသည်လည်း အတွေးအခေါ်များ၊ရည်မှန်းချက်များမတူညီကြသလို၊ ပတ်ဝန်းကျင်နှင့် အလုပ်အကိုင်များလည်းကွဲပြားကြသည်။ ထို့ကြောင့် ယင်းလူ့အဖွဲ့စည်းအား ဦးဆောင်လမ်းပြမည့်သူ၊ ၎င်းတို့အားစုစည်းပေးမည့်စနစ်နှင့် ကာကွယ်စောင့်ရှောက်မည့် အုပ်ချုပ်သူကို လိုအပ်သည်။ ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်) တို့သည် (ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူသည့်) အလ္လာဟ်အရှင်မြတ်၏ (ဝဟီ)ဗျာဒိတ်တော်လမ်းညွှန်ချက်တို့ဖြင့် ၎င်းကိစ္စရပ်များကို တာဝန်ယူခဲ့ကြသည်။ ထိုတမန်တော်တို့သည် လူတို့အားမှန်ကန်ပြီးကောင်းမြတ်သည့်လမ်းကို ညွှန်ကြားပြသခဲ့ကြသည်။ လူတို့အား အလ္လာဟ်အရှင်မြတ်၏ တရားလမ်းစဉ်ပေါ်တွင် စုစည်းခဲ့ပြီး ၎င်းတို့ကြား၌မှန်ကန်ဖြောင့်မတ်စွာ စီရင်ဆုံးဖြတ်ခဲ့ကြသည်။ထို့ကြောင့် လူတို့၏အရေးကိစ္စများမှန်ကန်တည့်မတ်မှုရှိခြင်းသည် ဤရစူလ်တမန်တော်များအား ၎င်းတို့၏ နာခံမှုအတိုင်းအတာနှင့် ၎င်းတို့၏ ခေတ်သည်အရှင်မြတ်၏ အမိန့်တော်များနှင့် နီးကပ်မှုရှိနေသည့် အပေါ်မူတည်သည်။ အလ္လာဟ်အရှင်မြတ်သည် (ရိစာလသ်) မိမိ၏ အမိန့်တော်များ ပို့ချခြင်းအား တမန်တော်မုဟ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ရစူလ်အဖြစ်စေလွှတ်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ထို့ပြင် ၎င်း၏ရစူလ်ဖြစ်ခြင်းအား အမြဲအတွက် သတ်မှတ်တော်မူပြီး ၎င်းအားလူသားတို့အတွက် လမ်းမှန်တရား၊ ကရုဏာတော်၊ လင်းရောင်ခြည်နှင့် အရှင်မြတ်ထံတော်သို့ရောက်စေသည့် မှန်ကန်ဖြောင့်မတ်သော လမ်းအဖြစ် ပြုလုပ်တော်မူခဲ့သည်။

ဤစာအုပ်၏အဆုံးတွင် ကျွန်တော်တို့မှတ်သားထားရမည့်အချက်မှာ လူတို့သည် ခေတ်ကာလများ၊ လူမျိုးများ၊ နိုင်ငံများပေါ်မူတည်ပြီး ကွဲပြားခြားနားကြသည်။ ထို့ပြင်လူ့အဖွဲ့အစည်းတစ်ခုလုံးသည်လည်း အတွေးအခေါ်များ၊ရည်မှန်းချက်များမတူညီကြသလို၊ ပတ်ဝန်းကျင်နှင့် အလုပ်အကိုင်များလည်းကွဲပြားကြသည်။ ထို့ကြောင့် ယင်းလူ့အဖွဲ့စည်းအား ဦးဆောင်လမ်းပြမည့်သူ၊ ၎င်းအားစုစည်းပေးမည့်စနစ်နှင့် ကာကွယ်စောင့်ရှောက်မည့်အုပ်ချုပ်သူကို လိုအပ်သည်။ ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်) တို့သည် (ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူသည့်)အလ္လာဟ်အရှင်မြတ်၏ (ဝဟီ)ဗျာဒိတ်တော်လမ်းညွှန်ချက်တို့ဖြင့် ၎င်းကိစ္စရပ်များကို တာဝန်ယူခဲ့ကြသည်။ ထိုတမန်တော်တို့သည် လူတို့အားမှန်ကန်ပြီးကောင်းမြတ်သည့်လမ်းကို ညွှန်ကြားပြသခဲ့ကြသည်။ လူတို့အားအလ္လာဟ်အရှင်မြတ်၏တရား လမ်းစဉ်ပေါ်တွင် စုစည်းခဲ့ပြီး ၎င်းတို့ကြား၌မှန်ကန်ဖြောင့်မတ်စွာ စီရင်ဆုံးဖြတ်ခဲ့ကြသည်။ထို့ကြောင့် လူတို့၏အရေးကိစ္စများမှန်ကန်တည့်မတ်မှုရှိခြင်းသည် ဤရစူလ်တမန်တော်များအား ၎င်းတို့၏နာခံမှုအတိုင်းအတာနှင့် ၎င်းတို့၏ခေတ်သည် အရှင်မြတ်၏အမိန့်တော်များနှင့် နီးကပ်မှုရှိနေသည့်အပေါ်မူတည်သည်။ လမ်းမှားမှုများ၊ အသိပညာကင်းမဲ့မှုများနှင့် ရုပ်ထုကိုးကွယ်မှုများ လွှမ်းမိုးများပြားလာသည့်အခါ အလ္လာဟ်အရှင်မြတ်သည် လူတို့အား သွေဖည်ငြင်းပယ်မှု၊ အသိပညာကင်းမဲ့မှုနှင့် ရုပ်တုကိုးကွယ်ခြင်း၏အမှောင်ထုထဲမှ (အီမာန်)သက်ဝင်ယုံကြည်မှုနှင့် လမ်းမှန်တရားဘက်သို့ ထွက်စေရန်အတွက် မိမိ၏နဗီတမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစ္စလာမ်)အား လမ်းမှန်တရား၊ စစ်မှန်သည့်သာသနာနှင့်တကွ စေလွှတ်တော်မူခဲ့သည်။

၄၅။ ထို့ကြောင့် အို-လူသားသင့်အားကျွန်ုပ်က ရိုးရာ၊ ဓလေ့ထုံးတမ်းများမှ ကင်းရှင်းပြီး အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ စစ်မှန်စွာသက်ဝင်ယုံကြည်ရန်ဖိတ်ခေါ်ပါသည်။ သင်သေဆုံးပြီးနောက်တွင် သင့်အားမွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်ထံပြန်သွားရမည်ကို သင်သိနားလည်ထားရမည်။ သင်သည်မိမိကိုယ်မိမိနှင့် မိမိပတ်ဝန်းကျင်ရှိ အရပ်မျက်နှာအသီးသီးကို သေချာဆင်ခြင်သုံးသပ်ပြီး အစ္စလာမ်သာသနာကိုလက်ခံလိုက်ပါ။ သင့်လောကီ၊ လောကုတ္တရာနှစ်ဌာနစလုံး၌ ပျော်ရွှင်မှုကို ရရှိလိမ့်မည်။ သင်အစ္စလာမ်သာသနာထဲသို့ ဝင်ရောက်လိုပါက သက်သေခံခြင်းဖြစ်သည့် (လာအိလာဟ အစ်လ္လလ္လာဟ် မုဟမ္မဒုရ်ရစူလွလ္လာဟ်)အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်သောအရှင်မရှိ မုဟမ္မဒ်သည်အလ္လာဟ်အရှင်မြတ်၏ ရစူလ်စေတမန်တော်ဖြစ်သည်၊ ကိုဝန်ခံထွက်ဆိုပြီး အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးခြင်းခံနေရသော အရာအားလုံးကို စွန့်လွှတ်လိုက်ရမည်။ အလ္လာဟ်အရှင်မြတ်သည် သင်္ချိုင်းများရှိသူသေများကို ပြန်လည်ရှင်ပြန်ထစေခြင်း၊ စာရင်းစစ်ဆေးခြင်းနှင့် အစားပေးခြင်းတို့သည် မှန်ကန်ကြောင်းကျွန်ုပ်တို့သက်ဝင်ယုံကြည်ကြရမည်။ ဤ (ရှဟာဒသ်) သက်သေခံခြင်းအား ဝန်ခံထွက်ဆိုပြီးလျှင် သင်သည်မွတ်စ်လင်မ်တစ်ဦးဖြစ်သွားချေပြီ။ ၎င်းနောက်သင့်အပေါ်တွင် အရှင်မြတ်သတ်မှတ်ပြဌာန်းထားသည့် ဆွလာသ်ဆောက်တည်ခြင်း၊ ဇကာသ်ပေးခြင်း၊ ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ (မက္ကာဟ်မြို့သို့)သွားရောက်ရန်တတ်စွမ်းနိုင်ပါက သွားရောက်ဟဂ်ျပြုခြင်းတို့ကို ကျင့်ဆောင်ကာ အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်မှုပြုရမည်။

ထို့ကြောင့် အို-လူသား အလ္လာဟ်အရှင်မြတ်ကသင့်အား မိမိ၏မိန့်ကြားချက်ထဲတွင် ဖိတ်ခေါ်ထားသည့်အတိုင်းပင် ကျွန်ုပ်လည်းသင့်အားရိုးရာ၊ ဓလေ့ထုံးတမ်းများမှကင်းရှင်းပြီး အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ စစ်မှန်စွာသက်ဝင်ယုံကြည်ရန် ဖိတ်ခေါ်ပါသည်။(အို-နဗီတမန်တော်)အသင်သည် ပြောကြားပါလေ။၊ (အချင်းတို့၊) ငါသည် အသင်တို့အား ကိစ္စတစ်ခုကိုသာတိုက်တွန်းနှိုးဆော်လို၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ရည်သန်၍ တစ်ယောက်စီ နှစ်ယောက်စီ ထကြပြီးလျှင်မိမိတို့၏အဖော်ဖြစ်သူ (ငါ)၌ ရူးသွပ်ခြင်းဝေဒနာရှိပါသလောဟု စဉ်းစားဆင်ခြင်ကြလေကုန်။ ထိုအသင်တို့၏ အဖော်ဖြစ်သူ(ငါ)သည် အသင်တို့အား ပြင်းထန်စွာသော ပြစ်ဒဏ်မကျရောက် မီ (ကြိုတင်) သတိပေး နှိုးဆော်သူတစ်ဦးသာလျှင်ဖြစ်ချေသတည်း။စူရဟ် စဗအ်-(၃၄:၄၆)သင်သေဆုံးပြီးနောက်တွင် သင့်အားမွေမြူဖန်ဆင်းတော်မူသော အရှင်မြတ်ထံသို့ ပြန်သွားရမည်ကို သင်သိနားလည်ထားရမည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဧကန်မလွဲ မနုဿလူသား၌ ၎င်း၏ ကြိုးပမ်းဆောင်ရွက်ချက်သာလျှင် ရှိမည်ဟူ၍လည်းကောင်း၊(၃၉)မုချဧကန် ထိုမနုဿလူသား၏ ကြိုးပမ်း ဆောင်ရွက်ချက်မှာ မကြာမြင့်မီပင် တွေ့မြင်ရမည်ဟူ၍ လည်းကောင်း၊(၄၀)ထို့နောက် ထိုမနုဿ လူသားသည် ယင်းကြိုးပမ်းမှုနှင့်စပ်လျဉ်း၍ လွန်စွာပြည့်စုံသော အစားပေးခြင်းကို ခံရမည်ဟူ၍ လည်းကောင်း၊ (သတင်းပေးခြင်း မခံခဲ့ရလေသလော)(၄၁)၎င်းပြင် (အို-နဗီတမန်တော်၊) ဧကန်အမှန် လမ်းဆုံးမှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ ဖြစ်သည်ဟူ၍လည်းကောင်း၊(၄၂)စူရဟ် နဂျ်မ်-(၅၃:၃၉-၄၂)သင်သည်မိမိကိုယ်မိမိနှင့် မိမိပတ်ဝန်းကျင်ရှိ အရပ်မျက်နှာအသီးသီးကို သေချာစွာဆင်ခြင်သုံးသပ်ကြည့်ပါ။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ထိုသူတို့သည်မိုးကောင်းကင်များနှင့်ကမ္ဘာမြေဝယ်(အလ္လာဟ်အရှင်မြတ်၏)အာဏာစက်တော်ကိုလည်းကောင်း၊အလ္လာဟ်အရှင်မြတ်ဖန်ဆင်းတော်မူသော(သက်ရှိသက်မဲ့)အရာဝတ္ထုအလုံးစုံတို့ကိုလည်းကောင်း၊မိမိတို့(သေဆုံးရန်)သတ်မှတ်ထားပြီးဖြစ်သောကာလအပိုင်းအခြားသည်နီးကပ်လာပြီဖြစ်သည်ကိုလည်းကောင်း၊မတွေးမမြင်မဆင်ခြင်မသုံးသပ်ကြလေသလော။၎င်းတို့သည်ဤ(ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ပြီး)နောက်မည်သည့်စကားကိုယုံကြည်ကြပါဦးမည်နည်း။စူရဟ် အအ်ရာဖ်-(၇:၁၈၅)သင်အစ္စလာမ်သာသနာကိုလက်ခံလိုက်ပါ။ သင့်လောကီ၊ လောကုတ္တရာနှစ်ဌာနစလုံး၌ ပျော်ရွှင်မှုကို ရရှိလိမ့်မည်။ သင်အစ္စလာမ်သာသနာထဲသို့ ဝင်ရောက်လိုပါက သက်သေခံခြင်းဖြစ်သည့် (လာအိလာဟ အစ်လ္လလ္လာဟ် မုဟမ္မဒုရ်ရစူလွလ္လာဟ်)အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်သောအရှင်မရှိ မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်စေတမန်တော်ဖြစ်သည် ကိုဝန်ခံထွက်ဆိုရမည်။တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)အား အစ္စလာမ်သာသနာတော်ဘက်သို့ ဖိတ်ခေါ်သူအဖြစ် ယီမင်နိုင်ငံသို့စေလွှတ်သည့်အခါ မှာကြားတော်မူသည်မှာ-ဧကန်အမှန်အသင်သည် ကျမ်းရထားသူများထံသွားရောက်နေသည်ဖြစ်ရာ အသင်သည် ထိုသူတို့အား အလ္လာဟ်အရှင်မြတ်မှအပအခြား ခဝပ်ကိုးကွယ်ခြင်းခံထိုက်တော်မူသောအရှင်မရှိကြောင်းနှင့် ဧကန်အမှန် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံရန်ဖိတ်ခေါ်ပါလေ။ ထိုအရာနှင့်ပတ်သက်၍၎င်းတို့က သင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် နေ့နှင့်ညတွင် ဆွလာသ်ငါးကြိမ်ဖရဿ်ွတာဝန်အဖြစ်သတ်မှတ်ထားကြောင်း အသိပေးပါ။ ထိုအရာနှင့်ပတ်သက်၍ လက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်တွင် သူတို့၏ဥစ္စာပစ္စည်းများထဲမှ ဇကာသ်ပေးလှူခြင်းအား ဖရဿ်ွတာဝန်အဖြစ် သတ်မှတ်ကြောင်း အသိပေးပါ။ ယင်းဇကာသ်ကို ၎င်းတို့ထဲရှိကြွယ်ဝချမ်းသာသူများထံမှ ယူဆောင်၍ သူတို့၏ဆင်းရဲသားများကိုခွဲဝေပေးကမ်းရမည်။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အသင်သည် ဇကာသ် ကောက်ယူရာတွင် ၎င်းတို့၏အကောင်းဆုံးဥစ္စာပစ္စည်းများကို ကောက်ယူခြင်းမှ ရှောင်ကြဉ်ပါ။၎င်းနောက် အသင်သည် မတရားညှဉ်းပန်းခြင်းခံရသူ၏ မကောင်းဆုတောင်းခြင်းခံရမှု (ကျိန်ဆဲမှု)ကို ရှောင်ကြဉ်ပါ။အဘယ်ကြောင့်ဆိုသော် ယင်းတိုင်းကြားမှုနှင့် အလ္လာဟ်အရှင်မြတ်၏ကြားတွင် အကာကွယ်မရှိပေ။(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၁၉)သင်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးခြင်းခံနေရသော အရာအားလုံးကိုစွန့်လွှတ်လိုက်ရမည်။ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံနေရသည့်အရာတိုင်းမှ ကင်းရှင်းခြင်းသည် (ဟနီဖိယဟ်)တမန်တော်အိဗ်ရာဟီမ်(အလိုင်ဟိစ္စလာမ်)၏ လမ်းစဉ်ပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဧကန်အမှန် အသင်တို့အဖို့ (နဗီတမန်တော်) 'အိဗ်ရာဟီမ်' ၌လည်းကောင်း၊ ထို(နဗီတမန်တော်) အိဗ်ရာဟီမ်နှင့်အတူရှိခဲ့ကြသော သူတို့၌လည်းကောင်း၊ မွန်မြတ်လှစွာသော စံနမူနာသည် ရှိပေသည်။ တစ်ရံရောအခါဝယ် ၎င်းတို့သည် မိမိတို့၏ အမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့ကြကုန်၏။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့နှင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့ ဆည်းကပ်ကိုးကွယ်ကြသော အရာများနှင့်လည်းကောင်း၊ မပတ်သက်သူများပင် ဖြစ်ကြ၏။ ကျွန်ုပ်တို့သည် အသင်တို့အား ငြင်းပယ်လိုက်ကြပြီ။ အသင်တို့သည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အား မယုံကြည်သမျှ ကာလပတ်လုံး ကျွန်ုပ်တို့နှင့် အသင်တို့၏အကြား၌ ရန်ငြိုးသည်လည်းကောင်း၊ မုန်းတီးမှုသည်လည်းကောင်း၊ အမြဲမပြတ် ဖြစ်ပေါ်လျက် ရှိနေမည်သာ။စူရဟ် မွမ်သဟိနဟ်-(၆၀:၄)အလ္လာဟ်အရှင်မြတ်သည် သင်္ချိုင်းများရှိသူသေများကို ပြန်လည်ရှင်ပြန်ထစေမည်ကို သင်သက်ဝင်ယုံကြည်ရမည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-ဤသည်တို့ ဖြစ်ရခြင်းအကြောင်းကား ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာလျှင် အမှန်တည်ရှိတော်မူသောအရှင် ဖြစ်တော်မူခြင်းကြောင့်လည်းကောင်း၊ ဧကန်အမှန် ထိုအရှင်မြတ်သည်ပင် သေသူအပေါင်းကို ရှင်စေတော်မူမည့်အရှင် ဖြစ်တော်မူခြင်းကြောင့်လည်းကောင်း၊ မလွဲဧကန် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူခြင်းကြောင့်လည်းကောင်း ဖြစ်ချေသည်။(၆)ထိုမှတစ်ပါး ဧကန်မလွဲ ကိယာမတ်သည်လည်း(မုချ)ဆိုက်ရောက်မည်ဖြစ်သည်။ ယင်းကိယာမတ်နှင့် စပ်လျဉ်း၍ ယုံမှားသံသယ ဖြစ်ဖွယ်ရာအလျင်းမရှိပြီ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် သင်္ချိုင်းများတွင်ရှိသူတို့ကို ဧကန်စင်စစ် ရှင်ပြန်ထစေတော်မူမည် ဖြစ်သတည်း။(၇)စူရဟ် ဟဂျ်-(၂၂:၆-၇)စာရင်းစစ်ဆေးခြင်းနှင့် အစားပေးခြင်းတို့သည် မှန်ကန်ကြောင်း သက်ဝင်ယုံကြည်ရမည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့်လျော်ညီစွာ ဖန်ဆင်းတော်မူခဲ့၏။ ၎င်းပြင် လူတိုင်းလူတိုင်း မိမိတို့ ရှာဖွေဆည်းပူးခဲ့သော (ကောင်းမှု၊မကောင်းမှု)နှင့်စပ်လျဉ်း၍ အစားပေးခြင်းခံရအံ့သောငှာ(ဖန်ဆင်းတော်မူခဲ့၏၊) သို့ရာတွင် ၎င်းတို့သည် မတရားမှုပြုလုပ်ခြင်းကို ခံကြရမည်မဟုတ်ပေ။စူရဟ် ဂျာဆိယဟ်-(၄၅:၂၂)

(အို-နဗီတမန်တော်)အသင်သည် ပြောကြားပါလေ။၊ (အချင်းတို့၊) ငါသည် အသင်တို့အား ကိစ္စတစ်ခုကိုသာတိုက်တွန်းနှိုးဆော်လို၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ရည်သန်၍ တစ်ယောက်စီ နှစ်ယောက်စီ ထကြပြီးလျှင်မိမိတို့၏အဖော်ဖြစ်သူ (ငါ)၌ ရူးသွပ်ခြင်းဝေဒနာရှိပါသလောဟု စဉ်းစားဆင်ခြင်ကြလေကုန်။ ထိုအသင်တို့၏ အဖော်ဖြစ်သူ(ငါ)သည် အသင်တို့အား ပြင်းထန်စွာသော ပြစ်ဒဏ်မကျရောက် မီ (ကြိုတင်) သတိပေး နှိုးဆော်သူတစ်ဦးသာလျှင်ဖြစ်ချေသတည်း။

စူရဟ် စဗအ်-(၃၄:၄၆)

သင်သေဆုံးပြီးနောက်တွင် သင့်အားမွေမြူဖန်ဆင်းတော်မူသော အရှင်မြတ်ထံသို့ ပြန်သွားရမည်ကို သင်သိနားလည်ထားရမည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ဧကန်မလွဲ မနုဿလူသား၌ ၎င်း၏ ကြိုးပမ်းဆောင်ရွက်ချက်သာလျှင် ရှိမည်ဟူ၍လည်းကောင်း၊(၃၉)

မုချဧကန် ထိုမနုဿလူသား၏ ကြိုးပမ်း ဆောင်ရွက်ချက်မှာ မကြာမြင့်မီပင် တွေ့မြင်ရမည်ဟူ၍ လည်းကောင်း၊(၄၀)

ထို့နောက် ထိုမနုဿ လူသားသည် ယင်းကြိုးပမ်းမှုနှင့်စပ်လျဉ်း၍ လွန်စွာပြည့်စုံသော အစားပေးခြင်းကို ခံရမည်ဟူ၍ လည်းကောင်း၊ (သတင်းပေးခြင်း မခံခဲ့ရလေသလော)(၄၁)

၎င်းပြင် (အို-နဗီတမန်တော်၊) ဧကန်အမှန် လမ်းဆုံးမှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ ဖြစ်သည်ဟူ၍လည်းကောင်း၊(၄၂)

စူရဟ် နဂျ်မ်-(၅၃:၃၉-၄၂)

သင်သည်မိမိကိုယ်မိမိနှင့် မိမိပတ်ဝန်းကျင်ရှိ အရပ်မျက်နှာအသီးသီးကို သေချာစွာဆင်ခြင်သုံးသပ်ကြည့်ပါ။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ထိုသူတို့သည်မိုးကောင်းကင်များနှင့်ကမ္ဘာမြေဝယ်(အလ္လာဟ်အရှင်မြတ်၏)အာဏာစက်တော်ကိုလည်းကောင်း၊အလ္လာဟ်အရှင်မြတ်ဖန်ဆင်းတော်မူသော(သက်ရှိသက်မဲ့)အရာဝတ္ထုအလုံးစုံတို့ကိုလည်းကောင်း၊မိမိတို့(သေဆုံးရန်)သတ်မှတ်ထားပြီးဖြစ်သောကာလအပိုင်းအခြားသည်နီးကပ်လာပြီဖြစ်သည်ကိုလည်းကောင်း၊မတွေးမမြင်မဆင်ခြင်မသုံးသပ်ကြလေသလော။၎င်းတို့သည်ဤ(ကုရ်အာန်ကျမ်းတော်မြတ်ကျရောက်ပြီး)နောက်မည်သည့်စကားကိုယုံကြည်ကြပါဦးမည်နည်း။

စူရဟ် အအ်ရာဖ်-(၇:၁၈၅)

သင်အစ္စလာမ်သာသနာကိုလက်ခံလိုက်ပါ။ သင့်လောကီ၊ လောကုတ္တရာနှစ်ဌာနစလုံး၌ ပျော်ရွှင်မှုကို ရရှိလိမ့်မည်။ သင်အစ္စလာမ်သာသနာထဲသို့ ဝင်ရောက်လိုပါက သက်သေခံခြင်းဖြစ်သည့် (လာအိလာဟ အစ်လ္လလ္လာဟ် မုဟမ္မဒုရ်ရစူလွလ္လာဟ်)အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်သောအရှင်မရှိ မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်စေတမန်တော်ဖြစ်သည် ကိုဝန်ခံထွက်ဆိုရမည်။

တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မုအာဇ် (ရဿွိယလ္လာဟုအန်ဟု)အား အစ္စလာမ်သာသနာတော်ဘက်သို့ ဖိတ်ခေါ်သူအဖြစ် ယီမင်နိုင်ငံသို့စေလွှတ်သည့်အခါ မှာကြားတော်မူသည်မှာ-

ဧကန်အမှန်အသင်သည် ကျမ်းရထားသူများထံသွားရောက်နေသည်ဖြစ်ရာ အသင်သည် ထိုသူတို့အား အလ္လာဟ်အရှင်မြတ်မှအပအခြား ခဝပ်ကိုးကွယ်ခြင်းခံထိုက်တော်မူသောအရှင်မရှိကြောင်းနှင့် ဧကန်အမှန် ငါကိုယ်တော်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံရန်ဖိတ်ခေါ်ပါလေ။ ထိုအရာနှင့်ပတ်သက်၍၎င်းတို့က သင့်အားလက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်ဝယ် နေ့နှင့်ညတွင် ဆွလာသ်ငါးကြိမ်ဖရဿ်ွတာဝန်အဖြစ်သတ်မှတ်ထားကြောင်း အသိပေးပါ။ ထိုအရာနှင့်ပတ်သက်၍ လက်ခံခဲ့သော် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အပေါ်တွင် သူတို့၏ဥစ္စာပစ္စည်းများထဲမှ ဇကာသ်ပေးလှူခြင်းအား ဖရဿ်ွတာဝန်အဖြစ် သတ်မှတ်ကြောင်း အသိပေးပါ။ ယင်းဇကာသ်ကို ၎င်းတို့ထဲရှိကြွယ်ဝချမ်းသာသူများထံမှ ယူဆောင်၍ သူတို့၏ဆင်းရဲသားများကိုခွဲဝေပေးကမ်းရမည်။ ထိုအရာနှင့်ပတ်သက်၍ ၎င်းတို့က သင့်အားလက်ခံခဲ့သော် အသင်သည် ဇကာသ် ကောက်ယူရာတွင် ၎င်းတို့၏အကောင်းဆုံးဥစ္စာပစ္စည်းများကို ကောက်ယူခြင်းမှ ရှောင်ကြဉ်ပါ။၎င်းနောက် အသင်သည် မတရားညှဉ်းပန်းခြင်းခံရသူ၏ မကောင်းဆုတောင်းခြင်းခံရမှု (ကျိန်ဆဲမှု)ကို ရှောင်ကြဉ်ပါ။အဘယ်ကြောင့်ဆိုသော် ယင်းတိုင်းကြားမှုနှင့် အလ္လာဟ်အရှင်မြတ်၏ကြားတွင် အကာကွယ်မရှိပေ။

(ဆွဟီးဟ် မွတ်စ်လင်မ်ကျမ်း - ၁၉)

သင်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးခြင်းခံနေရသော အရာအားလုံးကိုစွန့်လွှတ်လိုက်ရမည်။ အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံနေရသည့်အရာတိုင်းမှ ကင်းရှင်းခြင်းသည် (ဟနီဖိယဟ်)တမန်တော်အိဗ်ရာဟီမ်(အလိုင်ဟိစ္စလာမ်)၏ လမ်းစဉ်ပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ဧကန်အမှန် အသင်တို့အဖို့ (နဗီတမန်တော်) 'အိဗ်ရာဟီမ်' ၌လည်းကောင်း၊ ထို(နဗီတမန်တော်) အိဗ်ရာဟီမ်နှင့်အတူရှိခဲ့ကြသော သူတို့၌လည်းကောင်း၊ မွန်မြတ်လှစွာသော စံနမူနာသည် ရှိပေသည်။ တစ်ရံရောအခါဝယ် ၎င်းတို့သည် မိမိတို့၏ အမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့ကြကုန်၏။ ဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင်တို့နှင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့ ဆည်းကပ်ကိုးကွယ်ကြသော အရာများနှင့်လည်းကောင်း၊ မပတ်သက်သူများပင် ဖြစ်ကြ၏။ ကျွန်ုပ်တို့သည် အသင်တို့အား ငြင်းပယ်လိုက်ကြပြီ။ အသင်တို့သည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အား မယုံကြည်သမျှ ကာလပတ်လုံး ကျွန်ုပ်တို့နှင့် အသင်တို့၏အကြား၌ ရန်ငြိုးသည်လည်းကောင်း၊ မုန်းတီးမှုသည်လည်းကောင်း၊ အမြဲမပြတ် ဖြစ်ပေါ်လျက် ရှိနေမည်သာ။

စူရဟ် မွမ်သဟိနဟ်-(၆၀:၄)

အလ္လာဟ်အရှင်မြတ်သည် သင်္ချိုင်းများရှိသူသေများကို ပြန်လည်ရှင်ပြန်ထစေမည်ကို သင်သက်ဝင်ယုံကြည်ရမည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

ဤသည်တို့ ဖြစ်ရခြင်းအကြောင်းကား ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည်သာလျှင် အမှန်တည်ရှိတော်မူသောအရှင် ဖြစ်တော်မူခြင်းကြောင့်လည်းကောင်း၊ ဧကန်အမှန် ထိုအရှင်မြတ်သည်ပင် သေသူအပေါင်းကို ရှင်စေတော်မူမည့်အရှင် ဖြစ်တော်မူခြင်းကြောင့်လည်းကောင်း၊ မလွဲဧကန် ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသောအရှင် ဖြစ်တော်မူခြင်းကြောင့်လည်းကောင်း ဖြစ်ချေသည်။(၆)

ထိုမှတစ်ပါး ဧကန်မလွဲ ကိယာမတ်သည်လည်း(မုချ)ဆိုက်ရောက်မည်ဖြစ်သည်။ ယင်းကိယာမတ်နှင့် စပ်လျဉ်း၍ ယုံမှားသံသယ ဖြစ်ဖွယ်ရာအလျင်းမရှိပြီ။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် သင်္ချိုင်းများတွင်ရှိသူတို့ကို ဧကန်စင်စစ် ရှင်ပြန်ထစေတော်မူမည် ဖြစ်သတည်း။(၇)

စူရဟ် ဟဂျ်-(၂၂:၆-၇)

စာရင်းစစ်ဆေးခြင်းနှင့် အစားပေးခြင်းတို့သည် မှန်ကန်ကြောင်း သက်ဝင်ယုံကြည်ရမည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ-

စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ နက်နဲသိမ်မွေ့သော ဆင်ခြင်တုံတရားနှင့်လျော်ညီစွာ ဖန်ဆင်းတော်မူခဲ့၏။ ၎င်းပြင် လူတိုင်းလူတိုင်း မိမိတို့ ရှာဖွေဆည်းပူးခဲ့သော (ကောင်းမှု၊မကောင်းမှု)နှင့်စပ်လျဉ်း၍ အစားပေးခြင်းခံရအံ့သောငှာ(ဖန်ဆင်းတော်မူခဲ့၏၊) သို့ရာတွင် ၎င်းတို့သည် မတရားမှုပြုလုပ်ခြင်းကို ခံကြရမည်မဟုတ်ပေ။

စူရဟ် ဂျာဆိယဟ်-(၄၅:၂၂)

(ရှဟာဒသ်)သက်သေခံခြင်းအား ဝန်ခံထွက်ဆိုပြီးလျှင် သင်သည်မွတ်စ်လင်မ်တစ်ဦး ဖြစ်သွားချေပြီ။ ၎င်းနောက်သင့်အပေါ်တွင် အရှင်မြတ်သတ်မှတ်ပြဌာန်းထားသည့် ဆွလာသ်ဆောက်တည်ခြင်း၊ ဇကာသ်ပေးခြင်း၊ ဆွိယာမ်ဥပုသ် စောင့်ထိန်းခြင်း၊ (မက္ကဟ်မြို့သို့)သွားရောက်ရန်တတ်စွမ်းနိုင်ပါက သွားရောက်ဟဂ်ျပြုခြင်းတို့အပြင် အခြားကျင့်စဉ်ကျင့်ရပ်များကို ကျင့်ဆောင်ကာ အလ္လာဟ်အရှင်မြတ်အားခဝပ်ကိုးကွယ်ရမည်။

နေ့စွဲ - ၁၉-၁၁-၁၄၄၁ (ဟစ်ဂျ်ရီ ခုနှစ်)

ရေးသားသူ - ပါမောက္ခ ဒေါက်တာ မုဟမ္မဒ်ဗင်န်အဗ်ဒုလ္လာဟ် အလ်စုဟိုင်းမ်

ပါမောက္ခဟောင်း အစ္စလာမ့်လေ့လာရေးဌာန အကီဒဟ်ယုံကြည်မှုဘာသာရပ်၊

ပညာရေးကောလိပ်၊ဘုရင်စအူးဒ် တက္ကသိုလ်၊

ရိယာဒ်မြို့၊ ဆော်ဒီအာရေဗျဘုရင့်နိုင်ငံ။


အစ္စလာမ်သာသနာတော်...................................................................................................................... 1

အစ္စလာမ်သာသနာတော်နှင့် ပတ်သက်၍ ကျမ်းတော်မြတ်ကုရ်အာန်နှင့်တမန်တော်မြတ်၏သြဝါဒတော်၌ လာရှိသည့်အတိုင်းအကျဥ်းချုပ်ဖော်ပြခြင်း။........................................................................................... 1

အစ္စလာမ်သာသနာတော်သည် လူသားအားလုံးထံပို့ဆောင်သည့် အလ္လာဟ်အရှင်မြတ်၏ သတင်းစကားဖြစ်ပြီး ယင်းသတင်းစကားသည် အမြဲတန်းအတွက်ရှိနေမည့်အရှင်မြတ်၏သတင်းစကားဖြစ်ပြီး နောက်ဆုံးသတင်းစကားလည်းဖြစ်သည်။.................... 2

အစ္စလာမ်သာသနာတော်သည် လူမျိုးတစ်မျိုး၊မျိုးနွယ်စုတစ်စု နှင့်သာသက်ဆိုင် သည့် သာသနာမဟုတ်ပဲ လူသားထုတရပ်လုံးနှင့်သက်ဆိုင်သည့် အလ္လာဟ်အရှင်မြတ်၏သာသနာတော်ဖြစ်သည်။......................................................................................... 3

၃။အစ္စလာမ်သာသနာတော်သည် အလ္လာဟ်အရှင်မြတ်၏သတင်းစ ကားများဖြစ်ပြီးလွန်လေပြီးသောမျိုးနွယ်စုများထံ စေလွှတ်ခြင်းခံရသော နဗီ၊ရစူလ် တမန်တော်(အလိုင်ဟိစ္စလာမ်)များအပေါ်အလ္လာဟ်အရှင်မြတ်မှာကြားတော်မူခဲ့သည့် အမိန့်တော်များကို ပြည့်ဝစုံလင်စေတော်မူရန်အလို့ငှာ ကျရောက်လာခဲ့ခြင်းဖြစ်သည်။................................................................... 4

၄။နဗီတမန်တော်(အလိုင်ဟိစ္စလာမ်)များ၏ သာသနာသည် တစ်ခုတည်းသာဖြစ်ပြီး ၎င်းတို့ကျင့်သုံးသည့် ဥပဒေများသာကွဲပြားကြသည်။.................................................................................................................................................... 6

၅။မွေးမြူဖန်ဆင်း၊ထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင်သခင်မှာ အလ္လာဟ်အရှင်မြတ်သာဖြစ်ပြီး ထိုအရှင်မြတ်သည် ဖန်ဆင်းတော်မူသော်အရှင်၊ ရိုဇီရိက္ခာပေးသနားတော်မူသောအရှင်၊ ရှင်စေသေစေတော်မူသော်အရှင်၊ အုပ်ချုပ်မှုအာဏာအမျိုးမျိုးကို စိုးပိုင်တော်မူသောအရှင်၊ အမှုကိစ္စအားလုံးကိုစီမံခန့်ခွဲတော်မူသောအရှင်၊ အလွန်ကြင်နာသနားတော်မူသောအရှင် ဖြစ်ကြောင်းကိုသက်ဝင်ယုံကြည်ရန် နူဟ်၊ အိဗ်ရာဟီးမ်၊ မူစာ၊စုလိုင်မာန်နှင့်ဒါဝူဒ်(အလိုင်းဟိမုစ်စလာမ်)စသည့်နဗီတမန်တော်တိုင်းကဖိတ်ခေါ်ခဲ့သည့်အတိုင်းအစ္စလာမ်သာသနာတော်သည်လည်းထိုဘက်သို့ပင်ဖိတ်ခေါ်လျက်ရှိနေပေသည်။.................................................................................................................................................... 7

၆။ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းတော်မူသောအရှင်၊ခဝပ်ကိုးကွယ်ခြင်းခံထိုက်သည့် တစ်ပါးတည်းသောအရှင်ဖြစ်ပြီး၊အရှင်မြတ်နှင့်အတူ ယှဉ်တွဲ၍ခဝပ်ကိုးကွယ်ခြင်းခံထိုက်သူဟူ၍ အလျင်းမရှိပေ။....... 11

၇။အလ္လာဟ်အရှင်မြတ်သည် စကြာဝဠာအတွင်းရှိကျွန်တော်တို့မြင်တွေ့ရသည့်အရာများ နှင့် မမြင်တွေ့ရသည့်အရာအားလုံးကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်သည်။ထိုအရှင်မြတ်မှလွဲ၍အခြားအရာအားလုံးသည် အရှင်မြတ်၏အဖန်ဆင်းခံများအနက်မှအဖန်ဆင်းခံတစ်မျိုးမျိုးသာဖြစ်သည်။အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေပထဝီတို့ကိုခြောက်ရက်အတွင်းဖန်ဆင်းတော်မူခဲ့သည်။.............................................. 16

၈။ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်ပြီး မြင့်မားတော်မူသောအလ္လာဟ်အရှင်မြတ်၏စိုးပိုင်ခြင်း၌လည်းကောင်း၊ ဖန်ဆင်းခြင်း၌လည်းကောင်း၊ အမှုကိစ္စအရပ်ရပ်တို့ကိုစီမံခန့်ခွဲခြင်း၌လည်းကောင်း၊ ခဝပ်ကိုးကွယ်မူခံထိုက်ခြင်း၌လည်းကောင်း ဖက်စပ်ပါဝင်သူဟူ၍ အလျှင်းမရှိပေ။................................................................................................................................................... 17

၉။ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည်မဟုတ်ပေ။ မည်သူတစ်ဦးတစ်ယောက်၏မွေးဖွားခြင်းကိုလည်းခံခဲ့ရသည်မဟုတ်ပေ။ ထိုအရှင်မြတ်၌ဂုဏ် ရည်တူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိပေ။ ထိုအရှင်မြတ်နှင့်တူသောအရာဟူ၍ကား မည်သည့်တစ်စုံတစ်ရာမျှပင် မရှိပေ။........................................ 21

၁၀။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏မည်သည့်အဖန်ဆင်းခံတွင်းသို့ဝင်စားသည်ဟူ၍မရှိ၊ ၎င်းပြင်အရှင်မြတ်သည် မိမိ၏မည်သည့်အဖန်ဆင်းခံတစ်စုံတစ်ရာ၏ ပုံသဏ္ဌန်ကိုမျှ အသွင်ရယူသည်ဟူ၍လည်းမရှိပေ။.............................. 22

ချွတ်ယွင်းမှုအပေါင်းမှကင်းစင်၍ ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်များအပေါ်အလွန်တရာနူးညံ့သိမ်မွေ့တော်မူသော၊အလွန်တရာကရုဏာထားတော်မူသောအရှင်ဖြစ်သည်။ထိုကြောင့်ရစူလ်တမန်တော်များကိုစေလွှတ်ခဲ့ပြီးကျမ်းဂန်များကိုလည်း ချပေးတော်မူခဲ့သည်။........................................................................................................................ 24

အလ္လာဟ်အရှင်မြတ်သည်မွေးမြူဖန်ဆင်းတော်မူသောအရှင်၊အလွန်တရာကရုဏာထားတော်မူသောအရှင်ဖြစ်ပြီး ထိုအရှင်တစ်ပါးတည်းကသာအဖန်ဆင်းခံအပေါင်းအား(ကဗရ်)သင်ချိုင်းများမှပြန်လည်ရှင်ပြန်ထစေမည့်အချိန်(ကိယာမသ်)နေ့တွင်စစ်ဆေးတော်မူမည်ဖြစ်သည်။ သို့ဖြင့်လူတိုင်းသည်မိမိတို့ပြုခဲ့သောကောင်းမှု(သို့)မကောင်းမှုတို့အားအစားပေးခြင်းခံရမည်ဖြစ်သည်။ အကြင်သူသည် မုအ်မင်န်အလ္လာဟ်အရှင်မြတ်အားသက်ဝင်ယုံကြည်သူဖြစ်ပြီး ကောင်းမှုများကိုပြုလုပ်ခဲ့သော် ထိုသူ့အဖို့ထာဝရစည်းစိမ်များရှိသည်။ အကြင်သူသည်အရှင်မြတ်အားသွေဖည်ငြင်းပယ်ကာ မကောင်းမှုများကိုပြုလုပ်ခဲ့သော် ထိုသူ့အဖို့နောင်တမလွန်ဘဝတွင်ကြီးလေးသောပြစ်ဒဏ်များရှိ၏။.................................................................. 25

၁၃။ချွတ်ယွင်းမူအပေါင်းမှကင်းစင်၍ ကြီးကျယ်မြင့်မားတော်မူသောအလ္လာဟ်အရှင်မြတ်သည် အာဒမ်(အလိုင်ဟိစ္စလာမ်)အား မြေကြီးဖြင့်ဖန်ဆင်းခဲ့ပြီး ၎င်း၏နောက်တွင်သူ၏သားစဉ်မြေးဆက်များအား များပြားအောင်ပြုလုပ်တော်မူခဲ့သည်။ ထို့ကြောင့်လူသားတိုင်း၏မူလသည်တန်းတူပင်ဖြစ်ရာ လိင်တစ်မျိုးသည်အခြားလိင်တစ်မျိုးထက်၊ လူမျိုးတစ်မျိုးသည်အခြားလူမျိုးတစ်မျိုးထက် မွန်မြတ်သည်ဟူ၍မရှိပေ။ သို့သော်သက္ကဝါဟူ သောအလ္လာဟ်အရှင်မြတ်၏အမိန့်ကိုနာခံပြီး အပြစ်အကုသိုလ်မှရှောင်ကြဥ်ခြင်းဖြင့်သာ မွန်မြတ်နိုင်မည်။......................................................................... 28

၁၄။ မွေးဖွားလာသည့် ကလေးတိုင်းသည်သဘာဝဓမ္မ(အစ္စလာမ်သာသနာ)ပေါ်တွင်သာမွေးဖွားလာကြခြင်းဖြစ်သည်။.... 30

၁၅။ မည်သည့် လူသားတစ်ဦးတစ်ယောက်မျှပင် အပြစ်သားအဖြစ်လည်းကောင်း၊ သို့မဟုတ် အခြားသူ၏အပြစ်ကို အမွေဆက်ခံသူ အဖြစ်လည်းကောင်း မွေးဖွားလာခြင်းမဟုတ်ပေ။..................................................................................... 31

၁၆။ လူသားအားဖန်ဆင်းရခြင်း၏ ရည်ရွယ်ချက်မှာ အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ရန်အတွက်ဖြစ်သည်။ 33

၁၇။ အစ္စလာမ်သာသနာသည် လူသား (အမျိုးသား၊ အမျိုးသမီး) တိုင်းအား ထူးကဲမြင့်မြတ်အောင်ပြုပေးထားသည်။ ၎င်း၏အလုံးစုံသော အခွင့်အရေးများကိုလည်းအာမခံထားသည်။ ထို့ပြင် လူသားအားသူ၏ရွေးချယ်မှုများ၊ လုပ်ရပ်များနှင့် လုပ်ဆာင်ချက်များနှင့်ပတ်သက်၍ တာဝန်ခံအဖြစ်ပြုလုပ်ထားပြီး မိမိအတွက်ဖြစ်စေ အခြားသူများအတွက်ဖြစ်စေ ထိခိုက်နစ်နာစေသည့် မည်သည့်လုပ်ရပ်အတွက်မဆို တာဝန်ခံစေခဲ့သည်။.......................................................................................................................... 34

၁၈။ အစ္စလာမ်သာသနာသည် အမျိုးသားနှင့် အမျိုးသမီးအား အမလ်ပြုကျင့်ခြင်း၊တာဝန်ခံဖြစ်ခြင်း၊ အစားပေးခြင်း၊ ကုသိုလ်ချီးမြှင့်ခြင်းတို့၌ တန်းတူပင်သတ်မှတ်ထားသည်။........................................................................................................... 38

၁၉။ အစ္စလာမ်သာသနာသည် အမျိူသမီးများကိုဂုဏ်ပေးထားပြီး အမျိုးသမီးများကို အမျိုးသားများနှင့်ဂုဏ်ရည်တူပင်ဖြစ်ကြောင်း သတ်မှတ်ထားသည်။ အမျိုးသားသည်တတ်စွမ်းနိုင်ပါက (သူမတို့အပေါ်) ငွေကြေးသုံးစွဲရန်လည်းသတ်မှတ်ထားသည်။ ထို့ကြောင့် သမီး၏ စရိတ်အား ဖခင်ပေါ်တွင်လည်းကောင်း၊ သားသည် အရွယ်ရောက်ပြီး တတ်စွမ်းနိုင်လျှင် မိခင်၏ စရိတ်အား သားပေါ်တွင်လည်းကောင်း၊ ဇနီး၏စရိတ်အား ခင်ပွန်းပေါ်တွင်လည်းကောင်း (သုံးစွဲရန်) တာဝန်ရှိသည်။....................................................... 39

၂၀။ သေဆုံးခြင်းသည် ထာဝရပြီးဆုံးခြင်းမဟုတ်ဘဲ ၎င်းသည် ကြိုးပမ်းအားထုတ်ရသည့်နေရာဋ္ဌာနမှ အစားပြန်လည်ရရှိသည့် နေရာဋ္ဌာနသို့ ကူးပြောင်းသွားခြင်းသာဖြစ်သည်။သေခြင်းသည် ခန္ဓာကိုယ်နှင့်ဝိညာဉ်ပေါ်သို့ကျရောက်သည်။ သေဆုံးသည့်အခါ ဝိညာဉ်သည် ခန္ဓာကိုယ်မှခွဲခွာသွားပြီး ကိယာမသ်နေ့ ပြန်လည်ရှင်ပြန်ထသည့်အခါ ခန္ဓာကိုယ်တွင်းသို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်သည်။ သေဆုံးပြီးသည့်နောက် ဝိညာဉ်သည် နောက်ကိုယ်ခန္ဓာတစ်ခုထဲသို့ဝင်စားခြင်းလည်းမရှိသလို၊ အခြားကိုယ်ခန္ဓာတစ်ခုဖြင့် သံသရာလည်ခြင်းလည်းမရှိပေ။........................................................................................................... 41

၂၁။ အစ္စလာမ်သာသနာသည် ကြီးကျယ်လှသည့် အခြေခံယုံကြည်ချက်များဖြင့် အီမာန်သက်ဝင်ယုံကြည်မှုဘက်သို့ ဖိတ်ခေါ်ထားသည် ၎င်းတို့မှာ အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ကောင်းကင်တမန်များအား သက်ဝင်ယုံကြည်ခြင်း၊ အရှင်မြတ်၏ကျမ်းဂန်များဖြစ်သည့် ကျမ်းမြတ်ကုရ်အာန်နှင့် (ပြုပြင်ပြောင်းလဲခြင်းမခံရမီက) သောင်ရသ်ကျမ်း၊အင်ဂျီးလ်ကျမ်းနှင့်ဇဗူရ်ကျမ်းတို့အားသက်ဝင်ယုံကြည်ခြင်း၊ နဗီ၊ ရစူလ်တမန်တော် (အလိုင်ဟိမုစ္စလာမ်) အားလုံးတို့အားလည်းကောင်း၊ ၎င်းနဗီရစူလ်များအနက် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်ဖြစ်သည့် မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် နောက်ဆုံးတမန်တော်ဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်း၊ နောင်တမလွန် အာခိရသ်အားသက်ဝင်ယုံကြည်ခြင်း၊ အကယ်၍ ဤလောကီသက်တမ်းသည်သာ နောက်ဆုံးဖြစ်လျှင် လက်ရှိဘဝရှင်သန်ခြင်းသည် အချည်းနှီးသက်သက်သာဖြစ်သွားမည်ကိုကျွန်တော်တို့အသိပင်ဖြစ်သည်၊ အရှင်မြတ်၏စီရင်ဆုံးဖြတ်မှုနှင့် (သက္ကဒီရ်) အကောင်း အဆိုးဟူသမျှသည် အရှင်မြတ်ဘက်တော်မှသာဖြစ်ကြောင်း သက်ဝင်ယုံကြည်ခြင်းတို့ဖြစ်သည်။. 43

၂၂။ နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)များသည် အလ္လာဟ်အရှင်မြတ်၏ဝဟီအမိန့်တော်များကို ပို့ချရာတွင်လည်းကောင်း၊ အသိဉာဏ်နှင့်ကောင်းမြတ်သည့်အကျင့်စာရိတ္တတို့နှင့်ဆန့်ကျင်သည့်အရာတိုင်းမှလည်းကောင်း ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရသည်။ နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)တို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်များအား အရှင်မြတ်၏ကျေးကျွန်များထံပို့ချရန် တာ၀န်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ ထိုတမန်တော်များတွင် မွေးမြူဖန်ဆင်းခြင်း၊ ခ၀ပ်ကိုးကွယ်မှုကိုခံထိုက်ခြင်းတို့နှင့်သက်ဆိုင်သော မည့်သည့်ဂုဏ်ဝိသေသမျှမရှိပေ။ အမှန်ပင် ၎င်းတို့သည်အခြားလူသားများကဲ့သို့လူသားပင်ဖြစ်ကြသည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် မိမိ၏မိန့်မှာချက်များကို ၎င်းတို့ထံ ဝဟီပို့ချတော်မူသည်။........................................................................................................................ 55

၂၃။ အစ္စလာမ်သာသနာသည် ကြီးကျယ်သော ခဝပ်ကိုးကွယ်မူများ၏ အခြေအမြစ်တရားများနှင့်တကွ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်းဘက်သို့ ဖိတ်ခေါ်ထားသည်။ ၎င်းတို့မှာ-(၁)ဆွလာသ်၀တ်ပြုခြင်း။ ၎င်းတွင်ကိယာမ်ရပ်ခြင်း၊ ရုကူအ်ဦးညွတ်ခြင်း၊ စဂ်ျဒဟ်ဦးချခြင်း၊ အလ္လာဟ်အရှင်မြတ်အားသတိရတသခြင်း၊ ချီးမွမ်းထောပနာပြုခြင်းနှင့်ဆုတောင်းခြင်းတို့ပါဝင်သည်။ လူတစ်ဦးသည်နေ့စဥ်ငါးကြိမ်ဆွလာသ်ဆောက်တည်ရသည်။ ဤသို့ဝတ်ပြုခြင်း၌အဆင့်အတန်းခွဲခြားမူများမရှိပေ။ ထို့ကြောင့်သူဌေး၊ သူဆင်းရဲ၊ ခေါင်းဆောင်နှင့် လက်အောက်ငယ်သားအားလုံးတို့သည် ဆွလာသ်ဝတ်ပြုရာ၌လိုင်းတစ်လိုင်းထဲတွင်ရှိကြရသည်။ (၂)ဇကာသ်ဖြစ်သည်။ ဇကာသ်ဟူသည်စည်းမျဉ်းစည်းကမ်းများနှင့်အညီ သူဌေးများ၏ဥစ္စာပစ္စည်များထဲမှ ဆင်းရဲသားများနှင့်အခြားယူပိုင်ခွင့်ရှိသူများအတွက် တစ်နှစ်လျှင်တစ်ကြိမ်ပေးရန် အလ္လာဟ်အရှင်မြတ်က(ဖရဿ်ွ)မပြုမနေရတာဝန်အဖြစ် သတ်မှတ်ထားသည့်အနည်းငယ်မျှသောပမာဏကိုဆိုလိုသည်။ (၃)ဆွိယာမ်ဖြစ်သည်။ ဆွိယာမ်ဟူသည် လမြတ်ရမ်ဿွာန်၏နေ့ပိုင်းတွင် စားခြင်း၊ သောက်ခြင်း၊ မေထုန်မှီဝဲခြင်းတို့မှရှောင်ကြဉ်ခြင်းဖြစ်ပြီး ၎င်းသည်စိတ်ဝိညာဉ်၌ ခန္တီတရားနှင့် စိတ်ဓါတ်ကြံ့ခိုင်မှုတို့ကို တိုးပွါးစေသည်။ (၄)ဟဂ်ျဖြစ်သည်။ ဟဂ်ျဟူသည် တတ်စွမ်းနိုင်သူအပေါ် တစ်သက်တွင်တစ်ကြိမ် မက္ကဟ်မြို့ရှိအလ္လာဟ်အရှင်မြတ်၏အိမ်တော်သို့သွားရောက်ဟဂ်ျပြုခြင်းဖြစ်သည်။ဟဂ်ျကျင့်စဥ်၌ ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူသော ဖန်ဆင်းရှင်ဘက်သို့လှည့်ရာတွင်အားလုံးတူညီသွားကြပြီး ကွဲပြားခြားနားမှုများနှင့်မျိုးရိုးဂုဏ်ဖော်မှုများလည်း ပပြောက်သွားပေသည်။ 61

၂၄။ အစ္စလာမ်သာသနာတော်၌ရှိသော ခဝပ်ကိုးကွယ်မှုများ၏အကြီးမားဆုံးထူးခြားချက်မှာ ခဝပ်ကိုးကွယ်ရမည့်ပုံသဏ္ဍာန်၊ အချိန်နှင့်စည်းကမ်းချက်များအားလုံးကို အလ္လာဟ်အရှင်မြတ်က သတ်မှတ်ပြဌာန်းတော်မူပြီး ၎င်ပြဌာန်းချက်များကို အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ပို့ချတော်မူခဲ့သည်။ ယနေ့ထိတိုင် တစ်ဦးတစ်ယောက်ကမျှ ထိုပြဌာန်းချက်များကို ဝင်ရောက်စွက်ဖက်ကာ အတိုးအလျော့ပြုလုပ်ထားခြင်းမရှိပေ။ ဤကြီးကျယ်လှသော ခဝပ်ကိုးကွယ်မှုများဘက်သို့ နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)တိုင်းကဖိတ်ခေါ်ခဲ့သည်။........................................................................ 66

၂၅။ အစ္စလာမ်သာသနာတော်၏ရစူလ်တမန်တော်သည် အိဗ်ရာဟီမ်၏သားအစ္စမာအီလ်(အလိုင်ဟိမတ်စ္စလာမ်)၏ သားစဥ်မြေးဆက်မှဖြစ်သော အဗ်ဒုလ္လာဟ် ၏သား မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ဖြစ်သည်။ ခရစ်သက္ကရာဇ်(၅၇၁)တွင် မက္ကဟ် မြို့၌ဖွားမြင်တော်မူခဲ့ပြီး ထိုမြို့၌ပင် တမန်တော်အဖြစ်စေလွှတ်ခြင်းခံရသည်။ ထို့နောက်မဒီနာမြို့သို့ (ဟိဂ်ျရသ်) ပြောင်းရွှေ့ခဲ့သည်။ ထိုတမန်တော်သည် မိမိ၏အမျိုးသားတို့နှင့်အတူ ရုပ်တုများနှင့်သက်ဆိုင်သောမည်သည့်လုပ်ရပ်တွင်မျှ ပါဝင်ခဲ့သည်ဟူ၍မရှိ။ သို့သော်၎င်းတို့နှင့်အတူမွန်မြတ်သည့်လုပ်ရပ်များတွင်သာ ပါဝင်ခဲ့သည်။ ကိုယ်တော်သည်တမန်တော်မဖြစ်မီကတည်းက ကြီးကျယ်လှသော အကျင့်စာရိတ္တပေါ်တွင်ရှိခဲ့သည်။ ၎င်း၏အမျိုးသားတို့က ၎င်းအားသစ္စာရှင်ဟု အမည်ပေးခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်သည် ကိုယ်တော့အား သက်တော်(၄၀)တွင် ရစူလ်တမန်တော်အဖြစ်စေလွှတ်ခဲ့သည်။ ထို့ပြင်ကြီးကျယ်လှသော အံ့ဖွယ်တန်ခိုးတော်များဖြင့်ကူညီစောင်မတော်မူခဲ့ပြီး ၎င်းတို့အနက်အကြီးဆုံးမှာကျမ်းတော်မြတ်ကုရ်အာန်ပင်ဖြစ်သည်။ ၎င်းကျမ်းမြတ်သည် နဗီတော်များအားလုံး၏သက်သေလက္ခဏာတော်များအနက် အကြီးကျယ်ဆုံးသောသက်သေလက္ခဏာတော်ဖြစ်ပြီး ယနေ့ထိကျန်ရှိနေသော သက်သေလက္ခဏာတော်တစ်ပါးဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းအတွက်သာသနာတော်ကိုပြည့်စုံစေခဲ့ပြီး ရစူလ်ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ကလည်းအပြည့်အဝပို့ချပြီးသည့်နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် သက်တော်(၆၃)နှစ်တွင်ကွယ်လွန်တော်မူခဲ့ပြီး မဒီနာမြို့တော်၌ပင် (ဒဖန်)မြုပ်နှံခဲ့သည်။ တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် နဗီ၊ ရစူလ်တမန်တော်များအနက် နောက်ဆုံးတမန်တော်ဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် ၎င်းအား လမ်းမှန်တရား၊ စစ်မှန်သောသာသနာနှင့်တကွစေလွှတ်တော်မူခဲ့သည်။ ထိုသို့စေလွှတ်ရခြင်းမှာ လူသားအားလုံးကိုရုပ်တုကိုးကွယ်မှု၊ သွေဖည်ငြင်းပယ်မှုနှင့်အသိပညာမဲ့မှု၏အမှာင်ထုထဲမှ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းကိုသာ ခဝပ်ကိုးကွယ်ခြင်းနှင့် အီမာန်သက်ဝင်ယုံကြည်ခြင်း၏လင်းရောင်ခြည်ဘက်သို့ ထွက်စေရန်အတွက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ထိုတမန်တော်အား မိမိ၏အမိန့်တော်နှင့် မိမိဘက်သို့ဖိတ်ခေါ်သူအဖြစ် အမှန်ပင်စေလွှတ်တော်မူခဲ့ကြောင်းကို သက်သေခံတော်မူသည်။................................................................................................................................................... 68

၂၆။ တမန်တော်မြတ်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ယူဆောင်လာသောအစ္စလာမ်၏(ရှရီအဟ်)တရားလမ်းစဥ်သည် အရှင်မြတ်၏မိန့်မှာချက်များနှင့်အရှင်မြတ်၏ တရားလမ်းစဥ်များတွင် နိဂုံးချုပ်ဖြစ်ပြီး ယင်းတရားလမ်းစဉ်သည်သာလျှင် ပြီးပြည့်စုံသောတရားလမ်းစဉ်ဖြစ်သည်။ ထိုတရားလမ်းစဉ်တွင် လူသားတို့၏သာသနာရေးနှင့် လောကီရေးကောင်းကျိုးချမ်းသာများပါရှိ၍ လူသားတို့၏သာသနာများ၊ အသက်သွေးများ၊ ဥစ္စာပစ္စည်းများ၊ အသိဉာဏ်များနှင့် သားစဥ်မြေးဆက်တို့အား ပထမအဆင့်၌ထားကာ ဦးစားပေးကာကွယ်စောင့်ရှောက်ထားသည်။ လွန်လေပြီးသောတရားလမ်းစဉ်တို့သည် တစ်ခုကိုတစ်ခုရုပ်သိမ်းပယ်ဖျက်သကဲ့သို့ ဤအစ္စလာမ့်တရားလမ်းစဉ်သည်လည်း လွန်လေပြီးသောတရားလမ်းစဉ်အားလုံးကို ရုပ်သိမ်းပယ်ဖျက်လိုက်သည်။...... 77

၂၇။ ချွတ်ယွင်းမူအပေါင်းမှကင်းစင်၍ကြီးကျယ်မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ယူဆောင်လာခဲ့သော အစ္စလာမ်သာသနာမှအပအခြားမည်သည့်သာသနာကိုမျှ လက်ခံတော်မူမည်မဟုတ်ပေ။ အကြင်သူသည် အစ္စလာမ်သာသနာမှအပအခြားသာသနာကိုလက်ခံခဲ့ပါမူ ထိုသူ့ထံမှ(သူလက်ခံထားသည့်သာသနာသည် အရှင်မြတ်ထံတွင်)အလျှင်းလက်ခံသဘောတူခြင်းခံရမည် မဟုတ်ပေ။... 81

၂၈။ ကျမ်းတော်မြတ်ကုရ်အာန်ဟူသည် အလ္လာဟ်အရှင်မြတ်က တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံသို့ ထုတ်ပြန်ပို့ချတော်မူခဲ့သော ကျမ်းဂန်ဖြစ်သည်။ ထိုကျမ်းမြတ်သည် စကြာဝဠာအပေါင်းကိုပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၏ မုက္ခပါဌ်တော်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်က လူသားနှင့်ဂျင်န်တို့အား ၎င်းကျမ်းတော်မြတ်နှင့်တူသောကျမ်း သို့မဟုတ် အလားတူကဏ္ဍတစ်ခု(စီကုံးရေးသား၍)ယူဆောင်လာကြပြီး ယှဥ်ပြိုင်ရန်ဖိတ်ခေါ်ထားသည်။ ထိုသို့ယှဉ်ပြိုင်ရန်ဖိတ်ခေါ်မှုသည် ယနေ့ထိတိုင်ရှိနေသည်။ထို့ပြင် သန်းပေါင်းများစွာသောလူသားများအား ဝေခွဲမရဖြစ်စေသည့် မေးခွန်းပေါင်းမြောက်များစွာကိုလည်း ကျမ်းမြတ်ကုရ်အာန်က ဖြေကြားထားသည်။ ကျမ်းမြတ်ကုရ်အာန်သည် ၎င်းကျရောက်သည့်အရဗီဘာသာစကားဖြင့်ပင် ယနေ့ထိတိုင် ထိန်းသိမ်းထားပြီးအက္ခရာတလုံးမျှလျော့နည်းသွားသည်ဟူ၍ မရှိပေ။ ၎င်းပြင် ထိုကျမ်းမြတ်အား ပုံနိုပ်ထုတ်ဝေဖြန့်ချိလျက်ရှိသည်။ ထိုကျမ်းတော်မြတ်သည် ကြီးကျယ်လှသည့်တုမရသောကျမ်းကြီးဖြစ်သဖြင့် ၎င်းကျမ်းမြတ်ကိုဖြစ်စေ (သို့) ၎င်းကျမ်းမြတ်၏အဓိပ္ပာယ်ဘာသာပြန်ကိုဖြစ်စေ ဖတ်ရှုလေ့လာသင့်သည်။ ဤကဲ့သို့ပင် ဧကန်အမှန် တမန်တော်မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)(စွန္နဟ်)လမ်းစဥ်၊ သင်ကြားပို့ချချက်များနှင့် အတ္ထုပ္ပတ္တိတို့သည်လည်း ယုံကြည်စိတ်ချရသော စဥ်ဆက်မပြတ်ဆင့်ပြန်သူတို့၏ဆင့်ပြန်ချက်များအတိုင်း ထိန်းသိမ်းထားပြီး ကိုယ်တော်ပြောဆိုခဲ့သည့်ဘာသာစကားဖြစ်သော အာရဗီဘာသာနှင့်ပုံနှိပ်ထားကာ မြောက်များစွာသောဘာသာစကားများဖြင့်လည်း ဘာသာပြန်ဆိုပြီးဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရသော ကျမ်းမြတ်ကုရ်အာန်နှင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)(စွန္နဟ်)လမ်းစဉ်သည် အစ္စလာမ့်အမိန့်ပညတ်ချက်များနှင့်ပြဌာန်းချက်တို့အတွက်တစ်ခုတည်းသော မူလရင်းမြစ်ဖြစ်သည်။ ထို့ကြောင့် အစ္စလာမ်သာသနာတော်ကို အစ္စလာမ်နှင့်ဆက်နွယ်နေသူတို့၏လုပ်ရပ်များမှ ရယူခွင့်မရှိ။ အရှင်မြတ်၏ဗျာဒိတ်တော်ဖြစ်သည့် ကျမ်းမြတ်ကုရ်အာန်နှင့်တမန်တော်မြတ်၏ (စွန္နဟ်)လမ်းစဉ်မှသာ ရယူရမည်ဖြစ်သည်။........................................ 84

၂၉။ အစ္စလာမ်သာသနာတော်သည် မိဘနှစ်ပါးနှင့်ပတ်သက်၍ ကောင်းမွန်စွာပြုစုဆက်ဆံရန် အမိန့်ပေးထားသည်။ အကယ်၍မိဘနှစ်ပါးသည် မွတ်စ်လင်မ်မဟုတ်လျင်လည်း ကောင်းမွန်စွာပြုစုဆက်ဆံရန် အမိန့်ပေးထားသည်။ ထို့ပြင် သားသမီးတို့အားလည်း ကောင်းမွန်စွာပြုစုပျိုးထောင်ရန် မှာကြားထားသည်။.................................................................................. 93

၃၀။ အစ္စလာမ်သာသနာသည် ရန်သူများနှင့်ပင်ဖြစ်စေ အပြောနှင့်အလုပ်တွင်တရားမျှတမှုရှိရန် အမိန့်ပေးထားသည်။.. 101

၃၁။ အစ္စလာမ်သာသနာသည် အဖန်ဆင်းခံအားလုံးအား ကောင်းမွန်စွာကျင့်မူဆက်ဆံရန်အမိန့်ပေးထားပြီး၊ မြင့်မြတ်သောကိုယ်ကျင့်တရားနှင့် ကောင်းမြတ်သည့်အကျင့်သီလဘက်သို့ ဖိတ်ခေါ်ထားသည်။....................................................................... 105

၃၂။ အစ္စလာမ်သာသနာသည် ချီးမွမ်းထိုက်သော ကိုယ်ကျင့်တရားများဖြစ်သည့်အမှန်တရားပြောဆိုခြင်း၊ သစ္စာရှိခြင်း၊ မကောင်းမှုမှစင်ကြယ်သန့်ရှင်းခြင်း၊အရှက်တရားရှိခြင်း၊ သတ္တိရှိခြင်း၊ ပေးကမ်းခြင်း၊ ရက်ရောခြင်း၊ လိုအပ်သူကိုကူညီခြင်း၊ ဒုက္ခရောက်သူကိုကယ်တင်ခြင်း၊ ဆာလောင်သူကိုကျွေးမွေးခြင်း၊ အိမ်နီးချင်းများအား ကောင်းမွန်စွာဆက်ဆံခြင်း၊ ဆွေမျိုးသားချင်းအဆက်အသွယ်ထားခြင်း၊ တိရစ္ဆာန်များကိုနူးညံ့စွာဆက်ဆံခြင်း အစရှိသည်တို့နှင့်ပတ်သက်၍အမိန့်ပေးထားသည်။ 109

၃၃။ အစ္စလာမ်သာသနာသည် ကောင်းမြတ်သည့် စားစရာနှင့် သောက်စရာများကိုစားသုံးခွင့်ပြုထားသည်။ ထို့ပြင်စိတ်နှလုံးသား၊ ခန္ဓာကိုယ်နှင့် အိမ်တို့အားသန့်ရှင်းစင်ကြယ်မှုရှိရန် အမိန့်ပေးထားသည်။ ထို့ကြောင့်ပင်(နိကာဟ်)ထိမ်းမြားခြင်းအားခွင့်ပြုထားခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)များအား ထိုကိစ္စရပ်တို့ကိုအမိန့်ပေးတော်မူထားသည့်အတိုင်း ၎င်းတို့ကလည်းကောင်းမြတ်သည့်အရာတိုင်းအား အမိန့်ပေးညွှန်ကြားတော်မူသည်။.......................................... 118

၃၄။ အစ္စလာမ်သာသနာသည် မကောင်းမှုတို့၏ဇစ်မြစ်ဖြစ်သည့် အလ္လာဟ်အရှင်မြတ်အား(ရှိရ်က်)ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုပြုခြင်း၊ သွေဖည်ငြင်းပယ်ခြင်း၊ရုပ်တုများကိုခဝပ်ကိုးကွယ်ခြင်း၊ အသိပညာမရှိဘဲ အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ပြောဆိုခြင်း၊ သားသမီးတို့ကိုသတ်ခြင်း၊ လေးစားအပ်သည့် အသက်ဇီဝန်ကိုသတ်ဖြတ်ခြင်း၊ မြေပထဝီ၌ပျက်စီးရာပျက်စီးကြောင်းပြုလုပ်ခြင်း၊ စုန်းပယောဂပြုစားခြင်း၊ ထင်ရှားသော သို့မဟုတ် လျှို့ဝှက်သော စက်ဆုပ်ရွံရှာဖွယ်ရာများပြုခြင်း၊ ကာမေသုမိစ္ဆာစာရကျူးလွန်ခြင်းနှင့် လိင်တူဆက်ဆံခြင်းတို့ကို တားမြစ်ထားသည်။ ထို့ပြင် အတိုး၊ အသေသားစားခြင်း၊ ရုပ်တုဆင်းတုများအတွက်ရည်ရွယ်၍ လှီးဖြတ်ထားသည့်အရာများ၊ ဝက်သားနှင့် အခြားသောမသန့်သည့်ညစ်ညမ်းသည့်အရာအားလုံးတို့မှ တားမြစ်ထားသည်။ ၎င်းအပြင်အဖမဲ့ကလေး၏ပစ္စည်းကိုစားခြင်း၊ အခြင်အတွယ်နှင့် အလေးခိုးခြင်း၊ ဆွေမျိုးသားချင်းအဆက်ဖြတ်ခြင်းတို့အား တားမြစ်ထားသည်။ ယင်းတားမြစ်ထားသည့်ကိစ္စရပ်အားလုံးတို့သည် (ဟရာမ်)မပြုပိုင်ကြောင်းကို နဗီ၊ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်)များအားလုံးထံတွင် တစ်ညီတစ်ညွတ်တည်းပင်ဖြစ်သည်။....................... 121

၃၅။ အစ္စလာမ်သာသနာသည် မကောင်းသည့် ကိုယ်ကျင့်တရားဖြစ်သော မုသားပြောခြင်း၊ လိမ်လည်လှည့်စားခြင်း၊ ကတိဖျက်ခြင်း၊ အလွဲသုံးစားပြုခြင်း၊ လှည့်ဖြားခြင်း၊ မနာလိုဖြစ်ခြင်း၊ မကောင်းကြံစည်ခြင်း၊ ခိုးခြင်း၊ ကျူးကျော်စော်ကားခြင်း၊ မတရားမှုပြုခြင်းနှင့် အခြားမကောင်းသည့် ကိုယ်ကျင့်တရားတိုင်းမှ တားမြစ်ထားသည်။.............................................................. 133

၃၆။ အစ္စလာမ်သာသနာသည် ငွေကြေးဖြင့်ရောင်းဝယ်မှုကဏ္ဍတွင် အတိုးစားခြင်း၊ လှည့်ဖျားခြင်း၊ မတရားပြုခြင်း၊ လိမ်လည်လှည့်စားခြင်း၊ လူ့အဖွဲ့အစည်းများ၊ လူများ၊ လူတစ်ဦးချင်း၏ အထွေထွေထိခိုက်နစ်နာမှုနှင့် ဘေးအန္တရာယ်ဖြစ်စေသောအရာများကို တားမြစ်ထားသည်။................................................................................................................................................. 144

၃၇။ အစ္စလာမ်သာသနာသည် အသိဉာဏ်အားထိန်းသိမ်းရန်နှင့် အရက်သောက်ခြင်းကဲ့သို့ အသိဉာဏ်အား ဖျက်စီးပြစ်သည့်အရာတိုင်းကို တားမြစ်ရန်အတွက်ရောက်ရှိလာခဲ့သည်။ အစ္စလာမ်သာသနာသည် အသိဉာဏ်၏အဆင့်အတန်းကို မြှင့်တင်ပေးခဲ့ပြီး ၎င်းကို သာသနာအား လိုက်နာကျင့်သုံးရန် တာဝန်ပေးအပ်းခြင်းခံရမှု၏ ပင်မဝင်ရိုးအဖြစ်သတ်မှတ်ထားသည်။ ထို့ပြင်အသိဉာဏ်အား ဒဏ္ဍာရီယုံတမ်းနှင့် ရုပ်တုဆင်းတုကိုးကွယ်မှုတို့၏ ချုပ်နှောင်ပိတ်ပင်ထားမှုများမှ လွတ်မြောက်စေခဲ့သည်။ အစ္စလာမ်သာသနာတွင် သီးခြားလူတန်းစားတစ်ခုနှင့်သာ သက်ဆိုင်သည့် လျှို့ဝှက်ချက်များ သို့မဟုတ် အမိန့်ပြဌာန်းချက်များ ဟူ၍မရှိပါ။ ၎င်းပြင်အစ္စလာမ်၏ အမိန့်ပညတ်ချက်များနှင့် ဥပဒေပြဌာန်းချက်များ အားလုံးသည် မှန်ကန်သော အသိဉာဏ်နှင့် ကိုက်ညီမှုရှိပြီး၊ ၎င်းသည် တရားမျှတမှုနှင့် ဥာဏ်အမြော်အမြင်ရှိမှုတို့နှင့်လည်း ကိုက်ညီသည်။.................................................................................. 149

၃၈။ လမ်းမှားနေသောဘာသာတရားတို့၏နောက်လိုက်များသည် ထိုဘာသာတရားတို့၌ရှိသော ရှေ့နောက်မညီညွတ်မှုများ၊ အသိဉာဏ်က လက်မခံနိုင်သည့်ကိစ္စရပ်များကို သေချာနားလည်သဘောပေါက်ခြင်းမရှိလျှင် ဘာသာရေးခေါင်းဆောင်များသည် နောက်လိုက်တို့အား သာသနာသည် အသိဉာဏ်ထက်မြင့်မားသည်။ ထိုကြောင့် သာသနာကိုအသိဉာဏ်ဖြင့်နားလည်ရန် မဖြစ်နိုင်သလို အသေးစိတ်သဘောပေါက်ရန်လည်း မဖြစ်နိုင်ဟုဆိုကာ ဇဝေဇဝါဖြစ်အောင်ပြုလုပ်ကြသည်။ အစ္စလာမ်သည် ဘာသာတရားအား အသိဉာဏ်ကိုလမ်းဖွင့်ပေးသည့်အလင်းရောင်အဖြစ် သတ်မှတ်ထားသည်။ လမ်းမှားနေသောဘာသာတရားတို့၏ခေါင်းဆောင်များသည် လူတို့အားအသိဉာဏ်ကို အသုံးချခြင်းမှတားဆီးကား ၎င်းတို့ကိုသာ မျက်စိစုံမှိတ်ပြီး လိုက်နာစေချင်ကြသည်။ အစ္စလာမ်သာသနာသည် လူသားအားသူဆောင်ရွက်နေသည့် ကိစ္စရပ်များ၏အရှိတရားကိုသိနားလည်စေရန်အတွက် အသိဉာဏ်အားနိုးကြားစေလိုသည်။ 154

၃၉။ အစ္စလာမ်သာသနာသည် မှန်ကန်သောအသိပညာကို ဂုဏ်ပေးထားပြီးဘက်လိုက်မှုကင်းသော သုတေသနပြုခြင်းကိုအားပေးသည်။ ထိုနည်းတူ မိမိတို့ကိုယ်နှင့် မိမိတို့ပတ်ဝန်းကျင်ရှိအရာများအား စဉ်းစားသုံးသပ်ခြင်း၊ စူးစမ်းလေ့လာခြင်းတို့ကို ပြုလုပ်ရန် ဖိတ်ခေါ်ထားသည်။ မှန်ကန်သည့်သိပ္ပံဆိုင်ရာရလဒ်များသည် အစ္စလာမ်သာသနာနှင့်ဆန့်ကျင်နေခြင်းမရှိပေ။....................................... 157

၄၀။ မည်သူမဆို အလ္လာဟ်အရှင်မြတ်အပေါ်သက်ဝင်ယုံကြည်ပြီး အမိန့်နာခံကာထိုအရှင်မြတ်၏ရစူလ်တမန်တော်များကို မှန်ကန်ကြောင်းထောက်ခံမှသာ အလ္လာဟ်အရှင်မြတ်သည် ၎င်း၏ကျင့်ဆောင်မှုများလက်ခံပြီး နောင်တမလွန်တွင်လည်းအကျိုးကုသိုလ်ချီးမြှင့်မည်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိသတ်မှတ်ပြဌာန်းထားသည့်ခဝပ်ကိုးကွယ်မှုများကိုသာ လက်ခံတော်မူမည်ဖြစ်သဖြင့်လူသားသည် အလ္လာဟ်အရှင်မြတ်ကို သွေဖည်ငြင်းပယ်ပြီး အရှင်မြတ်ချီးမြှင့်မည့်ဆုလာဘ်များကို အဘယ်ကဲ့သို့မျှော်လင့်နေပါသနည်း။ ထို့ပြင် မည်သူမဆို နဗီတမန်တော်(အလိုင်ဟိမုစ္စလာမ်)အပေါင်းနှင့် မုဟမ္မဒ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ရစူလ်တမန်တော်ဖြစ်ခြင်းကို သက်ဝင်ယုံကြည်မှသာလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏အီမာန်သက်ဝင်ယုံကြည်မှုကို လက်ခံတော်မူမည်ဖြစ်သည်။ 162

၄၁။ အလ္လာဟ်အရှင်မြတ်မိန့်မှာချက်များအားလုံး၏ ရည်ရွယ်ချက်ပန်းတိုင်မှာ စစ်မှန်သည့်သာသနာဖြင့် လူသားကိုမြှင့်တင်ပေးရန်ဖြစ်သည်။ ထို့ကြောင့်လူသားသည် စကြာဝဠာအပေါင်းအား မွေးမြူဖန်ဆင်းတော်မူသည့် အလ္လာဟ်အရှင်မြတ်၏ကျေးကျွန်သက်သက်သာဖြစ်သွားပြီး၊ လူသား၊ ရုပ်ဝါဒနှင့်၊ ဒဏ္ဍာရီယုံတမ်းတို့၏ကျေးကျွန်ဖြစ်ခြင်းမှလွတ်မြောက်းစေသည်။ အစ္စလာမ်သာသနာသည် သင်မြင်တွေ့သည့်အတိုင်းပင် လူပုဂ္ဂိုလ်တို့အား ၎င်းတို့၏အဆင့်အတန်းထက်ကျော်လွန်၍ အထွတ်အမြတ်ထားခြင်းလည်းမပြုသလို ခဝပ်ကိုးကွယ်ခြင်းခံထိုက်သူများ၊ ကိုးကွယ်ခံဘုရားများဟူ၍လည်း မသတ်မှတ်ပေ။.................................................................................... 168

၄၂။ အလ္လာဟ်အရှင်မြတ်သည် အစ္စလာမ်သာသနာတွင် သောင်ဗဟ် အမှားဝန်ချတောင်းပန်ခြင်းကို သတ်မှတ်ပြဌာန်းထားသည်။ သောင်ဗဟ်ဟူသည် လူသားသည်မိမိ၏ဖန်ဆင်းရှင်ထံသို့ ပြန်လှည့်ခြင်းနှင့်အပြစ်အကုသိုလ်အား စွန့်လွတ်ခြင်းဖြစ်သည်။ ထို့ပြင် အစ္စလာမ်သာသနာသည် (အစ္စလာမ်လက်မခံမီ)အလျင်က ကျူးလွန်ခဲ့သော အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်။ သောင်ဗဟ်အမှားဝန်ချတောင်းပန်ခြင်းသည် သောင်ဗဟ် မပြုမီအလျင်က ကျူးလွန်ခဲ့သော အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးသည်။ ထို့ကြောင့် လူသားသည် မည်သူတစ်ဦးတစ်ယောက်၏ ရှေ့မှောက်တွင်မျှ မိမိအမှားကို အသိပေးဝန်ခံရန် မလိုအပ်ပေ။ 173

၄၃။ အစ္စလာမ်သာသနာတော်တွင် အလ္လာဟ်အရှင်မြတ်နှင့် လူသား၏ကြားတွင် တိုက်ရိုက်ဆက်သွယ်နိုင်သည်။ ထို့ကြောင့် အသင်နှင့် အလ္လာဟ်အရှင်မြတ်ကြားတွင် မည်သူတစ်ဦးတစ်ယောက်မျှ ကြားခံအဖြစ်မလိုအပ်ပေ။ အစ္စလာမ်သာသနာသည် ကျွန်ုပ်တို့အား လူသားကို ကိုးကွယ်ရာအရှင်အဖြစ်လည်းကောင်း၊အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းတော်မူခြင်းနှင့် ခဝပ်ကိုးကွယ်ခြင်းခံထိုက်မှု၌ ဖက်စပ်ပါဝင်သူများအဖြစ် သတ်မှတ်ခြင်းမှလည်းကောင်း တားမြစ်ထားသည်။................................................ 178

၄၄။ ဤစာအုပ်၏အဆုံးတွင် ကျွန်တော်တို့မှတ်သားထားရမည့်အချက်မှာ လူတို့သည် ခေတ်ကာလများ၊ လူမျိုးများ၊ နိုင်ငံများပေါ်မူတည်ပြီး ကွဲပြားခြားနားကြသည်။ ထို့ပြင်လူ့အဖွဲ့အစည်းတစ်ခုလုံးသည်လည်း အတွေးအခေါ်များ၊ရည်မှန်းချက်များမတူညီကြသလို၊ ပတ်ဝန်းကျင်နှင့် အလုပ်အကိုင်များလည်းကွဲပြားကြသည်။ ထို့ကြောင့် ယင်းလူ့အဖွဲ့စည်းအား ဦးဆောင်လမ်းပြမည့်သူ၊ ၎င်းတို့အားစုစည်းပေးမည့်စနစ်နှင့် ကာကွယ်စောင့်ရှောက်မည့် အုပ်ချုပ်သူကို လိုအပ်သည်။ ရစူလ်တမန်တော်(အလိုင်ဟိမုစ္စလာမ်) တို့သည် (ချွတ်ယွင်းမှုအပေါင်းမှကင်းစင်တော်မူသည့်) အလ္လာဟ်အရှင်မြတ်၏ (ဝဟီ)ဗျာဒိတ်တော်လမ်းညွှန်ချက်တို့ဖြင့် ၎င်းကိစ္စရပ်များကို တာဝန်ယူခဲ့ကြသည်။ ထိုတမန်တော်တို့သည် လူတို့အားမှန်ကန်ပြီးကောင်းမြတ်သည့်လမ်းကို ညွှန်ကြားပြသခဲ့ကြသည်။ လူတို့အား အလ္လာဟ်အရှင်မြတ်၏ တရားလမ်းစဉ်ပေါ်တွင် စုစည်းခဲ့ပြီး ၎င်းတို့ကြား၌မှန်ကန်ဖြောင့်မတ်စွာ စီရင်ဆုံးဖြတ်ခဲ့ကြသည်။ထို့ကြောင့် လူတို့၏အရေးကိစ္စများမှန်ကန်တည့်မတ်မှုရှိခြင်းသည် ဤရစူလ်တမန်တော်များအား ၎င်းတို့၏ နာခံမှုအတိုင်းအတာနှင့် ၎င်းတို့၏ ခေတ်သည်အရှင်မြတ်၏ အမိန့်တော်များနှင့် နီးကပ်မှုရှိနေသည့် အပေါ်မူတည်သည်။ အလ္လာဟ်အရှင်မြတ်သည် (ရိစာလသ်) မိမိ၏ အမိန့်တော်များ ပို့ချခြင်းအား တမန်တော်မုဟ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား ရစူလ်အဖြစ်စေလွှတ်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ထို့ပြင် ၎င်း၏ရစူလ်ဖြစ်ခြင်းအား အမြဲအတွက် သတ်မှတ်တော်မူပြီး ၎င်းအားလူသားတို့အတွက် လမ်းမှန်တရား၊ ကရုဏာတော်၊ လင်းရောင်ခြည်နှင့် အရှင်မြတ်ထံတော်သို့ရောက်စေသည့် မှန်ကန်ဖြောင့်မတ်သော လမ်းအဖြစ် ပြုလုပ်တော်မူခဲ့သည်။ 181

၄၅။ ထို့ကြောင့် အို-လူသားသင့်အားကျွန်ုပ်က ရိုးရာ၊ ဓလေ့ထုံးတမ်းများမှ ကင်းရှင်းပြီး အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ စစ်မှန်စွာသက်ဝင်ယုံကြည်ရန်ဖိတ်ခေါ်ပါသည်။ သင်သေဆုံးပြီးနောက်တွင် သင့်အားမွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်ထံပြန်သွားရမည်ကို သင်သိနားလည်ထားရမည်။ သင်သည်မိမိကိုယ်မိမိနှင့် မိမိပတ်ဝန်းကျင်ရှိ အရပ်မျက်နှာအသီးသီးကို သေချာဆင်ခြင်သုံးသပ်ပြီး အစ္စလာမ်သာသနာကိုလက်ခံလိုက်ပါ။ သင့်လောကီ၊ လောကုတ္တရာနှစ်ဌာနစလုံး၌ ပျော်ရွှင်မှုကို ရရှိလိမ့်မည်။ သင်အစ္စလာမ်သာသနာထဲသို့ ဝင်ရောက်လိုပါက သက်သေခံခြင်းဖြစ်သည့် (လာအိလာဟ အစ်လ္လလ္လာဟ် မုဟမ္မဒုရ်ရစူလွလ္လာဟ်)အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခံထိုက်သောအရှင်မရှိ မုဟမ္မဒ်သည်အလ္လာဟ်အရှင်မြတ်၏ ရစူလ်စေတမန်တော်ဖြစ်သည်၊ ကိုဝန်ခံထွက်ဆိုပြီး အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးခြင်းခံနေရသော အရာအားလုံးကို စွန့်လွှတ်လိုက်ရမည်။ အလ္လာဟ်အရှင်မြတ်သည် သင်္ချိုင်းများရှိသူသေများကို ပြန်လည်ရှင်ပြန်ထစေခြင်း၊ စာရင်းစစ်ဆေးခြင်းနှင့် အစားပေးခြင်းတို့သည် မှန်ကန်ကြောင်းကျွန်ုပ်တို့သက်ဝင်ယုံကြည်ကြရမည်။ ဤ (ရှဟာဒသ်) သက်သေခံခြင်းအား ဝန်ခံထွက်ဆိုပြီးလျှင် သင်သည်မွတ်စ်လင်မ်တစ်ဦးဖြစ်သွားချေပြီ။ ၎င်းနောက်သင့်အပေါ်တွင် အရှင်မြတ်သတ်မှတ်ပြဌာန်းထားသည့် ဆွလာသ်ဆောက်တည်ခြင်း၊ ဇကာသ်ပေးခြင်း၊ ဆွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ (မက္ကာဟ်မြို့သို့)သွားရောက်ရန်တတ်စွမ်းနိုင်ပါက သွားရောက်ဟဂ်ျပြုခြင်းတို့ကို ကျင့်ဆောင်ကာ အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်မှုပြုရမည်။............................................................. 184